Movie Reviews

မင္းသားႀကီး Tom Hanks ရဲ႕ အေကာင္းဆံုး သရုပ္ေဆာင္ခ်က္ေတြကို ျမင္ရမယ့္ ရုပ္ရွင္ (၃) ကား

ကိုယ္ၾကည့္ဖူးတာ ဘယ္ႏွစ္ကားေလာက္ပါလဲ ၾကည့္ၾကည့္ေနာ္..

ေယာင္းဟာ ရုပ္ရွင္ခ်စ္သူတစ္ေယာက္ဆိုရင္ေတာ့ နာမည္ႀကီးမင္းသားႀကီး Tom Hanks ကို သိေနမွာ က်ိန္းေသပါပဲ။ အသက္ (၆၂) ႏွစ္ရွိၿပီျဖစ္တဲ့ မင္းသားႀကီးဟာဆိုရင္ေတာ့ျဖင့္ သူ႕ရဲ႕ သက္တမ္းတစ္ေလွ်ာက္လံုး အႏုပညာထဲမွာပဲ ႏွစ္ျမွဳပ္ထားတယ္လို႔ ေျပာရမွာပါ။ ေအာ္စကာဆုႏွစ္ဆု နဲ႔  ေရႊကမာၻလံုးဆုေလးဆု ရရွိထားသူျဖစ္ၿပီး သူရဲ႕ရုပ္ရွင္ကားတိုင္းလိုလို ေအာ္စကာအတြက္ တစ္ေပးခံရသူပါ။ ဒါဆိုရင္ေတာ့ ဒီမင္းသားႀကီး ဘယ္ေလာက္ေတာ္လဲ သိၾကၿပီေပါ့ေနာ္။ Tom Hanks ရဲ႕ ရုပ္ရွင္ဇာတ္ကားေတြ အမ်ားႀကီးရွိတဲ့ထဲကမွ Stella အႀကိဳက္ဆံုးရုပ္ရွင္ေတြကို ေယာင္းတို႔အတြက္ ေဝမွ်ေပးလိုက္ပါတယ္ေနာ္…

Forrest Gump

ဒီဇာတ္ကားကေတာ့ Forrest Gump ဆိုတဲ့ ဉာဏ္ရည္ခပ္နိမ့္နိမ့္ လူတစ္ေယာက္အေၾကာင္းပါ။ ခပ္ေအးေအးေနတတ္ၿပီး စိတ္ေကာင္းေစတနာရွိတဲ့ သူ႕ဘဝမွာ ဂရုစိုက္တာဆိုလို႔ သူ႕ရဲ႕ငယ္ခ်စ္ဦးျဖစ္တဲ့ Jenny တစ္ေယာက္ပဲ ရွိတာပါ။ ဒါေပမဲ့ အၿမဲျပႆနာေတြနဲ႔ ျပည့္ႏွက္ေနတဲ့ Jenny အတြက္ေတာ့ Forrest ဟာ ခဏတာ ခိုလႈံရာ ရင္ခြင္တစ္ခုပါပဲ။

Jenny ေၾကာင့္ Forrest ဘဝမွာ ဘာေတြဆက္ျဖစ္လာမလဲ၊ Jenny ကေကာ Forrest အနားေရာက္လာမွာလားဆိုတာကေတာ့ ….

ၾကာခ်ိန္ (၂)နာရီ (၂၂) မိနစ္ရွိၿပီး IMDb rating 8.8 ရရွိထားတဲ့ ရုပ္ရွင္တစ္ကားျဖစ္ပါတယ္။ Tom Hanks ကို ေအာ္စကာဆုတစ္ဆု ဆြတ္ခူးေစႏိုင္ခဲ့တဲ့ ရုပ္ရွင္ကားဆိုလည္း မမွားပါဘူး။ ဒီကားထဲမွာ Stella အႀကိဳက္ဆံုးစကားေလးကေတာ့ Forrest ရဲ႕အေမျဖစ္သူေျပာတဲ့ “Life is like a box of chocolates. You never know what you’re gonna get – ဘဝဆိုတာ ေခ်ာကလက္ဘူးတစ္ဘူးလိုပဲ.. ကိုယ္ ဘာအရသာစားရမလဲဆိုတာ ဘယ္ေတာ့မွမသိႏိုင္ပါဘူး” ဆိုတဲ့စကားေလးပါပဲ။

Related Article >>> ဖက္ရွင္ခ်စ္သူ ေယာင္းေယာင္းတို႔ မျဖစ္မေန ၾကည့္ထားသင့္တဲ့ ရုပ္ရွင္ (၅) ကား

Green Mile

ေသမိန္႔က်ထားတဲ့ ေထာင္သားေတြကို ေစာင့္ရတဲ့ အက်ဥ္းေထာင္လံုၿခံဳေရး  Paul Edgecomb အျဖစ္ Tom Hanks က သရုပ္ေဆာင္ထားပါတယ္။ John Coffey ကေတာ့ လူမမည္ ညီအစ္မႏွစ္ေယာက္ကို သတ္မႈနဲ႔ ေသမိန္႔က်ထားတဲ့ လူတစ္ေယာက္ပါ။ သူ႕မွာ သာမန္လူေတြမွာ မရွိတဲ့ သဘာဝလြန္စြမ္းအားတစ္ခု ပိုင္ဆိုင္ထားပါတယ္။ အဲဒါကေတာ့ ေသခါနီးလူတစ္ေယာက္ဆီက ေရာဂါေတြကို စုပ္ထုတ္ေပးႏိုင္ၿပီး  အေကာင္းပတိျပန္ျဖစ္ေစႏိုင္တဲ့ စြမ္းအားပါ။

Paul ဟာ John နဲ႔ စကားေျပာၾကည့္ရင္း John ဟာ ကိုယ္လံုးကိုယ္ထည္ႀကီးမားတဲ့ လူမည္းတစ္ေယာက္ေပမဲ့ ယင္ေကာင္ေလးတစ္ေကာင္ကိုေတာင္ အႏၱရာယ္မေပးတဲ့လူတစ္ေယာက္မွန္း သိလာရတဲ့အခါမွာ ညီမႏွစ္ေယာက္ကို တကယ္သတ္ခဲ့တာ ဟုတ္ရဲ႕လားဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။ Paul အေနနဲ႔ အမွန္တရားကို ေဖာ္ထုတ္ႏိုင္မွာလား။ John ေကာ ဘယ္လို ျဖစ္သြားမွာလဲဆိုတာကို စိတ္ဝင္တစား ေစာင့္ၾကည့္ရမယ့္ ဇာတ္ကားတစ္ကားပါပဲ … IMDb 8.5 ရရွိထားၿပီး ၾကာခ်ိန္ (၃)နာရီ (၅)မိနစ္ရွိပါတယ္။ Stella ကို မ်က္ရည္ေပါက္ေပါက္က်ေစတဲ့ ရုပ္ရွင္ေတြထဲက တစ္ကားမို႔ ေယာင္းတို႔ကိုလည္း မ်က္ရည္က်ေစခ်င္ အဲေလ.. လက္မလြတ္ေစခ်င္တဲ့ ရုပ္ရွင္တစ္ကားပါပဲလို႔…

Saving Mr Bank

၁၉၆၄ ခုႏွစ္မွာ Walt Disney Pictures က ထုတ္လုပ္လိုက္တဲ့ Mary Poppins ရုပ္ရွင္ဟာဆိုရင္ေတာ့ျဖင့္ Stella တို႔အဘြားေခတ္က သိပ္ကိုနာမည္ႀကီးခဲ့တာေပါ့။ Stella ရုပ္ရွင္စၾကည့္တတ္တဲ့အရြယ္မွာ အဲ့ဇာတ္ကားေထြလာကို ျမင္ၿပီး ၾကည့္ခ်င္ပါတယ္ဂ်ီက်လို႔ အိမ္ကမရမက ရွာေပးခဲ့ရတဲ့ကားပါ။ အဲ့လိုႀကိဳက္ခဲ့တဲ့ရုပ္ရွင္ကို ၂၀၁၃ မွာ Saving Mr Banks နာမည္နဲ႔ prequal ျပန္ရိုက္တဲ့အျပင္ Tom Hanks လည္းပါတယ္ဆိုေတာ့ ေပ်ာ္ၿပီေလ။

ဒီကားမွာေတာ့ Tom Hanks က Disney ကာတြန္းရုပ္ရွင္ေတြရဲ႕ ဖခင္ႀကီး Walt Disney အျဖစ္ ပါဝင္အားျဖည့္ထားပါတယ္။

Mary Poppins စာအုပ္ေတြရဲ႕ ကေလာင္ရွင္ P.L Travers ဟာ Mary Poppins စာအုပ္ေတြကို ဘယ္သူ႕အေပၚမွာ အမွီျပဳၿပီး ေရးခဲ့တာလဲ?

Walt Disney အေနနဲ႔ေကာ ဒီစာအုပ္ေတြကို ရုပ္ရွင္ရိုက္ခြင့္ရဖို႔ ဘယ္လိုႀကိဳးပမ္းခဲ့ရလဲ?

ရုပ္ရွင္ရုိက္တဲ့အခါမွာေကာ P.L Travers ေမွ်ာ္မွန္းထားတဲ့ Mary Poppins ျဖစ္ေအာင္ ဘယ္လိုေတြ ဖန္တီးခဲ့ရလဲ?

Mr Banks ဆိုတာကေကာ လက္ေတြ႕မွာ ဘယ္သူျဖစ္မလဲ?

ဆိုတာေတြကို ေတြ႕ရမွာပါ။ ၾကာခ်ိန္ (၂) နာရီ (၅) မိနစ္ရွိၿပီး IMDb 7.5 ရရွိထားပါတယ္။

Related article >>> လက္မလႊတ္သင့္တဲ့ ၂၀၁၈ ရဲ႕ ဆုရဇာတ္ကားေကာင္း မ်ား

Stella ငယ္ငယ္ထဲက Tom Hanks ရဲ႕ ရုပ္ရွင္ကားေတြၾကည့္ၿပီး ႀကီးျပင္းလာတာဆိုေတာ့ ကားတိုင္းမွာ သူဘယ္ေလာက္ထိ ႀကိဳးစားထားလဲဆိုတာ ျမင္ေနရပါတယ္။ တကယ္ေတာ့Tom Hanks က Stella အႀကိဳက္ဆံုးရုပ္ရွင္မင္းသားႀကီးေတြထဲက တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ Da Vinci Code, Big, Angels and Demons စတဲ့ ေနာက္ထပ္ သူ႔ရဲ႕ ရုပ္ရွင္ကားေကာင္းေတြလည္း အမ်ားႀကီးရွိပါေသးတယ္။ Tom Hanks ဟာ Toy Story ကာတြန္းရုပ္ရွင္ေတြမွာလည္း ေကာင္းဘြိဳင္ရုပ္ေလး Woody ေနရာကေန အသံသရုပ္ေဆာင္အျဖစ္ ပါဝင္ထားပါေသးတယ္။

ေယာင္းတို႔ေကာ Stella ေျပာျပေပးထားတဲ့ Tom Hanks ရဲ႕ရုပ္ရွင္ေတြထဲက ဘယ္ႏွစ္ကားၾကည့္ၿပီးၾကၿပီလဲ?

မၾကည့္ရေသးရင္ ၾကည့္ဖို႔မေမ့နဲ႔ေနာ္…

Stella (For Her Myanmar)

<<< Unicode >>>

ကိုယ်ကြည့်ဖူးတာ ဘယ်နှစ်ကားလောက်ပါလဲ ကြည့်ကြည့်နော်..

ယောင်းဟာ ရုပ်ရှင်ချစ်သူတစ်ယောက်ဆိုရင်တော့ နာမည်ကြီးမင်းသားကြီး Tom Hanks ကို သိနေမှာ ကျိန်းသေပါပဲ။ အသက် (၆၂) နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာဆိုရင်တော့ဖြင့် သူ့ရဲ့ သက်တမ်းတစ်လျှောက်လုံး အနုပညာထဲမှာပဲ နှစ်မြှုပ်ထားတယ်လို့ ပြောရမှာပါ။ အော်စကာဆုနှစ်ဆု နဲ့ ရွှေကမ္ဘာလုံးဆုလေးဆု ရရှိထားသူဖြစ်ပြီး သူရဲ့ရုပ်ရှင်ကားတိုင်းလိုလို အော်စကာအတွက် တစ်ပေးခံရသူပါ။ ဒါဆိုရင်တော့ ဒီမင်းသားကြီး ဘယ်လောက်တော်လဲ သိကြပြီပေါ့နော်။ Tom Hanks ရဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရှိတဲ့ထဲကမှ Stella အကြိုက်ဆုံးရုပ်ရှင်တွေကို ယောင်းတို့အတွက် ဝေမျှပေးလိုက်ပါတယ်နော်…

Forrest Gump

ဒီဇာတ်ကားကတော့ Forrest Gump ဆိုတဲ့ ဉာဏ်ရည်ခပ်နိမ့်နိမ့် လူတစ်ယောက်အကြောင်းပါ။ ခပ်အေးအေးနေတတ်ပြီး စိတ်ကောင်းစေတနာရှိတဲ့ သူ့ဘဝမှာ ဂရုစိုက်တာဆိုလို့ သူ့ရဲ့ငယ်ချစ်ဦးဖြစ်တဲ့ Jenny တစ်ယောက်ပဲ ရှိတာပါ။ ဒါပေမဲ့ အမြဲပြဿနာတွေနဲ့ ပြည့်နှက်နေတဲ့ Jenny အတွက်တော့ Forrest ဟာ ခဏတာ ခိုလှုံရာ ရင်ခွင်တစ်ခုပါပဲ။

Jenny ကြောင့် Forrest ဘဝမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ Jenny ကကော Forrest အနားရောက်လာမှာလားဆိုတာကတော့ ….

ကြာချိန် (၂)နာရီ (၂၂) မိနစ်ရှိပြီး IMDb rating 8.8 ရရှိထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ Tom Hanks ကို အော်စကာဆုတစ်ဆု ဆွတ်ခူးစေနိုင်ခဲ့တဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး။ ဒီကားထဲမှာ Stella အကြိုက်ဆုံးစကားလေးကတော့ Forrest ရဲ့အမေဖြစ်သူပြောတဲ့ “Life is like a box of chocolates. You never know what you’re gonna get – ဘဝဆိုတာ ချောကလက်ဘူးတစ်ဘူးလိုပဲ.. ကိုယ် ဘာအရသာစားရမလဲဆိုတာ ဘယ်တော့မှမသိနိုင်ပါဘူး” ဆိုတဲ့စကားလေးပါပဲ။


Related Article >>> ဖက်ရှင်ချစ်သူ ယောင်းယောင်းတို့ မဖြစ်မနေ ကြည့်ထားသင့်တဲ့ ရုပ်ရှင် (၅) ကား

Green Mile

သေမိန့်ကျထားတဲ့ ထောင်သားတွေကို စောင့်ရတဲ့ အကျဉ်းထောင်လုံခြုံရေး Paul Edgecomb အဖြစ် Tom Hanks က သရုပ်ဆောင်ထားပါတယ်။ John Coffey ကတော့ လူမမည် ညီအစ်မနှစ်ယောက်ကို သတ်မှုနဲ့ သေမိန့်ကျထားတဲ့ လူတစ်ယောက်ပါ။ သူ့မှာ သာမန်လူတွေမှာ မရှိတဲ့ သဘာဝလွန်စွမ်းအားတစ်ခု ပိုင်ဆိုင်ထားပါတယ်။ အဲဒါကတော့ သေခါနီးလူတစ်ယောက်ဆီက ရောဂါတွေကို စုပ်ထုတ်ပေးနိုင်ပြီး အကောင်းပတိပြန်ဖြစ်စေနိုင်တဲ့ စွမ်းအားပါ။

Paul ဟာ John နဲ့ စကားပြောကြည့်ရင်း John ဟာ ကိုယ်လုံးကိုယ်ထည်ကြီးမားတဲ့ လူမည်းတစ်ယောက်ပေမဲ့ ယင်ကောင်လေးတစ်ကောင်ကိုတောင် အန္တရာယ်မပေးတဲ့လူတစ်ယောက်မှန်း သိလာရတဲ့အခါမှာ ညီမနှစ်ယောက်ကို တကယ်သတ်ခဲ့တာ ဟုတ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ Paul အနေနဲ့ အမှန်တရားကို ဖော်ထုတ်နိုင်မှာလား။ John ကော ဘယ်လို ဖြစ်သွားမှာလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ဇာတ်ကားတစ်ကားပါပဲ … IMDb 8.5 ရရှိထားပြီး ကြာချိန် (၃)နာရီ (၅)မိနစ်ရှိပါတယ်။ Stella ကို မျက်ရည်ပေါက်ပေါက်ကျစေတဲ့ ရုပ်ရှင်တွေထဲက တစ်ကားမို့ ယောင်းတို့ကိုလည်း မျက်ရည်ကျစေချင် အဲလေ.. လက်မလွတ်စေချင်တဲ့ ရုပ်ရှင်တစ်ကားပါပဲလို့…

Saving Mr Bank

၁၉၆၄ ခုနှစ်မှာ Walt Disney Pictures က ထုတ်လုပ်လိုက်တဲ့ Mary Poppins ရုပ်ရှင်ဟာဆိုရင်တော့ဖြင့် Stella တို့အဘွားခေတ်က သိပ်ကိုနာမည်ကြီးခဲ့တာပေါ့။ Stella ရုပ်ရှင်စကြည့်တတ်တဲ့အရွယ်မှာ အဲ့ဇာတ်ကားထွေလာကို မြင်ပြီး ကြည့်ချင်ပါတယ်ဂျီကျလို့ အိမ်ကမရမက ရှာပေးခဲ့ရတဲ့ကားပါ။ အဲ့လိုကြိုက်ခဲ့တဲ့ရုပ်ရှင်ကို ၂၀၁၃ မှာ Saving Mr Banks နာမည်နဲ့ prequal ပြန်ရိုက်တဲ့အပြင် Tom Hanks လည်းပါတယ်ဆိုတော့ ပျော်ပြီလေ။

ဒီကားမှာတော့ Tom Hanks က Disney ကာတွန်းရုပ်ရှင်တွေရဲ့ ဖခင်ကြီး Walt Disney အဖြစ် ပါဝင်အားဖြည့်ထားပါတယ်။

Mary Poppins စာအုပ်တွေရဲ့ ကလောင်ရှင် P.L Travers ဟာ Mary Poppins စာအုပ်တွေကို ဘယ်သူ့အပေါ်မှာ အမှီပြုပြီး ရေးခဲ့တာလဲ?

Walt Disney အနေနဲ့ကော ဒီစာအုပ်တွေကို ရုပ်ရှင်ရိုက်ခွင့်ရဖို့ ဘယ်လိုကြိုးပမ်းခဲ့ရလဲ?

ရုပ်ရှင်ရိုက်တဲ့အခါမှာကော P.L Travers မျှော်မှန်းထားတဲ့ Mary Poppins ဖြစ်အောင် ဘယ်လိုတွေ ဖန်တီးခဲ့ရလဲ?

Mr Banks ဆိုတာကကော လက်တွေ့မှာ ဘယ်သူဖြစ်မလဲ?

ဆိုတာတွေကို တွေ့ရမှာပါ။ ကြာချိန် (၂) နာရီ (၅) မိနစ်ရှိပြီး IMDb 7.5 ရရှိထားပါတယ်။

Related article >>> လက်မလွှတ်သင့်တဲ့ ၂၀၁၈ ရဲ့ ဆုရဇာတ်ကားကောင်း များ

Stella ငယ်ငယ်ထဲက Tom Hanks ရဲ့ ရုပ်ရှင်ကားတွေကြည့်ပြီး ကြီးပြင်းလာတာဆိုတော့ ကားတိုင်းမှာ သူဘယ်လောက်ထိ ကြိုးစားထားလဲဆိုတာ မြင်နေရပါတယ်။ တကယ်တော့Tom Hanks က Stella အကြိုက်ဆုံးရုပ်ရှင်မင်းသားကြီးတွေထဲက တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Da Vinci Code, Big, Angels and Demons စတဲ့ နောက်ထပ် သူ့ရဲ့ ရုပ်ရှင်ကားကောင်းတွေလည်း အများကြီးရှိပါသေးတယ်။ Tom Hanks ဟာ Toy Story ကာတွန်းရုပ်ရှင်တွေမှာလည်း ကောင်းဘွိုင်ရုပ်လေး Woody နေရာကနေ အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။

ယောင်းတို့ကော Stella ပြောပြပေးထားတဲ့ Tom Hanks ရဲ့ရုပ်ရှင်တွေထဲက ဘယ်နှစ်ကားကြည့်ပြီးကြပြီလဲ?

မကြည့်ရသေးရင် ကြည့်ဖို့မမေ့နဲ့နော်…

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *