FUN Letters From Heart

စိတ်အလိုမကျဖြစ်တဲ့အခါ ဒါလေးတွေကို သတိရပါ။

အဲ့လိုပဲ စိတ်ကို ဖြေရတာပေါ့။ 

ယောင်းတို့ရေ.. အက်ဒ်မင်တို့ကော ယောင်းတို့ကော တစ်ချိန်မဟုတ် တစ်ချိန် အကြောင်းတစ်ခုမဟုတ် တစ်ခုနဲ့ စိတ်အလိုမကျတွေဖြစ်ရတယ်ဟုတ်? အဲ့လိုအခြေအနေမျိုးမှာ စိတ်ကို အလိုလိုက် လိုက်ရင် အရင်ဆုံး ဒေါသဖြစ်လာမယ်၊ ပြီးရင်တော့ ဒေါသအလျောက် ပြောထွက်မိတဲ့စကားတွေ၊ လုပ်လိုက်မိတဲ့ လုပ်ရပ်တွေက နောင်တစ်ချိန်မှာ နောင်တရစရာတွေ ဖြစ်လာပါလိမ့်မယ်။ ဆိုတော့ စိတ်အလိုမကျများဖြစ်ခဲ့ရင် ဒါလေးတွေကို သတိရပေးပါလို့ အက်ဒ်မင်က အကြံပြုချင်ပါတယ်နော်… ဘာတွေလဲဆိုတော့…

  • သူက ငါမဟုတ်ဘူး သူကလည်း ငါမဟုတ်ဘူးဆိုပြီး ကိုယ့်စိတ်ကိုယ် သတိပေးနေပါ။
  • ဒါက ကိစ္စသေးသေးလေး ငါဖြေရှင်းနိုင်တယ်လို့တွေးပါ။
  • ငါ ဒီထက်ဆိုးတာတွေတောင်ကြုံခဲ့ပြီးပြီပဲ ဒီလောက်ကတော့ စာမဖွဲ့လောက်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် အားပေးပါ။
  • လုပ်ကိုလုပ်ရမယ်ဆိုတဲ့အလုပ် လုပ်လိုက်တာ အကောင်းဆုံးလို့တွေးပါ။ (မြန်မြန်နဲ့ ပြည့်ပြည့်စုံစံပြီးသွားတော့ နောက်ထပ် ပတ်သက်ဆက်နွယ်စရာ မရှိတော့ဘူးပေါ့)
  • ကိုယ့်အတွက် စိတ်အလိုမကျစရာကောင်းတဲ့သူနားကနေ ခွာနေပါ ။ မြင်နေရင် ဒေါသပိုတိုးတတ်တာမို့ ငါးမိနစ်လောက်ဖြစ်ဖြစ် သူ့ကို မျက်လုံးထဲကနေ ထုတ်ပစ်လိုက်ပါ။

Related Article >>> စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်းများ

  • အာရုံလွှဲလိုက်ပါ။ ဂိမ်းကစားတာဖြစ်ဖြစ် တစ်ခြားမဆိုင်တဲ့သူနဲ့ စကားတွေ ဖောင်ဖွဲ့ပြောနေတာဖြစ်ဖြစ် တစ်ခုခုကို သင်ယူနေလိုက်တာပဲဖြစ်ဖြစ်ပေါ့။
  • အိပ်ပါ အခြေအနေပေးရင် အားပါးတရအိပ်ပစ်လိုက်ပါ။ အိပ်ပြီးမှ ပြန်နိုးလာရင် စိတ်အလိုမကျတာတွေက သိပ်ဆိုးဆိုးဝါးဝါး မဟုတ်တော့သလို ခံစားရသက်သာစေမှာပါ။
  • ကိုယ်ကိုင်စွဲနေကျ ဆောင်ပုဒ်ကို ထပ်ခါတလဲလဲ ရွတ်ပါ ။ ငါလုပ်နိုင်တယ် ငါသည်းခံနိုင်တယ် အစရှိသဖြင့် ကိုယ့်စိတ်ရှုပ်တာကို လျော့သွားစေမယ့် ကိုယ်လက်ကိုင်ထားတဲ့ ဆောင်ပုဒ် တစ်ခုခုပေါ့။
  • ငြင်းတတ်ပါစေ။ ကိုယ်မလုပ်နိုင်တာကို ခိုင်းတာဖြစ်ဖြစ် အကူအညီဇွတ်တာဖြစ်ဖြစ် အဆင်မပြေရင် ငြင်းတတ်ပါစေ ။ မလုပ်နိုင်တာကို စိတ်ရှုပ်ခံနေတာထက် ငြင်းသင့်တဲ့ကိစ္စကို ဝန်မလေးပါနဲ့။ မငြင်းတတ်ရင် ပိုလို့ စိတ်အလိုမကျဖြစ်ရတဲ့ ကိစ္စတွေ တိုးလာနိုင်ပါတယ်။
  • ငါ့မှာ ဒီထက် အရေးကြီးတာတွေ အများကြီးလုပ်စရာရှိသေးတယ် ။ သူ့ကိုစိတ်တိုနေတာတွေ ၊ စိတ်အလိုမကျရတာတွေနဲ့ အချိန်ကုန်လို့မဖြစ်ဘူးလို့ ပိုအရေးကြီးတာကို သတိရပါစေ။
  • အရာရာတိုင်းကပြောင်းလဲနေတယ် မတည်မြဲဘူး။ ဘာမှမတည်မြဲဘူးလို့ သဘောထားနိုင်အောင် လုပ်ပါ။

ကဲ.. ဒီနည်းလမ်းလေးတွေနဲ့ဆို ယောင်းတို့စိတ်အလိုမကျဖြစ်တဲ့အချိန်တွေကို သာသာယာယာကျော်လွှားလို့ ရပြီပေါ့။ အဆင်ပြေရင် ပြန်လာပြောပြဦးနော်…

Wai Zin ( For Her Myanmar )

Wai Zin
နာမည်ကတော့ ဝေဇင်ဦး ပါ။အသက်ကတော့ ၂၄ ။စာပေနဲ့ပတ်သက်ရင် ဝါသနာက တားမနိုင်စီးမရ မို့လို့ စာတွေရေးရမယ်ဆို ထမင်းမေ့ ဟင်းမေ့တတ်တဲ့သူပေါ့။ အမျိုးသမီးထု အတွက် တစ်တပ်တစ်အားဖြစ်ရမယ် ဆိုတဲ့ ခံယူချက်ကို လက်ကိုင်ထားရင်း စာတွေပိုရေးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *