လူေတြမသိၾကေသးတဲ့ Game Of Thrones ႐ိုက္ကြင္းေပၚက ျဖစ္ရပ္မ်ား

GOT ပရိသတ္ ေယာင္းေလးေတြ ရွိရင္ လက္ညွိဳးေထာင္!!! 

ေယာင္းတို႔ေရ … Game Of Thrones ဇာတ္လမ္းတြဲဟာ လက္ရွိမွာ ဝင္ေငြအေကာင္းဆံုးနဲ႔ လူၾကည့္အမ်ားဆံုး ဇာတ္လမ္းတြဲအျဖစ္ ရပ္တည္ေနပါတယ္။ ဒီလိုရပ္တည္ႏိုင္ေအာင္ ဇာတ္လမ္းကလည္း အၾကမ္းႀကီးကိုး … ဒါဆို ဒီဇာတ္လမ္းတြဲရဲ႕ ေနာက္ကြယ္က ပရိသတ္ေတြမသိေသးတဲ့အေၾကာင္းအရာေတြကို နည္းနည္းစီဆြဲထုတ္ၾကည့္ရေအာင္ …

(၁) GOT ရဲ႕အဓိကဇာတ္ေကာင္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ Daenerys တစ္ျဖစ္လဲ Emilia Clarke ကေတာ့ Season 1 မွာပါတဲ့ ျမင္းအသည္းစားတဲ့အခန္းမွာ ေသြးအတုေတြပါးစပ္ထဲဝင္ၿပီး ေနမေကာင္းျဖစ္ခဲ့ရပါတယ္တဲ့။

Daenerys (Mother of Dragons)

Related article >>> ဘယ္အခ်ိန္ၾကည့္ၾကည့္ တေသာေသာရယ္ေနေစရမယ့္ ဟာသရုပ္ရွင္ (၃) ကား

(၂) ဗီလိန္ Ramsay ေနရာမွာ သ႐ုပ္ေဆာင္တဲ့ Iwan Rheon ဟာ Jon Snow ေနရာကေန ပါဝင္သ႐ုပ္ေဆာင္ဖို႔ အစမ္းသ႐ုပ္ေဆာင္တဲ့ေနရာမွာ ထိပ္ဆံုးႏွစ္ေယာက္ထိ ပါသြားေသးတယ္ဆိုပဲ။ ဒါေပမဲ့ Jon Snow ေနရာကို လက္ရွိမင္းသား Kit Harington ရယူသြားပါတယ္။

Ramsay

(၃) Sansa Stark နဲ႔သူ(မ)ရဲ႕ဝံပုေလြေလး Lady က ဇာတ္လမ္းထဲမွာ သူငယ္ခ်င္းေကာင္းေတြျဖစ္သလို အျပင္မွာလည္း Sophie Turner နဲ႔ Lady ေနရာကပါဝင္ခဲ့တဲ့ ေခြးေလး Zunni က သံေယာဇဥ္တြယ္သြားတာမို႔ ေခြးေလးကို Sophie က ေမြးစားထားခဲ့ပါတယ္။

Sansa Stark နဲ႔ Lady

Related article >>> Netflix ကေန ထုတ္လႊင့္ျပသေနတဲ့ အေကာင္းဆံုးရုပ္သံဇာတ္လမ္းတြဲ (၄) ကား

(၄) Margaery ေနရာက သ႐ုပ္ေဆာင္ခဲ့တဲ့ Natalie Dormer က Spoiler မမိေအာင္လို႔ ဇာတ္ၫႊန္းကို သူ(မ)ပါဝင္႐ိုက္ကူးရမယ့္ အခန္းေတြပဲ ေက်ာ္ဖတ္ခဲ့ပါတယ္။ (ဖန္တို႔မည္သည္ :P)

Margaery

(၅) GOT ကို ေရးသားခဲ့တဲ့ စာေရးဆရာ George R.R. Martin က ဇာတ္လမ္းအစပိုင္းမွာ တစ္ခန္းစာ ပါဝင္႐ိုက္ကူးခဲ့ပါတယ္။ ဒါေပမဲ့ သ႐ုပ္ေဆာင္အေျပာင္းအလဲေတြေၾကာင့္ ဇာတ္လမ္းကို အစအဆံုးျပန္႐ိုက္တဲ့အခါမွာေတာ့ အဲ့အခန္းကျဖတ္ခ်တဲ့ထဲ ပါသြားခဲ့ပါတယ္ (စိတ္ေတာင္မေကာင္းဘူးရယ္ )


ကဲ … ဒါကေတာ့ ပရိသတ္ေတြမသိေသးတဲ့ ကမာၻေက်ာ္ GOT ဇာတ္လမ္းတြဲရဲ႕ အေၾကာင္းေတြပါ။ Stella ကေတာ့ Mother Of Dragon ဇာတ္ေကာင္ကို အႀကိဳက္ဆံုးပဲ။ ေယာင္းတို႔ေရာ?

Stella (For Her Myanmar)

<<< Unicode >>>

GOT ပရိသတ် ယောင်းလေးတွေ ရှိရင် လက်ညှိုးထောင်!!! 

ယောင်းတို့ရေ … Game Of Thrones ဇာတ်လမ်းတွဲဟာ လက်ရှိမှာ ဝင်ငွေအကောင်းဆုံးနဲ့ လူကြည့်အများဆုံး ဇာတ်လမ်းတွဲအဖြစ် ရပ်တည်နေပါတယ်။ ဒီလိုရပ်တည်နိုင်အောင် ဇာတ်လမ်းကလည်း အကြမ်းကြီးကိုး … ဒါဆို ဒီဇာတ်လမ်းတွဲရဲ့ နောက်ကွယ်က ပရိသတ်တွေမသိသေးတဲ့အကြောင်းအရာတွေကို နည်းနည်းစီဆွဲထုတ်ကြည့်ရအောင် …

(၁) GOT ရဲ့အဓိကဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Daenerys တစ်ဖြစ်လဲ Emilia Clarke ကတော့ Season 1 မှာပါတဲ့ မြင်းအသည်းစားတဲ့အခန်းမှာ သွေးအတုတွေပါးစပ်ထဲဝင်ပြီး နေမကောင်းဖြစ်ခဲ့ရပါတယ်တဲ့။

Daenerys (Mother of Dragons)

Related article >>> ဘယ်အချိန်ကြည့်ကြည့် တသောသောရယ်နေစေရမယ့် ဟာသရုပ်ရှင် (၃) ကား

(၂) ဗီလိန် Ramsay နေရာမှာ သရုပ်ဆောင်တဲ့ Iwan Rheon ဟာ Jon Snow နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ အစမ်းသရုပ်ဆောင်တဲ့နေရာမှာ ထိပ်ဆုံးနှစ်ယောက်ထိ ပါသွားသေးတယ်ဆိုပဲ။ ဒါပေမဲ့ Jon Snow နေရာကို လက်ရှိမင်းသား Kit Harington ရယူသွားပါတယ်။

Ramsay

(၃) Sansa Stark နဲ့သူ(မ)ရဲ့ဝံပုလွေလေး Lady က ဇာတ်လမ်းထဲမှာ သူငယ်ချင်းကောင်းတွေဖြစ်သလို အပြင်မှာလည်း Sophie Turner နဲ့ Lady နေရာကပါဝင်ခဲ့တဲ့ ခွေးလေး Zunni က သံယောဇဉ်တွယ်သွားတာမို့ ခွေးလေးကို Sophie က မွေးစားထားခဲ့ပါတယ်။

Sansa Stark နဲ့ Lady

Related article >>> Netflix ကနေ ထုတ်လွှင့်ပြသနေတဲ့ အကောင်းဆုံးရုပ်သံဇာတ်လမ်းတွဲ (၄) ကား

(၄) Margaery နေရာက သရုပ်ဆောင်ခဲ့တဲ့ Natalie Dormer က Spoiler မမိအောင်လို့ ဇာတ်ညွှန်းကို သူ(မ)ပါဝင်ရိုက်ကူးရမယ့် အခန်းတွေပဲ ကျော်ဖတ်ခဲ့ပါတယ်။ (ဖန်တို့မည်သည် :P)

Margaery

(၅) GOT ကို ရေးသားခဲ့တဲ့ စာရေးဆရာ George R.R. Martin က ဇာတ်လမ်းအစပိုင်းမှာ တစ်ခန်းစာ ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်အပြောင်းအလဲတွေကြောင့် ဇာတ်လမ်းကို အစအဆုံးပြန်ရိုက်တဲ့အခါမှာတော့ အဲ့အခန်းကဖြတ်ချတဲ့ထဲ ပါသွားခဲ့ပါတယ် (စိတ်တောင်မကောင်းဘူးရယ် )


ကဲ … ဒါကတော့ ပရိသတ်တွေမသိသေးတဲ့ ကမ္ဘာကျော် GOT ဇာတ်လမ်းတွဲရဲ့ အကြောင်းတွေပါ။ Stella ကတော့ Mother Of Dragon ဇာတ်ကောင်ကို အကြိုက်ဆုံးပဲ။ ယောင်းတို့ရော?

Stella (For Her Myanmar)

No Comments Yet

Comments are closed