FUN

ကံစမ်းမဲကံ ပိုကောင်းလာစေမယ့် အဆောင်လေးများ

အယ်လယ်.. စမ်းကြည့်ရတာပေါ့.. 😛 

ကံ.. ဆိုတာ အလုပ် လို့ ဆိုကြပေမဲ့ မင်မင်တို့ဟာ မမြင်ရတဲ့ ကံကို မျှော်ကိုးပြီး ကံစမ်းမဲတွေ၊ ထီတွေမှာလည်း ပါဝင် ကံစမ်းတတ်ကြသေးတာမဟုတ်လား? ကံစမ်းတဲ့ အခါမှာလည်း ဒီတိုင်းကြီး စမ်းတာထက် အဖေးအမလေးနဲ့ ပြောရရင် ယတြာလေးလည်း လိုအပ်တယ်လို့ အယုံအကြည် ရှိတတ်ကြတယ်။ အဲဒီတချို့သော အယူအဆတွေကို ယောင်းတို့ ဗဟုသုတရအောင် ဝေမျှပေးလိုက်ပါတယ်နော်။

၁။ ကံကောင်းစေတဲ့ အကြွေစေ့လေး

အကြွေစေ့လေးတွေ..

ပိုက်ဆံကောက်ရရင် ကံကောင်းတယ်ဆိုတာတော့ ကြားဖူးတယ်ဟုတ်? အကြွေစေ့လေးကောက်ရရင် ကံကောင်းတယ်လို့ အကြွေစေ့သုံးတဲ့ နိုင်ငံတွေက ယုံကြည်ကြတာပေါ့… ယောင်းတို့ရေ… ဒီမှာလည်း ဗေဒင်ဆရာတွေက ကံပွင့်လာဘ်ပွင့်အတွက် ယတြာတွေဆို အကြွေစေ့လေးတွေ ဆောင်ခိုင်းတတ်ကြတယ်လေ.. ဒီအယူအဆဟာ အနောက်တိုင်းမှာရော၊ အရှေ့တိုင်းမှာပါ ရှိပါတယ်။ အဲ မူရင်းကတော့ တရုတ်ကလို့ ဆိုကြပါတယ်… အကြွေစေ့လေးတွေက စီးပွားတက်စေမယ့် လှေကားတစ်စင်းပါပဲတဲ့လေ။

၂။ အမွေးပွ အံစာတုံးလေးတွေ 

Fuzzy Dice

ကံစမ်းတယ်ဘာညာဆို မင်မင်တော့ အံစာတုံးလေးတွေ ပြေးမြင်တယ်.. လောင်းကစားအထုံပါလာလို့လားတော့ မသိဘူး ငိငိ (ဒီစာကြောင်းကို ဦးရဲကြီးတွေ မမြင်ပါစေနက် :3) အနောက်တိုင်းနဲ့ အရှေ့တိုင်း ကံကြမ္မာအယူအဆတွေမှာလည်း ဒီလို ယူဆကြပုံပေါ်ပါတယ်။ ဒါကြောင့် ကံစမ်းရမယ့် ကိစ္စတွေဆိုရင် အမွေးပွ အံစာတုံးလေးတွေ၊ အံစာတုံးလေးတွေ ဆောင်ပါတဲ့.. နှစ်ခုလောက်တွဲဆောင်တာ ပိုကောင်းပါတယ်တဲ့။

၃။ မြင်းခွာပုံ အဆောင်လေး 

မြင်းခွာလေး <3

မြင်းခွာဆိုလို့ မြင်းခွာရွက်တွေ မရှာနေနဲ့ဦးနော်.. မြင်းတွေရဲ့ခွာမှာတပ်တဲ့ “ဂ” ပုံ မြင်းခွာလေးတွေကို ပြောတာပါလို့.. အမှန်တော့ မြင်းခွာတွေက ကံကောင်းစေတဲ့ အဆောင်တွေလေ.. အနောက်တိုင်း အယူအဆအရရော၊ အရှေ့တိုင်း အယူအဆမှာရော မြင်းခွာက ကံကောင်းခြင်းတွေကို ယူလာပေးပါတယ်တဲ့.. မင်မင်တို့ဆီမှာကျ မြင်းခွာက ရှာရခက်တယ်လေ နော့်… ဒီတော့ မြင်းခွာပုံလုပ်ထားတဲ့ ဆွဲကြိုးလေးတွေ၊ လော့ကက်လေးတွေ၊ လက်စွပ်လေးတွေ စသဖြင့် အဆောင်လေး တစ်ခုခုလုပ်ထားမယ်ဆိုလည်း ရပါတယ်တဲ့…

Related Article >>> ကြောင်နက်လေးတွေက ယူဆောင်လာပေးနိုင်တဲ့ ကံကောင်းခြင်းလက်ဆောင်များ

အဲ… ဒီလိုအဆောင်လေးတွေအပြင် ကံစမ်းတဲ့အခါ ကံကောင်းအောင်လုပ်လို့ရတဲ့ နည်းလမ်းလေးတွေလည်း ရှိပါသေးတယ်တဲ့.. ဒါမျိုးလေးတွေပေါ့..
ဂဏန်းနဲ့သက်ဆိုင်တဲ့ ကံစမ်းကစားပွဲ ဥပမာ ထီတို့၊ နံပါတ်ေတွရေးခိုင်းပြီး မဲဖောက်ပေးတဲ့ ကံစမ်းမဲတို့ဆိုရင်တဲ့ သစ်သားကို ခေါက်ပါတဲ့.. (အမယ်.. မဆိုးဘူး..လမ်းမတွေ၊ ရှော့ပင်းစင်တာတွေ ဘာတွေမှာ မဲနှိုက်ရင်တော့ သေပြီပဲ.. သစ်သားမနည်းရှာရမေ :3 )
အနီရောင်ဝတ်ပါတဲ့.. ငိငိ.. ကံစမ်းမဲနှိုက်တော့မယ်၊ giveaway တွေမှာ ပါတော့မယ်ဆို အင်္ကျီလေး ပြေးလဲ ဟီးဟီး.. ပို့စ်ကို အရင်ဆေ့ဗ်ထားပြီး အင်္ကျီအနီလေး ပြေးဝတ်၊ ပြီးတော့မှ ဆက်လုပ် 😛
ဂဏန်းတွေကို ရွေးတော့မယ်ဆိုရင် လက်ရှိနာရီကိုကြည့်တာတွေ၊ ဆီဖြည့်တာတွေ ဘာတွေရှိရင် အဲ့စက်မှာပေါ်တဲ့ ဂဏန်းလေးတွေ လိုက်မှတ်တာတွေ ရှိသေးတယ်..
သတို့သမီးတွေက ကံကောင်းတတ်တာကြောင့် မင်္ဂလာပွဲတွေတက်ရင် သတို့သမီးကို ဂဏန်းတစ်ခုခုရွေးခိုင်းပါတဲ့.. (မင်္ဂလာဆောင် သုံးခုတက်ပြီးရင် ချဲထိုးလို့ရပြီ.. အယ်လယ်.. စတာဘာ၊ နောက်တာဘာ)
ကံကောင်းစေတဲ့ အဆောင် ယတြာတွေဆိုလို့ စကားမစပ်…. မင်မင်တို့ရဲ့ အယောက် ၃၀၀ စာ Membership Giveaway ကြီးက  အယောက် ၉၀တောင် ကျန်သေးတာဆိုတော့လေ.. လာစမ်းကြပါဦးလို့ ။ အသေးစိတ်ကိုတော့ ဒီလင့်ခ်လေးထဲ>>> https://m.facebook.com/story.phpstory_fbid=471424556623833&id=377857152647241 ဝင်ဖတ်နော် ။ ကြုံတုန်းလေး ဈေးဗန်းခင်းတာ။ 😛
တို့ယောင်းတွေ Giveaway တွေ၊ ကံစမ်းမဲတွေနဲ့ ကံကောင်းကြပါစေ….

Libra (For Her Myanmar)

References : Multi Lotto , Nestia , How Stuff Works

Leave a Reply

Your email address will not be published. Required fields are marked *