ဟာသစံုေထာက္ကား ႏွစ္သက္သူေတြအတြက္ The Accidental Detectives 1& 2

ရင္ခုန္စရာလည္းေကာင္း… ပါးစပ္မေစ့ေအာင္လည္း ရယ္ရ… ေယာင္းတို႔ ႀကိဳက္မွာ က်ိန္းေသပဲ…

႐ုပ္႐ွင္ခ်စ္သူေယာင္းေလးတို႔ကို ညႊန္းေပးခ်င္တဲ့ ဇာတ္ကားေကာင္းေလးတစ္ကား႐ွိပါတယ္။ သူက တစ္ကားတည္းဆိုေပမဲ့ တစ္ကားတည္းေတာ့မဟုတ္ဘူး.. ဟီးဟီး.. ႐ႈပ္ဝါးလားဟင္… သူက ႏွစ္ကားတြဲ ေယာင္းတို႔ရယ္… ဒီဇာတ္ေဆာင္ေတြနဲ႔ပဲ ပထမတြဲ၊ ဒုတိယတြဲဆိုၿပီး ထြက္ထားတာမ်ိဳး…

ဇာတ္ကားအမည္က The Accidental Detective တဲ့။ ဒီဇာတ္လမ္းဟာ ဟာသ၊ အက္႐ွင္ နဲ႔ စံုေထာက္ဇာတ္လမ္းတို႔ကို အခ်ိဳးက်က်ေရာေမႊထားတာမို႔ တကယ္ၾကည့္ရေကာင္းတဲ့ ဇာတ္လမ္းပါ။

အဓိက ဇာတ္လိုက္ေတြက တျခားသူေတြေတာ့မဟုတ္ပါဘူး။ အက္ဒ္မင္တို႔ ငယ္ငယ္ကတည္းက ဇာတ္လမ္းတြဲေတြမွာ သေဘာက်ခဲ့ရတဲ့ သ႐ုပ္ေဆာင္ေတြပါ။ သူတုိ႔ေတြကေတာ့ မင္းသား ကြန္ဆန္ဝူး နဲ႔ သ႐ုပ္ေဆာင္ ေဆာင္ေဒါင္အီ တို႔ပါပဲ။

ကြန္ဆန္ဝူး

မင္းသား ကြန္ဆန္ဝူးက ႐ုပ္ျပစာအုပ္ဆုိင္ဖြင့္ရင္း တစ္ဖက္က သမီးေလးကို ထိန္းေနရသူ၊ စံုေထာက္ႀကီးရွားေလာ့ဟုမ္းကို သေဘာက်ၿပီး စံုေထာက္႐ူး ႐ူးေနသူ၊ အင္တာနက္မွာ အေပ်ာ္တမ္းစံုေထာက္အဖြဲ႕ေထာင္ကာ အမႈေတြကို ခန္႔မွန္းေနတတ္သူ၊ ရဲ႒ာနကို သြားေရာက္တတ္ကာ အမႈစစ္ဖုိ႔အၾကံဉာဏ္ေတြေပးတတ္လုိ႔ ေမာင္းထုတ္ခံရသူ ေဒမန္း အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

Related Article >>> ေခ်ာက္ခ်ားစရာ အေကာင္းဆံုးလို႔ သတ္မွတ္ခံထားရတဲ့ ကိုရီးယားသရဲကား (၃)ကား

ေဆာင္ေဒါင္အီ

ေဆာင္ေဒါင္အီကေတာ့ တရားခံေတြကို လိုက္ဖမ္းဆီးရာမွာ ရက္စက္ျပတ္သားလြန္းလုိ႔ အထက္အရာ႐ွိေတြက ရာထူးခ်ထားခံရသူ ရဲအရာ႐ွိ ႏိုေတဆူး အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ တစ္ေန႔မွာေတာ့ သူတုိ႔ ႏွစ္ေယာက္ရဲ႕ အသိမိတ္ေဆြ ရဲအရာ႐ွိတစ္ဦး လူသတ္မႈနဲ႔ ဖမ္းဆီးခံလုိက္ရပါတယ္။

The Accidental Detective – 1

အသတ္ခံလိုက္ရတာကလည္း သူတို႔ရဲ႕အျခားမိတ္ေဆြတစ္ဦးရဲ႕ ဇနီးပါပဲ။ ဒီလူသတ္မႈနဲ႔အတူ အျခား လူသတ္မႈေတြဆက္တုိက္ျဖစ္လာခဲ့သလို အသတ္ခံရတာကလည္း အမ်ိဳးသမီးေတြပဲျဖစ္ေနခဲ့ပါတယ္။ ဒီအခါ ကြင္းဆက္လူသတ္မႈေတြလားလုိ႔ သူတို႔ႏွစ္ဦး စံုစမ္းစစ္ေဆးၾကည့္တဲ့အခါ ….

ဒါကေတာ့ The Accidental Detective ရဲ႕ ပထမကားဇာတ္လမ္းအက်ဥ္းျဖစ္ပါတယ္။

Related Article >>> စိတ္ဝင္စားစရာ ဇာတ္လမ္းတည္ေဆာက္ပံုေတြနဲ႔ အိႏၵိယ မႈခင္းရုပ္ရွင္ (၃) ကား

လီကြမ္ဆူ

ဒုတိယကားမွာဆိုရင္ ေယာင္းတုိ႔အခ်စ္ေတာ္ Running Man အဖြဲ႔ထဲက လီကြမ္ဆူကလည္း ကြန္ပ်ဴတာပညာ႐ွင္အျဖစ္ ပါဝင္ထားပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့ စံုေထာက္ႀကီး ႏိုေတဆူး နဲ႔ ေဒမန္း တို႔ လက္တြဲကာ အလြတ္တန္းစံုေထာက္အဖြဲ႕ေထာင္လုိက္ပါတယ္။

ဒီလို ေထာင္လုိက္တဲ့အခါ စစခ်င္း အမႈအပ္တဲ့သူ တစ္ေယာက္မွ မ႐ွိေပမဲ့ ေနာက္ဆံုးေတာ့ ႐ွား႐ွားပါးပါး အမႈအပ္သူတစ္ေယာက္ရလုိက္ပါတယ္။ အမႈအပ္သူက သနားဖုိ႔ေကာင္းတဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦးျဖစ္ပါတယ္။ သူ႔အမ်ိဳးသားက ညဘက္အဆာေျပစားဖို႔ အသီးထြက္ဝယ္တာကေန လံုးဝျပန္မလာေတာ့ပါဘူး။

သနားစရာေကာင္းတဲ့ ကိုယ္ဝန္သည္အမ်ိဳးသမီးဟာ သူ႔ေယာက်္ားအမႈကို ရဲစခန္းကလည္း လက္မခံတာေၾကာင့္ ေဒမန္း တို႔အဖြဲ႕ဆီကို အမႈလာအပ္တာပါ။ ဒီလုိနဲ႔ ေဒမန္းတုိ႔ အမ်ိဳးသမီးေလးရဲ႕ ေယာက်္ားအမႈကို ေျခရာခံရပါေတာ့တယ္။ ဒီလုိေျခရာခံလုိက္တဲ့အခါ ေယာက်္ားျဖစ္သူက မိဘမဲ့တစ္ဦးျဖစ္ၿပီး သူနဲ႔အတူ မိဘမဲ့ေက်ာင္းမွာ ေနခဲ့သူေတြအားလံုး ထူးထူးဆန္းဆန္း ေသဆံုးခဲ့တာေတြကို ေတြ႔လိုက္ရတဲ့အခါ…

ဒါကေတာ့ The Accidental Detective ဇာတ္လမ္းရဲ႕ ဒုတိယပိုင္းျဖစ္ပါတယ္။

ပါးစပ္မေစ့ေအာင္ ရယ္ရသလုိ၊ ရင္တမမနဲ႔ၾကည့္ရတဲ့၊ စိတ္ဝင္စားဖုိ႔ေကာင္းတဲ့ The Accidental Detective ႐ုပ္႐ွင္ကို ေယာင္းတုိ႔ အားလပ္ခ်ိန္မွာ ၾကည့္လို႔ရေအာင္ ညႊန္းေပးလုိက္ပါတယ္ေနာ္။

ေယာင္းတို႔ေပ်ာ္႐ႊင္ၾကပါေစ။

Sugar Cane (For Her Myanmar)

<<< Unicode >>>

ရင်ခုန်စရာလည်းကောင်း… ပါးစပ်မစေ့အောင်လည်း ရယ်ရ… ယောင်းတို့ ကြိုက်မှာ ကျိန်းသေပဲ…

ရုပ်ရှင်ချစ်သူယောင်းလေးတို့ကို ညွှန်းပေးချင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားရှိပါတယ်။ သူက တစ်ကားတည်းဆိုပေမဲ့ တစ်ကားတည်းတော့မဟုတ်ဘူး.. ဟီးဟီး.. ရှုပ်ဝါးလားဟင်… သူက နှစ်ကားတွဲ ယောင်းတို့ရယ်… ဒီဇာတ်ဆောင်တွေနဲ့ပဲ ပထမတွဲ၊ ဒုတိယတွဲဆိုပြီး ထွက်ထားတာမျိုး…

ဇာတ်ကားအမည်က The Accidental Detective တဲ့။ ဒီဇာတ်လမ်းဟာ ဟာသ၊ အက်ရှင် နဲ့ စုံထောက်ဇာတ်လမ်းတို့ကို အချိုးကျကျရောမွှေထားတာမို့ တကယ်ကြည့်ရကောင်းတဲ့ ဇာတ်လမ်းပါ။

အဓိက ဇာတ်လိုက်တွေက တခြားသူတွေတော့မဟုတ်ပါဘူး။ အက်ဒ်မင်တို့ ငယ်ငယ်ကတည်းက ဇာတ်လမ်းတွဲတွေမှာ သဘောကျခဲ့ရတဲ့ သရုပ်ဆောင်တွေပါ။ သူတို့တွေကတော့ မင်းသား ကွန်ဆန်ဝူး နဲ့ သရုပ်ဆောင် ဆောင်ဒေါင်အီ တို့ပါပဲ။


ကွန်ဆန်ဝူး

မင်းသား ကွန်ဆန်ဝူးက ရုပ်ပြစာအုပ်ဆိုင်ဖွင့်ရင်း တစ်ဖက်က သမီးလေးကို ထိန်းနေရသူ၊ စုံထောက်ကြီးရှားလော့ဟုမ်းကို သဘောကျပြီး စုံထောက်ရူး ရူးနေသူ၊ အင်တာနက်မှာ အပျော်တမ်းစုံထောက်အဖွဲ့ထောင်ကာ အမှုတွေကို ခန့်မှန်းနေတတ်သူ၊ ရဲဋ္ဌာနကို သွားရောက်တတ်ကာ အမှုစစ်ဖို့အကြံဉာဏ်တွေပေးတတ်လို့ မောင်းထုတ်ခံရသူ ဒေမန်း အဖြစ် သရုပ်ဆောင်ထားပါတယ်။

Related Article >>> ချောက်ချားစရာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကိုရီးယားသရဲကား (၃)ကား


ဆောင်ဒေါင်အီ

ဆောင်ဒေါင်အီကတော့ တရားခံတွေကို လိုက်ဖမ်းဆီးရာမှာ ရက်စက်ပြတ်သားလွန်းလို့ အထက်အရာရှိတွေက ရာထူးချထားခံရသူ ရဲအရာရှိ နိုတေဆူး အဖြစ် သရုပ်ဆောင်ထားပါတယ်။ တစ်နေ့မှာတော့ သူတို့ နှစ်ယောက်ရဲ့ အသိမိတ်ဆွေ ရဲအရာရှိတစ်ဦး လူသတ်မှုနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။


The Accidental Detective – 1

အသတ်ခံလိုက်ရတာကလည်း သူတို့ရဲ့အခြားမိတ်ဆွေတစ်ဦးရဲ့ ဇနီးပါပဲ။ ဒီလူသတ်မှုနဲ့အတူ အခြား လူသတ်မှုတွေဆက်တိုက်ဖြစ်လာခဲ့သလို အသတ်ခံရတာကလည်း အမျိုးသမီးတွေပဲဖြစ်နေခဲ့ပါတယ်။ ဒီအခါ ကွင်းဆက်လူသတ်မှုတွေလားလို့ သူတို့နှစ်ဦး စုံစမ်းစစ်ဆေးကြည့်တဲ့အခါ ….

ဒါကတော့ The Accidental Detective ရဲ့ ပထမကားဇာတ်လမ်းအကျဉ်းဖြစ်ပါတယ်။

Related Article >>> စိတ်ဝင်စားစရာ ဇာတ်လမ်းတည်ဆောက်ပုံတွေနဲ့ အိန္ဒိယ မှုခင်းရုပ်ရှင် (၃) ကား

လီကွမ်ဆူ

ဒုတိယကားမှာဆိုရင်  Running Man အဖွဲ့ထဲက ယောင်းတို့အချစ်တော် လီကွမ်ဆူကလည်း ကွန်ပျူတာပညာရှင်အဖြစ် ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကြီး နိုတေဆူး နဲ့ ဒေမန်း တို့ လက်တွဲကာ အလွတ်တန်းစုံထောက်အဖွဲ့ထောင်လိုက်ပါတယ်။

ဒီလို ထောင်လိုက်တဲ့အခါ စစချင်း အမှုအပ်တဲ့သူ တစ်ယောက်မှ မရှိပေမဲ့ နောက်ဆုံးတော့ ရှားရှားပါးပါး အမှုအပ်သူတစ်ယောက်ရလိုက်ပါတယ်။ အမှုအပ်သူက သနားဖို့ကောင်းတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူ့အမျိုးသားက ညဘက်အဆာပြေစားဖို့ အသီးထွက်ဝယ်တာကနေ လုံးဝပြန်မလာတော့ပါဘူး။

သနားစရာကောင်းတဲ့ ကိုယ်ဝန်သည်အမျိုးသမီးဟာ သူ့ယောကျ်ားအမှုကို ရဲစခန်းကလည်း လက်မခံတာကြောင့် ဒေမန်း တို့အဖွဲ့ဆီကို အမှုလာအပ်တာပါ။ ဒီလိုနဲ့ ဒေမန်းတို့ အမျိုးသမီးလေးရဲ့ ယောကျ်ားအမှုကို ခြေရာခံရပါတော့တယ်။ ဒီလိုခြေရာခံလိုက်တဲ့အခါ ယောကျ်ားဖြစ်သူက မိဘမဲ့တစ်ဦးဖြစ်ပြီး သူနဲ့အတူ မိဘမဲ့ကျောင်းမှာ နေခဲ့သူတွေအားလုံး ထူးထူးဆန်းဆန်း သေဆုံးခဲ့တာတွေကို တွေ့လိုက်ရတဲ့အခါ…

ဒါကတော့ The Accidental Detective ဇာတ်လမ်းရဲ့ ဒုတိယပိုင်းဖြစ်ပါတယ်။

ပါးစပ်မစေ့အောင် ရယ်ရသလို၊ ရင်တမမနဲ့ကြည့်ရတဲ့၊ စိတ်ဝင်စားဖို့ကောင်းတဲ့ The Accidental Detective ရုပ်ရှင်ကို ယောင်းတို့ အားလပ်ချိန်မှာ ကြည့်လို့ရအောင် ညွှန်းပေးလိုက်ပါတယ်နော်။

ယောင်းတို့ပျော်ရွှင်ကြပါစေ။

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed