ဘယ္ေတာ့ ၾကည့္ၾကည့္မရိုးတဲ့ ကိုရီးယားရုပ္ရွင္ဇာတ္လမ္းတြဲ(၃)ခု

အခ်ိန္ေတြၾကာသြားတာေတာင္ ရင္ထဲမွာ အျမစ္တြယ္က်န္ရစ္ေနဆဲပဲ

ေယာင္းတို႔ေရ..  ျမဝတီခ်န္နယ္မွာ ကိုရီးယားကားေတြ စျပကတည္းကေန ခုထက္ထိေအာင္ ကိုရီးယားဇာတ္လမ္းတြဲေတြကို အားေပးေနသူေတြရွိၾကလား? မင္မင္ကေတာ့ ဒီလိုလူေတြထဲမွာ ထိပ္ဆုံးကပါပဲ… TV Channel ေပါင္းစုံက ျပေနတဲ့ဇာတ္ကားေတြ မလြတ္တမ္းၾကည့္သလို ေဟာ.. ေကာင္းတယ္ၾကားတဲ့ ဇာတ္ကားတိုင္းလိုလိုကိုလည္း ၾကည့္ပါေသးတယ္.. ဒါတင္မကေသး ကိုရီးယားရုပ္သံလိုင္းေတြက အသစ္စက္စက္ျပသေနတဲ့ ဇာတ္ကားေတြဆိုရင္လည္း ေမွ်ာ္လင့္ေစာင့္စားၿပီး ၾကည့္လိုက္ရတာ အေမာ… ဒီလိုမ်ိဳး မင္မင္ၾကည့္ဖူးသမွ် ကိုရီးယားဇာတ္လမ္းေတြထဲကေန ဘယ္ေတာ့မွရိုးအီမသြားႏိုင္ဘဲ မွတ္မွတ္ထင္ထင္ ျပန္ၾကည့္ျဖစ္ေနတဲ့ ကိုရီးယားဇာတ္လမ္းတြဲ(၄)ခုကို ေယာင္းတို႔အတြက္ ေဝမွ်ေပးလိုက္ပါတယ္…

Love Story in Harvard

ဒီဇာတ္လမ္းတြဲေလးကေတာ့ ၂၀၀၄ခုႏွစ္ကတည္းက ထြက္ရွိခဲ့တာျဖစ္ၿပီး ဒါရိုက္တာႀကီးလို႔ လူသိမ်ားတဲ့ မင္းသားေခ်ာ Kim Rae-won နဲ႔ မင္းသမီးေခ်ာ Kim Tae- Hee တို႔က အဓိကပါဝင္ သရုပ္ေဆာင္ထားတာပါ။ ပထမႏွစ္ ဥပေဒေက်ာင္းသား နဲ႔ တတိယႏွစ္ ေဆးေက်ာင္းသူတို႔ရဲ႕ Harvard တကၠသိုလ္မွာအစျပဳခဲ့တဲ့ အခ်စ္ဇာတ္လမ္းတစ္ခုကို ေကာင္မေလးဘက္ကေန ရုတ္တရက္ အဆုံးသတ္ခဲ့ၿပီး ေတာင္ကိုရီးယားမွာမွ ကံၾကမၼာ မ်က္စိလည္ၿပီး ျပန္ေတြ႕ၾကတဲ့အခါ… သူတို႔အခ်စ္ေရးက ဘယ္လိုေတြ ျပန္ျဖစ္သြားမလဲဆိုတာကို ၾကည္ႏူးလြမ္းေမာစရာေလး ရိုက္ကူးထားတာမို႔ ဘယ္ခါၾကည့္ၾကည့္ ရိုးအီမသြားတဲ့ အခ်စ္ဇာတ္ကားေကာင္းေလး တစ္ပုဒ္ပါပဲ ေယာင္းတို႔ေရ…

Related Article >>> ၾကည့္ရင္း ၾကည္ႏူးၿပီး ျပံဳးေနရမယ့္ ခ်စ္စရာ BL ဇာတ္ကားေကာင္း (၃)ကား

Tree of Heaven

ကိုရီးယားနဲ႔ ဂ်ပန္သရုပ္ေဆာင္ေတြ ပါဝင္အားျဖည့္ထားၿပီး ၂၀၀၆ခုႏွစ္မွာ ထြက္ရွိထဲ့တဲ့ ဒီကားေလးမွွာေတာ့ ဖေအပါ မေအပါ ေမာင္ႏွမႏွစ္ေယာက္ အျဖစ္ Lee Wan နဲ႔ Park Shin- Hye တို႔က အဓိကပါဝင္ သရုပ္ေဆာင္ထားပါတယ္။ ဆယ္ေက်ာ္သက္ သမီးေလးရွိတဲ့ ဂ်ပန္အမ်ိဳးသမီးတစ္ေယာက္ဟာ ဆယ္ေက်ာ္သက္သား ရွိတဲ့ ကိုရီးယားအမ်ိဳးသားတစ္ေယာက္နဲ႔ လက္ထပ္လိုက္ၿပီးတဲ့ေနာက္ အေဖပါ အေမပါ ေမာင္ႏွမေတြ ျဖစ္သြားတဲ့ ဆယ္ေက်ာ္သက္ ႏွစ္ဦးၾကားက ခ်စ္ျခင္းဟာ ဘယ္လို ကံၾကမၼာေတြနဲ႔ ရင္ဆုိင္ရဦးမွာလဲ?

ဒီကားကို ၾကည့္တဲ့ ေယာင္းေတြေတာ့ ဘယ္လိုေနတယ္မသိဘူး… မင္မင္ေတာ့ေလ ၾကည့္တုိင္း ငိုတာပဲ… ဘယ္ႏွစ္ခါၾကည့္ၾကည့္ ငိုျဖစ္တယ္… ေပ်ာ္စရာဇာတ္ကားေတြထက္ ဝမ္းနည္းစရာ ဇာတ္ကားေတြကို ပိုၿပီး မွတ္မွတ္ထင္ထင္ ျဖစ္ရတယ္ဆိုတာကလည္း အေတာ္မွန္တဲ့စကားေနာ္ ေယာင္းတို႔… ကိုယ္ေတြ စိတ္ထဲ တအားစြဲတဲ့ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားက ေၾကကြဲစရာ ဇာတ္လမ္းေတြ မ်ားတယ္မလား…

Related Article >>> ရင္တထိတ္ထိတ္နဲ႔ ရႈစားရမယ့္ IMDB ျမင့္ မႈခင္း/ေထာက္လွမ္းေရး ဇာတ္လမ္းေကာင္း (၃) ခု

Secret Garden

ဒီဇာတ္ကားေလးကေတာ့ ၾကည့္ေနက်ဇာတ္ကား ပုံစံေတြကေန လုံးဝကြဲထြက္ၿပီး ေမွာ္ဆန္ဆန္ ျဖစ္ေပၚလာတဲ့  အခ်စ္ဇာတ္လမ္းကို ရိုက္ကူးထားတာပါ… Hyun Bin နဲ႔ Ha Ji-won တို႔က အဓိကပါဝင္သရုပ္ေဆာင္ထားၿပီး ခႏၶာကိုယ္ခ်င္း ေျပာင္းလဲသြားတဲ့ ထူးျခားတဲ့ဇာတ္ရုပ္ကို ပီပီျပင္ျပင္ သရုပ္ေဖာ္ထားတာပါ။ စတန္႔မင္းသမီးအျဖစ္ အသက္ေမြးတဲ့ မိန္းကေလးတစ္ဦး နဲ႔ CEO တို႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မ်က္ႏွာေၾကာမတည့္ခဲ့ၾကေပမဲ့ ရုတ္တရက္ႀကီး ႏွစ္ေယာက္သားရဲ႕ ဝိဉာဥ္လဲသြားတဲ့အခါ…

ဒီကားေလးက ရယ္လည္းရယ္ရသလို ဝါရင့္သမာၻရင့္ သရုပ္ေဆာင္ေတြခ်ည္း သံုးထားတာမို႔လည္း သရုပ္ေဆာင္တာ အပိုအလိုမရွိ ၾကည့္ေကာင္းတဲ့ ဇာတ္ကားပါပဲ။ ေပါ့ေပါ့ပါးပါး ဇာတ္ကားေပမဲ့ ဘယ္ေတာ့မဆို ျပန္ၾကည့္ခ်င္ေအာင္ ဆြဲေဆာင္ႏုိင္တာက သူ႕ရဲ႕ ထူးျခားခ်က္လို႔ ေျပာရမွာပါ။

မင္မင္ေဝမွ်ေပးခဲ့တဲ့ ဇာတ္လမ္းတြဲေတြက လူႀကိဳက္အရမ္းမ်ားခဲ့တဲ့ ဇာတ္ကားေတြခ်ည္းမို႔ ေယာင္းတို႔ေတာ္ေတာ္မ်ားမ်ား ၾကည့္ဖူးၾကလိမ့္မယ္ထင္ပါတယ္… ေယာင္းတို႔ရင္ထဲ ရိုးအီမသြားတဲ့ ဇာတ္လမ္းတြဲေတြရွိရင္လည္း ျပန္လည္ေဝမွ်ေပးခဲ့ပါဦးေနာ္…

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

အချိန်တွေကြာသွားတာတောင် ရင်ထဲမှာ အမြစ်တွယ်ကျန်ရစ်နေဆဲပဲ

ယောင်းတို့ရေ..  မြဝတီချန်နယ်မှာ ကိုရီးယားကားတွေ စပြကတည်းကနေ ခုထက်ထိအောင် ကိုရီးယားဇာတ်လမ်းတွဲတွေကို အားပေးနေသူတွေရှိကြလား? မင်မင်ကတော့ ဒီလိုလူတွေထဲမှာ ထိပ်ဆုံးကပါပဲ… TV Channel ပေါင်းစုံက ပြနေတဲ့ဇာတ်ကားတွေ မလွတ်တမ်းကြည့်သလို ဟော.. ကောင်းတယ်ကြားတဲ့ ဇာတ်ကားတိုင်းလိုလိုကိုလည်း ကြည့်ပါသေးတယ်.. ဒါတင်မကသေး ကိုရီးယားရုပ်သံလိုင်းတွေက အသစ်စက်စက်ပြသနေတဲ့ ဇာတ်ကားတွေဆိုရင်လည်း မျှော်လင့်စောင့်စားပြီး ကြည့်လိုက်ရတာ အမော… ဒီလိုမျိုး မင်မင်ကြည့်ဖူးသမျှ ကိုရီးယားဇာတ်လမ်းတွေထဲကနေ ဘယ်တော့မှရိုးအီမသွားနိုင်ဘဲ မှတ်မှတ်ထင်ထင် ပြန်ကြည့်ဖြစ်နေတဲ့ ကိုရီးယားဇာတ်လမ်းတွဲ(၄)ခုကို ယောင်းတို့အတွက် ဝေမျှပေးလိုက်ပါတယ်…

Love Story in Harvard

ဒီဇာတ်လမ်းတွဲလေးကတော့ ၂၀၀၄ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာကြီးလို့ လူသိများတဲ့ မင်းသားချော Kim Rae-won နဲ့ မင်းသမီးချော Kim Tae- Hee တို့က အဓိကပါဝင် သရုပ်ဆောင်ထားတာပါ။ ပထမနှစ် ဥပဒေကျောင်းသား နဲ့ တတိယနှစ် ဆေးကျောင်းသူတို့ရဲ့ Harvard တက္ကသိုလ်မှာအစပြုခဲ့တဲ့ အချစ်ဇာတ်လမ်းတစ်ခုကို ကောင်မလေးဘက်ကနေ ရုတ်တရက် အဆုံးသတ်ခဲ့ပြီး တောင်ကိုရီးယားမှာမှ ကံကြမ္မာ မျက်စိလည်ပြီး ပြန်တွေ့ကြတဲ့အခါ… သူတို့အချစ်ရေးက ဘယ်လိုတွေ ပြန်ဖြစ်သွားမလဲဆိုတာကို ကြည်နူးလွမ်းမောစရာလေး ရိုက်ကူးထားတာမို့ ဘယ်ခါကြည့်ကြည့် ရိုးအီမသွားတဲ့ အချစ်ဇာတ်ကားကောင်းလေး တစ်ပုဒ်ပါပဲ ယောင်းတို့ရေ…

Related Article >>> ကြည့်ရင်း ကြည်နူးပြီး ပြုံးနေရမယ့် ချစ်စရာ BL ဇာတ်ကားကောင်း (၃)ကား

Tree of Heaven

ကိုရီးယားနဲ့ ဂျပန်သရုပ်ဆောင်တွေ ပါဝင်အားဖြည့်ထားပြီး ၂၀၀၆ခုနှစ်မှာ ထွက်ရှိထဲ့တဲ့ ဒီကားလေးမှာတော့ ဖအေပါ မအေပါ မောင်နှမနှစ်ယောက် အဖြစ် Lee Wan နဲ့ Park Shin- Hye တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဆယ်ကျော်သက် သမီးလေးရှိတဲ့ ဂျပန်အမျိုးသမီးတစ်ယောက်ဟာ ဆယ်ကျော်သက်သား ရှိတဲ့ ကိုရီးယားအမျိုးသားတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီးတဲ့နောက် အဖေပါ အမေပါ မောင်နှမတွေ ဖြစ်သွားတဲ့ ဆယ်ကျော်သက် နှစ်ဦးကြားက ချစ်ခြင်းဟာ ဘယ်လို ကံကြမ္မာတွေနဲ့ ရင်ဆိုင်ရဦးမှာလဲ?

ဒီကားကို ကြည့်တဲ့ ယောင်းတွေတော့ ဘယ်လိုနေတယ်မသိဘူး… မင်မင်တော့လေ ကြည့်တိုင်း ငိုတာပဲ… ဘယ်နှစ်ခါကြည့်ကြည့် ငိုဖြစ်တယ်… ပျော်စရာဇာတ်ကားတွေထက် ဝမ်းနည်းစရာ ဇာတ်ကားတွေကို ပိုပြီး မှတ်မှတ်ထင်ထင် ဖြစ်ရတယ်ဆိုတာကလည်း အတော်မှန်တဲ့စကားနော် ယောင်းတို့… ကိုယ်တွေ စိတ်ထဲ တအားစွဲတဲ့ ဇာတ်ကားတော်တော်များများက ကြေကွဲစရာ ဇာတ်လမ်းတွေ များတယ်မလား…

Related Article >>> ရင်တထိတ်ထိတ်နဲ့ ရှုစားရမယ့် IMDB မြင့် မှုခင်း/ထောက်လှမ်းရေး ဇာတ်လမ်းကောင်း (၃) ခု

Secret Garden

ဒီဇာတ်ကားလေးကတော့ ကြည့်နေကျဇာတ်ကား ပုံစံတွေကနေ လုံးဝကွဲထွက်ပြီး မှော်ဆန်ဆန် ဖြစ်ပေါ်လာတဲ့  အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာပါ… Hyun Bin နဲ့ Ha Ji-won တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ခန္ဓာကိုယ်ချင်း ပြောင်းလဲသွားတဲ့ ထူးခြားတဲ့ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဖော်ထားတာပါ။ စတန့်မင်းသမီးအဖြစ် အသက်မွေးတဲ့ မိန်းကလေးတစ်ဦး နဲ့ CEO တို့ အကြောင်းအမျိုးမျိုးကြောင့် မျက်နှာကြောမတည့်ခဲ့ကြပေမဲ့ ရုတ်တရက်ကြီး နှစ်ယောက်သားရဲ့ ဝိဉာဉ်လဲသွားတဲ့အခါ…

ဒီကားလေးက ရယ်လည်းရယ်ရသလို ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်တွေချည်း သုံးထားတာမို့လည်း သရုပ်ဆောင်တာ အပိုအလိုမရှိ ကြည့်ကောင်းတဲ့ ဇာတ်ကားပါပဲ။ ပေါ့ပေါ့ပါးပါး ဇာတ်ကားပေမဲ့ ဘယ်တော့မဆို ပြန်ကြည့်ချင်အောင် ဆွဲဆောင်နိုင်တာက သူ့ရဲ့ ထူးခြားချက်လို့ ပြောရမှာပါ။

မင်မင်ဝေမျှပေးခဲ့တဲ့ ဇာတ်လမ်းတွဲတွေက လူကြိုက်အရမ်းများခဲ့တဲ့ ဇာတ်ကားတွေချည်းမို့ ယောင်းတို့တော်တော်များများ ကြည့်ဖူးကြလိမ့်မယ်ထင်ပါတယ်… ယောင်းတို့ရင်ထဲ ရိုးအီမသွားတဲ့ ဇာတ်လမ်းတွဲတွေရှိရင်လည်း ပြန်လည်ဝေမျှပေးခဲ့ပါဦးနော်…

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

No Comments Yet

Comments are closed