FUN Knowledge
လက်စွပ်ဝတ်ဆင်ပုံတွေက ပြောပြနေတဲ့ ယောင်းတို့အကြောင်း
ပိုင်ရှင်ရှိတယ်ထင်ပြီး ခရပ်ရှ်ကြီး နောက်ပြန်လှည့်သွားမှ ဒုက္ခ 🥺
  • လက်သန်း
  • လက်သန်းကြွယ်
  • လက်ခလယ်
ယောင်းတို့ရဲ့ ဘယ်ဖက်လက်ခလယ်မှာ လက်စွပ်ကို ဝတ်ဆင်ထားရင်တော့ ယောင်းက လေးနက်တည်ကြည်မှုနဲ့ တာဝန်ယူလိုမှုကို လိုလားသူတစ်ယောက်လို့ အဓိပ္ပာယ်ရပါတယ်နော်။
  • လက်ညှိုး
  • လက်မ
ဘယ်ဖက် လက်မမှာဝတ်ဆင်ထားမယ်ဆိုရင်တော့ ယောင်းတို့က တခြားလူတွေကို အလွယ်တကူ ဦးဆောင်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်တဲ့ ယောင်းတို့ရေ..
လက်စွပ်ဝတ်ရတာမကြိုက်နှစ်သက်တဲ့ ယောင်းတွေကိုတော့ စိတ်လွတ်ကိုယ်လွတ်နေချင်သူ ၊ လွတ်လပ်ခြင်းကို မြတ်နိုးတဲ့သူ၊ ချုပ်ချယ်တာကို မကြိုက်တဲ့သူ ၊ ဖြစ်လာသမျှကို ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုသူလို့ အဓိပ္ပာယ်ရပါတယ်နော်။
ချစ်ရတဲ့ မင်မင်
DiDi (For Her Myanmar)
<<< Unicode >>>
ပိုင်ရှင်ရှိတယ်ထင်ပြီး ခရပ်ရှ်ကြီး နောက်ပြန်လှည့်သွားဦးမှ ဒုက္ခ 🥺
ယောင်းတို့ရေ…. ယောင်းတို့လက်ချောင်းလေးတွေမှာ ဆင်မြန်းတတ်တဲ့ လက်စွပ်ဝတ်ဆင်ပုံလေးတွေက အဓိပ္ပာယ်အမျိုးမျိုးသက်ရောက်နေတာကို သိပြီးကြပြီလား။ အမှုမဲ့အမှတ်မဲ့နဲ့ ယောင်းတို့အားသန်ရာ လက်ချောင်းလေးတွေမှာ ဝတ်လိုက်ပေမဲ့ ဝတ်ဆင်ပုံအဓိပ္ပါယ်တွေကို သိနေတဲ့လူတွေက ယောင်းတို့အကြောင်းကို လွယ်လွယ်ကောက်ချက်တွေချလိုက်နိုင်ပါတယ်။ 🤧
ကိုယ်ကတော့ ဒီလက်စွပ်လေးကို ဒီလက်ချောင်းလေးမှာ ဝတ်လိုက်ရင် ပိုလိုက်ဖက်မယ် ၊ ပိုလှသွားမယ်လို့ ရိုးရိုးလေးပဲ တွေးပြီး ဝတ်လိုက်တာပေမဲ့ ယောင်းရွေးချယ်လိုက်တဲ့ လက်ချောင်းလေးပေါ်မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုး ကွဲထွက်သွားတာမို့ ဘယ်လက်ချောင်းလေးပေါ်မှာ ဝတ်လိုက်ရင် ဘယ်လို အဓိပ္ပာယ်မျိုးလဲဆိုတာ ဖော်ပြပေးမယ်နော် ယောင်းတို့။ 🤗
  • လက်သန်
းယောင်းတို့ရဲ့ ညာဖက်လက်သန်းမှာ လက်စွပ်ကို ဝတ်ဆင်ထားမယ်ဆိုရင်တော့  ယောင်းဟာ ချစ်သူရည်းစားထားဖို့ စိတ်မဝင်စားသူတစ်ယောက်လို့ အဓိပ္ပာယ် ရပါတယ်။ (အချေလက်လို့ပြောရင် မမှားပါဘူး 🙄 )
ယောင်းက ဘယ်ဖက်လက်သန်းမှာ လက်စွပ်ဝတ်ဆင်ထားမယ်ဆိုရင်တော့ ယောင်းက အိမ်ထောင်ပြုဖို့ဆန္ဒမရှိတဲ့သူဆိုပြီး အဓိပ္ပာယ်သက်ရောက်ပါတယ်တဲ့ ယောင်းရေ။ (တစ်ကိုယ်တော် အပျိုကြီးလုပ်ချင်တဲ့ယောင်းတို့ ဒီလက်ချောင်းလေးမှာသာ ဝတ်ထားလိုက်တော့ 🥰 )
  • လက်သန်းကြွယ်
ညာဖက်လက်သန်းကြွယ်မှာ လက်စွပ်ဝတ်ဆင်ထားမယ်ဆိုရင်တော့ ယောင်းက စေ့စပ်ထားပြီးသားလို့ ယူဆနိုင်ပါတယ်။ (မှားဝတ်ထားမိတော့လည်း လူထင်ကြီးခံရနည်းသလား 😜 )
ဘယ်ဖက် လက်သူကြွယ်မှာ ဝတ်ဆင်ထားရင်တော့ ယောင်းတို့က လက်ထပ်ပြီးသားပါတဲ့။ (ဒီလက်မှာ မှားဝတ်ရင် ရှော့အကြီးကြီးရှိတယ်နော် 😬 )
Related article>>>ဈေးအကြီးဆုံး စိန်စေ့စပ်လက်စွပ်တွေကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော် (၅) ဦး
  • လက်ခလယ်
ယောင်းရဲ့ ညာဖက်လက်ခလယ်မှာ လက်စွပ်ဝတ်ဆင်ထားမယ်ဆိုရင်တော့ ယောင်းကအရာရာကို တန်ဖိုးထားတတ်သူ ၊ တာဝန်ယူလိုစိတ်ရှိသူလို့ ယူဆနိုင်ပါတယ်။ ဘဝကို လေးလေးနက်နက်ဖြတ်သန်းနေပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သူလို့လည်း အဓိပ္ပာယ်ရပါသေးတယ်ယောင်းရေ။(ကြည်ညိုလေးစားခံချင်ရင် ဒီလက်မှာသာဝတ်ထားလိုက်တော့ 🤗 )
ယောင်းတို့ရဲ့ ဘယ်ဖက်လက်ခလယ်မှာ ဝတ်ဆင်ထားရင်တော့ ယောင်းက လေးနက်တည်ကြည်မှုနဲ့ တာဝန်ယူလိုမှုကို လိုလားသူတစ်ယောက်လို့ အဓိပ္ပာယ်ရပါတယ်နော်။
  • လက်ညှိုး
ညာဖက်လက်ညှိုးမှာ ဝတ်ဆင်ထားမယ်ဆိုရင်တော့ ယောင်းက တစ်ကိုယ်ရေ တစ်ကာယသမားပါတဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိသူလို့လည်း ယူဆနိုင်ပါတယ်တဲ့ ယောင်းရေ။ (စင်ဂယ်ယောင်းတို့ လက်မှားဝတ်ထားမိရင် လက်ညှိုးကိုသာ မြန်မြန်ရွှေ့ဝတ်ပါတော့ 🤣)
ယောင်းတို့ရဲ့ဘယ်ဖက်လက်ညှိုးမှာ လက်စွပ် ဝတ်ဆင်ထားမယ်ဆိုရင်တော့ ယောင်းတို့က အိမ်ထောင်မပြုရသေးဘူးလို့ အဓိပ္ပာယ်ရပါတယ်။ (ရေလာမြောင်းပေးလုပ်ဖို့ အသင့်တော်ဆုံးလက် 🤣 )
  • လက်မ
ယောင်းတို့ရဲ့ ညာဖက်လက်မမှာ လက်စွပ်ဝတ်ဆင်ထားမယ်ဆိုရင်တော့ အားကောင်းမောင်းသန်ဖြစ်တဲ့ စိတ်ဓာတ်ရှိတယ်လို့ ယူဆနိုင်ပါတယ်။ ယောင်းတို့နဲ့ပတ်သက်ဆက်နွယ်တဲ့လူတိုင်းကို လွှမ်းမိုးနိုင်တယ်လို့လည်း အဓိပ္ပာယ်ရပါသေးတယ်နော်။ (ဝတ်ထားမိတော့လည်း လူရှိန်တာပေါ့ 😎 )
ဘယ်ဖက် လက်မမှာဝတ်ဆင်ထားမယ်ဆိုရင်တော့ ယောင်းတို့က တခြားလူတွေကို အလွယ်တကူ ဦးဆောင်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။
Related article>>>ကိုယ်ဝတ်တဲ့ဝတ်စုံနဲ့ လိုက်ဖက်တဲ့ရတနာကို ဘယ်လိုရွေးရမလဲ?
လက်စွပ်ဝတ်ရတာမကြိုက်နှစ်သက်တဲ့ ယောင်းတွေကိုတော့ စိတ်လွတ်ကိုယ်လွတ်နေချင်သူ ၊ ချုပ်ချယ်တာကိုမကြိုက်တဲ့သူ ၊ ဖြစ်လာသမျှကို ရဲရဲဝင့်ဝင့်ရင်ဆိုင်လိုသူလို့ အဓိပ္ပာယ်ရပါတယ်နော်။
ကဲ…ဒီလောက်ဆိုရင်တော့ ယောင်းတို့ဘယ်လက်ချောင်းမှာ လက်စွပ်ဝတ်သင့်လဲဆိုတာကို ရဲရဲကြီးဆုံးဖြတ်ပြီးလောက်ပြီထင်ပါတယ်နော်။ ကိုယ်တိုင် လက်ချောင်းရွေးဝတ်နိုင်သလို သူများတွေဝတ်ထားတာကြည့်ပြီးလည်း အပျော်သဘော စပ်စုစိန်လုပ်လို့ရတာပေါ့
ချစ်ရတဲ့ မင်မင်
DiDi (For Her Myanmar)
References : That’s Life , Quora , Fashionisers
Yin Sandi Ko
Yin Sandi Ko
ညီမက‌တော့ ဒီဒီပါ .စာရေးရတာကို ရူးသွပ်သူမို့ ယောင်းတို့ကိုဆွဲဆောင်နိုင်မယ့် အရေးအသားတွေနဲ့ ယောင်းတို့ပျော်စေဖို့ အမြဲကြိုးစားနေသူပါ။
Leave a Reply
Your email address will not be published. Required fields are marked *