FUN Movie Reviews

Comedyနဲ႔ Drama အရသာကို အျပည့္အဝ ခံစားရေစမယ့္ Friendzone ရုပ္ရွင္

သူငယ္ခ်င္းမက ရည္းစားမက်ေတြ ၾကည့္ကိုၾကည့္သင့္ပါတယ္ေနာ္ 🤧 🤧

ထိုင္းဟာသကား ဆို အိုဗာအိုက္တင္ေတြမ်ားလို႔ အက္ဒ္မင္ သြားမၾကည့္ျဖစ္တာ ၾကာပါၿပီ။ ဒါေပမဲ့ မေန႔က သြားၾကည့္ခဲ့တဲ့ friendzone ရုပ္ရွင္ကေတာ့ အက္ဒ္မင့္ရဲ႕ စိတ္အစံုကို ေခၚေဆာင္သြားတဲ့အထိ ဆြဲေဆာင္ခဲ့တဲ့ ဟာသကားေကာင္းမို႔ reviewေလး ေရးပါရေစ….

နီးခ်င္ရက္နဲ႔ မနီးႏိုင္ဘဲ ဟိုမေရာက္၊ဒီမေရာက္ ေျခခ်ဳပ္ခံေနရတဲ့ ဘဝဟာ friendzone ပါ။ ဒါေၾကာင့္ Friendzone ဆိုတာ ေထာင္ အမ်ိဳးအစားေနာက္တစ္မ်ိဳးလို႔ ဆိုတတ္ၾကပါတယ္။ဒါေပမဲ့ ေယာင္းတို႔သိပါသလား တခ်ိဳ႕Friendzoneေတြဟာ ခ်စ္မိသူကိုယ္တိုင္က တည္ေဆာက္ခဲ့တာေၾကာင့္ မေဝးခ်င္ဘဲ ေဝးသြားရတယ္ ဆိုတာ ….

ဟုတ္ပါတယ္။ အခု အရမ္းေရပန္းစားေနတဲ့ ” Friendzone” ရုပ္ရွင္ ဟာ ကိုယ္တိုင္က ခ်စ္ပါရက္နဲ႔ friendzone ေဆာက္မိလို႔ ဆယ္စုႏွစ္တစ္စုေလာက္ထိ မေဝးသင့္ဘဲ ေဝးသြားၾကသူ ႏွစ္ဦးအေၾကာင္းကို ဟာသ နဲ႔ ဒရာမာ ေႏွာၿပီး ရိုက္ထားတာပါ။

ဇာတ္လမ္းအက်ဥ္းကိုေျပာရရင္….

အခ်ိန္ကာလကေတာ့ ၂၀၀၉ခုႏွစ္ျဖစ္ၿပီး အထက္တန္းေက်ာင္းတက္ေနတဲ့ Palm( Nine) နဲ႔ Gink (Baifern) ဟာ partners-in-crime လို႔ ဆိုရမယ့္ သူငယ္ခ်င္း၂ေယာက္ပါ။ ဘာမဆို တဇြတ္ထိုးလုပ္တတ္ၿပီး ျပႆနာရွာတတ္တဲ့ Gink ရဲ႕ အနားမွာ ေအးေဆးတည္ၿငိမ္တဲ့ Palm ဟာ ၾကံရာပါအျဖစ္ အၿမဲတမ္းရွိေနတတ္ပါတယ္။

Related article>>>ခ်စ္ျခင္းေမတၱာနဲ႔ လူသားခ်င္းစာနာမႈအတြက္ဆို ဒီရုပ္ရွင္(၂)ကားကို ၾကည့္ၾကည့္ပါ။

Palm ဟာ Gink ကို ၁၅၀၀အခ်စ္နဲ႔ တိတ္တဆိတ္ခ်စ္ေနခဲ့ေပမဲ့ relationship အဆင့္ထဲ မဝင္ဘဲ “friendzone”ထဲမွာေနျခင္းကသာလၽွင္ Gink နဲ႔ ဘယ္ေတာ့မွ မျပတ္တဲ့နည္းလို႔ သတ္မွတ္ထားသူပါ။

Palm တစ္ေယာက္မသိတာကေတာ့ Gink ကလည္း သူ႔ကို ခ်စ္ေနတယ္ဆိုတာပါပဲ။ ဒါကို မသိတဲ့ Palm ဟာ Gink ကို “သူငယ္ခ်င္းလို ခ်စ္ပါတယ္” လို႔ စကားေျပာ မွားသြားခဲ့ပါတယ္။

Palmေျပာသြားတာေတာ့ စကားေလး တစ္ခြန္းပါပဲ။ ဒါေပမဲ့ ဒီတစ္ခြန္းကပဲ သူတို႔ႏွစ္ေယာက္ကို ေနာက္ဆယ္ႏွစ္အထိ ေဝးသြားေစခဲ့ပါတယ္။

ေနာင္ဆယ္ႏွစ္ေနလို႔ ၂၀၁၉ေရာက္တဲ့အခါ Palm လည္း ဆိုင္သူရည္းစားရွိေနၿပီး Gink မွာလည္း အတူေန ခ်စ္သူရွိေနပါၿပီ။ ဒါေပမဲ့ Palm တစ္ေယာက္ သူ႔ရဲ႕ ငယ္ခ်စ္ဦး Gink ကို ဒီထက္ပိုၿပီး လက္လႊတ္ဆံုးရွံုးမခံႏိုင္ေတာ့မွန္း သိလာတဲ့အခါ…. Palm အေနနဲ႔ Friendzone ထဲကေန ရုန္းထြက္ႏိုင္ပါ့မလား….

Palm ဘက္ကစၿပီး Friendzone ကန္႔ခဲ့တာေၾကာင့္ Palm ကို “လိုသံုး” လိုသာ သေဘာထားေတာ့တဲ့ ေခါင္းမာသူ တစ္ဇြတ္ထိုးမိန္းကေလး Gink နဲ႔ေကာ ျပန္နီးစပ္ႏိုင္ပါ့မလား?

Palm တစ္ေယာက္ ဆယ္ႏွစ္ေလာက္ တည္ေဆာက္ခဲ့တဲ့ Friendzone ကို Gink နဲ႔ ခ်စ္သူေတြ ျဖစ္ႏိုင္ဖို႔အတြက္ ဘယ္လိုမ်ိဳး ေခ်ဖ်က္သြားလဲဆိုတာ
ဟာသနဲ႔ ဒရာမာ ေရာေႏွာၿပီး ၾကည့္ရႈရမွာပါ။

ဒီဇာတ္လမ္းကို ထိုင္း၊ ကေမၻာဒီးယား၊ မေလးရွား၊ ေဟာင္ေကာင္နဲ႔ ျမန္မာနိုင္ငံအထိ ႏိုင္ငံေပါင္းစံုရဲ႕ အလွဆံုး ေနရာေတြမွာ ေသခ်ာ လာရိုက္သြားတာမို႔ အေတာ္ေလး ၾကည့္ေပ်ာ္တဲ့ ဇာတ္လမ္းတစ္ခုပါ။

ေနာက္ၿပီး ဒီထိုင္းရုပ္ရွင္ရဲ႕ ထူးျခားခ်က္က တျခားထိုင္းဟာသ/သရုပ္ေဆာင္ေတြလို အိုဗာအိုက္တင္၊ အိုဗာမိတ္ကပ္အျပင္အဆင္ လံုးဝမျဖစ္ဘဲနဲ႔ အစကေန အဆံုးအထိ သဘာဝက်က် ခံစားရေအာင္ ေသခ်ာအားထုတ္ထားတဲ့ ဇာတ္ကားပါ။

Related article>>>ေယာင္းေယာင္းတို႔ေျပာတဲ့ အႀကိဳက္ဆံုး ရုပ္ရွင္ေတြ အေၾကာင္း

Comedy အရသာကို အျပည့္အဝခံစားရေစတဲ့ ဒီရုပ္ရွင္မွာ ရိုးရွင္းတဲ့ဒိုင္ယာေလာ့ခ္ေလး တစ္ေၾကာင္းကအစ အူတက္ေနေအာင္ ရယ္ရပါတယ္။ ျပႆနာအိုးမေလး Gink နားမွာ တြယ္ကပ္ေနရင္းနဲ႔ Palm တစ္ေယာက္ ဘယ္လိုေတြ ဒုကၡေရာက္ရလဲဆိုတာကို ႏိုင္ငံေပါင္းစံုအထိ သြားၿပီး သဘာဝက်က် ရိုက္ထားတာပါ။ (အက္ဒ္မင္ဆို အရယ္လြန္သြားလို႔ ကိုယ့္ကိုယ္ကို မနည္းျပန္ထိန္းရတယ္:3 )

ရယ္လည္းရယ္ရသလို အေတာ္ေလးလည္း ရင္ထဲနင့္ေနေအာင္ေၾကကြဲရတဲ့ ဇာတ္လမ္းဆိုလည္း မမွားပါဘူး။ လူေတြ မျမင္ၾကတဲ့၊ ဟာသလို သေဘာထားၾကတဲ့ Friendzone သမား တစ္ေယာက္ရဲ႕ ေပးဆပ္မႈေတြ၊ ေၾကကြဲမႈ ဒုကၡေတြ၊ မခ်ိတင္ကဲျဖစ္မႈေတြကို ဒီရုပ္ရွင္က ကြက္ကြက္ကြင္းကြင္းျမင္ေအာင္ ရိုက္ျပထားလို႔ပါပဲ။

Friendzoneထဲက ရုန္းထြက္သင့္ မထြက္သင့္ ေဝခြဲရခက္ေနသူေတြ ဆို ဒီရုပ္ရွင္ၾကည့္ၿပီး သင္ခန္းစာေတြအမ်ားႀကီးရသြားမွာပါ😜

ရုပ္ရွင္က ႏွစ္နာရီေတာင္ၾကာေပမဲ့ အခ်ိန္ကုန္လို႔ကုန္သြားမွန္း ေတာင္ သိလိုက္မွာမဟုတ္ပါဘူး။ ရုံထဲမွာ အက်ယ္ႀကီး မရယ္မိဖို႔ရယ္၊ မ်က္ရည္သုတ္ဖို႔ တစ္ရႉးအဆင့္သင့္ေဆာင္ထားဖို႔ပဲ ေျပာပါရေစ….

By
Mia (For Her Myanmar)

Reference: imdb.com mydramalist.com

Photo reference: Mingalar Cinema

<<<Unicode>>>

သူငယ်ချင်းမက ရည်းစားမကျတွေ ကြည့်ကိုကြည့်သင့်ပါတယ်နော်  🤧 🤧

ထိုင်းဟာသကား ဆို အိုဗာအိုက်တင်တွေများလို့ အက်ဒ်မင် သွားမကြည့်ဖြစ်တာ ကြာပါပြီ။ ဒါပေမဲ့ မနေ့က သွားကြည့်ခဲ့တဲ့ friendzone ရုပ်ရှင်ကတော့ အက်ဒ်မင့်ရဲ့ စိတ်အစုံကို ခေါ်ဆောင်သွားတဲ့အထိ ဆွဲဆောင်ခဲ့တဲ့ ဟာသကားကောင်းမို့ reviewလေး ရေးပါရစေ….

နီးချင်ရက်နဲ့ မနီးနိုင်ဘဲ ဟိုမရောက်၊ဒီမရောက် ခြေချုပ်ခံနေရတဲ့ ဘဝဟာ friendzone ပါ။ ဒါကြောင့် Friendzone ဆိုတာ ထောင် အမျိုးအစားနောက်တစ်မျိုးလို့ ဆိုတတ်ကြပါတယ်။ဒါပေမဲ့ ယောင်းတို့သိပါသလား တချို့Friendzoneတွေဟာ ချစ်မိသူကိုယ်တိုင်က တည်ဆောက်ခဲ့တာကြောင့် မဝေးချင်ဘဲ ဝေးသွားရတယ် ဆိုတာ …..

ဟုတ်ပါတယ်။ အခု အရမ်းရေပန်းစားနေတဲ့ ” Friendzone” ရုပ်ရှင် ဟာ ကိုယ်တိုင်က ချစ်ပါရက်နဲ့ friendzone ဆောက်မိလို့ ဆယ်စုနှစ်တစ်စုလောက်ထိ မဝေးသင့်ဘဲ ဝေးသွားကြသူ နှစ်ဦးအကြောင်းကို ဟာသ နဲ့ ဒရာမာ နှောပြီး ရိုက်ထားတာပါ။

ဇာတ်လမ်းအကျဉ်းကိုပြောရရင်….

အချိန်ကာလကတော့ ၂၀၀၉ခုနှစ်ဖြစ်ပြီး အထက်တန်းကျောင်းတက်နေတဲ့ Palm( Nine) နဲ့ Gink (Baifern) ဟာ partners-in-crime လို့ ဆိုရမယ့် သူငယ်ချင်း၂ယောက်ပါ။ ဘာမဆို တဇွတ်ထိုးလုပ်တတ်ပြီး ပြဿနာရှာတတ်တဲ့ Gink ရဲ့ အနားမှာ အေးဆေးတည်ငြိမ်တဲ့ Palm ဟာ ကြံရာပါအဖြစ် အမြဲတမ်းရှိနေတတ်ပါတယ်။

Related article>>>ခ်စ္ျခင္းေမတၱာနဲ႔ လူသားခ်င္းစာနာမႈအတြက္ဆို ဒီရုပ္ရွင္(၂)ကားကို ၾကည့္ၾကည့္ပါ။

Palm ဟာ Gink ကို ၁၅၀၀အချစ်နဲ့ တိတ်တဆိတ်ချစ်နေခဲ့ပေမယ့် relationship အဆင့်ထဲ မဝင်ဘဲ “friendzone”ထဲမှာနေခြင်းကသာလျှင် Ginkနဲ့ ဘယ်တော့မှ မပြတ်တဲ့နည်းလို့ သတ်မှတ်ထားသူပါ။

Palm တစ်ယောက်မသိတာကတော့ Gink ကလည်း သူ့ကို ချစ်နေတယ်ဆိုတာပါပဲ။ ဒါကို မသိတဲ့ Palm ဟာ Gink ကို “သူငယ်ချင်းလို ချစ်ပါတယ်” လို့ စကားပြော မှားသွားခဲ့ပါတယ်။

Palmပြောသွားတာတော့ စကားလေး တစ်ခွန်းပါပဲ။ ဒါပေမဲ့ ဒီတစ်ခွန်းကပဲ သူတို့နှစ်ယောက်ကို နောက်ဆယ်နှစ်အထိ ဝေးသွားစေခဲ့ပါတယ်။

နောင်ဆယ်နှစ်နေလို့ ၂၀၁၉ရောက်တဲ့အခါ Palm လည်း ဆိုင်သူရည်းစားရှိနေပြီး Gink မှာလည်း အတူနေ ချစ်သူရှိနေပါပြီ။ ဒါပေမဲ့ Palm တစ်ယောက် သူ့ရဲ့ ငယ်ချစ်ဦး Gink ကို ဒီထက်ပိုပြီး လက်လွှတ်ဆုံးရှုံးမခံနိုင်တော့မှန်း သိလာတဲ့အခါ…. Palm အနေနဲ့ Friendzone ထဲကနေ ရုန်းထွက်နိုင်ပါ့မလား….

Palm ဘက်ကစပြီး Friendzone ကန့်ခဲ့တာကြောင့် Palm ကို “လိုသုံး” လိုသာ သဘောထားတော့တဲ့ ခေါင်းမာသူ တစ်ဇွတ်ထိုးမိန်းကလေး Gink နဲ့ကော ပြန်နီးစပ်နိုင်ပါ့မလား?

Palm တစ်ယောက် ဆယ်နှစ်လောက် တည်ဆောက်ခဲ့တဲ့ Friendzone ကို Gink နဲ့ ချစ်သူတွေ ဖြစ်နိုင်ဖို့အတွက် ဘယ်လိုမျိုး ချေဖျက်သွားလဲဆိုတာဟာသနဲ့ ဒရာမာ ရောနှောပြီး ကြည့်ရှုရမှာပါ။

ဒီဇာတ်လမ်းကို ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဟောင်ကောင်နဲ့ မြန်မာနိုင်ငံအထိ နိုင်ငံပေါင်းစုံရဲ့ အလှဆုံး နေရာတွေမှာ သေချာ လာရိုက်သွားတာမို့ အတော်လေး ကြည့်ပျော်တဲ့ ဇာတ်လမ်းတစ်ခုပါ။

နောက်ပြီး ဒီထိုင်းရုပ်ရှင်ရဲ့ ထူးခြားချက်က တခြားထိုင်းဟာသ/သရုပ်ဆောင်တွေလို အိုဗာအိုက်တင်၊ အိုဗာမိတ်ကပ်အပြင်အဆင် လုံးဝမဖြစ်ဘဲနဲ့ အစကနေ အဆုံးအထိ သဘာဝကျကျ ခံစားရအောင် သေချာအားထုတ်ထားတဲ့ ဇာတ်ကားပါ။

Related article>>>ေယာင္းေယာင္းတို႔ေျပာတဲ့ အႀကိဳက္ဆံုး ရုပ္ရွင္ေတြ အေၾကာင္း

Comedy အရသာကို အပြည့်အဝခံစားရစေတဲ့ ဒီရုပ်ရှင်မှာ ရိုးရှင်းတဲ့ဒိုင်ယာလော့ခ်လေး တစ်ကြောင်းကအစ အူတက်နေအောင် ရယ်ရပါတယ်။ ပြဿနာအိုးမလေး Gink နားမှာ တွယ်ကပ်နေရင်းနဲ့ Palm တစ်ယောက် ဘယ်လိုတွေ ဒုက္ခရောက်ရလဲဆိုတာကို နိုင်ငံပေါင်းစုံအထိ သွားပြီး သဘာဝကျကျ ရိုက်ထားတာပါ။ (အက်ဒ်မင်ဆို အရယ်လွန်သွားလို့ ကိုယ့်ကိုယ်ကို မနည်းပြန်ထိန်းရတယ်:3 )

ရယ်လည်းရယ်ရသလို အတော်လေးလည်း ရင်ထဲနင့်နေအောင်ကြေကွဲရတဲ့ ဇာတ်လမ်းဆိုလည်း မမှားပါဘူး။ လူတွေ မမြင်ကြတဲ့၊ ဟာသလို သဘောထားကြတဲ့ Friendzone သမား တစ်ယောက်ရဲ့ ပေးဆပ်မှုတွေ၊ ကြေကွဲမှု ဒုက္ခတွေ၊ မချိတင်ကဲဖြစ်မှုတွေကို ဒီရုပ်ရှင်က ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားလို့ပါပဲ။

Friendzoneထဲက ရုန်းထွက်သင့် မထွက်သင့် ဝေခွဲရခက်နေသူတွေ ဆို ဒီရုပ်ရှင်ကြည့်ပြီး သင်ခန်းစာတွေအများကြီးရသွားမှာပါ။

ရုပ်ရှင်က နှစ်နာရီတောင်ကြာပေမဲ့ အချိန်ကုန်လို့ကုန်သွားမှန်း တောင် သိလိုက်မှာမဟုတ်ပါဘူး။ ရုံထဲမှာ အကျယ်ကြီး မရယ်မိဖို့ရယ်၊ မျက်ရည်သုတ်ဖို့ တစ်ရှူးအဆင့်သင့်ဆောင်ထားဖို့ပဲ ပြောပါရစေ….

By

Mia (For Her Myanmar)

Reference: imdb.com mydramalist.com

Photo reference: Mingalar Cinema

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *