၂၀၁၈ ရဲ ႔ ေၾကာက္စရာ အေကာင္းဆံုး ရုပ္ရွင္ကား (၆) ကား

Horror ရုပ္ရွင္ေတြ၊ Thriller ကားေတြမွ ႀကိဳက္ပါတယ္ဆိုတဲ့ ေယာင္းတို႔အတြက္ …

ရုပ္ရွင္ေတြ ၾကည့္ၿပီဆို သရဲကားမွ၊ လူသတ္ကားမွ၊ Demon ေတြ၊ Devil ေတြ၊ Creature ေတြ၊မေကာင္းဆိုးဝါးေတြ၊ ဆုိက္ကို ကားေတြမွ ၾကည့္တတ္တဲ့ Megan နဲ႔ အက်င့္တူတ့ဲ ေယာင္းတို႔မ်ား ရွိၾကလားဟင္။ အခု ၂၀၁၈ ကုန္ဖို႔ ဘယ္ေလာက္မွ မလိုေတာ့ဘူးဆုိေတာ့ တစ္ႏွစ္လံုး ထြက္ခဲ့သမ်ွ ေၾကာက္စရာ horror movie ကားေတြထဲက Megan ၾကည့္ဖူးၿပီး ၾကည့္လို႔ေကာင္းတဲ့ တကယ္စိတ္ဝင္စားဖို႕ ေကာင္းတဲ့ ကားေလးေတြကို ေယာင္းတို႔ကို ျပန္လည္ ေဝမွ်ေပးခ်င္ပါတယ္။

တခ်ိဳ႕လည္း ၾကည့္ၿပီးသား ျဖစ္ေနမယ္ထင္ပါတယ္။ ဒါေပမဲ့ မၾကည့္ရေသးတဲ့ ေယာင္းတို႔အတြက္ Horror Movie ၾကည့္ခ်င္ေနၿပီး ဘာကစၾကည့္ရမွန္းမသိျဖစ္ေနရင္ေတာ့ ဒီ ေဆာင္းပါးေလးက အသံုးဝင္မွာပါလို႔…

၁။ Insidious: The Last Key

ဒီ ကားေလးကေတာ့ ၂၀၁၈ ရဲ ႔ ဇန္နဝါရီလမွာ စထြက္တဲ့ Supernatural (သဘာဝလြန္) ကား မ်ိဳး ျဖစ္ပါတယ္။ ေရွ႕မွာ ထြက္ခဲ့တဲ့ Insidious Series ကို မလြတ္တမ္း ၾကည့္ခဲ့တဲ့သူေတြ ၾကည့္သင့္တဲ့ Insidious ရဲ႕ စတုတၳေျမာက္ကားပဲ ျဖစ္ပါတယ္။ ပထမဆံုး Insidious ကိုေတာ့ ေခ်ာက္ခ်ားစရာ ရုပ္ရွင္ေတြရဲ ႔ ဆရာတစ္ဆူလုိ႔ တင္စားၾကတဲ့ James Wan ရိုက္ခဲ့တာျဖစ္ၿပီး အခု ဒီေနာက္ဆံုးကားကိုေတာ့ ဒါရိုက္တာ Adam Robitel က ရိုက္ထားပါတယ္။

၂။ Winchester

ဒုတိယေျမာက္ကား ကေတာ့ ေဖေဖာ္ဝါရီ မွာ ထြက္ခဲ့တဲ့ Winchester ပါ။ Winchester Arms Company ဆိုတဲ့ ကမာၻ႔ထိပ္တန္း ေသနတ္ကုမၸဏီႀကီးရဲ႕တည္ေထာင္သူ William Wirt Winchester တို႔ရဲ႕မိသားစုပိုင္ Winchester အိမ္ႀကီးရဲ႕ ထူးျခားလွတဲ့ ျဖစ္ရပ္မွန္သမိုင္းေၾကာင္းေတြနဲ႔ အတူ ေခ်ာက္ခ်ားစရာ ျဖစ္ရပ္ေတြနဲ႔ ရိုက္ျပထားတာကို ေတြ႔ရမွာ ျဖစ္လို႔ ၾကည့္ရမယ့္ စာရင္းထဲ ထည့္ထားလုိက္ေတာ့ေနာ္။

Related Article >>> ေခ်ာက္ခ်ားစရာ အေကာင္းဆံုးလို႔ သတ္မွတ္ခံထားရတဲ့ ကိုရီးယားသရဲကား (၃)ကား

၃။  Downrange

April လမွာ ထြက္ရွိခဲ့တဲ့ Down range ဆုိတဲ့ ကားကေတာ့ သရဲ ကား မဟုတ္ေပမဲ့ သရဲကားထက္ ေတာင္ ရင္တုန္ရတဲ့ Thriller ကားမ်ိဳးပဲ ျဖစ္ပါတယ္။ လူငယ္ အုပ္စုတစ္စု က Road Trip ထြက္လာၾကရင္း လမ္းခရီးမွာ ထင္မွတ္မထားတဲ့ ေသြးလန္႕ေၾကာက္ရြံ႕ဖြယ္ရာေတြနဲ႔ ၾကံဳလာရတဲ့အခါ…။  တစ္ကားလံုး ေသြးသံတရဲရဲဲ နဲ႔ မို႔ ဒီကားကို ၾကည့္မယ္ဆုိရင္ေတာ့ ႏွလံုးေရာဂါ အခံရွိတဲ့သူေတြ၊ လန္႔တတ္တဲ့သူေတြ၊ အသက္ငယ္တဲ့ ေမာင္ေလး ညီမေလးေတြနဲ႔ မၾကည့္ဖို႔ တားပါရေစ ေယာင္းတုိ႔ေရ။

၄။ Veronica

ဒီကားကလည္း Netflix က ေန ေဖေဖာ္ဝါရီမွာ ထြက္ခဲ့ၿပီး Paco Plaza ဆိုတဲ့ ဒါရိုက္တာ ရိုက္ထားတဲ့ စပိန္ကားပဲ ျဖစ္ပါတယ္။ ျဖစ္ရပ္မွန္ ဇာတ္လမ္းကို အေျခခံရိုက္ထားတာျဖစ္ၿပီး ထြက္ရွိခဲ့တာ ေဖေဖာ္ဝါရီတည္းကပါ။ ဒါေပမဲ့  မၾကာေသးခင္ကပဲ တစ္ခါ ျပန္ၿပီးနာမည္ႀကီးလိုက္ပါေသးတယ္။ ဒီကားကိုေတာ့ Megan လည္း မၾကည့္ရေသးေပမဲ့ Trailer ၾကည့္ရံုနဲ႔တင္ စိတ္ဝင္စားဖို႔ ေကာင္းေနတာမို႔ ဒီ List ထဲ ထည့္ေပးလုိက္ပါတယ္ေနာ္။

Related Article >>> မႈခင္းေတြကို အေျခခံထားတဲ့ ထိုင္းသရဲကား (၂)ကား

၅။ The Nun

စက္တင္ဘာလမွာ အုတ္ေအာ္ေသာင္းနင္းျဖစ္ခဲ့တဲ့ The Nun ကိုေတာ့ မၾကည့္ရေသးတဲ့သူ မရွိသေလာက္ ရွားမယ္ထင္တယ္ေနာ္။ ဒီ ဇာတ္ကားရဲ ႔ပိုစတာမွာ ဒါရိုက္တာ James Wan နာမည္ပါေပမဲ့ တကယ္တမ္း ရိုက္ခဲ့တာကေတာ့ Corin Hardy ဆုိတဲ့ အဂၤလိပ္လူမ်ိဳး ဒါရိုက္တာ တစ္ေယာက္ ျဖစ္ပါတယ္။ Megan က Horror Movie (ေခ်ာက္ခ်ားဖြယ္ရာ သရဲကား)ေတြကို အေကာင္းဆံုး အသက္သြင္းေပးႏိုင္သူ ဒါရိုက္တာႀကီး James Wan ရဲ ႔ အမာခံပရိသတ္တဦး ျဖစ္တဲ့အျပင္ Conjuring တုိ႔ Annabelle တုိ႔ကို မလြတ္တမ္းၾကည့္ထားတာမို႔ ဒီကားကို ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ သြားၾကည့္ခဲ့တယ္ေပါ႔ေနာ္။ အရင္ Conjuring ေတြ Annabelle ေတြေလာက္ေတာ့ ေက်နပ္မႈ မရွိေပမဲ့လို႔ သူ႔ဟာနဲ႔သူေတာ့ အေတာ္အတန္ ၾကည့္လို႔ မဆိုးပါဘူးလို႔ ဆိုရမွာပါ။ အနည္းဆံုးေတာ့ Conjuring Universe ကို သေဘာက်တဲ့သူေတြဆို ၾကည့္ထားသင့္တဲ့ ဇာတ္ကားတစ္ကားလို႔ ေျပာခ်င္ပါတယ္ေနာ္…

၆။ Halloween

ၿပီးခဲ့တဲ့ ေအာက္တုိဘာလက ေဟာလုိးဝင္းပြဲေတာ္ႀကီး မတုိင္ခင္ ထြက္ခဲ့တဲ့ Serial Killer (ကြင္းဆက္လူသတ္သမား) ကားပါ။

၁၉၇၈ ခုႏွစ္က ထြက္ခဲ့တဲ့ ဒါရိုက္တာ John Carpenter ရဲ ႔Halloween မွာကတည္းက Michael Myers ဆိုတဲ့ လူငယ္ဟာ သူ႔ရဲ ႔ညီမျဖစ္တဲ့ Judith Myers ကို သတ္ခဲ့ပါတယ္။ ၿပီးေတာ့ ၁၅ နွစ္အၾကာမွာ ျပန္ေပၚလာၿပီး ဆယ္ေက်ာ္သက္လူငယ္ေတြကို ဆက္တုိက္ဆိုသလို သတ္ခဲ့ပါတယ္။ Halloween ကားေတြတိုင္းမွာ ပါဝင္တဲ့ အဓိက ဇာတ္ေကာင္ျဖစ္တဲ့ Michael Myers က အခု ဒီ ၂၀၁၈ မွာေကာ ဘယ္လို ျပန္ေပၚလာၿပီး ဘယ္သူေတြကို ထပ္သတ္မလဲ။ သူ႔ကို ဖမ္းမိသြားလား မမိသြားဘူးလား ခါတိုင္းလိုပဲ ထပ္ၿပီး လြတ္ေျမာက္ႏိုင္ဦးမွာလား ဆုိတာေတာ့…။

ဒါဆိုရင္ေတာ့ … ခရစၥမတ္စ္ ပိတ္ရက္ နဲ႔  New Year ပိတ္ရက္ေတြမွာ အျပင္မသြားခ်င္ဘဲ အိမ္ထဲမွာပဲ ရုပ္ရွင္ေလးၾကည့္လိုက္ စားလိုက္ေသာက္လုိက္ နဲ႔ ႏွပ္ေနခ်င္တဲ့ ေယာင္းတို႔အတြက္ ဒီ ရုပ္ရွင္ေလးေတြက အေဖာ္ျပဳေပးႏိုင္မွာပါ။

တစ္ေယာက္တည္း မၾကည့္ရဲရင္ေတာ့ သူငယ္ခ်င္း ဒါမွမဟုတ္ ကိုယ့္ ေမာင္ေလးေတြ ညီမေလးေတြ နဲ႔ ၾကည့္ေပါ႔ေနာ္။

အားလံုးပဲ ေပ်ာ္စရာ ခရစၥမတ္စ္နဲ႔ အတူ ႏွစ္သစ္ကုိ ပိုင္ဆုိင္ႏုိင္ၾကပါေစ…

With Love,

Megan (For Her Myanmar)

<<< Unicode >>>

Horror ရုပ်ရှင်တွေ၊ Thriller ကားတွေမှ ကြိုက်ပါတယ်ဆိုတဲ့ ယောင်းတို့အတွက် …

ရုပ်ရှင်တွေ ကြည့်ပြီဆို သရဲကားမှ၊ လူသတ်ကားမှ၊ Demon တွေ၊ Devil တွေ၊ Creature တွေ၊မကောင်းဆိုးဝါးတွေ၊ ဆိုက်ကို ကားတွေမှ ကြည့်တတ်တဲ့ Megan နဲ့ အကျင့်တူတဲ့ ယောင်းတို့များ ရှိကြလားဟင်။ အခု ၂၀၁၈ ကုန်ဖို့ ဘယ်လောက်မှ မလိုတော့ဘူးဆိုတော့ တစ်နှစ်လုံး ထွက်ခဲ့သမျှ ကြောက်စရာ horror movie ကားတွေထဲက Megan ကြည့်ဖူးပြီး ကြည့်လို့ကောင်းတဲ့ တကယ်စိတ်ဝင်စားဖို့ ကောင်းတဲ့ ကားလေးတွေကို ယောင်းတို့ကို ပြန်လည် ဝေမျှပေးချင်ပါတယ်။

တချို့လည်း ကြည့်ပြီးသား ဖြစ်နေမယ်ထင်ပါတယ်။ ဒါပေမဲ့ မကြည့်ရသေးတဲ့ ယောင်းတို့အတွက် Horror Movie ကြည့်ချင်နေပြီး ဘာကစကြည့်ရမှန်းမသိဖြစ်နေရင်တော့ ဒီ ဆောင်းပါးလေးက အသုံးဝင်မှာပါလို့…

၁။ Insidious: The Last Key

ဒီ ကားလေးကတော့ ၂၀၁၈ ရဲ့ ဇန်နဝါရီလမှာ စထွက်တဲ့ Supernatural (သဘာဝလွန်) ကား မျိုး ဖြစ်ပါတယ်။ ရှေ့မှာ ထွက်ခဲ့တဲ့ Insidious Series ကို မလွတ်တမ်း ကြည့်ခဲ့တဲ့သူတွေ ကြည့်သင့်တဲ့ Insidious ရဲ့ စတုတ္ထမြောက်ကားပဲ ဖြစ်ပါတယ်။ ပထမဆုံး Insidious ကိုတော့ ချောက်ချားစရာ ရုပ်ရှင်တွေရဲ့ ဆရာတစ်ဆူလို့ တင်စားကြတဲ့ James Wan ရိုက်ခဲ့တာဖြစ်ပြီး အခု ဒီနောက်ဆုံးကားကိုတော့ ဒါရိုက်တာ Adam Robitel က ရိုက်ထားပါတယ်။

၂။ Winchester

ဒုတိယမြောက်ကား ကတော့ ဖေဖော်ဝါရီ မှာ ထွက်ခဲ့တဲ့ Winchester ပါ။ Winchester Arms Company ဆိုတဲ့ ကမ္ဘာ့ထိပ်တန်း သေနတ်ကုမ္ပဏီကြီးရဲ့တည်ထောင်သူ William Wirt Winchester တို့ရဲ့မိသားစုပိုင် Winchester အိမ်ကြီးရဲ့ ထူးခြားလှတဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေနဲ့ အတူ ချောက်ချားစရာ ဖြစ်ရပ်တွေနဲ့ ရိုက်ပြထားတာကို တွေ့ရမှာ ဖြစ်လို့ ကြည့်ရမယ့် စာရင်းထဲ ထည့်ထားလိုက်တော့နော်။

၃။  Downrange

April လမှာ ထွက်ရှိခဲ့တဲ့ Down range ဆိုတဲ့ ကားကတော့ သရဲ ကား မဟုတ်ပေမဲ့ သရဲကားထက် တောင် ရင်တုန်ရတဲ့ Thriller ကားမျိုးပဲ ဖြစ်ပါတယ်။ လူငယ် အုပ်စုတစ်စု က Road Trip ထွက်လာကြရင်း လမ်းခရီးမှာ ထင်မှတ်မထားတဲ့ သွေးလန့်ကြောက်ရွံ့ဖွယ်ရာတွေနဲ့ ကြုံလာရတဲ့အခါ…။  တစ်ကားလုံး သွေးသံတရဲရဲ နဲ့ မို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ နှလုံးရောဂါ အခံရှိတဲ့သူတွေ၊ လန့်တတ်တဲ့သူတွေ၊ အသက်ငယ်တဲ့ မောင်လေး ညီမလေးတွေနဲ့ မကြည့်ဖို့ တားပါရစေ ယောင်းတို့ရေ။

Related Article >>> မှုခင်းတွေကို အခြေခံထားတဲ့ ထိုင်းသရဲကား (၂)ကား

၄။ Veronica

ဒီကားကလည်း Netflix က နေ ဖေဖော်ဝါရီမှာ ထွက်ခဲ့ပြီး Paco Plaza ဆိုတဲ့ Director ရိုက်ထားတဲ့ စပိန်ကားပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံရိုက်ထားတာဖြစ်ပြီး ထွက်ရှိခဲ့တာ ဖေဖော်ဝါရီတည်းကပါ။ ဒါပေမဲ့  မကြာသေးခင်ကပဲ တစ်ခါ ပြန်ပြီးနာမည်ကြီးလိုက်ပါသေးတယ်။ ဒီကားကိုတော့ Megan လည်း မကြည့်ရသေးပေမဲ့ Trailer ကြည့်ရုံနဲ့တင် စိတ်ဝင်စားဖို့ ကောင်းနေတာမို့ ဒီ List ထဲ ထည့်ပေးလိုက်ပါတယ်နော်။

၅။ The Nun

စက်တင်ဘာလမှာ အုတ်အော်သောင်းနင်းဖြစ်ခဲ့တဲ့ The Nun ကိုတော့ မကြည့်ရသေးတဲ့သူ မရှိသလောက် ရှားမယ်ထင်တယ်နော်။ ဒီ ဇာတ်ကားရဲ့ပိုစတာမှာ ဒါရိုက်တာ James Wan နာမည်ပါပေမဲ့ တကယ်တမ်း ရိုက်ခဲ့တာကတော့ Corin Hardy ဆိုတဲ့ အင်္ဂလိပ်လူမျိုး ဒါရိုက်တာ တစ်ယောက် ဖြစ်ပါတယ်။ Megan က Horror Movie (ချောက်ချားဖွယ်ရာ သရဲကား)တွေကို အကောင်းဆုံး အသက်သွင်းပေးနိုင်သူ ဒါရိုက်တာကြီး James Wan ရဲ့ အမာခံပရိသတ်တဦး ဖြစ်တဲ့အပြင် Conjuring တို့ Annabelle တို့ကို မလွတ်တမ်းကြည့်ထားတာမို့ ဒီကားကို မျှော်လင့်ချက်အပြည့်နဲ့ သွားကြည့်ခဲ့တယ်ပေါ့နော်။ အရင် Conjuring တွေ Annabelle တွေလောက်တော့ ကျေနပ်မှု မရှိပေမဲ့လို့ သူ့ဟာနဲ့သူတော့ အတော်အတန် ကြည့်လို့ မဆိုးပါဘူးပေါ့နော်။ အနည်းဆုံးတော့ Conjuring Universe ကို သဘောကျတဲ့သူတွေဆို ကြည့်ထားသင့်တဲ့ ဇာတ်ကားတစ်ကားလို့ ပြောချင်ပါတယ်နော်…

Related Article >>> ချောက်ချားစရာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကိုရီးယားသရဲကား (၃)ကား

၆။ Halloween

ပြီးခဲ့တဲ့ အောက်တိုဘာလက ဟောလိုးဝင်းပွဲတော်ကြီး မတိုင်ခင် ထွက်ခဲ့တဲ့ Serial Killer (ကွင်းဆက်လူသတ်သမား) ကားပါ။

၁၉၇၈ ခုနှစ်က ထွက်ခဲ့တဲ့ ဒါရိုက်တာ John Carpenter ရဲ့Halloween မှာကတည်းက Michael Myers ဆိုတဲ့ လူငယ်ဟာ သူ့ရဲ့ညီမဖြစ်တဲ့ Judith Myers ကို သတ်ခဲ့ပါတယ်။ ပြီးတော့ ၁၅ နှစ်အကြာမှာ ပြန်ပေါ်လာပြီး ဆယ်ကျော်သက်လူငယ်တွေကို ဆက်တိုက်ဆိုသလို သတ်ခဲ့ပါတယ်။ Halloween ကားတွေတိုင်းမှာ ပါဝင်တဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Michael Myers က အခု ဒီ ၂၀၁၈ မှာကော ဘယ်လို ပြန်ပေါ်လာပြီး ဘယ်သူတွေကို ထပ်သတ်မလဲ။ သူ့ကို ဖမ်းမိသွားလား မမိသွားဘူးလား ခါတိုင်းလိုပဲ ထပ်ပြီး လွတ်မြောက်နိုင်ဦးမှာလား ဆိုတာတော့…။

ဒါဆိုရင်တော့ … ခရစ္စမတ်စ် ပိတ်ရက် နဲ့  New Year ပိတ်ရက်တွေမှာ အပြင်မသွားချင်ဘဲ အိမ်ထဲမှာပဲ ရုပ်ရှင်လေးကြည့်လိုက် စားလိုက်သောက်လိုက် နဲ့ နှပ်နေချင်တဲ့ ယောင်းတို့အတွက် ဒီ ရုပ်ရှင်လေးတွေက အဖော်ပြုပေးနိုင်မှာပါ။

တစ်ယောက်တည်း မကြည့်ရဲရင်တော့ သူငယ်ချင်း ဒါမှမဟုတ် ကိုယ့် မောင်လေးတွေ ညီမလေးတွေ နဲ့ ကြည့်ပေါ့နော်။

အားလုံးပဲ ပျော်စရာ ခရစ္စမတ်စ်နဲ့ အတူ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ…

With Love,

Megan (For Her Myanmar)

No Comments Yet

Comments are closed