Movie Reviews

အရိုတစ္လိုင္းေယာင္းတို႔အတြက္ အေကာင္းဆံုးအခ်စ္ရုပ္ရွင္ကား (၃) ကား

ၾကည့္ရင္းရိုဖို႕ ေခါင္းအုံးေတြ ဖက္လုံးေတြေဆာင္ထားဦးေနာ္  😂

ေယာင္းတို႔ေမွ်ာ္ေနတဲ့ movie review ေလးလာပါၿပီ။ ဒီတစ္ေခါက္မွာေတာ့ stella  အႀကိဳက္ဆံုး အခ်စ္ဇာတ္ကားေလးေတြအေၾကာင္း ေျပာျပေပးမယ္ေနာ္။ ဘာရုပ္ရွင္ေတြလဲဆိုေတာ့ …

(၁) The Vow

Paige နဲ႔ Leo ကအရမ္းခ်စ္ၾကတဲ့ ၾကင္စဦးေမာင္ႏွံျဖစ္ပါတယ္။ ဒါေပမဲ့တစ္ေန႔မွာ ကားမေတာ္တဆမႈေၾကာင့္ Paige ရဲ႕မွတ္ဉာဏ္ေတြေပ်ာက္ဆံုးသြားၿပီး Leo နဲ႔မေတြ႔ခင္အခ်ိန္ေတြကိုသာ မွတ္မိေတာ့တဲ့အခါ Paige ကိုခ်စ္တဲ့ Leo ကေတာ့ သူ႔ကိုမွတ္မိလာေအာင္ အစြမ္းကုန္ႀကိဳးစားပါေတာ့တယ္။ Paige က Leo ကို ျပန္မွတ္မိလာမွာလား ၊ Leo က လက္ေလွ်ာ့လိုက္မွာလား ၊ သူတို႔ႏွစ္ေယာက္ျပန္နီးစပ္သြားမလား ေဝးကြားသြားမလားဆိုတာကို “The Vow” မွာ ၾကည့္ရမွာပါ။ ျဖစ္ရပ္မွန္ကို အေျခခံထားၿပီး Rachel McAdams နဲ႔ Channing Tatum တို႔က အဓိကသရုပ္ေဆာင္ေတြအျဖစ္ ပါဝင္သရုပ္ေဆာင္ထားပါတယ္။

Related article>>>Comedyနဲ႔ Drama အရသာကို အျပည့္အဝ ခံစားရေစမယ့္ Friendzone ရုပ္ရွင္

(၂) The Lake House

ဇာတ္လမ္းကေတာ့ ဆရာဝန္မတစ္ေယာက္ ေရကန္ေဘးက အိမ္ႀကီးတစ္အိမ္ကို ဝယ္လိုက္မိရာက စတာပဲ။ အိမ္ေျပာင္းလာတဲ့ေန႔ကစၿပီး အရင္အိမ္ရွင္ဗိသုကာပညာရွင္နဲ႔ စာေပးစာယူလုပ္မိပါေလေရာ။ ႏွစ္ေယာက္သားေတြ႔ဖို႔ခ်ိန္းေတာ့ ခ်ိန္းတဲ့ေနရာကို ႏွစ္ေယာက္လံုးေရာက္လာေပမဲ့ တစ္ေယာက္နဲ႔တစ္ေယာက္မေတြ႔ၾကျပန္ဘူး။ ဘာေၾကာင့္မေတြ႔တာလဲ ၊ သူတို႔ႏွစ္ေယာက္လံုးနဲ႔ သက္ဆိုင္ေနတဲ့ ေရကန္ေဘးကအိမ္ႀကီးမွာ ဘယ္လိုဆန္းၾကယ္မႈေတြရွိေနလဲဆိုတာကို Sandra Bullock နဲ႔ Keanu Reeves တို႔ရဲ႕ သရုပ္ေဆာင္ခ်က္ေတြနဲ႔အတူ အခ်စ္လွ်ိဳ႕ဝွက္ဆန္းၾကယ္ကားျဖစ္တဲ့ “The Lake House” မွာ ၾကည့္ရူႏိုင္ပါတယ္။

Related article>>>ေယာင္းကို မ်က္ရည္ျခဴမယ့္ အေကာင္းဆံုးရုပ္ရွင္ (၃) ကား

(၃) Kissing Booth

Netflix ကေန ေပါက္သြားတဲ့ “Kissing Booth” ကေတာ့ လူငယ္ႀကိဳက္အခ်စ္ဇာတ္ျမဴးေလးပါ။ အခ်စ္ဆံုးသူငယ္ခ်င္းရဲ႕အစ္ကို Noah ကို ငယ္ငယ္ကတည္းက အႀကီးအက်ယ္ crush ခဲ့သူ ဆယ္ေက်ာ္သက္ေကာင္မေလး Elle…သူ(မ) ရဲ႕ crush ကသူ(မ)ကို ျပန္ႀကိဳက္လာတဲ့အခါ သူတို႔အခ်စ္လမ္းခရီးက သာယာပါ့မလား ? တက္သစ္စ သရုပ္ေဆာင္ႏွစ္ေယာက္ျဖစ္တဲ့ Jacob Elordi နဲ႔ Joey King က ပါဝင္ထားၿပီးေတာ့ သရုပ္ေဆာင္ႏွစ္ေယာက္က လက္ေတြ႔ဘဝမွာလည္း စံုတြဲေတြဆိုေတာ့ အရိုဆံုးကားေလးျဖစ္ေနမွာပါ။

ကဲ…ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း ဒီတစ္ပတ္ပိတ္ရက္မွာ အခ်စ္ဇာတ္ကားေကာင္းေကာင္းေလးေတြ ၾကည့္လို႔ရၿပီေပါ့ေနာ္။ ေပ်ာ္ရႊင္စရာ ရက္သတၱပတ္ေလးျဖစ္ပါေစေနာ္။

Stella (For Her Myanmar)

 

<<<Unicode>>>

ကြည့်ရင်းရိုဖို့ ခေါင်းအုံးတွေ ဖက်လုံးတွေဆောင်ထားဦးနော် 😂

ယောင်းတို့မျှော်နေတဲ့ movie review လေးလာပါပြီ။ ဒီတစ်ခေါက်မှာတော့ stella  အကြိုက်ဆုံး အချစ်ဇာတ်ကားလေးတွေအကြောင်း ပြောပြပေးမယ်နော်။ ဘာရုပ်ရှင်တွေလဲဆိုတော့ …

(၁) The Vow

Paige နဲ့ Leo ကအရမ်းချစ်ကြတဲ့ ကြင်စဦးမောင်နှံဖြစ်ပါတယ်။ ဒါပေမဲ့တစ်နေ့မှာ ကားမတော်တဆမှုကြောင့် Paige ရဲ့မှတ်ဉာဏ်တွေပျောက်ဆုံးသွားပြီး Leo နဲ့မတွေ့ခင်အချိန်တွေကိုသာ မှတ်မိတော့တဲ့အခါ Paige ကိုချစ်တဲ့ Leo ကတော့ သူ့ကိုမှတ်မိလာအောင် အစွမ်းကုန်ကြိုးစားပါတော့တယ်။ Paige က Leo ကို ပြန်မှတ်မိလာမှာလား ၊ Leo က လက်လျှော့လိုက်မှာလား ၊ သူတို့နှစ်ယောက်ပြန်နီးစပ်သွားမလား ဝေးကွားသွားမလားဆိုတာကို “The Vow” မှာ ကြည့်ရမှာပါ။ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး Rachel McAdams နဲ့ Channing Tatum တို့က အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

Related article>>>Comedyနဲ့ Drama အရသာကို အပြည့်အဝ ခံစားရစေမယ့် Friendzone ရုပ်ရှင်

(၂) The Lake House

ဇာတ်လမ်းကတော့ ဆရာဝန်မတစ်ယောက် ရေကန်ဘေးက အိမ်ကြီးတစ်အိမ်ကို ဝယ်လိုက်မိရာက စတာပဲ။ အိမ်ပြောင်းလာတဲ့နေ့ကစပြီး အရင်အိမ်ရှင်ဗိသုကာပညာရှင်နဲ့ စာပေးစာယူလုပ်မိပါလေရော။ နှစ်ယောက်သားတွေ့ဖို့ချိန်းတော့ ချိန်းတဲ့နေရာကို နှစ်ယောက်လုံးရောက်လာပေမဲ့ တစ်ယောက်နဲ့တစ်ယောက်မတွေ့ကြပြန်ဘူး။ ဘာကြောင့်မတွေ့တာလဲ ၊ သူတို့နှစ်ယောက်လုံးနဲ့ သက်ဆိုင်နေတဲ့ ရေကန်ဘေးကအိမ်ကြီးမှာ ဘယ်လိုဆန်းကြယ်မှုတွေရှိနေလဲဆိုတာကို Sandra Bullock နဲ့ Keanu Reeves တို့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ အချစ်လျှို့ဝှက်ဆန်းကြယ်ကားဖြစ်တဲ့ “The Lake House” မှာ ကြည့်ရူနိုင်ပါတယ်။

Related article>>>ယောင်းကို မျက်ရည်ခြူမယ့် အကောင်းဆုံးရုပ်ရှင် (၃) ကား

(၃) Kissing Booth

Netflix ကနေ ပေါက်သွားတဲ့ “Kissing Booth” ကတော့ လူငယ်ကြိုက်အချစ်ဇာတ်မြူးလေးပါ။ အချစ်ဆုံးသူငယ်ချင်းရဲ့အစ်ကို Noah ကို ငယ်ငယ်ကတည်းက အကြီးအကျယ် crush ခဲ့သူ ဆယ်ကျော်သက်ကောင်မလေး Elle…သူ(မ) ရဲ့ crush ကသူ(မ)ကို ပြန်ကြိုက်လာတဲ့အခါ သူတို့အချစ်လမ်းခရီးက သာယာပါ့မလား ? တက်သစ်စ သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Jacob Elordi နဲ့ Joey King က ပါဝင်ထားပြီးတော့ သရုပ်ဆောင်နှစ်ယောက်က လက်တွေ့ဘဝမှာလည်း စုံတွဲတွေဆိုတော့ အရိုဆုံးကားလေးဖြစ်နေမှာပါ။ကဲ…ဒီလောက်ဆိုရင် ယောင်းတို့လည်း ဒီတစ်ပတ်ပိတ်ရက်မှာ အချစ်ဇာတ်ကားကောင်းကောင်းလေးတွေ ကြည့်လို့ရပြီပေါ့နော်။ ပျော်ရွှင်စရာ ရက်သတ္တပတ်လေးဖြစ်ပါစေနော်။

Stella (For Her Myanmar)

Mya Thitty
Mya Thitty
နာမည္ကေတာ့ ျမသစ္တည္ ပါ။ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုနဲ႕ သုတရသစာေပေတြကို မွ်ေဝေပးသြားမွာပါ။

Leave a Reply

Your email address will not be published. Required fields are marked *