FUN Movie Reviews

IMDB 7.1 အထိ ရထားတဲ့ Godzilla: King of Monsters ၾကည့္ရတာ တန္တဲ့ ရုပ္ရွင္တစ္ကားလား?

ေယာင္းတို႔ေရာ.. ၾကည့္ၿပီးၾကၿပီလား? ဘယ္လို ခံစားရလဲ?

ေယာင္းက ဒ႑ာရီလာ သတၱဝါႀကီးေတြ၊ ကမၻာဦးတုန္းကရွိခဲ့တဲ့ ဧရာမ သတၱဝါႀကီးကို စိတ္ဝင္စားသူတစ္ေယာက္လား?? ဒါဆိုရင္ေတာ့ IMDB Ratingမွာ 7.1အထိ ရထားတဲ့ Godzilla: King of Monsters ကို ၾကည့္ၾကည့္ဖို႔ တိုက္တြန္းပါရေစ…

ရုပ္ရွင္အမ်ိဳးအစားကေတာ့ Science-fiction နဲ႔ Fantasy ကို ေပါင္းစပ္ထားတာျဖစ္ၿပီး ၂၀၁၄ တုန္းက ထြက္ရွိခဲ့တဲ့ Godzilla ရဲ႕ အဆက္ျဖစ္ပါတယ္။ ၂၀၁၄ တုန္းက Godzilla ကေတာ့ IMDB 6.4 ပဲ ရခဲ့ေပမဲ့ ဒီ၂၀၁၉ ရုပ္ရွင္ကေတာ့ 7.1 ထိ ရထားတာမို႔ ဘာေတြမ်ားေကာင္းေနလို႔လဲ ဆိုၿပီး စပ္စုခ်င္တာမို႔ အက္ဒ္မင္တစ္ေယာက္ သြားၾကည့္ျဖစ္ခဲ့ပါတယ္ ေယာင္းတို႔ေရ…

ဇာတ္လမ္းအက်ဥ္းကိုေျပာရရင္…

Related Article >>> Comedyနဲ႔ Drama အရသာကို အျပည့္အဝ ခံစားရေစမယ့္ Friendzone ရုပ္ရွင္

ကမၻာႀကီးကို တခ်ိန္က ႀကီးစိုးခဲ့တဲ့ Titans ေတြဟာ ကမၻာေျမေပၚကို ေနာက္တစ္ဖန္ျပန္ေရာက္လာဖို႔ အေၾကာင္းဖန္လာပါတယ္။ အဓိက သတၱဝါေတြကေတာ့ King of Monsters လို႔ ေခၚတဲ့ Godzilla၊ King Ghidora လို႔ ေခၚတဲ့ ေခါင္းသံုးလံုး မီးနဂါး၊ Rodan လို႔ ေခၚတဲ့ မီးနတ္ဆိုး၊ Queen of Monsters လို႔ေခၚတဲ့ လိပ္ျပာပံုစံ Mothra တို႔ပဲ ျဖစ္ပါတယ္။

တျခား Titans ေတြဟာလည္း ကမၻာေပၚက တိုက္ႀကီး အသီးသီးမွာ ရွိေနၿပီး မေပါက္ကြဲေသးတဲ့ မီးေတာင္ရွင္ တစ္ခုလို အိပ္ေပ်ာ္ေနတာမို႔ အခ်ိန္မေရြး ႏိုးထလာႏိုင္ပါတယ္။ ဒီ Titansေတြကို အေမရိကန္အစိုးရက အႏၱရာယ္မ်ားလို႔ သတ္ပစ္ခ်င္ေပမဲ့ Monarchအမည္ရွိတဲ့ သိပၸံပညာရွင္အဖြဲ႕ကေတာ့ ဒီေကာင္ႀကီးေတြကို သတ္ဖို႔ သေဘာမတူဘဲ ေလ့လာဖို႔ ေလွာင္ပိတ္ၿပီး ေမြးျမဴထားခဲ့ၾကပါတယ္။

သိပၸံပညာရွင္ေတြကေတာ့ ဒီသတၱဝါေတြဟာ ကမၻာႀကီးကို ေကာင္းက်ိဳးျပဳလိမ့္မယ္လို႔ ယူဆမိခဲ့ပါတယ္။ အထူးသျဖင့္ သိပၸံပညာရွင္ အမ်ိဳးသမီး Emma ဟာ Titansေတြနဲ႔ လူေတြ အတူ ေနထိုင္ႏိုင္တယ္လို႔ ယူဆသူတစ္ေယာက္ပါ။ Emma ရဲ႕ သားေလးဟာ ၂၀၁၄ တုန္းက Titansေတြရဲ႕ တိုက္ခိုက္မႈမွာ ေသဆံုးသြားခဲ့ပါတယ္။ ဒါေၾကာင့္ သားျဖစ္သူရဲ႕ေသဆံုးမႈကို အခ်ည္းႏွီး မျဖစ္ေအာင္ Titansေတြနဲ႔ ပက္သတ္တဲ့ သူမ သုေတသနကို အဆံုးထိ ဆက္လုပ္မယ္လို႔ စိတ္ပိုင္းျဖတ္ထားခဲ့ပါတယ္။

သူမဟာ Titans ေတြကို ဆက္သြယ္ႏိုင္တဲ့၊ နာခံေအာင္/ တြန္းလွန္ေအာင္ ထိန္းခ်ဳပ္ႏိုင္တဲ့ Orca ကို သူမရဲ႕ ခင္ပြန္းေဟာင္း Mark နဲ႔ ေပါင္းၿပီး တီထြင္ခဲ့သူ ျဖစ္ပါတယ္။ Orca ဟာ Titansေတြသာ ၾကားႏိုင္တဲ့ Alpha Frequency (အယ္လ္ဖာႀကိမ္ႏႈန္းေတြ) ကို လႊင့္ထုတ္တဲ့ စက္ပါ။

ဒီစက္ဟာ မသမာသူေတြ လက္ထဲေရာက္သြားတဲ့အခါ သန္းနဲ႔ခ်ီတဲ့ လူသားေတြကို ပ်က္ဆီးေစဖို႔ အေၾကာင္းဖန္လာခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ စိတ္ရူးေပါက္ေနတဲ့ ေထာက္လွမ္းေရးေဟာင္း Jonahက Emma နဲ႔ သူမရဲ႕ သမီးျဖစ္သူ Madison ကို သူတို႔ရဲ႕ စက္ Orcaနဲ႔ အတူ ျပန္ေပးဆြဲခဲ့လို႔ပါပဲ။

Jonah ကေတာ့ ယူဆခ်က္ကေတာ့ ကမၻာႀကီးကို လူသားေတြက အလြန္အကၽြံဖ်က္ဆီးေနတာမို႔ Titansေတြကို ျပန္ေခၚၿပီး လူဦးေရေလၽွာ့ခ်လိုက္မွ ကမၻာႀကီးက အရင္လို စိမ္းစိမ္းစိုစိုနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းျပန္ျဖစ္သြားမယ္လို႔ ဆိုပါတယ္။ Emma က လည္း လူသားမ်ိဳးႏြယ္နဲ႔ Titansေတြ အတူေနႏိုင္တယ္လို႔ ယူဆလို႔ သူမကိုယ္တိုင္ Jonah ဘက္ကေန ပါခဲ့ပါတယ္။

ဒါေၾကာင့္ Emma ဟာ Jonahရဲ႕ အမိန္႔အတိုင္း Monster Zero လို႔ သူတို႔ နာမည္ေပးထားတဲ့ Titan( King Ghidora) နဲ႔ Godzilla ကို အႏာၱတိကတိုက္ရဲ႕ ေရခဲေတြထဲ ပိတ္ထားတာကေန ႏိုးထလာေအာင္ လုပ္လိုက္ပါတယ္။ တခ်ိန္တည္းမွာလည္း Mexico ကို ဆက္သြားၿပီး အိပ္ေပ်ာ္ေနတဲ့ Rodan ဆိုတဲ့ အေကာင္ႀကီးကိုလည္း ႏိုးထလာေအာင္ လုပ္လိုက္ပါတယ္။

သူတို႔မသိလိုက္တာက King Ghidora ဟာ လူသားမ်ိဳးႏြယ္နဲ႔ သဘာဝၾကား မွ်တေအာင္ လုပ္ေပးမွာ မဟုတ္ဘဲ လူသားမ်ိဳးႏြယ္ကို မ်ိဳးတံုးသြားေစမယ့္ အေကာင္ျဖစ္ေနတယ္ဆိုတာပါပဲ။ သိလိုက္တဲ့အခါမွာေတာ့ အေတာ္ေနာက္က်သြားခဲ့ပါၿပီ။ King Ghidora ရဲ႕ ဟိန္းသံတခ်က္နဲ႔တင္ ကမၻာတစ္ဝွမ္းက မဟာပထဝီေျမႀကီးထဲ အိပ္ေပ်ာ္ေနတဲ့ Titansေတြ အားလံုး ႏိုးထလာကာ ၿမိဳ႕ေတြကို စတင္ဖ်က္ဆီးပါေတာ့တယ္။

Titansေတြ အားလံုး ႏိုးထလာတဲ့အခါမွာေတာ့ ကမၻာကို အုပ္စိုးဖို႔ ႀကိဳးစားလာခဲ့ပါတယ္။ ေသခ်ာတာ တစ္ခုကေတာ့ လူသားေတြအေနနဲ႔ Titansေတြရဲ႕ တိုက္ပြဲမွာ ကိုယ္တိုင္ဝင္မတိုက္ႏိုင္ပါဘူး။

Related Article >>> မင္းသားႀကီး Tom Hanks ရဲ႕ အေကာင္းဆံုး သရုပ္ေဆာင္ခ်က္ေတြကို ျမင္ရမယ့္ ရုပ္ရွင္ (၃) ကား

ဒါေၾကာင့္ Titansေတြရဲ႕ အနၱရာယ္ကို လူသားေတြက ရပ္ေကာ ရပ္တန္႔ႏိုင္ပါ့မလား?

လူေတြအားလံုး မ်ိဳးသုဥ္းသြားမွာလား ရွင္က်န္ခဲ့မွာလား?

ဘယ္သူေတြက စေတးလိုက္ရမွာလဲ?

လူေတြနဲ႔ အတူေနႏိုင္တဲ့ Titansေတြ က အႏိုင္ရသြားမွာလား?

လူေတြကို မ်ိဳးတုန္းေအာင္လုပ္မယ့္ Titansေတြက အနိင္ရသြားမွာလားဆိုတာကိုေတာ့ ပိတ္ကားထက္မွာ ၾကည့္ရႈပါလို႔……

အက္ဒ္မင္အားအရဆံုးကေတာ့ monsters characterေတြ ကို အသားေပးထားတာပါပဲ။ ကိုယ္က human character ေတြကို သိပ္မႀကိဳက္တဲ့သူမို႔လား မသိ။ ၂၀၁၄ Godzilla ရုပ္ရွင္တုန္းက human drama မ်ားၿပီး monster characterနည္းတယ္လို႔ ေဝဖန္ခံရတာေၾကာင့္ ၂၀၁၉မွာေတာ့ ျပင္ဆင္ခဲ့ဟန္ တူပါတယ္။ ဒါရိုက္တာေျပာင္းသြားတာလည္း ပါမွာေပါ့။

ဒါေၾကာင့္ ဒီရုပ္ရွင္မွာေတာ့ Monstersေတြ အမ်ားႀကီးကို visual effects ေကာင္းေကာင္းနဲ႔ စိတ္လႈပ္ရွားစရာေကာင္းေအာင္ ေသခ်ာရိုက္ကူးထားပါတယ္။

အရင္ Godzilla ကားေတြထက္ ပိုၿပီး အသက္ဝင္တဲ့၊ ၾကမ္းၾကဳတ္ ရက္စက္တဲ့ monsters ေတြကို ရင္တမမနဲ႔ ၾကည့္ေနရမွာပါ။ ဒီကားမွာ human characterေတြ၊ သူတို႔ၾကားက drama နဲ႔ ဇာတ္အိမ္ပိုင္းကိုေတာ့ ခပ္ေပါ့ေပါ့ ေဖာ္ျပထားတာေလးပဲ ေျပာစရာရွိပါတယ္။ human drama နည္းတယ္ဆိုေပမဲ့ Titanေတြ အခ်င္းခ်င္း ၾကားက Drama၊ Titansေတြနဲ႔ သူတို႔ကို သံေယာဇဥ္ႀကီးတဲ့ သိပၸံပညာရွင္ေတြၾကားက drama ကေတာ့ မနည္းပါဘူး။

ေနာက္တစ္ခုက သံုးထားတဲ့ technology နဲ႔ ဇာတ္ဝင္ေတးေတြပါ။ ဟင္ခနဲ ဟာခနဲ ျဖစ္သြားေစတဲ့အထိ အရမ္းမိုက္တဲ့ underwater scenesေတြပါ ပါတယ္။

ေက်ာရိုးခိုင္တဲ့ ဇာတ္လမ္းမို႔ ရုပ္ရွင္အရည္အေသြးကေတာ့ အစကေန အဆံုးအထိ တစ္စက္မွ ေလ်ာ့သြားျခင္း မရွိပါဘူး။ သမားရိုးက် သာမန္တိုက္ပြဲတစ္ခု မဟုတ္ဘဲ ကမၻာေပၚက လူသန္းေပါင္းမ်ားစြာရဲ႕ အသက္ကို ေလာင္းေၾကးထပ္ထားတဲ့ တိုက္ပြဲတစ္ခုမို႔ အားမလို အားမရ ျဖစ္မႈနဲ႔ အတူ အႏိုင္ အ႐ံႈး ရလဒ္ေတြကို တခ်ိန္လံုး ရင္တထိတ္ထိတ္နဲ႔ ၾကည့္ေနရမွာပါ။ ၾကည့္ဖူးသမၽွ Godzilla ကား ေတြထဲ ဒီတစ္ခုက ရင္အခုန္ရဆံုးပါပဲ။ ဘာေတြကို ရင္ခုန္ရလဲ ဆက္ေျပာျပရင္ spoil မိ မွာစိုးလို႔ မေျပာေတာ့ဘူး 😁

ဒါေၾကာင့္ Monsters ေတြကို စိတ္ဝင္စားတဲ့ ေယာင္းတို႔အတြက္ဆိုရင္ေတာ့ Godzilla: King of the monsters ဟာ အခ်ိန္ေပးလိုက္ရတာ တန္တဲ့ ရုပ္ရွင္ကားေကာင္း တစ္ခု ျဖစ္မွာပါလို႔…

By
Mia (For Her Myanmar)

<<< Unicode >>>

ယောင်းတို့ရော.. ကြည့်ပြီးကြပြီလား? ဘယ်လို ခံစားရလဲ?

ယောင်းက ဒဏ္ဍာရီလာ သတ္တဝါကြီးတွေ၊ ကမ္ဘာဦးတုန်းကရှိခဲ့တဲ့ ဧရာမ သတ္တဝါကြီးကို စိတ်ဝင်စားသူတစ်ယောက်လား?? ဒါဆိုရင်တော့ IMDB Ratingမှာ 7.1အထိ ရထားတဲ့ Godzilla: King of Monsters ကို ကြည့်ကြည့်ဖို့ တိုက်တွန်းပါရစေ…

ရုပ်ရှင်အမျိုးအစားကတော့ Science-fiction နဲ့ Fantasy ကို ပေါင်းစပ်ထားတာဖြစ်ပြီး ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ Godzilla ရဲ့ အဆက်ဖြစ်ပါတယ်။ ၂၀၁၄ တုန်းက Godzilla ကတော့ IMDB 6.4 ပဲ ရခဲ့ပေမဲ့ ဒီ၂၀၁၉ ရုပ်ရှင်ကတော့ 7.1 ထိ ရထားတာမို့ ဘာတွေများကောင်းနေလို့လဲ ဆိုပြီး စပ်စုချင်တာမို့ အက်ဒ်မင်တစ်ယောက် သွားကြည့်ဖြစ်ခဲ့ပါတယ် ယောင်းတို့ရေ…

ဇာတ်လမ်းအကျဉ်းကိုပြောရရင်…

Related Article >>> Comedyနဲ့ Drama အရသာကို အပြည့်အဝ ခံစားရစေမယ့် Friendzone ရုပ်ရှင်

ကမ္ဘာကြီးကို တချိန်က ကြီးစိုးခဲ့တဲ့ Titans တွေဟာ ကမ္ဘာမြေပေါ်ကို နောက်တစ်ဖန်ပြန်ရောက်လာဖို့ အကြောင်းဖန်လာပါတယ်။ အဓိက သတ္တဝါတွေကတော့ King of Monsters လို့ ခေါ်တဲ့ Godzilla၊ King Ghidora လို့ ခေါ်တဲ့ ခေါင်းသုံးလုံး မီးနဂါး၊ Rodan လို့ ခေါ်တဲ့ မီးနတ်ဆိုး၊ Queen of Monsters လို့ခေါ်တဲ့ လိပ်ပြာပုံစံ Mothra တို့ပဲ ဖြစ်ပါတယ်။

တခြား Titans တွေဟာလည်း ကမ္ဘာပေါ်က တိုက်ကြီး အသီးသီးမှာ ရှိနေပြီး မပေါက်ကွဲသေးတဲ့ မီးတောင်ရှင် တစ်ခုလို အိပ်ပျော်နေတာမို့ အချိန်မရွေး နိုးထလာနိုင်ပါတယ်။ ဒီ Titansတွေကို အမေရိကန်အစိုးရက အန္တရာယ်များလို့ သတ်ပစ်ချင်ပေမဲ့ Monarchအမည်ရှိတဲ့ သိပ္ပံပညာရှင်အဖွဲ့ကတော့ ဒီကောင်ကြီးတွေကို သတ်ဖို့ သဘောမတူဘဲ လေ့လာဖို့ လှောင်ပိတ်ပြီး မွေးမြူထားခဲ့ကြပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ဒီသတ္တဝါတွေဟာ ကမ္ဘာကြီးကို ကောင်းကျိုးပြုလိမ့်မယ်လို့ ယူဆမိခဲ့ပါတယ်။ အထူးသဖြင့် သိပ္ပံပညာရှင် အမျိုးသမီး Emma ဟာ Titansတွေနဲ့ လူတွေ အတူ နေထိုင်နိုင်တယ်လို့ ယူဆသူတစ်ယောက်ပါ။ Emma ရဲ့ သားလေးဟာ ၂၀၁၄ တုန်းက Titansတွေရဲ့ တိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သားဖြစ်သူရဲ့သေဆုံးမှုကို အချည်းနှီး မဖြစ်အောင် Titansတွေနဲ့ ပက်သတ်တဲ့ သူမ သုတေသနကို အဆုံးထိ ဆက်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။

သူမဟာ Titans တွေကို ဆက်သွယ်နိုင်တဲ့၊ နာခံအောင်/ တွန်းလှန်အောင် ထိန်းချုပ်နိုင်တဲ့ Orca ကို သူမရဲ့ ခင်ပွန်းဟောင်း Mark နဲ့ ပေါင်းပြီး တီထွင်ခဲ့သူ ဖြစ်ပါတယ်။ Orca ဟာ Titansတွေသာ ကြားနိုင်တဲ့ Alpha Frequency (အယ်လ်ဖာကြိမ်နှုန်းတွေ) ကို လွှင့်ထုတ်တဲ့ စက်ပါ။

ဒီစက်ဟာ မသမာသူတွေ လက်ထဲရောက်သွားတဲ့အခါ သန်းနဲ့ချီတဲ့ လူသားတွေကို ပျက်ဆီးစေဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ရူးပေါက်နေတဲ့ ထောက်လှမ်းရေးဟောင်း Jonahက Emma နဲ့ သူမရဲ့ သမီးဖြစ်သူ Madison ကို သူတို့ရဲ့ စက် Orcaနဲ့ အတူ ပြန်ပေးဆွဲခဲ့လို့ပါပဲ။

Jonah ကတော့ ယူဆချက်ကတော့ ကမ္ဘာကြီးကို လူသားတွေက အလွန်အကျွံဖျက်ဆီးနေတာမို့ Titansတွေကို ပြန်ခေါ်ပြီး လူဦးရေလျှော့ချလိုက်မှ ကမ္ဘာကြီးက အရင်လို စိမ်းစိမ်းစိုစိုနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပြန်ဖြစ်သွားမယ်လို့ ဆိုပါတယ်။ Emma က လည်း လူသားမျိုးနွယ်နဲ့ Titansတွေ အတူနေနိုင်တယ်လို့ ယူဆလို့ သူမကိုယ်တိုင် Jonah ဘက်ကနေ ပါခဲ့ပါတယ်။

ဒါကြောင့် Emma ဟာ Jonahရဲ့ အမိန့်အတိုင်း Monster Zero လို့ သူတို့ နာမည်ပေးထားတဲ့ Titan( King Ghidora) နဲ့ Godzilla ကို အန္တာတိကတိုက်ရဲ့ ရေခဲတွေထဲ ပိတ်ထားတာကနေ နိုးထလာအောင် လုပ်လိုက်ပါတယ်။ တချိန်တည်းမှာလည်း Mexico ကို ဆက်သွားပြီး အိပ်ပျော်နေတဲ့ Rodan ဆိုတဲ့ အကောင်ကြီးကိုလည်း နိုးထလာအောင် လုပ်လိုက်ပါတယ်။

သူတို့မသိလိုက်တာက King Ghidora ဟာ လူသားမျိုးနွယ်နဲ့ သဘာဝကြား မျှတအောင် လုပ်ပေးမှာ မဟုတ်ဘဲ လူသားမျိုးနွယ်ကို မျိုးတုံးသွားစေမယ့် အကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ သိလိုက်တဲ့အခါမှာတော့ အတော်နောက်ကျသွားခဲ့ပါပြီ။ King Ghidora ရဲ့ ဟိန်းသံတချက်နဲ့တင် ကမ္ဘာတစ်ဝှမ်းက မဟာပထဝီမြေကြီးထဲ အိပ်ပျော်နေတဲ့ Titansတွေ အားလုံး နိုးထလာကာ မြို့တွေကို စတင်ဖျက်ဆီးပါတော့တယ်။

Titansတွေ အားလုံး နိုးထလာတဲ့အခါမှာတော့ ကမ္ဘာကို အုပ်စိုးဖို့ ကြိုးစားလာခဲ့ပါတယ်။ သေချာတာ တစ်ခုကတော့ လူသားတွေအနေနဲ့ Titansတွေရဲ့ တိုက်ပွဲမှာ ကိုယ်တိုင်ဝင်မတိုက်နိုင်ပါဘူး။

Related Article >>> မင်းသားကြီး Tom Hanks ရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေကို မြင်ရမယ့် ရုပ်ရှင် (၃) ကား

ဒါကြောင့် Titansတွေရဲ့ အန္တရာယ်ကို လူသားတွေက ရပ်ကော ရပ်တန့်နိုင်ပါ့မလား?

လူတွေအားလုံး မျိုးသုဉ်းသွားမှာလား ရှင်ကျန်ခဲ့မှာလား?

ဘယ်သူတွေက စတေးလိုက်ရမှာလဲ?

လူတွေနဲ့ အတူနေနိုင်တဲ့ Titansတွေ က အနိုင်ရသွားမှာလား?

လူတွေကို မျိုးတုန်းအောင်လုပ်မယ့် Titansတွေက အနိင်ရသွားမှာလားဆိုတာကိုတော့ ပိတ်ကားထက်မှာ ကြည့်ရှုပါလို့……

အက်ဒ်မင်အားအရဆုံးကတော့ monsters characterတွေ ကို အသားပေးထားတာပါပဲ။ ကိုယ်က human character တွေကို သိပ်မကြိုက်တဲ့သူမို့လား မသိ။ ၂၀၁၄ Godzilla ရုပ်ရှင်တုန်းက human drama များပြီး monster characterနည်းတယ်လို့ ဝေဖန်ခံရတာကြောင့် ၂၀၁၉မှာတော့ ပြင်ဆင်ခဲ့ဟန် တူပါတယ်။ ဒါရိုက်တာပြောင်းသွားတာလည်း ပါမှာပေါ့။

ဒါကြောင့် ဒီရုပ်ရှင်မှာတော့ Monstersတွေ အများကြီးကို visual effects ကောင်းကောင်းနဲ့ စိတ်လှုပ်ရှားစရာကောင်းအောင် သေချာရိုက်ကူးထားပါတယ်။

အရင် Godzilla ကားတွေထက် ပိုပြီး အသက်ဝင်တဲ့၊ ကြမ်းကြုတ် ရက်စက်တဲ့ monsters တွေကို ရင်တမမနဲ့ ကြည့်နေရမှာပါ။ ဒီကားမှာ human characterတွေ၊ သူတို့ကြားက drama နဲ့ ဇာတ်အိမ်ပိုင်းကိုတော့ ခပ်ပေါ့ပေါ့ ဖော်ပြထားတာလေးပဲ ပြောစရာရှိပါတယ်။ human drama နည်းတယ်ဆိုပေမဲ့ Titanတွေ အချင်းချင်း ကြားက Drama၊ Titansတွေနဲ့ သူတို့ကို သံယောဇဉ်ကြီးတဲ့ သိပ္ပံပညာရှင်တွေကြားက drama ကတော့ မနည်းပါဘူး။

နောက်တစ်ခုက သုံးထားတဲ့ technology နဲ့ ဇာတ်ဝင်တေးတွေပါ။ ဟင်ခနဲ ဟာခနဲ ဖြစ်သွားစေတဲ့အထိ အရမ်းမိုက်တဲ့ underwater scenesတွေပါ ပါတယ်။

ကျောရိုးခိုင်တဲ့ ဇာတ်လမ်းမို့ ရုပ်ရှင်အရည်အသွေးကတော့ အစကနေ အဆုံးအထိ တစ်စက်မှ လျော့သွားခြင်း မရှိပါဘူး။ သမားရိုးကျ သာမန်တိုက်ပွဲတစ်ခု မဟုတ်ဘဲ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာရဲ့ အသက်ကို လောင်းကြေးထပ်ထားတဲ့ တိုက်ပွဲတစ်ခုမို့ အားမလို အားမရ ဖြစ်မှုနဲ့ အတူ အနိုင် အရှုံး ရလဒ်တွေကို တချိန်လုံး ရင်တထိတ်ထိတ်နဲ့ ကြည့်နေရမှာပါ။ ကြည့်ဖူးသမျှ Godzilla ကား တွေထဲ ဒီတစ်ခုက ရင်အခုန်ရဆုံးပါပဲ။ ဘာတွေကို ရင်ခုန်ရလဲ ဆက်ပြောပြရင် spoil မိ မှာစိုးလို့ မပြောတော့ဘူး 😁

ဒါကြောင့် Monsters တွေကို စိတ်ဝင်စားတဲ့ ယောင်းတို့အတွက်ဆိုရင်တော့ Godzilla: King of the monsters ဟာ အချိန်ပေးလိုက်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်း တစ်ခု ဖြစ်မှာပါလို့…

By
Mia (For Her Myanmar)

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *