အမှောင်ထုရဲ့နိဂုံး (၅)

တောက်လျှောက် တာဝန်တွေအများကြီးကျေလာခဲ့ပြီး မတော်တဆအလှည့်ကျမှ လက်ညှိုးငေါက်ငေါက်ထိုးရင် အန်တီသားသမီးချင်းကိုယ်ချင်းမစာရာ ကျမှာပေါ့…

‘ကိုကို… ဟေသာပြောစရာရှိတယ်။’

‘ဟေသာဘာမှမပြောနဲ့ဦး ကိုကိုအရင်ပြောမယ်။ ဟေသာ့ကို စိတ်ထိခိုက်အောင်လုပ်ပေါင်းများပြီ။ စိတ်ညစ်နေတာလဲ ဆက်ပြီးမကြည့်ရက်တော့ဘူး။ ဒီတော့ မုဒိန်းကောင်တစ်ယောက်အနေနဲ့ပဲ မကျွတ်တဲ့ဘဝမှာရှိပါစေတော့။ ဟေသာလက်လျှော့လိုက်ပါတော့နော်။’

‘ကိုကိုရယ် ဟေသာပြောပါရစေဦး။ အခုဟေသာ့မှာ…’

‘တော်ပါတော့ဟေသာရယ်။ ရုံးချိန်းကျရင် ကိုကိုမလာတော့ဘူး။’

‘မပြောနဲ့ဆို မပြောတော့ပါဘူး။ ဒါပေမဲ့ ဟေသာ့အနားရှိပေးပါ။ လိုက်ခဲ့ပေးပါနော်။’

‘…’

~~~~~~~~~~~~~~~~~~~

‘အရင်တစ်ပတ်မှာ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့တဲ့အတွက် ဒီအပတ်မှာ လိုအပ်တဲ့သက်သေတွေကို ရှေ့နေနှစ်ယောက်လုံး ထပ်မံခေါ်ယူ စစ်ဆေးခွင့်ရှိမှာပါ။’

‘ကျွန်တော့်မှာမရှိတောပါဘူး။’

‘ကျွန်မမှာရှိပါသေးတယ်ရှင့်။’

ကျွတ် ဟေသာကတော့ကွာ…

‘ညီမလေး ဝင်ခဲ့ပါ။’

‘ဟင်… သရဲ အမလေး သရဲ။ အဲ့မိန်းမကသေပြီလေ။ တစ်ခါတောင်မဟုတ်ဘူး နှစ်ခါတောင်လက်စဖျောက်ထားတာ။ အမလေး ဒါမှတကယ့်သရဲအစစ်။’

‘ကိုရဲရင့် ရှင်သွေးရူးသွေးတမ်းတွေ လျှောက်ပြောမနေပါနဲ့။ ကျွန်မ မသေဘူး။ ပထမတစ်ခေါက် မသေရုံတင်မကဘူး။ ဒုတိယတစ်ခေါက်မှာလဲ မသေဘူး။ ရှင်တို့ အကုသိုလ်တွေ မဆပ်ခိုင်းရမချင်း ကျွန်မမသေဘူး။’

‘ညီမလေး ရှေ့ကိုလာခဲ့ပါ။ တရားသူကြီးမင်းရှင့်။ ဒါ သူတို့သေဆုံးပြီလို့ယူဆတဲ့ ရှေ့နေမလေးပါ။ ညီမလေး ဖြစ်ကြောင်းကုန်စင် အကုန်ပြောပြပါ။’

‘ကျွန်မနာမည် လမင်းပါ။ ကျွန်မကို ကိုရဲရင့်တိုးချဲ့တဲ့ ကုမ္ပဏီအတွက် လိုအပ်တဲ့စာရွက်စာတမ်းကိစ္စ ဆောင်ရွက်ဖို့ မဟေသာမအားတဲ့အတွက် ကျွန်မကို ကိုယ်စားလွှတ်ခဲ့တာဖြစ်ပါတယ်။ လမ်းခရီးတောက်လျှောက်မှာ ကိုရဲရင့်က မဖွယ်မရာကိစ္စတွေ အကြိမ်ကြိမ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မကြောက်လို့ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။ အပြန်ညမှာ ကျွန်မသောက်မယ့် အအေးဘူးထဲ စိတ်ကြွဆေးတွေထည့်ထားခဲ့ပါတယ်။ ကျွန်မနည်းနည်းပဲသောက်ထားတာမို့ ရီဝေဝေလောက်ဖြစ်နေတဲ့အချိန် ကိုရဲရင့်နဲ့ သူ့တပည့် (၃) ယောက်က ကျွန်မကို အဓ္ဓမပြုကျင့်ခဲ့ပါတယ်။ ကိုမင်းခန့်ကအဲ့အချိန်မှာ ကားမောင်းနေတာပါ။ ကျွန်မရီဝေနေပေမယ့် အသိအားလုံးရှိနေခဲ့ပါတယ်။ ပြီးတော့..’

‘ကန့်ကွက်ပါတယ်။ ရီဝေနေတယ်ဆိုရင် အသိကလည်း နည်းနည်းတော့လွတ်မှာပါပဲ။ ထင်ယောင်ထင်မှားကိစ္စတွေရှိနေပါလိမ့်မယ်။’

‘ကျွန်မထင်ယောင်ထင်မှား ရှိမရှိ ရှင့်ဘေးကအမှုသည် ဘယ်လိုပုံစံနဲ့ဘာတွေလုပ်ခဲ့လဲ တိတိကျကျပြောစေချင်ပါသလားရှင့်။ မိန်းကလေးမို့ ရှက်ကြောက်နေမယ်တွက်ထားရင် အဲ့ဒါကိုဖယ်ထုတ်ပစ်လိုက်ပါ။ ကျွန်မရဲ့တန်ဖိုးက ခန္ဓာကိုယ်တစ်ခုအပေါ်မူတည်နေတာမဟုတ်လို့ ဒီကိစ္စတွေကို ဖော်ထုတ်ပြဖို့ ရှက်ကြောက်နေမှာ မဟုတ်ပါဘူးရှင်။ ကျွန်မဆက်ပြောလို့ရပြီလားမသိဘူး။’

‘ဆက်ပြောပါညီမလေး’

‘ကိုမင်းခန့် ဆက်တိုက်အော်ဟစ်ပြီးတားနေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့လုံးဝနားမထောင်ခဲ့ဘူးလေ။ အဲ့ဒါနဲ့ နောက်ဆုံးနီးစပ်ရာသစ်ပင်ကို ကားနဲ့ဝင်တိုက်ပစ်ခဲ့ပါတယ်။ နောက်အကုန်လုံးသတိလစ်နေတုန်း ကျွန်မတောထဲဝင်ပြေးခဲ့ပေမယ့် အရမ်းအားနည်းနေတာမို့  ခန့်မှန်းချိန် ၁၅ မိနစ်လောက်အကြာမှာ လဲကျသွားခဲ့ပါတယ်ရှင်။ ကျွန်မနိုးလာတော့ ရွာထဲကဆေးခန်းတစ်ခုမှာပါ။  မေ့နေတာတစ်ပတ်လောက်ရှိပြီလို့ပြောပါတယ်။ သတိလစ်နေတုန်း သူတို့ရွာရဲ့ ဆရာဝန်တစ်ယောက်က ဆေးစစ်တဲ့အခါ အုပ်စုလိုက်အဓ္ဓမပြုကျင့်ခံထားရတယ်ဆိုတဲ့အဖြေ ထွက်ခဲ့ပါတယ်။ မဟေသာပြောတဲ့ဆေးစစ်ချက်ဆိုတာ အဲ့ဒါပါ။ ဒီမှာကဆေးစာပါရှင်။ ကားနဲ့ပစ်တိုက်လိုက်တဲ့အချိန်တုန်းက အသံအကျယ်ကြီးကြားလိုက်လို့ ရွာသားတွေလိုက်ကြည့်ရင်း ကျွန်မလဲကျနေတာမြင်လို့ခေါ်လာတာပါတဲ့။ အခင်းနေရာမှာတော့ မှန်ကွဲစတစ်ချို့အပြင်ဘာမှမတွေ့ခဲ့ပါဘူးတဲ့။ အဲ့အချိန်မှာဘဲ ကိုရဲရင့်နဲ့သူ့တပည့် (၃) ယောက်ရောက်လာပါတယ်။ ကျွန်မကိုအပူတပြင်းလိုက်ရှာနေတဲ့အကြောင်းသိလိုက်ရတဲ့အခါ ကျွန်မလည်း ချက်ချင်းထပြေးခဲ့ပါတယ်။ ရွာသားတွေက ကျွန်မလဲကျရင်ထူဖို့ အဖော်ကောင်မလေးတစ်ယောက်ကိုထည့်ပေးခဲ့ပေမဲ့ လမ်းမှာသူတို့ပစ်တဲ့သေနတ်မှန်ပြီး အဲ့ကောင်မလေးသေသွားခဲ့ပါတယ်။ ဒါကိုသူတို့က ကျွန်မသေသွားပြီထင်တာပါ။ အဲ့ဒီကလွတ်လာပြီး ကျွန်မမိဘတွေဆီ ပြန်သွားခဲ့ပါတယ်။ အဲ့မှာကိုယ့်ကိုယ်ကိုယ် အတည်ငြိမ်ဆုံးပြန်တည်ဆောက်ပြီး ဟိုတစ်ပတ်ရုံးချိန်းကတည်းက ဒီထဲကျွန်မရှိနေခဲ့ပါတယ်။ မဟေသာက ကျွန်မရဲ့သိက္ခာကိုထိန်းပေးတဲ့အနေနဲ့ အရင်သူဖြေရှင်းခဲ့တာပါ။ ယုတ်မာမှုကမ်းကုန်ပြီး လူစိတ်ပျောက်နေတဲ့ဒီလူတွေရဲ့ထွက်ဆိုချက်ကြောင့် ကျွန်မဒီနေရာမှာရှိနေတာပါ။ ဒါဖြစ်ကြောင်းကုန်စင်ပါပဲရှင်။’

‘တရားခံဘက်က ချေပပြောဆိုချင်တာ ရှိသေးလား?’

‘မရှိတော့ပါဘူးခင်ဗျာ’

‘ကိုရဲရင့်ရဲ့ အပေါင်းအပါလူတွေလည်း တရားရုံးထဲမှာရှိနေပါပြီ တရားသူကြီးမင်းရှင့်။’

‘ဘာလျှောက်လဲချက်တင်ချင်တာရှိသေးလဲ။’

‘မရှိတော့ပါဘူး။’

‘နောက်တစ်ပတ်ရုံးချိန်းမှာ အမိန့်ချမယ်။ ဒီနေ့အတွက်ရုံးချိန်းပြီးပြီ။’

တစ်မှုတော့ရှင်းပြီ။ နောက်အမှုတွေအတွက် အားမွေးရဦးမှာပေါ့…

~~~~~~~~~~~~

Related Article >>> အမှောင်ထုရဲ့ နိဂုံး

‘ညီမလေးရယ် ကျေးဇူးအများကြီးတင်ပါတယ်ကွယ်။ အစ်မလေ…’

‘အစ်မ သမီးကိုသင်ပေးခဲ့တဲ့ပညာကျေးဇူးတွေကို ပြန်ဆပ်လိုက်တာပါ။ သမီးအခက်ခဲဆုံးအချိန်မှာ သမီးဘဝကိုဆွဲတင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ သမီးဘဝက အစ်မကြောင့်တိုးတက်လာတာပါ။’

‘ဒါပေမဲ့ ညီမလေးရယ်။ ညီမလေးချစ်သူကရော ဒီလိုအခြေအနေကို…’

‘ကျွန်တော်ဒီမှာပါ မဟေသာ။ သူဒီလိုအဖြစ်အပျက်တွေဖြစ်တယ်ဆိုတာ ကံမကောင်းအကြောင်းမလှခဲ့လို့ လို့ပဲ ကျွန်တော်ယူဆပါတယ်။ သူ့အတိတ်ဘဝက ပေးဆပ်စရာတစ်ချို့ပေးဆပ်လိုက်ပြီလို့ ဒီလိုပဲသတ်မှတ်လိုက်တယ်။ သူ့ကိုကျွန်တော်ချစ်တာပါ။ ဒါတွေကအရေးမကြီးပါဘူး။ စီစဉ်ထားတဲ့အတိုင်း ကျွန်တော်တို့နှစ်ကုန်ရင်လက်ထပ်မှာပါ။’

‘အန်တီ။ သမီးတောင်းပန်ပါတယ် အန်တီရယ်။ ကောင်းကောင်းမစောင့်ရှောက်ပေးနိုင်ခဲ့ဘူး။ တာဝန်မကျေခဲ့ဘူး။’

‘သမီးမှာလည်း ကိုယ်လေးလက်ဝန်ကြီးနဲ့။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေရတဲ့အချိန် ဒီလိုတွေဖြစ်မယ်လို့ ဘယ်သူကထင်မှာလဲကွယ်။ တောက်လျှောက် တာဝန်တွေအများကြီးကျေလာခဲ့ပြီး မတော်တဆအလှည့်ကျမှ လက်ညှိုးငေါက်ငေါက်ထိုးရင် အန်တီသားသမီးချင်းကိုယ်ချင်းမစာရာ ကျမှာပေါ့။ သမီးကိုယ့်ဘာသာဂရုစိုက်ပါကွယ်။ နော်။ သမီးခုဘယ်မှာနေမှာလဲ။ ငှားလိုက်တဲ့ အိမ်ကပြန်အပ်လိုက်ပြီဆို။ အန်တီတို့ဆီမှာလာနေပါလား။’

‘အန်တီရယ်။ သမီးလေ မျက်နှာမပြတတ်အောင်ပါ။ သမီးနယ်မြို့လေးတစ်ခုမှာ ဆရာမလုပ်ဖို့ လျှောက်ထားတာ စာကျလာပြီလေ။ အဲ့မှာသမီးသွားနေမှာပါ’

‘မောင်မင်းခန့်…’

‘သမီးတို့ ဒီညစကားပြောကြမှာပါ။’

‘အေးကွယ်။ ဘာမှ စိတ်ဓာတ်မကျနဲ့နော် သမီးလေး။ အန်တီကခေါ်ထားချင်တာကွယ်။ မကြာခဏဝင်ထွက်ပါနော်။ အန်တီ့ဆီမှာလဲ လာနေလို့ရပါတယ်။’

‘ဟုတ်ကဲ့ပါအန်တီ။ ကျေးဇူဒအများကြီးတင်ပါတယ်။ သမီးလာခဲ့ပါ့မယ်။ သမီးကိုခွင့်ပြုပါဦး။’

~~~~~~~~~~~~~~

Related Article >>> အမှောင်ထုရဲ့နိဂုံး (၂)

‘ဟေသာ’

‘အင်း ကိုကိုပြောလေ။’

‘ကိုယ့်ကိုအမျှဝေပေးပါ။’

‘ကိုကို သွားချင်ပြီလား’

‘အင်း။ အချစ်နွံက သံသရာနွံလိုပဲ ရုန်းရခက်တယ် ဟေသာ။ ကြာရင်ကိုကို မရုန်းနိုင်တော့မှာကြောက်လို့ပါ။’

‘အင်းပါ။ ဟေသာ ဆွမ်းသွပ်ပေးပါ့မယ်။’

‘ဟေသာ၊ ကိုယ့်ကိုကြည့်။ ဟေသာနဲ့ကိုယ်က ဒီဘဝမှာ ဒီလောက်လေးပဲ ရေစက်ပါလာလို့ ခွဲကြရတာ။ ကိုယ်လည်း ဒီလိုဘဝကြီးနဲ့ ဟေသာ့အနားမှာမနေချင်ဘူး။ နေ့တိုင်း ဟေသာတငိုငို တရယ်ရယ် ဖြစ်ပြီး ခံစားနေရမှာ မကြည့်ရက်ဘူး။ မကြည့်ချင်ဘူး။ အဲ့ဒါကြောင့်ကိုယ် ထွက်သွားပါရစေနော်။’

‘…’

‘ဟေသာ.. ဟေသာကအရမ်းတော်တဲ့မိန်းမပါ။ အရမ်းလဲနားလည်တတ်ပြီး ကိုယ့်အပေါ် သိပ်အနစ်နာခံတဲ့မိန်းကလေး။ အတူနေတာ ၄ နှစ်အတွင်း ကိုယ့်အခက်အခဲကိုနားလည်လို့ ပတ်ဝန်းကျင်ရဲ့စကားတွေကို လျစ်လျူရှုပြီး ကိုယ့်ဘက်မှာ မြဲမြဲရပ်တည်ပေးခဲ့တယ်။ လက်မထပ်သေးဘဲ ကလေးကိုမွေးထုတ်ဖို့သတ္တိရှိရှိနဲ့ဆုံးဖြတ်ခဲ့တယ်။ ဒီအတောအတွင်း ကိုယ့်ဘာသာကောင်းကောင်းရပ်တည်ပြီး ကိုယ့်ကိုပါအားပေးခဲ့တဲ့မိန်းကလေး။ ဒီလိုမိန်းကလေးကို ကိုယ့်ဘက်ကချစ်ခြင်းနဲ့ သစ္စာစောင့်သိမှုပဲ ပေးနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကိုကို့ခေါင်းအုံးအောက်မှာ ဟေသာနဲ့ လက်ထပ်ဖို့ စုထားတဲ့ ဘဏ်စာအုပ်ရှိတယ်။ ဟေသာသုံးချင်တာသုံးပါ။’

‘အတူရှိခဲ့တဲ့အချိန်မှာ အပျော်ဆုံးမိန်းကလေး ဖြစ်စေခဲ့တာနဲ့တင် ဘဝကအရမ်းပြည့်စုံခဲ့ပါတယ် ကိုကို။ ဟေသာလေ အဲ့အချိန်လေးတွေကို နည်းနည်းဖြစ်ဖြစ်ပိုကြာစေချင်ခဲ့တာပါ။ ကိုကို့မျက်နှာကိုကြည့်တိုင်း ညာဘက်နှုတ်ခမ်းပေါ်က အဲ့ဒီမှဲ့ကို ဟယ် ဟေသာနဲ့ဆင်တူတော့လို့ပြောရင်း ရယ်နေချင်သေးတာပါ။ မင်္ဂလာဆောင်အတွက် ရည်ရွယ်ထားတဲ့ အဲ့ဒီပိုက်ဆံတွေအားလုံးကို မိဘမဲ့ဂေဟာတစ်ခုမှာ အလှူလုပ်ပေးပါ့မယ်။ ဟေသာလေ ကိုကို့ကိုသိပ်ချစ်တယ်။ လက်မထပ်ခဲ့သည့်တိုင် တစ်ဦးတည်းသော ဟေသာ့ဘဝရဲ့လက်တွဲဖော်ပါ။ အနားမှာရှိခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။  ဟေသာနောက်တစ်ပတ်ကျရင် အလှူလုပ်ပေးမယ်နော်။’

Related Article>>> အမှောင်ထုရဲ့နိဂုံး (၄)

‘ဟေသာဘယ်မှာနေမှာလဲ’

‘နယ်မှာ စေတနာ့ ဆရာသွားလုပ်မယ်လေ။ ရှေ့နေပြီးရင် ဟေသာအကြိုက်ဆုံးအလုပ်ပေါ့။ ဟေသာပင်ပန်းလို့ နားချင်ပြီကိုကို။’

‘ဒီတစ်ပတ်လုံး ဟေသာ့အနားမှာရှိနေပေးမယ်နော်။ ဟေသာကြောက်လား’

‘ကိုယ့်ချစ်သူကိုကြောက်တဲ့လူရယ် ရှိလို့လားကွယ်။’

 တစ်ပတ်လောက်အကြာ….

‘ဤကဲ့သို့ပြုရတဲ့ကုသိုလ်အစုစုတို့ကို ဘဝတစ်ပါးသို့ပြောင်းရွှေ့သွားတဲ့ မောင်မင်းခန့် အားအမျှပေးဝေပါတယ်။ အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မှုကြပါကုန်လော့။’

‘သာဓု သာဓု သာဓု’

အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မှုကြပါကုန်လော့။’

‘သာဓု သာဓု သာဓု’

အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မှုကြပါကုန်လော့။’

‘သာဓု သာဓု သာဓု’

~~~~~~~~~~~~

Related Article >>> အမှောင်ထုရဲ့နိဂုံး (၃)

‘ဒါကလေ ခေါင်ရမ်းပန်းလို့ခေါ်တယ်သမီးရဲ့’

‘အဲ့ဒါဆို ပန်းပေါ့။ ဆရာမပန်ဖို့ သမီးယူလာတာ ရော့။’

‘ဟယ် ဒီပန်းကပန်လို့မရဘူးလေ။’

‘ဟာ ဆရာမကလဲ ပန်းဆိုမှတော့ ပန်လို့ရတာပေါ့လို့။ ပန်နော်ဆရာမ။’

‘ရော် ခက်ပြီ။’

‘ဆရာမရေ၊ ဆရာမ’

‘ဖိုးသာထူး။ အလန့်တကြားနဲ့ဘာဖြစ်တာတုန်း။’

‘ရွာထိပ်မှာ မွေးကင်းစကလေးတစ်ယောက်ကို လာပစ်ထားလို့တဲ့။’

‘ဟယ်။ ကလေးကအဆင်ပြေရဲ့လား’

ပြေတယ်ဆရာမ။ သူကြီးက ဆရာမကိုခေါ်ခိုင်းလိုက်တယ်။’

‘အေးအေး ဆရာမသွားလိုက်မယ်။ ကဲကလေးတွေ ထမင်းစားခဏနားကြမယ်။ ဆရာမရွာထိပ် ခဏသွားဦးမယ်။’

‘ဆရာမ သမီးပန်းလေး…’

‘အေးအေး။ ဒီမှာပန်လိုက်ပြီနော်သမီးလေး။ ကဲ ဆရာမသွားပြီ သားတို့သမီးတို့ရေ၊ လိမ်လိမ်မာမာနေနော်။’

‘ေဟာ ဆရာမေလးေးတာင္လာၿပီ။ ဆရာမေလး ဒီကိုၾကြပါ။ ဟင် ခေါင်းမှာခေါင်ရမ်းပန်းကြီးနဲ့ ဘယ်လိုဖြစ်တာ…’

‘ဟိုမှာလေ ကျွန်မတပည့်မလေးပေါ့။ လှလို့ခူးလာတာတဲ့၊ ဘာကြီးလဲမေးပြီး ပန်းပါတာနဲ့ ပန်ခိုင်းပါလေရော။ ငိုမဲ့မဲ့ဖြစ်နေလို့ ကျွန်မမှာပန်ပေးရတယ်။’

‘ဆရာမလေးရယ် ဖြစ်ရလေ။ ပြောလိုက်ရောပေါ့။’

‘အပန်းမှမကြီးတာရှင်။ တော်ကြာငြင်းလိုက်လို့ စိတ်မကောင်းဖြစ်သွားပါဦးမယ်။ ဒါနဲ့ ကလေးလေးရော?’

‘ဒီမှာတူမကြီးရေ။ ငိုလိုက်သမျှပြဲနေရော။ နို့လည်းတိုက်မရ ချီလည်းမရ။’

‘ဒေါ်ကြီး ပေးပေး သမီး ချီကြည့်မယ်။’

‘ဟယ် တိတ်သွားတယ် ကြည့်စမ်း။ ငါတို့အဖွားကြီးတွေ ချော့တုန်းကကျ ငိုလိုက်တာ။ ဒီမှာ ငယ်ငယ်ချောချောလေးလဲချီရော တန်းတိတ်သွားတာပဲ။’

‘နို့ ဒေါ်လေး ခုနက ကွမ်းတောင်ကိုင်မမ ချီသွားတယ်လေ။ မတိတ်လို့ သူပါစိတ်ဆိုးပြန်သွားတာကို’

‘ဟုတ်သား။ မှန်းစမ်း အခုအငိုတိတ်သွားမှ သတိထားကြည့်မိတယ်။ ကလေးက ညာနှုတ်ခမ်းပေါ်မှဲ့နဲ့တော့။ ဆရာမလေးနဲ့ နေရာတစ်စက်တောင်မလွဲဘူး။’

‘ဒေါ်ကြီး ဒီကလေးလေးကို သမီးမွေးပါရစေ။’

‘ဟယ်ဖြစ်ပါ့မလား။ ငါ့သမီးကအပျိုနုနုထွတ်ထွတ်ကလေးကို’

‘သမီးကအိမ်ထောင်သည်ပါ အန်တီ။ ကလေးလည်း ရှိဖူးပါတယ်။ ပျက်ကျသွားတာပါ။’

‘သြော် ဒါဆိုသမီးမွေးလိုက်ပါ။ ဆရာမလေးလက်ထဲဆိုတော့ လူလိမ္မာသားလေး ဖြစ်လာဦးမှာပေါ့ဟေ့။’

‘အဲ့လိုလဲမဟုတ်ပါဘူး ဦးကြီးရယ်။ သမီးတပည့်လေးတွေလည်း အရမ်းလိမ္မာကြပါတယ်။ သားလေးကိုလည်း သူတို့လို လိမ္မာရေးခြားရှိအောင် သမီးအစွမ်းကုန်ထိန်းကျောင်းမှာပါ။’

‘ကောင်းလေစွ။ ဒါနဲ့ ကလေးကို သမီးနာမည်ဘယ်လိုပေးမှာလဲ’

‘မင်းခန့်တဲ့………’

ပြီးပါပြီ။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.