Movie Reviews

စိတ္ဝင္စားစရာ ဇာတ္လမ္းတည္ေဆာက္ပံုေတြနဲ႔ အိႏၵိယ မႈခင္းရုပ္ရွင္ (၃) ကား

ကဲ.. ကဲ… ဘာလုပ္ေနတာလဲ သြားေဒါင္းၾကေတာ့ေလ.. 😛 

ခုေနာက္ပိုင္း အိႏၵိယရုပ္ရွင္ကားေတြမွာလည္း ဂ်င္းကားေတြမ်ားပါတယ္။ နာမည္ႀကီးမင္းသားေတြသံုးၿပီး ေပါမွန္းမသိ ေပါသြားတဲ့ကားေတြကို မနည္းလွဘူးေပါ့… ဒါေပမဲ့ ကားတုိင္းမေကာင္းဘူးလို႔လည္း ၿခံဳေျပာလို႔ မရျပန္ပါဘူး… တကယ္ကို ယုတၱိက်က်နဲ႔ rating ေကာင္းတဲ့ ရုပ္ရွင္ေလးေတြ ရွိပါတယ္။ ေျပာရမယ္ဆိုရင္ေတာ့ ေဟာလိဝုဒ္မွာ မႈခင္းနဲ႔ ပတ္သက္ၿပီး Rating ေကာင္းဖို႔ဆိုတာ အေတာ္ကို ရွားပါးတဲ့ အေနအထားေပါ့… ဆိုေပမဲ့လည္း အခုအက္ဒမင္ေျပာျပေပးမယ့္ ရုပ္ရွင္ကားေလးေတြကေတာ့ rating ေကာင္းေကာင္းေလးနဲ႔ ေယာင္းတုိ႔ စိတ္ဝင္စားႏိုင္ေလာက္မယ့္ ရုပ္ရွင္ကားေလးေတြျဖစ္လို႔ အခ်ိန္ရရင္ ၾကည့္ဖုိ႔ တုိက္တြန္းပါရေစ။

၁။ Ratsasan (IMDb 8.9/10)

အခ်ိန္ေတြ ဝွစ္ခနဲ ဘယ္လုိေတာင္ ကုန္သြားလဲ မသိဘူး လို႔ ဒီကားၾကည့္ရင္း ေတြးမိၾကပါလိမ့္မယ္ ေယာင္းတို႔ေရ…. spoiler မထိတထိေျပာရမယ္ဆို သက္တူရြယ္တူ ေက်ာင္းသူ မိန္းကေလးေတြ ေပ်ာက္ဆံုးရာကစတာပါ။  ခ်န္ႏုိင္းၿမိဳ႕မွာ ဒီကြင္းဆက္လူသတ္မႈက ပြက္ေလာရုိက္ေနၿပီး ရဲေတြလည္း ေခါင္းစားေနပါၿပီ။

ဒီအမႈကို အကြက္က်က်ေျဖရွင္းမယ့္သူကေတာ့ အက္ဒမင့္ခရပ္ရွ္ပါ..အဲေလ..စိတၱဇကြင္းဆက္လူသတ္သမားေတြနဲ႔ ပတ္သက္ၿပီး ရုပ္ရွင္ရုိက္ခ်င္ေနတဲ့ ဒါရုိက္တာ ခေရဇီ အာရြန္းပါပဲ။ ထုတ္လုပ္သူေတြဆီကေန အျငင္းခံရေပါင္းမ်ားတဲ့ေနာက္ပိုင္း မိသားစုရဲ႕တိုက္တြန္းမႈေၾကာင့္ ေယာက္ဖျဖစ္သူ ရဲအရာရွိရဲ႕အကူအညီနဲ႔ ရဲသားတစ္ေယာက္ ျဖစ္လာပါေတာ့တယ္။

နဂိုတည္းက ကြင္းဆက္လူသတ္မႈေတြ၊ မႈခင္းေတြနဲ႔ပတ္သက္ၿပီး စူးစမ္းတတ္တာေၾကာင့္ ရဲအုပ္ႀကီးေတြေတာင္ ေခါင္းစားရတဲ့အမႈကို အာရြန္းတစ္ေယာက္ အကြက္က်က် ေစ့ေစ့စပ္စပ္နဲ႔ ဘယ္လိုေဖာ္ထုတ္မလဲ?

လူသတ္သမားရဲ႕ရည္ရြယ္ခ်က္က ဘာလဲ?

ဘာေၾကာင့္ သက္တူရြယ္တူမိန္းကေလးေတြကိုပဲ ေရြးသတ္သလဲ?

ဆိုတာေတြကို ေယာင္းတုိ႔ကိုယ္တုိင္ ရင္တဒိတ္ဒိတ္နဲ႔ခံစားၾကည့္ရႈပါဦး။

Related Article >>> ေခ်ာက္ခ်ားစရာ အေကာင္းဆံုးလို႔ သတ္မွတ္ခံထားရတဲ့ ကိုရီးယားသရဲကား (၃)ကား

၂။ Imaikkaa Nodigal (IMDb 7.4/10)

Ratsasan နဲ႔ ရုပ္ရွင္ၾကာခ်ိန္ခ်င္း တူတာေတာင္ ဒီကားက ပိုရွည္ေနသလို ခံစားရပါတယ္။ Ratsasan ေလာက္ သိပ္မႀကိဳက္ေပမဲ့လည္း ဇာတ္လမ္းလွည့္ကြက္ေတြနဲ႔ စိတ္ဝင္စားဖုိ႔ေကာင္းတဲ့ ရုပ္ရွင္တစ္ကားလို႔ ဆိုရမွာပါ။

CBI အရာရွိ အန္ဂ်လီဟာ ရုဒရားဆိုတဲ့ ကြင္းဆက္လူသတ္သမားကို ဖမ္းဆီးပစ္ခတ္ၿပီးတဲ့ ေနာက္ပိုင္း ၅နွစ္ၾကာတဲ့အခါ ထပ္ၿပီး ရုဒရားနာမည္နဲ႔ လူသတ္မႈေတြ ျဖစ္လာပါတယ္။ အရင္ကရုဒရာအတုိင္းပဲ လူေတြကိုျပန္ေပးဆြဲတယ္၊ ရူပီးသန္း၂၀ေငြညစ္တယ္၊ ပိုက္ဆံရတာနဲ႔ ျပန္ေပးဆြဲခံရတဲ့လူကို အရွင္မထားဘဲ သတ္ၿပီး မိဘေတြဆီ ျပန္ပို႔တယ္။

အန္ဂ်လီအေနနဲ႔ ဘယ္လုိပဲလွည့္ကြက္ေတြသံုးသံုး ဉာဏ္မ်ားတဲ့လူသတ္သမားေၾကာင့္ ဘယ္လိုမွမေဖာ္ထုတ္ႏိုင္ခဲ့ပါဘူး။ ဒီၾကားထဲ ေကာင္မေလးနဲ႔ျပတ္ၿပီး အသည္းကြဲေနတဲ့ အန္ဂ်လီရဲ႕ေမာင္ေလး ဆရာဝန္အာဂၽြန္းကလည္း သူ႔ေကာင္မေလးကို ျပန္သြားေတြ႔ရင္း ဒီလူသတ္သမားရဲ႕ လွည့္ကြက္ေတြထဲမွာ ဒုကၡေရာက္ရေသး။

ရုဒရားက ဘယ္သူလဲ?

အန္ဂ်လီသတ္လုိက္တဲ့ရုဒရားနဲ႔ အခုေပၚလာတဲ့ရုဒရားနဲ႔က တူတူပဲလား?

ေနာက္ဆံုးလူသတ္သမားကို ဘယ္လိုစစ္ေဆးေဖာ္ထုတ္မလဲဆိုတာကိုေတာ့ ဇာတ္ကားထဲမွာပဲ ၾကည့္လိုက္ေတာ့ေနာ္။

Related Article >>> မႈခင္းေတြကို အေျခခံထားတဲ့ ထိုင္းသရဲကား (၂)ကား

၃။ U Turn (IMDb 7/10)

ဒီကားလည္း အစပိုင္းခပ္ေအးေအးနဲ႔ ေနာက္ပိုင္းဇာတ္ရွိန္ျမင့္ၿပီး ရင္တဒိတ္ဒိတ္ ျဖစ္ေနေစမယ့္ရုပ္ရွင္ကားပါ။ ဇာတ္လမ္းအစေလးေတာ့ ေျပာျပမယ္ေနာ္… ဇာတ္လမ္းအမ်ိဳးအစားေတြ ဘာေတြ ေျပာျပလိုက္ရင္ေတာ့ ၾကည့္ရတာ ေပါ့သြားမွာစိုးလို႔ပါ ေယာင္းတို႔ေရ…

ရာခ်ာနားဆိုတဲ့ သတင္းေထာက္မေလး တစ္ေယာက္က သူရုံးသြား၊ ရုံးျပန္ ျဖတ္ေနတဲ့ ကုန္းေက်ာ္တံတားတစ္ခုမွာ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ေဖာက္ဖ်က္ေနတဲ့ သူေတြကို အင္တာဗ်ဴးခ်င္ေနတာပါ။ ဒါေၾကာင့္လည္း ကုန္းတံတားေပၚမွာ အိပ္ေနတဲ့ သူေတာင္းစာအဘိုးအုိအကူအညီနဲ႔ ဂငယ္ေကြ႔ေကြ႔သြားတဲ့ သူေတြရဲ႕ ဆိုင္ကယ္နံပါတ္ကုိ မွတ္၊ လိပ္စာကို စံုစမ္းၿပီး သူ႔မွတ္စုထဲ ေရးမွတ္ထားပါတယ္။ ပထမဆံုး ဆြန္ဒါဆိုတဲ့ လူတစ္ေယာက္ဆီကို အင္တာဗ်ဴးဖို႔သြားပါတယ္။ တံခါးေခါက္ၿပီး ဘယ္သူမွ ထြက္မလာတာေၾကာင့္ လက္ေလွ်ာ့လာခဲ့ရပါတယ္။

ကံမေကာင္းခ်င္ေတာ့ သူထြက္သြားၿပီး မၾကာခင္ေလးမွာ ဆြန္ဒါရဲ႕ အေလာင္းကို အိမ္ထဲမွာ ရွာေတြ႔တာပါပဲ။ ရဲေတြကလည္း ရာခ်ာနားကို မသကၤာမႈေတြနဲ႔ စံုစမ္းတဲ့အခါ ရာခ်ာနား မွတ္စုထဲမွာ မွတ္ထားတဲ့လူတုိင္း ေသၿပီးသားျဖစ္ေနပါတယ္။ နာယာ့ခ္ဆိုတဲ့ ရဲအရာရွိကလည္း ဒီမႈခင္းနဲ႔ပတ္သက္ၿပီး သည္းသည္းမည္းမည္း စံုစမ္းၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့….

ေယာင္းတုိ႔ကိုယ္တုိင္ပဲၾကည့္လိုက္ေနာ္…

ကဲ..ကဲ..အက္ဒမင္လည္း ၾကည့္ေကာင္းမယ့္ ရုပ္ရွင္ကားေလးေတြ ေဖာက္သည္ခ်ေပးလိုက္ၿပီမို႔ ေယာင္းတုိ႔လည္း ေယာင္းတို႔ ၾကည့္ဖူးၿပီးသား မႈခင္းနဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားစရာ ေကာင္းတဲ့ရုပ္ရွင္ကားေလးေတြ မွ်ေဝေပးခဲ့ေနာ္။ ဒီကားေတြရဲ႕ ျမန္မာစာတန္းထိုးေတြကို ဘယ္က ေဒါင္းၾကည့္ရမလဲဆိုတာ သိတယ္ဟုတ္? 😛

Christina (For Her Myanmar)

<<< Unicode >>>

ကဲ.. ကဲ… ဘာလုပ်နေတာလဲ သွားဒေါင်းကြတော့လေ.. 😛 

ခုနောက်ပိုင်း အိန္ဒိယရုပ်ရှင်ကားတွေမှာလည်း ဂျင်းကားတွေများပါတယ်။ နာမည်ကြီးမင်းသားတွေသုံးပြီး ပေါမှန်းမသိ ပေါသွားတဲ့ကားတွေကို မနည်းလှဘူးပေါ့… ဒါပေမဲ့ ကားတိုင်းမကောင်းဘူးလို့လည်း ခြုံပြောလို့ မရပြန်ပါဘူး… တကယ်ကို ယုတ္တိကျကျနဲ့ rating ကောင်းတဲ့ ရုပ်ရှင်လေးတွေ ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ ဟောလိဝုဒ်မှာ မှုခင်းနဲ့ ပတ်သက်ပြီး Rating ကောင်းဖို့ဆိုတာ အတော်ကို ရှားပါးတဲ့ အနေအထားပေါ့… ဆိုပေမဲ့လည်း အခုအက်ဒမင်ပြောပြပေးမယ့် ရုပ်ရှင်ကားလေးတွေကတော့ rating ကောင်းကောင်းလေးနဲ့ ယောင်းတို့ စိတ်ဝင်စားနိုင်လောက်မယ့် ရုပ်ရှင်ကားလေးတွေဖြစ်လို့ အချိန်ရရင် ကြည့်ဖို့ တိုက်တွန်းပါရစေ။

၁။ Ratsasan (IMDb 8.9/10)

အချိန်တွေ ဝှစ်ခနဲ ဘယ်လိုတောင် ကုန်သွားလဲ မသိဘူး လို့ ဒီကားကြည့်ရင်း တွေးမိကြပါလိမ့်မယ် ယောင်းတို့ရေ…. spoiler မထိတထိပြောရမယ်ဆို သက်တူရွယ်တူ ကျောင်းသူ မိန်းကလေးတွေ ပျောက်ဆုံးရာကစတာပါ။  ချန်နိုင်းမြို့မှာ ဒီကွင်းဆက်လူသတ်မှုက ပွက်လောရိုက်နေပြီး ရဲတွေလည်း ခေါင်းစားနေပါပြီ။

ဒီအမှုကို အကွက်ကျကျဖြေရှင်းမယ့်သူကတော့ အက်ဒမင့်ခရပ်ရှ်ပါ..အဲလေ..စိတ္တဇကွင်းဆက်လူသတ်သမားတွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်ရိုက်ချင်နေတဲ့ ဒါရိုက်တာ ခရေဇီ အာရွန်းပါပဲ။ ထုတ်လုပ်သူတွေဆီကနေ အငြင်းခံရပေါင်းများတဲ့နောက်ပိုင်း မိသားစုရဲ့တိုက်တွန်းမှုကြောင့် ယောက်ဖဖြစ်သူ ရဲအရာရှိရဲ့အကူအညီနဲ့ ရဲသားတစ်ယောက် ဖြစ်လာပါတော့တယ်။

နဂိုတည်းက ကွင်းဆက်လူသတ်မှုတွေ၊ မှုခင်းတွေနဲ့ပတ်သက်ပြီး စူးစမ်းတတ်တာကြောင့် ရဲအုပ်ကြီးတွေတောင် ခေါင်းစားရတဲ့အမှုကို အာရွန်းတစ်ယောက် အကွက်ကျကျ စေ့စေ့စပ်စပ်နဲ့ ဘယ်လိုဖော်ထုတ်မလဲ?

လူသတ်သမားရဲ့ရည်ရွယ်ချက်က ဘာလဲ?

ဘာကြောင့် သက်တူရွယ်တူမိန်းကလေးတွေကိုပဲ ရွေးသတ်သလဲ?

ဆိုတာတွေကို ယောင်းတို့ကိုယ်တိုင် ရင်တဒိတ်ဒိတ်နဲ့ခံစားကြည့်ရှုပါဦး။

Related Article >>> ချောက်ချားစရာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကိုရီးယားသရဲကား (၃)ကား

၂။ Imaikkaa Nodigal (IMDb 7.4/10)

Ratsasan နဲ့ ရုပ်ရှင်ကြာချိန်ချင်း တူတာတောင် ဒီကားက ပိုရှည်နေသလို ခံစားရပါတယ်။ Ratsasan လောက် သိပ်မကြိုက်ပေမဲ့လည်း ဇာတ်လမ်းလှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားလို့ ဆိုရမှာပါ။

CBI အရာရှိ အန်ဂျလီဟာ ရုဒရားဆိုတဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးပစ်ခတ်ပြီးတဲ့ နောက်ပိုင်း ၅နှစ်ကြာတဲ့အခါ ထပ်ပြီး ရုဒရားနာမည်နဲ့ လူသတ်မှုတွေ ဖြစ်လာပါတယ်။ အရင်ကရုဒရာအတိုင်းပဲ လူတွေကိုပြန်ပေးဆွဲတယ်၊ ရူပီးသန်း၂၀ငွေညစ်တယ်၊ ပိုက်ဆံရတာနဲ့ ပြန်ပေးဆွဲခံရတဲ့လူကို အရှင်မထားဘဲ သတ်ပြီး မိဘတွေဆီ ပြန်ပို့တယ်။

အန်ဂျလီအနေနဲ့ ဘယ်လိုပဲလှည့်ကွက်တွေသုံးသုံး ဉာဏ်များတဲ့လူသတ်သမားကြောင့် ဘယ်လိုမှမဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဒီကြားထဲ ကောင်မလေးနဲ့ပြတ်ပြီး အသည်းကွဲနေတဲ့ အန်ဂျလီရဲ့မောင်လေး ဆရာဝန်အာဂျွန်းကလည်း သူ့ကောင်မလေးကို ပြန်သွားတွေ့ရင်း ဒီလူသတ်သမားရဲ့ လှည့်ကွက်တွေထဲမှာ ဒုက္ခရောက်ရသေး။

ရုဒရားက ဘယ်သူလဲ?

အန်ဂျလီသတ်လိုက်တဲ့ရုဒရားနဲ့ အခုပေါ်လာတဲ့ရုဒရားနဲ့က တူတူပဲလား?

နောက်ဆုံးလူသတ်သမားကို ဘယ်လိုစစ်ဆေးဖော်ထုတ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်တော့နော်။

Related Article >>> မှုခင်းတွေကို အခြေခံထားတဲ့ ထိုင်းသရဲကား (၂)ကား

၃။ U Turn (IMDb 7/10)

ဒီကားလည်း အစပိုင်းခပ်အေးအေးနဲ့ နောက်ပိုင်းဇာတ်ရှိန်မြင့်ပြီး ရင်တဒိတ်ဒိတ် ဖြစ်နေစေမယ့်ရုပ်ရှင်ကားပါ။ ဇာတ်လမ်းအစလေးတော့ ပြောပြမယ်နော်… ဇာတ်လမ်းအမျိုးအစားတွေ ဘာတွေ ပြောပြလိုက်ရင်တော့ ကြည့်ရတာ ပေါ့သွားမှာစိုးလို့ပါ ယောင်းတို့ရေ…

ရာချာနားဆိုတဲ့ သတင်းထောက်မလေး တစ်ယောက်က သူရုံးသွား၊ ရုံးပြန် ဖြတ်နေတဲ့ ကုန်းကျော်တံတားတစ်ခုမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်နေတဲ့ သူတွေကို အင်တာဗျူးချင်နေတာပါ။ ဒါကြောင့်လည်း ကုန်းတံတားပေါ်မှာ အိပ်နေတဲ့ သူတောင်းစာအဘိုးအိုအကူအညီနဲ့ ဂငယ်ကွေ့ကွေ့သွားတဲ့ သူတွေရဲ့ ဆိုင်ကယ်နံပါတ်ကို မှတ်၊ လိပ်စာကို စုံစမ်းပြီး သူ့မှတ်စုထဲ ရေးမှတ်ထားပါတယ်။ ပထမဆုံး ဆွန်ဒါဆိုတဲ့ လူတစ်ယောက်ဆီကို အင်တာဗျူးဖို့သွားပါတယ်။ တံခါးခေါက်ပြီး ဘယ်သူမှ ထွက်မလာတာကြောင့် လက်လျှော့လာခဲ့ရပါတယ်။

ကံမကောင်းချင်တော့ သူထွက်သွားပြီး မကြာခင်လေးမှာ ဆွန်ဒါရဲ့ အလောင်းကို အိမ်ထဲမှာ ရှာတွေ့တာပါပဲ။ ရဲတွေကလည်း ရာချာနားကို မသင်္ကာမှုတွေနဲ့ စုံစမ်းတဲ့အခါ ရာချာနား မှတ်စုထဲမှာ မှတ်ထားတဲ့လူတိုင်း သေပြီးသားဖြစ်နေပါတယ်။ နာယာ့ခ်ဆိုတဲ့ ရဲအရာရှိကလည်း ဒီမှုခင်းနဲ့ပတ်သက်ပြီး သည်းသည်းမည်းမည်း စုံစမ်းပြီးတဲ့ နောက်ပိုင်းမှာတော့….

ယောင်းတို့ကိုယ်တိုင်ပဲကြည့်လိုက်နော်…

ကဲ..ကဲ..အက်ဒမင်လည်း ကြည့်ကောင်းမယ့် ရုပ်ရှင်ကားလေးတွေ ဖောက်သည်ချပေးလိုက်ပြီမို့ ယောင်းတို့လည်း ယောင်းတို့ ကြည့်ဖူးပြီးသား မှုခင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ရုပ်ရှင်ကားလေးတွေ မျှဝေပေးခဲ့နော်။ ဒီကားတွေရဲ့ မြန်မာစာတန်းထိုးတွေကို ဘယ်က ဒေါင်းကြည့်ရမလဲဆိုတာ သိတယ်ဟုတ်? 😛

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *