FUN

ယောင်းတို့ကို အားလပ်ချိန်မှာ အပျင်းပြေစေမဲ့ ကိုရီးယားပရိုဂရမ်လေးတွေ

ဒီပရိုဂရမ်လေးတွေကြည့်ပြီးရင် ရသတွေအမျိုးမျိုးခံစားနေရမှာမို့ ပျင်းဖို့ အချိန်တောင် ရမှာမဟုတ်ဘူးဆိုတာ ယောင်းတို့သိရင် သိပ်ကောင်းမှာပဲ..  😛

ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကြည့်ရတာ စာအုပ်တွေဖတ်ရတာပျင်းနေပြီဆိုရင် နောက်ထပ်ကြည့်စရာအစီအစဉ်လေးတွေနဲ့ မိတ်ဆက်ပေးမယ် ယောင်းတို့ရေ…။ ပရိုဂရမ်တွေအများကြီးရှိတဲ့ထဲကမှ အက်ဒမင်ရဲ့ လက်ရွေးစင် ပရိုဂရမ်လေး သုံးခုကို အရင် မိတ်ဆက်ပေးမယ်နော်..

၁။ Produce 101 Season 2

ဒါကတော့ ယောင်းတို့အတွက်ဆိုတော့ ခပ်ချောချောအဆင်လေးတွေ ၁၀၁ ယောက်တောင်ပါတဲ့ season 2 ကို ရွေးညွှန်းလိုက်တာပါ.. season 1 က မိန်းကလေး ၁၀၁ ယောက်ပါတဲ့ ပရိုဂရမ်ပါ။ ဒီ ပရိုဂရမ်ရဲ့ပုံစံကတော့ ယောင်းတို့လည်း ရင်းနှီးနေမှာပါ.. ဒီ ၁၀၁ ယောက်ထဲက ၁၁ ယောက်ကို ရွေးထုတ်သွားတဲ့ပုံစံပါ။ (၁၁) ပိုင်းပါပြီး အဆုံးအထိ ပြီးပြီးသားဖြစ်တဲ့ survival show လေးပါ..

ကမ္ဘာကျော်ဖြစ်ဖို့ ဘယ်လောက်တောင်ကြိုးစားရပြီး နဖူးကချွေး ခြေမကိုကျတဲ့အထိ ပင်ပန်းပေမဲ့ မှန်းချက်နဲ့နှမ်းထွက် မကိုက်တဲ့အခါမျိုးတွေရှိသလို.. မရမကကြိုးစားပြီး အောင်မြင်သွားတဲ့သူတွေလည်း ရှိပါတယ်..။ ဒီနေ့ခေတ်အောင်မြင်နေတဲ့ K-pop idol တွေဟာ ဒီအောင်မြင်မှုတစ်ခုကို မရခင်မှာ ဘယ်လောက်ကြိုးစားခဲ့ရသလဲဆိုတာကို သေချာပြထားတဲ့ ပရိုဂရမ်လေးပါ.. ဒါပေမဲ့ အရမ်းကြိုးစားတယ်.. အရည်အချင်းလည်းရှိလျက်နဲ့.. အက်ဒမင့်အမြင်မှာပေါ့နော်.. လူမျိုးခြားဆိုတဲ့ပုံစံမျိုးနဲ့ .. အရွေးမခံလိုက်ရတဲ့တစ်ယောက်အတွက်ေ တာ့ အခုထိ စိတ်ထဲမကောင်းဘူး 😢

Related Article >>> ထိပ်တန်းကိုရီးယား Idolများနဲ့ သူတို့ရဲ့တန်ဖိုးကြီးကားများ

၂။ I can see your voice

ဒီပရိုဂရမ်ကတော့ အရည်အချင်းရှိလျက်နဲ့ မအောင်မြင်တဲ့ အဆိုပညာရှင်တွေကို အခွင့်အရေးတစ်ခု ပေးတဲ့သဘောမျိုးပါ..။ ဒါပေမဲ့ အဲ့လောက်မရိုးရှင်းပါဘူး။ ဘာလို့လဲဆိုတော့ စစချင်းမှာ သီချင်းဆိုတတ်တဲ့သူတွေနဲ့ သီချင်းမဆိုတတ်တဲ့သူတွေကို ရောပြီး lip sync ပုံစံ အားလုံးကို သရုပ်ဆောင်ခိုင်းပါတယ်.. တကယ့်ပရော်ဖက်ရှင်နယ် အဆိုတော်တွေက သူတို့တွေရဲ့ပုံစံနဲ့ ပေးထားတဲ့ hint တွေကိုကြည့်ပြီး ဘယ်သူက တကယ့်အဆိုကောင်းတဲ့သူလဲ.. ဘယ်သူက မကောင်းတဲ့သူလဲ ဆိုတာကို ရွေးရမှာပါ..

အဲ့ပရိုတွေက အဆိုမကောင်းတဲ့သူကို ရွေးမိရင်တော့ အဲ့လူက ကိုရီယားဝမ် 5 သန်းကို သရုပ်ဆောင်ဆုကြေးအဖြစ်ရရှိမြှာ ဖစ်ပြီး တကယ် ဆိုတတ်တဲ့သူကို ရွေးမိရင်တော့ သူနဲ့အတူ ပရော်ဖက်ရှင်နယ်အဆိုတော်က သီချင်းတစ်ပုဒ် duet ဆိုပြီး အွန်လိုင်းကဖြန့်ချီပေးမှာပါ..။ မဆိုတတ်တဲ့သူတွေကလည်း တကယ်သရုပ်ဆောင်ကောင်းသလို ဆိုတတ်တဲ့သူတွေကို မရွေးမိရင်လည်း အရည်အချင်းရှိတဲ့သူတွေအဖို့ နှမြောစရာပါပဲ.. အက်ဒမင်တော့ မှန်းလိုက်တိုင်း လွဲတာပါပဲ 😂

Related Article >>> ဖီးအပြည့်နဲ့ သရဲကားကြည့်ပုံကြည့်နည်း အဆင့်(၇)ဆင့်

၃။ Law of the Jungle

၂၀၁၁ ခုနှစ်ထဲက စလွှင့်ခဲ့တဲ့ ဒီပရိုဂရမ်က အခုဆိုအပိုင်း ၂၈၅ ပိုင်းတောင် လွှင့်ပြီးပါပြီ ယောင်းရေ..။ ဒီပရိုဂရမ်နဲ့ တခြားပရိုဂရမ်တွေမတူတဲ့ အချက်က တကယ်ကြီး ကမ္ဘာတစ်လွှားက တောတွေမှာ သွားပြီးရိုက်ကူးထားတာပါ.. ဒဏ်ရာရတာတွေ ဘာတွေလည်း ရှိတာမို့ တခြား variety show တွေနဲ့ မတူတဲ့ ပုံစံတစ်မျိုးကို တွေ့ရမှာ ယောင်းရေ..။

နောက်တစ်ခုက တောထဲမှာမို့လို့ မိတ်ကပ် artist တွေ stylist တွေ လိုက်လို့မရတဲ့အတွက် နာမည်ကျော်ကိုရီးယား မင်းသား မင်းသမီး အဆိုတော်တွေရဲ့ သဘာဝမျက်နှာကိုလည်း တွေ့မြင်ရဦးမှာ… ပုံစံတူပရိုဂရမ်တွေထဲက တစ်မူကွဲထွက်နေတဲ့ ဒီ Law of the Jungle က တောင်ကိုရီးယားမှာလည်း လူကြိုက်များတဲ့ ရှိုး လေးပါ။

ဒါကတော့ အက်ဒမင့်အသည်းလေး Law of the Jungle ကို သွားတုန်းကပါ 😋

ကဲ… တစ်ခါလာ ဇာတ်ကား၊ တစ်ခါလာဇာတ်လမ်းတွဲနဲ့ ပျင်းနေတယ်ဆိုရင် မပျင်းရအောင်လို့ ဒီ ပရိုဂရမ်လေးတွေကို recommend လုပ်ပေးလိုက်ပြီနော် ယောင်းတို့!

Su Myat ( For Her Myanmar )

Su Myat
ညီမနာမည်ကတော့ ဆုမြတ်ပါ။ အသက်ကတော့ဆယ့်ခုနစ်နှစ်ပါ။ စာဖတ်နေရရင်ကို ပျော်နေတာပဲ..အခုလက်ရှိကတော့ FHMမှာ ဆောင်းပါးလေးတွေရေးနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *