Movie Reviews

LDRS ေတြ ခ်စ္သူကိုအလြမ္းေျဖရင္း ၾကည့္သင့္တဲ့ ရုပ္ရွင္(၃)ကား

အလြမ္းဓာတ္ခံေတြ ပိုအုံႂကြလာေအာင္ ႏႈိးဆြေပးလိုက္ပါၿပီရွန္ 😜 😜

ေယာင္းတို႕ေမွ်ာ္ေနၾကတဲ့ movie review ေန႔ေလးျပန္လည္ေရာက္ရွိလို႕လာပါၿပီ။  ဒီတစ္ေခါက္မွာေတာ့ stella က LDRS ေတြ အးေအးေဆးေဆးဖီးလ္လို႔ရမယ့္ ရုပ္ရွင္ကားေကာင္းေလးေတြ ေျပာျပသြားေပးမွာပါ။

Dear John

အေမရိကန္အထူးတပ္ဖြဲ႔က စစ္သား John ကခြင့္နဲ႔ ေမြးရပ္ေျမကို ျပန္လာတဲ့အခါ ကံၾကမၼာလို႔ပဲေျပာရမလား … ေကာလိပ္ေက်ာင္းသူေလး Savannah ကိုေတြ႔ၿပီး ျမင္ျမင္ခ်င္းခ်စ္မိသြားပါတယ္။ ခြင့္ရက္ေစ့လို႔ John စစ္ထဲျပန္ဝင္သြားရတဲ့အခါ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးက စာေပးစာယူအဆက္အသြယ္ပဲရွိေတာ့တာေပါ့။ တစ္ေန႔က်ေတာ့ Savannah ရဲ႕စာမွာ သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို အဆံုးသတ္လိုက္ရေအာင္လို႔ပဲ ပါလာပါေတာ့တယ္။ ဘာလို႔ Savannah က အဆံုးသတ္ခ်င္ရတာလဲ၊ သူတို႔ႏွစ္ေယာက္ျပန္ေပါင္းစည္းႏိုင္မွာလား၊ ႏွစ္ေယာက္လံုး ဘာေတြစြန္႔လႊတ္ရမွာလဲဆိုတာေတြကို Dear John မွာ ၾကည့္ရမွာပါ။ မင္းသားေခ်ာ Channing Tatum နဲ႔ မင္းသမီးေခ်ာ Amanda Seyfried တို႔က ပါဝင္သရုပ္ေဆာင္ထားၿပီး နာမည္ေက်ာ္ အခ်စ္ဝတၳဳစာေရးဆရာ Nicholas Sparks ရဲ႕ ဝတၳဳကို ျပန္ရိုက္ကူးထားတာမို႔ ၾကည့္ျဖစ္ေအာင္ၾကည့္ေနာ္…

Related article >>> ေယာင္းကို မ်က္ရည္ျခဴမယ့္ အေကာင္းဆံုးရုပ္ရွင္ (၃) ကား

You’ve Got Mail

စာအုပ္အေရာင္းဆိုင္ေလးကို မနည္းလည္ပတ္ေအာင္လုပ္ေနရရွာတဲ့ Kathleen ဟာ သူ(မ)ဆိုင္ မ်က္ေစာင္းထိုးကို ေျပာင္းလာတဲ့ အႀကီးစားစာအုပ္အေရာင္းဆိုင္ပိုင္ရွင္ Joe ကို အေသအလဲမုန္းသူပါ။ ဒါေပမဲ့ အြန္လိုင္းေပၚက အမည္မသိလူႏွစ္ေယာက္အေနနဲ႔ ဆက္သြယ္မိၾကတဲ့အခါမွာေတာ့ ခ်စ္ႀကိဳးသြယ္မိပါေတာ့တယ္။ တစ္ေန႔ေတာ့ Joe က သူခ်စ္မိေနတဲ့အမ်ိဳးသမီးဟာ သူရဲ႕စီးပြားၿပိဳင္ဖက္ျဖစ္ေနေၾကာင္း သိလိုက္ရတဲ့အခါမွာေတာ့ သူတို႔ရဲ႕အခ်စ္ေရးက ဘာေတြဆက္ျဖစ္လာမွာလဲ၊ Kathleen သိသြားရင္ေကာ Joe ကို ပိုမုန္းသြားမွာလား၊ Joe ကေကာ စီးပြားၿပိဳင္ဘက္ဆိုတာနဲ႔ ခ်စ္ရသူဆိုတာၾကားမွာ ဘယ္လိုအခက္အခဲေတြ ႀကံဳရမလဲဆိုတာေတြကို ရယ္ရယ္ေမာေမာၾကည့္ႏိုင္မွာပါ။ မင္းသားႀကီး Tom Hanks နဲ႔ Meg Ryan တို႔ ပါဝင္သရုပ္ေဆာင္ထားတာမို႔ မလြတ္တမ္းၾကည့္သင့္တဲ့ ရုပ္ရွင္ကားေကာင္းတစ္ကားပါ။

Related article >>> မင္းသားႀကီး Tom Hanks ရဲ႕ အေကာင္းဆံုး သရုပ္ေဆာင္ခ်က္ေတြကို ျမင္ရမယ့္ ရုပ္ရွင္ (၃) ကား

Time Traveler’s Wife

ခ်ီကာကိုၿမိဳ႕ရဲ႕ စာၾကည့္တိုက္မွဴး Henery က အတိတ္ကိုေကာ အနာဂတ္ကိုေကာ သြားႏိုင္တဲ့ အခ်ိန္ခရီးသြားတစ္ေယာက္ပါ။ သူ႔ရဲ႕အခ်ိန္ခရီးတစ္ခုမွာပဲ Claire နဲ႔ေတြ႔ဆံုခြင့္ရခဲ့ၿပီး လက္ထပ္ခဲ့ပါတယ္။ ဒါေပမဲ့ တစ္ခ်ိန္တည္း တစ္ေနရာတည္းမွာ မေနႏိုင္တဲ့ Henery ရဲ႕ အခ်ိန္ခရီးသြားက်င့္ေၾကာင့္ သူတို႔အိမ္ေထာင္ေရးမွာ အဖုအထစ္ေလးေတြ ျဖစ္လာတဲ့အခါ …. သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးက သာယာႏိုင္မွာလား၊ ဘယ္လိုျပႆနာေတြ ျဖစ္လာဦးမွာလဲ၊ အခ်ိန္ခရီးသြားတဲ့အက်င့္ေၾကာင့္ ျဖစ္လာတဲ့ဆိုးက်ိဳးေတြက ဘာေတြလဲဆိုတာကို Time Traveler’s Wife ရုပ္ရွင္မွာ ၾကည့္ရွဴခံစားရမွာပါ။ သရုပ္ေဆာင္ေတြကေတာ့ Eric Bana နဲ႔ Rachel McAdams ျဖစ္ၿပီး စိတ္ကူးယဥ္ဇာတ္လမ္းေကာင္းေလးေတြ ႀကိဳက္ႏွစ္သက္တဲ့ ေယာင္းတို႔အေနနဲ႔ အသည္းစြဲျဖစ္ေစမွာပါ။

Related article >>> သမီးရည္းစား၊ လင္မယားၾကားက ခ်စ္ျခင္းေမတၱာကို အျပည့္အဝ ေဖာ္က်ဴးျပထားတဲ့ ရုပ္ရွင္ကားေကာင္း (၃) ကား

ကဲ … ဒီေလာက္ဆိုရင္ LDRS ေယာင္းတို႔ ပိတ္ရက္မွာ ခ်စ္သူကိုအလြမ္းေျဖရင္းၾကည့္ဖို႕ ရုပ္ရွင္ကားေကာင္းေလးေတြ တိုးလာၿပီေပါ့ေနာ္။ ေနာက္တစ္ပတ္မွာ ဘယ္လိုစိတ္ဝင္စားစရာရုပ္ရွင္ေလးေတြနဲ႔ မိတ္ဆက္ေပးဦးမလဲဆိုတာ သိခ်င္ရင္ေတာ့ Stella ပို႔စ္ေတြကို ေစာင့္ဖတ္ေပးပါဦးလို႔…

Stella (For Her Myanmar)

<<<Unicode>>>

 

အလွမ်းဓာတ်ခံတွေ ပိုအုံကြွလာအောင် နှိုးဆွပေးလိုက်ပါပြီရှန် 😜 😜

ယောင်းတို့မျှော်နေကြတဲ့ movie review နေ့လေးပြန်လည်ရောက်ရှိလို့လာပါပြီ။  ဒီတစ်ခေါက်မှာတော့ stella က LDRS တွေ အးအေးဆေးဆေးဖီးလ်လို့ရမယ့် ရုပ်ရှင်ကားကောင်းလေးတွေ ပြောပြသွားပေးမှာပါ။

Dear John

အမေရိကန်အထူးတပ်ဖွဲ့က စစ်သား John ကခွင့်နဲ့ မွေးရပ်မြေကို ပြန်လာတဲ့အခါ ကံကြမ္မာလို့ပဲပြောရမလား … ကောလိပ်ကျောင်းသူလေး Savannah ကိုတွေ့ပြီး မြင်မြင်ချင်းချစ်မိသွားပါတယ်။ ခွင့်ရက်စေ့လို့ John စစ်ထဲပြန်ဝင်သွားရတဲ့အခါ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက စာပေးစာယူအဆက်အသွယ်ပဲရှိတော့တာပေါ့။ တစ်နေ့ကျတော့ Savannah ရဲ့စာမှာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အဆုံးသတ်လိုက်ရအောင်လို့ပဲ ပါလာပါတော့တယ်။ ဘာလို့ Savannah က အဆုံးသတ်ချင်ရတာလဲ၊ သူတို့နှစ်ယောက်ပြန်ပေါင်းစည်းနိုင်မှာလား၊ နှစ်ယောက်လုံး ဘာတွေစွန့်လွှတ်ရမှာလဲဆိုတာတွေကို Dear John မှာ ကြည့်ရမှာပါ။ မင်းသားချော Channing Tatum နဲ့ မင်းသမီးချော Amanda Seyfried တို့က ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကျော် အချစ်ဝတ္ထုစာရေးဆရာ Nicholas Sparks ရဲ့ ဝတ္ထုကို ပြန်ရိုက်ကူးထားတာမို့ ကြည့်ဖြစ်အောင်ကြည့်နော်…

Related article >>> ယောင်းကို မျက်ရည်ခြူမယ့် အကောင်းဆုံးရုပ်ရှင် (၃) ကား

You’ve Got Mail

စာအုပ်အရောင်းဆိုင်လေးကို မနည်းလည်ပတ်အောင်လုပ်နေရရှာတဲ့ Kathleen ဟာ သူ(မ)ဆိုင် မျက်စောင်းထိုးကို ပြောင်းလာတဲ့ အကြီးစားစာအုပ်အရောင်းဆိုင်ပိုင်ရှင် Joe ကို အသေအလဲမုန်းသူပါ။ ဒါပေမဲ့ အွန်လိုင်းပေါ်က အမည်မသိလူနှစ်ယောက်အနေနဲ့ ဆက်သွယ်မိကြတဲ့အခါမှာတော့ ချစ်ကြိုးသွယ်မိပါတော့တယ်။ တစ်နေ့တော့ Joe က သူချစ်မိနေတဲ့အမျိုးသမီးဟာ သူရဲ့စီးပွားပြိုင်ဖက်ဖြစ်နေကြောင်း သိလိုက်ရတဲ့အခါမှာတော့ သူတို့ရဲ့အချစ်ရေးက ဘာတွေဆက်ဖြစ်လာမှာလဲ၊ Kathleen သိသွားရင်ကော Joe ကို ပိုမုန်းသွားမှာလား၊ Joe ကကော စီးပွားပြိုင်ဖက်ဆိုတာနဲ့ ချစ်ရသူဆိုတာကြားမှာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲဆိုတာတွေကို ရယ်ရယ်မောမောကြည့်နိုင်မှာပါ။ မင်းသားကြီး Tom Hanks နဲ့ Meg Ryan တို့ ပါဝင်သရုပ်ဆောင်ထားတာမို့ မလွတ်တမ်းကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။

Related article >>> မင်းသားကြီး Tom Hanks ရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေကို မြင်ရမယ့် ရုပ်ရှင် (၃) ကား

Time Traveler’s Wife

ချီကာကိုမြို့ရဲ့ စာကြည့်တိုက်မှူး Henery က အတိတ်ကိုကော အနာဂတ်ကိုကော သွားနိုင်တဲ့ အချိန်ခရီးသွားတစ်ယောက်ပါ။ သူ့ရဲ့အချိန်ခရီးတစ်ခုမှာပဲ Claire နဲ့တွေ့ဆုံခွင့်ရခဲ့ပြီး လက်ထပ်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်း တစ်နေရာတည်းမှာ မနေနိုင်တဲ့ Henery ရဲ့ အချိန်ခရီးသွားကျင့်ကြောင့် သူတို့အိမ်ထောင်ရေးမှာ အဖုအထစ်လေးတွေ ဖြစ်လာတဲ့အခါ …. သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက သာယာနိုင်မှာလား၊ ဘယ်လိုပြဿနာတွေ ဖြစ်လာဦးမှာလဲ၊ အချိန်ခရီးသွားတဲ့အကျင့်ကြောင့် ဖြစ်လာတဲ့ဆိုးကျိုးတွေက ဘာတွေလဲဆိုတာကို Time Traveler’s Wife ရုပ်ရှင်မှာ ကြည့်ရှူခံစားရမှာပါ။ သရုပ်ဆောင်တွေကတော့ Eric Bana နဲ့ Rachel McAdams ဖြစ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းကောင်းလေးတွေ ကြိုက်နှစ်သက်တဲ့ ယောင်းတို့အနေနဲ့ အသည်းစွဲဖြစ်စေမှာပါ။

Related article >>> သမီးရည်းစား၊ လင်မယားကြားက ချစ်ခြင်းမေတ္တာကို အပြည့်အဝ ဖော်ကျူးပြထားတဲ့ ရုပ်ရှင်ကားကောင်း (၃) ကား

ကဲ … ဒီလောက်ဆိုရင် LDRS ယောင်းတို့ ပိတ်ရက်မှာ ချစ်သူကိုအလွမ်းဖြေရင်းကြည့်ဖို့ ရုပ်ရှင်ကားကောင်းလေးတွေ တိုးလာပြီပေါ့နော်။ နောက်တစ်ပတ်မှာ ဘယ်လိုစိတ်ဝင်စားစရာရုပ်ရှင်လေးတွေနဲ့ မိတ်ဆက်ပေးဦးမလဲဆိုတာ သိချင်ရင်တော့ Stella ပို့စ်တွေကို စောင့်ဖတ်ပေးပါဦးလို့…

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *