Netflix ကေန ထုတ္လႊင့္ျပသေနတဲ့ အေကာင္းဆံုးရုပ္သံဇာတ္လမ္းတြဲ (၄) ကား

အခန္းဆက္ေတြကို ေစာင့္ေမွ်ာ္ရေလ ပိုရင္ခုန္ဖို႔ေကာင္းေလ

ရုပ္ရွင္ခ်စ္ပရိသတ္ေယာင္းေယာင္းတို႔ေရ … ရုပ္ရွင္ကားေကာင္းေလးေတြကို အပတ္စဥ္ ေရြးေပးေနၾကဆိုေတာ့ ဒီတစ္ပတ္မွာ နည္းနည္းအေျပာင္းအလဲေလးျဖစ္ေအာင္ ဇာတ္လမ္းတြဲေတြဘက္ကို ကူးၾကရေအာင္ … Stella ကေတာ့ေလ ရုပ္ရွင္ကိုတစ္ကားတည္း ၾကည့္ရတာထက္ အတြဲလိုက္ၾကည့္ရတာ ပိုအားရတယ္ သိလား … ဒီေတာ့ Netflix ကေန Stella ၾကည့္ေနၾကျဖစ္တဲ့ ဇာတ္လမ္းတြဲေလးေတြအေၾကာင္း ေယာင္းတို႔ကို အျမည္းေလးေျပာေျပေပးမယ္ေနာ္ …

The Crown

ၿဗိတိန္ဘုရင္မ Elizabeth II ရဲ႕အေၾကာင္းကို မင္းသမီးဘဝကေန အဂၤလန္တစ္ႏိုင္ငံလံုးကို အုပ္စိုးရတဲ့ဘုရင္မျဖစ္လာတဲ့အထိ ဇာတ္လမ္းဆင္ထားပါတယ္။ ဒီဇာတ္လမ္းတြဲမွာ Queen Elizabeth ရဲ႕ ဘဝအလွည့္အေျပာင္းေတြ၊ ၾကင္ယာေတာ္ Philip နဲ႔ ဆက္ဆံေရး၊ ညီမေတာ္ Margret ရဲ႕အခ်စ္ေရးျပႆနာေတြ၊ အဂၤလန္ႏိုင္ငံေရးရဲ႕ အရႈပ္ေတာ္ပံုေတြကို “The Crown” မွာၾကည့္ရႈရမွာျဖစ္လို႔ အေတာ္ေလးကို စိတ္ဝင္စားစရာေကာင္းပါတယ္။ ေတာ္ဝင္မိသားစုရဲ႕ ေနထိုင္မႈဘဝပံုစံကို ထင္ဟပ္ေအာင္ အနီးစပ္ဆံုးရိုက္ကူးထားတာေၾကာင့္ Netflix ရဲ႕ ဇာတ္လမ္းတြဲေတြထဲမွာ ကုန္က်စရိတ္အႀကီးဆံုးပါပဲ။ လက္ရွိမွာ အပိုင္း (၂၀) အထိထြက္ရွိထားၿပီး က်န္ရွိေနတဲ့အပိုင္းေတြကိုေတာ့ ေမွ်ာ္ေနရဆဲပါ။

Related article >>> LDRS ေတြ ခ်စ္သူကိုအလြမ္းေျဖရင္း ၾကည့္သင့္တဲ့ ရုပ္ရွင္(၃)ကား

Jessica Jones

“Jessica Jones” ကေတာ့ Netflix နဲ႔ Marvel က ပူးေပါင္းတင္ဆက္ထားတဲ့ ဇာတ္လမ္းတြဲပါ။ ဇာတ္လမ္းကေတာ့ Marvel ရဲ႕ထံုးစံအတိုင္း စူပါဟီးရိုးဇာတ္လမ္းပါပဲ။ ထူးျခားတာကေတာ့ အဓိကဇာတ္ေကာင္က Jessica Jones ဆိုတဲ့အမိ်ဳးသမီးစူပါဟီးရိုးျဖစ္ေနတာပါ။ သူမတူတဲ့စြမ္းအားေတြကို ပိုင္ဆိုင္ထားေပမဲ့ သာမန္လူတစ္ေယာက္လိုပဲ ရွင္သန္ရပ္တည္ခ်င္တဲ့ Jessica က အေသးစားအမႈတြဲေလးေတြကို အခေၾကးေငြယူၿပီး ေျဖရွင္းေပးတဲ့ အလုပ္နဲ႔ အသက္ေမြးသူပါ။ ဒါေပမဲ့လည္း သဘာဝလြန္ျဖစ္ရပ္ေတြနဲ႔ အမႈကိစၥေတြက သူ(မ)ေနာက္က ထပ္ၾကပ္မကြာလိုက္လာတဲ့အခါမွာေတာ့ စူပါဟီးရိုးမလုပ္ခ်င္လည္း လုပ္ရပါေတာ့တယ္။ Season 2 အထိထြက္ရွိထားေပမဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ Marvel က Netflix နဲ႔စာခ်ဳပ္ကို ဖ်က္သိမ္းၿပီး Season 3 မွာပဲ ဇာတ္သိမ္းေတာ့မယ္လို႔ သိရပါတယ္။

Stranger Things

Netflix ပရိသတ္ေတြရဲ႕ အသည္းစြဲျဖစ္တဲ့ “Stranger Things” ကေတာ့ အျခားဇာတ္လမ္းတြဲေတြကေန လံုးဝကြဲထြက္ေနတာပါ။ သူ႔ရဲ႕ဇာတ္လမ္းေက်ာရိုးကိုေတာ့ ၁၉၈၀ ခုႏွစ္ဝန္းက်င္ေလာက္မွာ အေျခတည္ထားၿပီး ၿမိဳ႕ငယ္ေလးတစ္ခုက နယ္ခံဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္ ရုတ္တရက္ဆိုသလို ထုးဆန္းစြာေပ်ာက္ဆံုးသြားတာကေန စပါတယ္။ ဒီေပ်ာက္ဆံုးမႈကို ေကာင္ေလးရဲ႕ မိသားစုေတြနဲ႔ သူငယ္ခ်င္းေတြ ဝိုင္းစံုစမ္းတဲ့အခါမွာ အစိုးရအဖြဲ႔အစည္းရဲ႕ လွ်ိဳ႕ဝွက္ဓာတ္ခြဲခန္းေတြ၊ တျခားကမာၻေတြနဲ႔ ဆက္သြယ္မႈေတြ၊ ဆန္းၾကယ္တဲ့သတၱဝါေတြအေၾကာင္း တစ္စတစ္စသိလာရတဲ့အခါ … သာမန္ဆယ္ေက်ာ္သက္ေကာင္ေလး ေလးေယာက္နဲ႔ ဓာတ္ခြဲခန္းကထြက္ေျပးတိမ္းေရွာင္လာတဲ့ စမ္းသပ္ခံကေလးမေလးက ဒါေတြအကုန္လံုးကို ဘယ္လိုရင္ဆိုင္မလဲဆိုတာ ရင္တထိတ္ထိတ္ၾကည့္ရမွာပါ။ Sci-fi horror ဇာတ္လမ္းတြဲျဖစ္ၿပီး အပိုင္း (၁၇) ပိုင္းထြက္ရွိထားပါတယ္။ က်န္တာကေတာ့ မၾကာမီလာမည္ ေမွ်ာ္ေပါ့ေနာ္။

Related article >>> သမီးရည္းစား၊ လင္မယားၾကားက ခ်စ္ျခင္းေမတၱာကို အျပည့္အဝ ေဖာ္က်ဴးျပထားတဲ့ ရုပ္ရွင္ကားေကာင္း (၃) ကား

Chilling Adventures of Sabrina

ဟိုတုန္းကထြက္ရွိထားတဲ့ Sabrina the Teenage Witch ကို Netflix ကအသြင္တစ္မ်ိဳးနဲ႔ ျပန္ရိုက္ကူးထားတာပါ။ အရင္ကားထက္ နည္းနည္းပိုထိတ္လန္႔စရာေကာင္းတယ္လို႔ Stella ကေတာ့ ျမင္ပါတယ္။ သူ(မ) မိသားစုနဲ႔လူသားမ်ိဳးႏြယ္ေတြကို ၿခိမ္းေျခာက္လာတဲ့အရာမွန္သမွ်ကို အျပတ္ရွင္းမယ့္ ဆယ္ေက်ာ္သက္စုန္းမေလး Sabrina ရဲ႕ခပ္မိုက္မိုက္ပံုစံေတြနဲ႔အတူ စုန္းအတတ္ေတြကိုၾကည့္ၿပီး  ေယာင္းတို႔စိတ္လႈပ္ရွားေနမွာ ေသခ်ာပါတယ္။

ကဲ … ဒါကေတာ့ လက္ရွိ Netflix ကေနျပသေနတဲ့ထဲက Stella ၾကည့္ေနက် ဇာတ္လမ္းတြဲေတြပါ။ ေယာင္းတို႔ေရာ Netflix က ဘယ္ဇာတ္လမ္းတြဲေတြကို ၾကည့္ျဖစ္ၾကလဲ ?

Stella (For Her Myanmar)

<<<Unicode>>>

အခန်းဆက်တွေကို စောင့်မျှော်ရလေ ပိုရင်ခုန်ဖို့ကောင်းလေ

ရုပ်ရှင်ချစ်ပရိသတ်ယောင်းယောင်းတို့ရေ … ရုပ်ရှင်ကားကောင်းလေးတွေကို အပတ်စဉ် ရွေးပေးနေကြဆိုတော့ ဒီတစ်ပတ်မှာ နည်းနည်းအပြောင်းအလဲလေးဖြစ်အောင် ဇာတ်လမ်းတွဲတွေဘက်ကို ကူးကြရအောင် … Stella ကတော့လေ ရုပ်ရှင်ကိုတစ်ကားတည်း ကြည့်ရတာထက် အတွဲလိုက်ကြည့်ရတာ ပိုအားရတယ် သိလား … ဒီတော့ Netflix ကနေ Stella ကြည့်နေကြဖြစ်တဲ့ ဇာတ်လမ်းတွဲလေးတွေအကြောင်း ယောင်းတို့ကို အမြည်းလေးပြောပြေပေးမယ်နော် …

The Crown

ဗြိတိန်ဘုရင်မ Elizabeth II ရဲ့အကြောင်းကို မင်းသမီးဘဝကနေ အင်္ဂလန်တစ်နိုင်ငံလုံးကို အုပ်စိုးရတဲ့ဘုရင်မဖြစ်လာတဲ့အထိ ဇာတ်လမ်းဆင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာ Queen Elizabeth ရဲ့ ဘဝအလှည့်အပြောင်းတွေ၊ ကြင်ယာတော် Philip နဲ့ ဆက်ဆံရေး၊ ညီမတော် Margret ရဲ့အချစ်ရေးပြဿနာတွေ၊ အင်္ဂလန်နိုင်ငံရေးရဲ့ အရှုပ်တော်ပုံတွေကို “The Crown” မှာကြည့်ရှုရမှာဖြစ်လို့ အတော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။ တော်ဝင်မိသားစုရဲ့ နေထိုင်မှုဘဝပုံစံကို ထင်ဟပ်အောင် အနီးစပ်ဆုံးရိုက်ကူးထားတာကြောင့် Netflix ရဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ကုန်ကျစရိတ်အကြီးဆုံးပါပဲ။ လက်ရှိမှာ အပိုင်း (၂၀) အထိထွက်ရှိထားပြီး ကျန်ရှိနေတဲ့အပိုင်းတွေကိုတော့ မျှော်နေရဆဲပါ။

Related article >>> LDRS တွေ ချစ်သူကိုအလွမ်းဖြေရင်း ကြည့်သင့်တဲ့ ရုပ်ရှင်(၃)ကား

Jessica Jones

“Jessica Jones” ကတော့ Netflix နဲ့ Marvel က ပူးပေါင်းတင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲပါ။ ဇာတ်လမ်းကတော့ Marvel ရဲ့ထုံးစံအတိုင်း စူပါဟီးရိုးဇာတ်လမ်းပါပဲ။ ထူးခြားတာကတော့ အဓိကဇာတ်ကောင်က Jessica Jones ဆိုတဲ့အမျိုးသမီးစူပါဟီးရိုးဖြစ်နေတာပါ။ သူမတူတဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားပေမဲ့ သာမန်လူတစ်ယောက်လိုပဲ ရှင်သန်ရပ်တည်ချင်တဲ့ Jessica က အသေးစားအမှုတွဲလေးတွေကို အခကြေးငွေယူပြီး ဖြေရှင်းပေးတဲ့ အလုပ်နဲ့ အသက်မွေးသူပါ။ ဒါပေမဲ့လည်း သဘာဝလွန်ဖြစ်ရပ်တွေနဲ့ အမှုကိစ္စတွေက သူ(မ)နောက်က ထပ်ကြပ်မကွာလိုက်လာတဲ့အခါမှာတော့ စူပါဟီးရိုးမလုပ်ချင်လည်း လုပ်ရပါတော့တယ်။ Season 2 အထိထွက်ရှိထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် Marvel က Netflix နဲ့စာချုပ်ကို ဖျက်သိမ်းပြီး Season 3 မှာပဲ ဇာတ်သိမ်းတော့မယ်လို့ သိရပါတယ်။

Stranger Things

Netflix ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်တဲ့ “Stranger Things” ကတော့ အခြားဇာတ်လမ်းတွဲတွေကနေ လုံးဝကွဲထွက်နေတာပါ။ သူ့ရဲ့ဇာတ်လမ်းကျောရိုးကိုတော့ ၁၉၈၀ ခုနှစ်ဝန်းကျင်လောက်မှာ အခြေတည်ထားပြီး မြို့ငယ်လေးတစ်ခုက နယ်ခံဆယ်ကျော်သက်ကောင်လေးတစ်ယောက် ရုတ်တရက်ဆိုသလို ထုးဆန်းစွာပျောက်ဆုံးသွားတာကနေ စပါတယ်။ ဒီပျောက်ဆုံးမှုကို ကောင်လေးရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေ ဝိုင်းစုံစမ်းတဲ့အခါမှာ အစိုးရအဖွဲ့အစည်းရဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းတွေ၊ တစခြားကမ္ဘာတွေနဲ့ ဆက်သွယ်မှုတွေ၊ ဆန်းကြယ်တဲ့သတ္တဝါတွေအကြောင်း တစ်စတစ်စသိလာရတဲ့အခါ … သာမန်ဆယ်ကျော်သက်ကောင်လေး လေးယောက်နဲ့ ဓာတ်ခွဲခန်းကထွက်ပြေးတိမ်းရှောင်လာတဲ့ စမ်းသပ်ခံကလေးမလေးက ဒါတွေအကုန်လုံးကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ရင်တထိတ်ထိတ်ကြည့်ရမှာပါ။ Sci-fi horror ဇာတ်လမ်းတွဲဖြစ်ပြီး အပိုင်း (၁၇) ပိုင်းထွက်ရှိထားပါတယ်။ ကျန်တာကတော့ မကြာမီလာမည် မျှော်ပေါ့နော်။

Related article >>> သမီးရည်းစား၊ လင်မယားကြားက ချစ်ခြင်းမေတ္တာကို အပြည့်အဝ ဖော်ကျူးပြထားတဲ့ ရုပ်ရှင်ကားကောင်း (၃) ကား

Chilling Adventures of Sabrina

ဟိုတုန်းကထွက်ရှိထားတဲ့ Sabrina the Teenage Witch ကို Netflix ကအသွင်တစ်မျိုးနဲ့ ပြန်ရိုက်ကူးထားတာပါ။ အရင်ကားထက် နည်းနည်းပိုထိတ်လန့်စရာကောင်းတယ်လို့ Stella ကတော့ မြင်ပါတယ်။ သူ(မ) မိသားစုနဲ့လူသားမျိုးနွယ်တွေကို ခြိမ်းခြောက်လာတဲ့အရာမှန်သမျှကို အပြတ်ရှင်းမယ့် ဆယ်ကျော်သက်စုန်းမလေး Sabrina ရဲ့ခပ်မိုက်မိုက်ပုံစံတွေနဲ့အတူ စုန်းအတတ်တွေကိုကြည့်ပြီး  ယောင်းတို့စိတ်လှုပ်ရှားနေမှာ သေချာပါတယ်။

ကဲ … ဒါကတော့ လက်ရှိ Netflix ကနေပြသနေတဲ့ထဲက Stella ကြည့်နေကျ ဇာတ်လမ်းတွဲတွေပါ။ ယောင်းတို့ရော Netflix က ဘယ်ဇာတ်လမ်းတွဲတွေကို ကြည့်ဖြစ်ကြလဲ ?

Stella (For Her Myanmar)

No Comments Yet

Comments are closed