Movie Reviews

၂၀၁၈ အတြက္ IMDb ကေရြးခ်ယ္ထားတဲ့ အေကာင္းဆံုး ရုပ္ရွင္ကား (၅) ကား

ႏိုဝင္ဘာလအထိ သံုးသပ္ခ်က္အရေတာ့ ဒီရုပ္ရွင္ေတြက IMDb rating အမ်ားဆံုးပါပဲ။

ဟိဟိ။ ဒီဇင္ဘာေရာက္ၿပီေနာ္႔… ဒီလေရာက္ရင္ လူက ဘာလို႔လဲမသိ အလိုလိုေနရင္းကို ေပ်ာ္ေနတာ။  ပိတ္ရက္ေတြလည္းမ်ားတယ္ဆိုေတာ့ ရုပ္ရွင္ၾကည့္ခ်ိန္ေတြလည္း ရွိမွာပဲေလ။ အာ့နဲ႔ အက္မင္ႏွင္းႏွင္းတစ္ေယာက္ ေယာင္းတို႔ ရုပ္ရွင္ေကာင္းေကာင္းေလးေတြ ၾကည့္လို႔ရေအာင္ ရွာေဖြၿပီး တင္ဆက္ေပးလိုက္ပါတယ္…

(၁) Avengers : Infinity War

ဒီဇာတ္ကားကို ညႊန္းေပးတယ္ဆိုတာ အႀကံနဲ႔ပါေနာ္။ ဒီဟာကိုနားလည္ဖို႔အတြက္ဆိုရင္ ေတာက္ေလွ်ာက္လြန္ေလခဲ့ၿပီးေသာ Avengers ရုပ္ရွင္ေတြျပန္ၾကည့္ရပါမယ္။ (အယ္လဲ့ အႀကံသိပ္ႀကီးသြားလားေယာင္းတို႔ :P) အလကားစတာပါ။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေယာင္းတို႔ရယ္..ၿဂိဳဟ္တစ္ၿဂိဳဟ္မွာ လူဦးေရ အရမ္းမ်ားလာရင္ အဲဒီၿဂိဳဟ္မွာရွိတဲ့ သယံဇာတေတြနဲ႔ မလံုေလာက္ေတာ့ဘဲ ကပ္ဆိုးေတြ ႀကံဳရတတ္ပါတယ္။ ဒါကို ေျဖရွင္းဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းကေတာ့ ၿဂိဳဟ္တိုင္း ၿဂိဳဟ္တိုင္းရဲ႕ လူဦးေရကို တစ္ဝက္စီေလွ်ာ့ခ်တာပဲလို႔ Mad Titan (Thanos) က ယံုၾကည္ပါတယ္။ တစ္ၿဂိဳဟ္ခ်င္းစီကို သိမ္း၊ လူဦးေရ တစ္ဝက္ေလွ်ာ႔ ဆိုတာထက္ စၾကဝဠာႀကီးတစ္ခုလံုးရဲ႕ လူဦးေရ တစ္ဝက္ေလွ်ာ့လိုက္တာက ပိုအဆင္ေျပတယ္မဟုတ္လား.. ဒီေတာ့ ဒီပလန္အတိုင္းျဖစ္လာဖို႔ infinity gems လို႔ေခၚတဲ့ အနႏၱေက်ာက္တံုးေတြကို Thanos က လိုက္ရွာရာက စစ္ပြဲႀကီး စတင္ပါေတာ့တယ္။ ဒီစစ္ပြဲထဲမွာ ဘယ္သူေတြကိုဆံုးရႈံးရမွာလဲ? စၾကဝဠာႀကီးကိုေရာ ကာကြယ္ႏိုင္ၾကပါ့မလားဆိုတာ စိတ္ဝင္စားစရာပါပဲ။ ၾကာခ်ိန္ကေတာ့ ၂ :၄၉ မိနစ္ ၾကာျမင့္ပါတယ္။ ဒီဇာတ္ကားေလးကေတာ့ IMDb rating 8.5 ရထားၿပီး အားလံုးထဲမွာ အျမင့္ဆံုးပါပဲ။

(၂) Bohemian Rhapsody

Queen အဖြဲ႔ကို ခ်စ္တဲ့လူေတြ လက္မလႊတ္သင့္တဲ့ ဇာတ္ကားေကာင္းေလး တစ္ခုပါပဲ။ Queen ဆိုၿပီး ကမာၻကသိမလာခင္ ဘယ္လိုအေျခအေနေတြကို ျဖတ္သန္းခဲ့ၿပီး ဒီလိုတစ္ေနရာေရာက္ေအာင္ ယူခဲ့တာလဲ? AiD ရႈိးပြဲမွာ ဘာေၾကာင့္ေအာင္ျမင္သြားတာလဲ စတဲ့ Queen အဖြဲ႔ရဲ႕ေအာင္ျမင္မႈ မွတ္တိုင္၊ အတက္အက်အားလံုးကို ရုပ္ရွင္ကားအေနနဲ႔ ပံုေဖာ္ထားတာပါ။ ရုပ္ရွင္ၾကာခ်ိန္ကေတာ့ ၂ နာရီ ၁၄ မိနစ္ပါ။ IMDb rating 8 အထိရရွိထားပါတယ္။

Related Article >>> လက္ေတြ႕ဆန္လြန္းတဲ့ ရိုမန္႔စ္ ရုပ္ရွင္ကား (၃)ကား

(၃) A star is born

ဘဝမွာ ပိုက္ဆံနဲ႔ ေအာင္ျမင္မႈေတြ ဘယ္ေလာက္ရွိရွိ ခ်စ္ျခင္းေမတၱာဆိုတာ မရွိရင္ဘဝက လစ္လပ္ေနတတ္တယ္ဆိုတာ Jack ကသက္ေသပါပဲ။ စြဲလမ္းမက္ေမာစရာဆိုလုိ႔ သူတီးလိုက္တိုင္း သံစဥ္ေတြထြက္လာတဲ့ ဂီတာတစ္လက္ကလြဲၿပီး မရွိခဲ့တဲ့ဘဝကို Ally ဆိုတဲ့ ဘားမွာသီခ်င္းဆိုတဲ့ မိန္းကေလးက ဝင္လာပါတယ္။ အရည္အခ်င္းရွိေပမဲ့ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈမရွိလို႔ ပြဲမထြက္ရဲတဲ့ ဒီေကာင္မေလးကို စြဲစြဲလမ္းလမ္းခ်စ္မိသြားၿပီး ပြဲထုတ္လိုက္တဲ့အခါမွာ သူ(မ)ရဲ႕ ေအာင္ျမင္မႈကလည္း အတိုင္းမသိျဖစ္သြားခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ခရီးလမ္းက ဘယ္လိုေတြဆက္ျဖစ္မွာလဲ? ဒီဇာတ္ကားထဲမွာ အဓိကသရုပ္ေဆာင္ေတြျဖစ္တဲ့ Bradley Cooper နဲ႔ Lady Gaga တို႔ကလည္း အတြဲညီညီ သရုပ္ေဆာင္ထားၿပီး ဇာတ္ဝင္သီခ်င္းေတြကလည္း အရမ္းဆြဲေဆာင္မႈရွိတာမို႔ အခ်စ္ဒရမ္မာကား ေကာင္းေကာင္းေလးေတြ ႀကိဳက္ႏွစ္သက္ၾကတဲ့ ေယာင္းေယာင္းေတြ အထူးႏွစ္ၿခိဳက္ၾကမွာပါ။ IMDb rating 8.2 ရရွိထားၿပီး ၂ နာရီနဲ႔ ၁၆ မိနစ္ ၾကာျမင့္ပါတယ္။

(၄) Creed 2

ကမာၻေက်ာ္ လက္ေဝွ႕သမားျဖစ္လာတဲ့ Adonis Johnson က သူ႔ရဲ႕ခ်စ္သူကို လက္ထပ္ခြင့္ေတာင္းၿပီး ဘဝအသစ္တစ္ခုကိုပဲ တည္ေထာင္ရင္း Los Angeles မွာပဲ ေအးေအးေဆးေဆးေနေတာ့မယ္လို႔ စိတ္ကူးေပမဲ့ ရွင္းစရာ ရန္ေႂကြးက ေပၚလာတဲ့အခါမွာ သူမဝင္ခ်င္တဲ့ ႀကိဳးဝိုင္းထဲကို သူကိုယ္တိုင္ျပန္ဝင္ဖို႔ ေရြးခ်ယ္ခဲ့ရပါတယ္။ လက္ေဝွ႔ထိုးတာကို ခြင့္မျပဳခ်င္ေတာ့တဲ့ သူ႔လက္တြဲေဖာ္ကေရာ သူ႔အနား ဆက္ရွိေနဦးမွာလား? ဒီေသြးေႂကြးဆပ္တဲ့ အခ်ိန္မွာေရာ အႏိုင္နဲ႔ ပိုင္းႏိုင္ဦးမွာလား ဆိုတာကိုေတာ့ ပိတ္ကားေပၚ ဆက္ရႈေပါ့… ရုပ္ရွင္ၾကာျမင့္ခ်ိန္က ၂ နာရီ ၁၀ မိနစ္ျဖစ္ၿပီး IMDb rating 8 ရရွိထားပါတယ္။

Related Article >>> အစားတစ္လိုင္း ေယာင္းတို႔အတြက္ သြားရည္က်စရာ ရုပ္ရွင္ကားေကာင္း (၂)ကား

(၅) Incredibles 2

၁၄ ႏွစ္ၾကာ ပရိသတ္နဲ႔ ကင္းကြာေနခဲ့တဲ့ Mr.Incredible တို႔ေတြ ၂၀၁၈ မွာေတာ့ ျပန္လာခဲ့ပါၿပီ။ ဘဏ္ေဖာက္ထြင္းမႈကို မကာကြယ္ေပးႏိုင္ခဲ့တဲ့ေနာက္ စူပါဟီးရိုးေတြအေပၚ ျပည္သူေတြရဲ႕ ယံုၾကည္မႈက နည္းပါးလာၿပီးတဲ့ေနာက္ စူပါဟီးရိုးေတြက သူတို႔ရဲ႕ ပံုစံအမွန္ကိုေဖ်ာက္ၿပီး တိတ္တဆိတ္ပဲ ေနခဲ့ရပါတယ္။ ဒီအခ်ိန္မွာ စူပါဟီးရိုးေတြကို ေထာက္ပံ့ေပးၿပီး ျပည္သူေရွ႕ကို ျပန္ေရာက္ႏိုင္ေအာင္ ထုတ္ေပးမယ့္ အဖြဲ႔အစည္းတစ္ခုေၾကာင့္ ဟယ္လန္က သူ(မ)ရဲ႕ အမည္အရင္း Elestic Girl နဲ႔ပဲ စူပါစတန္႔အစီအစဥ္မွာပါဝင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း မသကၤာစရာ အျဖစ္အပ်က္ေတြက ဆက္တိုက္ျဖစ္လာတဲ့အခါမွာေတာ့…

စူပါဟီးရိုးအဖြဲ႔အစည္းႀကီးက ဘယ္လိုေတြဆက္ျဖစ္သြားမွာလဲ??? ၿပီးေတာ့ အငယ္ဆံုးကေလးေလး ဂ်က္ဂ်က္မွာလည္း ပါဝါေပါင္းစံုရွိေနရွိေနတာမို႔ သူကေရာ မစ္ရွင္ေတြမွာ ပါဝင္လာတဲ့ စူပါဟီးရိုးေလး ျဖစ္လာမွာလား… ရုပ္ရွင္ရဲ႕ၾကာခ်ိန္ကေတာ့ ၂ နာရီပါ။ IMDb rating ကေတာ့ 7.9 ရရွိထားပါတယ္။

ေယာင္းတို႔ေရာ… အားလံုးထဲမွာ ဘယ္ရုပ္ရွင္ကားကို အႀကိဳက္ဆံုးလဲဆိုတာ ေျပာသြားေပးခဲ့ဦးေနာ္

Hnin Ei Oo (For Her Myanmar)

References : imdbesquire

<<< Unicode >>>

နိုဝင်ဘာလအထိ သုံးသပ်ချက်အရတော့ ဒီရုပ်ရှင်တွေက IMDb rating အများဆုံးပါပဲ။

ဟိဟိ။ ဒီဇင်ဘာရောက်ပြီနော့်… ဒီလရောက်ရင် လူက ဘာလို့လဲမသိ အလိုလိုနေရင်းကို ပျော်နေတာ။  ပိတ်ရက်တွေလည်းများတယ်ဆိုတော့ ရုပ်ရှင်ကြည့်ချိန်တွေလည်း ရှိမှာပဲလေ။ အာ့နဲ့ အက်မင်နှင်းနှင်းတစ်ယောက် ယောင်းတို့ ရုပ်ရှင်ကောင်းကောင်းလေးတွေ ကြည့်လို့ရအောင် ရှာဖွေပြီး တင်ဆက်ပေးလိုက်ပါတယ်…

(၁) Avengers : Infinity War

ဒီဇာတ်ကားကို ညွှန်းပေးတယ်ဆိုတာ အကြံနဲ့ပါနော်။ ဒီဟာကိုနားလည်ဖို့အတွက်ဆိုရင် တောက်လျှောက်လွန်လေခဲ့ပြီးသော Avengers ရုပ်ရှင်တွေပြန်ကြည့်ရပါမယ်။ (အယ်လဲ့ အကြံသိပ်ကြီးသွားလားယောင်းတို့ :P) အလကားစတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ယောင်းတို့ရယ်..ဂြိုဟ်တစ်ဂြိုဟ်မှာ လူဦးရေ အရမ်းများလာရင် အဲဒီဂြိုဟ်မှာရှိတဲ့ သယံဇာတတွေနဲ့ မလုံလောက်တော့ဘဲ ကပ်ဆိုးတွေ ကြုံရတတ်ပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ဂြိုဟ်တိုင်း ဂြိုဟ်တိုင်းရဲ့ လူဦးရေကို တစ်ဝက်စီလျှော့ချတာပဲလို့ Mad Titan (Thanos) က ယုံကြည်ပါတယ်။ တစ်ဂြိုဟ်ချင်းစီကို သိမ်း၊ လူဦးရေ တစ်ဝက်လျှော့ ဆိုတာထက် စကြဝဠာကြီးတစ်ခုလုံးရဲ့ လူဦးရေ တစ်ဝက်လျှော့လိုက်တာက ပိုအဆင်ပြေတယ်မဟုတ်လား.. ဒီတော့ ဒီပလန်အတိုင်းဖြစ်လာဖို့ infinity gems လို့ခေါ်တဲ့ အနန္တကျောက်တုံးတွေကို Thanos က လိုက်ရှာရာက စစ်ပွဲကြီး စတင်ပါတော့တယ်။ ဒီစစ်ပွဲထဲမှာ ဘယ်သူတွေကိုဆုံးရှုံးရမှာလဲ? စကြဝဠာကြီးကိုရော ကာကွယ်နိုင်ကြပါ့မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ကြာချိန်ကတော့ ၂ :၄၉ မိနစ် ကြာမြင့်ပါတယ်။ ဒီဇာတ်ကားလေးကတော့ IMDb rating 8.5 ရထားပြီး အားလုံးထဲမှာ အမြင့်ဆုံးပါပဲ။

(၂) Bohemian Rhapsody

Queen အဖွဲ့ကို ချစ်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ခုပါပဲ။ Queen ဆိုပြီး ကမ္ဘာကသိမလာခင် ဘယ်လိုအခြေအနေတွေကို ဖြတ်သန်းခဲ့ပြီး ဒီလိုတစ်နေရာရောက်အောင် ယူခဲ့တာလဲ? AiD ရှိုးပွဲမှာ ဘာကြောင့်အောင်မြင်သွားတာလဲ စတဲ့ Queen အဖွဲ့ရဲ့အောင်မြင်မှု မှတ်တိုင်၊ အတက်အကျအားလုံးကို ရုပ်ရှင်ကားအနေနဲ့ ပုံဖော်ထားတာပါ။ ရုပ်ရှင်ကြာချိန်ကတော့ ၂ နာရီ ၁၄ မိနစ်ပါ။ IMDb rating 8 အထိရရှိထားပါတယ်။

Related Article >>> လက်တွေ့ဆန်လွန်းတဲ့ ရိုမန့်စ် ရုပ်ရှင်ကား (၃)ကား

(၃) A star is born

ဘဝမှာ ပိုက်ဆံနဲ့ အောင်မြင်မှုတွေ ဘယ်လောက်ရှိရှိ ချစ်ခြင်းမေတ္တာဆိုတာ မရှိရင်ဘဝက လစ်လပ်နေတတ်တယ်ဆိုတာ Jack ကသက်သေပါပဲ။ စွဲလမ်းမက်မောစရာဆိုလို့ သူတီးလိုက်တိုင်း သံစဉ်တွေထွက်လာတဲ့ ဂီတာတစ်လက်ကလွဲပြီး မရှိခဲ့တဲ့ဘဝကို Ally ဆိုတဲ့ ဘားမှာသီချင်းဆိုတဲ့ မိန်းကလေးက ဝင်လာပါတယ်။ အရည်အချင်းရှိပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလို့ ပွဲမထွက်ရဲတဲ့ ဒီကောင်မလေးကို စွဲစွဲလမ်းလမ်းချစ်မိသွားပြီး ပွဲထုတ်လိုက်တဲ့အခါမှာ သူ(မ)ရဲ့ အောင်မြင်မှုကလည်း အတိုင်းမသိဖြစ်သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းက ဘယ်လိုတွေဆက်ဖြစ်မှာလဲ? ဒီဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Bradley Cooper နဲ့ Lady Gaga တို့ကလည်း အတွဲညီညီ သရုပ်ဆောင်ထားပြီး ဇာတ်ဝင်သီချင်းတွေကလည်း အရမ်းဆွဲဆောင်မှုရှိတာမို့ အချစ်ဒရမ်မာကား ကောင်းကောင်းလေးတွေ ကြိုက်နှစ်သက်ကြတဲ့ ယောင်းယောင်းတွေ အထူးနှစ်ခြိုက်ကြမှာပါ။ IMDb rating 8.2 ရရှိထားပြီး ၂ နာရီနဲ့ ၁၆ မိနစ် ကြာမြင့်ပါတယ်။

(၄) Creed 2

ကမ္ဘာကျော် လက်ဝှေ့သမားဖြစ်လာတဲ့ Adonis Johnson က သူ့ရဲ့ချစ်သူကို လက်ထပ်ခွင့်တောင်းပြီး ဘဝအသစ်တစ်ခုကိုပဲ တည်ထောင်ရင်း Los Angeles မှာပဲ အေးအေးဆေးဆေးနေတော့မယ်လို့ စိတ်ကူးပေမဲ့ ရှင်းစရာ ရန်ကြွေးက ပေါ်လာတဲ့အခါမှာ သူမဝင်ချင်တဲ့ ကြိုးဝိုင်းထဲကို သူကိုယ်တိုင်ပြန်ဝင်ဖို့ ရွေးချယ်ခဲ့ရပါတယ်။ လက်ဝှေ့ထိုးတာကို ခွင့်မပြုချင်တော့တဲ့ သူ့လက်တွဲဖော်ကရော သူ့အနား ဆက်ရှိနေဦးမှာလား? ဒီသွေးကြွေးဆပ်တဲ့ အချိန်မှာရော အနိုင်နဲ့ ပိုင်းနိုင်ဦးမှာလား ဆိုတာကိုတော့ ပိတ်ကားပေါ် ဆက်ရှုပေါ့… ရုပ်ရှင်ကြာမြင့်ချိန်က ၂ နာရီ ၁၀ မိနစ်ဖြစ်ပြီး IMDb rating 8 ရရှိထားပါတယ်။

Related Article >>> အစားတစ်လိုင်း ယောင်းတို့အတွက် သွားရည်ကျစရာ ရုပ်ရှင်ကားကောင်း (၂)ကား

(၅) Incredibles 2

၁၄ နှစ်ကြာ ပရိသတ်နဲ့ ကင်းကွာနေခဲ့တဲ့ Mr.Incredible တို့တွေ ၂၀၁၈ မှာတော့ ပြန်လာခဲ့ပါပြီ။ ဘဏ်ဖောက်ထွင်းမှုကို မကာကွယ်ပေးနိုင်ခဲ့တဲ့နောက် စူပါဟီးရိုးတွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုက နည်းပါးလာပြီးတဲ့နောက် စူပါဟီးရိုးတွေက သူတို့ရဲ့ ပုံစံအမှန်ကိုဖျောက်ပြီး တိတ်တဆိတ်ပဲ နေခဲ့ရပါတယ်။ ဒီအချိန်မှာ စူပါဟီးရိုးတွေကို ထောက်ပံ့ပေးပြီး ပြည်သူရှေ့ကို ပြန်ရောက်နိုင်အောင် ထုတ်ပေးမယ့် အဖွဲ့အစည်းတစ်ခုကြောင့် ဟယ်လန်က သူ(မ)ရဲ့ အမည်အရင်း Elestic Girl နဲ့ပဲ စူပါစတန့်အစီအစဉ်မှာပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မသင်္ကာစရာ အဖြစ်အပျက်တွေက ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့…

စူပါဟီးရိုးအဖွဲ့အစည်းကြီးက ဘယ်လိုတွေဆက်ဖြစ်သွားမှာလဲ??? ပြီးတော့ အငယ်ဆုံးကလေးလေး ဂျက်ဂျက်မှာလည်း ပါဝါပေါင်းစုံရှိနေရှိနေတာမို့ သူကရော မစ်ရှင်တွေမှာ ပါဝင်လာတဲ့ စူပါဟီးရိုးလေး ဖြစ်လာမှာလား… ရုပ်ရှင်ရဲ့ကြာချိန်ကတော့ ၂ နာရီပါ။ IMDb rating ကတော့ 7.9 ရရှိထားပါတယ်။

ယောင်းတို့ရော… အားလုံးထဲမှာ ဘယ်ရုပ်ရှင်ကားကို အကြိုက်ဆုံးလဲဆိုတာ ပြောသွားပေးခဲ့ဦးနော်

Hnin Ei Oo (For Her Myanmar)

References : imdb, esquire

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *