FUN

ငါ့အခ်စ္က ကာဗာတဲ့လား

ယံုမိတာ ကိုယ့္အမွား… 

“ဟဲလို…ေမ”

ဖုန္းထဲက ေခၚသံေၾကာင့္ ယဥ္ေမႏြယ္တစ္ေယာက္ ၾကက္သီးတဖ်န္းဖ်န္းထၿပီး တစ္ခဏဆြံ႔အသြားတယ္။

“ကို…အဲ..ကိုကို”

“ေမ..ကိုယ္တုိ႔ဒီေန႔ခ်ိန္းထားတာေလ၊ ကိုယ္ ဒီေန႔မအားေတာ့လို႔။ မနက္ျဖန္မွ ေတြ႔ရေအာင္လား။ ကိုယ့္ကိုစိတ္မဆိုးနဲ႔ေနာ္။”

“အြန္း… ရတယ္ေလ… ကိုကို အဆင္မေျပလည္း မနက္ျဖန္မွ ေတြ႔တာေပါ့။”

“အင္း… ဒါပဲေနာ္။”

“အြန္း…”

“ခဏေလး..”

“ဟင္..”

“ခ်စ္တယ္”

တစ္ဖက္က ဖုန္းခ်သြားတဲ့အထိ ယဥ္ေမႏြယ္တို႔ေတာ့ ေက်ာက္ရုပ္သိုင္းက်င့္ေနသလားပဲ။ သူႀကိတ္ခိုက္ခဲ့ရတဲ့ ေမဂ်ာကင္းႀကီးက အခုေတာ့ သူ႔ကိုကိုျဖစ္ေနၿပီ။ ၿပီးေတာ့လည္း “ေမ” တဲ့။

ယဥ္ေမႏြယ္ ရည္းစားရသြားပံုကလည္း တယ္ဆန္းတယ္။ ေျပာရမယ္ဆို သူငယ္ခ်င္းေကာင္းေယာက္မေတြေၾကာင့္ေပါ့။ တစ္ရက္ ယဥ္ေမႏြယ္တို႔ သူငယ္ခ်င္းတစ္သိုက္ ကန္တင္းထုိင္တာေပါ့ေနာ္။ အဲဒီအခ်ိန္ ကိုယ္ေတာ္ေခ်ာက ယဥ္ေမႏြယ္တို႔ ေနာက္ဝိုင္းမွာသူငယ္ခ်င္းတစ္အုပ္နဲ႔ထုိင္ေရာ။ စကားမ်ားလြန္းတဲ့ ယဥ္ေမက မသိဘူးေပါ့ေနာ္။

ေဆးထုိးေကာင္းတဲ့ သူငယ္ခ်င္းေတြက ယဥ္ေမ့ကို ခရပ္ရွ္အေၾကာင္းလည္း အစေဖာ္ေပးလိုက္ေရာ… သေကာင့္သမီးကလည္း ဘယ္ရမလဲ။ အာေပါင္အာရင္းသန္သန္နဲ႔ နာမည္ေတြတပ္ၿပီး ရွယ္ဖီးေရာ။ ေနာက္မွာထိုင္ေနတဲ့ ကိုယ္ေတာ္ေခ်ာက လွည့္ၿပီး “ကိုယ့္ကိုေျပာတာလား” ဆိုၿပီး လွမ္းေမးေတာ့မွ ယဥ္ေမႏြယ့္ခမ်ာ ရွက္လြန္းလို႔ ထိုင္ငို၊ ကိုယ္ေတာ္က ေခ်ာ႔ရနဲ႔ ေနာက္ဆံုးေတာ့ သမီး ရည္းစားျဖစ္မွန္းမသိ ျဖစ္သြားၾကေရာ။ ရုပ္ရွင္ဆန္သြားတယ္ မဟုတ္လား…

အခုလည္း ေမ လို႔ ခ်စ္စႏိုးနဲ႔အေခၚခံရလို႔ ႏႈတ္ခမ္းက နားတက္ခ်ိတ္ေနၿပီ။ ဒါေပမဲ့ စိတ္ထဲကေတာ့ သိပ္ေက်နပ္တာမဟုတ္။ ပထမဆံုးဒိတ္မယ့္ေန႔မွ ကိုယ္ေတာ္ေခ်ာက ကိစၥရွိလုိ႔ ဖ်က္သြားတယ္ေလ။ ဒါေပမဲ့လည္း အခုမွအသစ္ခ်ပ္ခၽြတ္မို႔ ျပန္မရစ္ရဲ။ ေနႏွင့္ေပါ့ေလ၊ ေနာက္မွ ေပါင္းရစ္မယ္ဆိုတဲ့ မ်က္ႏွာေပးနဲ႔ မွန္ၾကည့္ရင္း ျပံဳးလိုက္ေသးတယ္။

=======================================

“ဟယ္လို..ဟဲ့…ယဥ္ေမမ…လုိင္းေပၚတက္ခဲ့။ ျပစရာရွိလို႔”

“အာ…ေက်ာင္းပိတ္ရက္ေလး ေန႔လယ္ေန႔ခင္းအိပ္ရမလားဆို..နင့္ဒုကၡက တစ္မ်ိဳး။ ပို႔စရာရွိပို႔ထား..ငါအိပ္လိုက္ဦးမယ္”

“နင္ေတာ့ အရွခံရၿပီ ယဥ္ေမေရ”

ေမွးစင္းေနေသာ ယဥ္ေမ့မ်က္ခြံေတြ ရုတ္တရက္ ဒိုင္းခနဲ ပြင့္သြားေလတယ္။

“မသာမႀကီး…ဘာေတြလားဟ”

“လိုင္းေပၚတက္ဆို တက္ခဲ့”

ကုတင္ေပၚက ခုန္ထၿပီး ကပ်ာကယာဖုန္းထုတ္ အင္တာနက္ဖြင့္ၾကည့္တယ္။ အိသူ မက္ဆင္ဂ်ာကပို႔ထားတဲ့ ဓာတ္ပံုႀကီးျမင္ၿပီး ေၾကာင္သြားေရာ… သူ႔ခ်စ္သူ ခန္႔မင္းလြင္နဲ႔ ေဘးက အစ္ကိုႀကီးတစ္ေယာက္ ဘုရားေပၚမွာ ဘုရားဖူးေနတဲ့ပံု။

“ဟဲ့..အာ့ဘာျဖစ္လို႔လဲ”

“ဘာျဖစ္ရမွာလဲ။ ငါေျပာသားပဲ။ နင့္တစ္ေယာက္က ေျခာက္ေနတာပါဆို”

“ဟင္..ဘာဆိုင္လို႔လဲ”

“ဟဲ့..အဲ့ေလာက္ ဒူရသလား။ ဒါအရင္ေခတ္မဟုတ္ဘူးဟဲ့။ တစ္ေက်ာင္းလံုးရဲ႕ကင္းနဲ႔ ဓာတုကင္းတုိ႔ ေယာက္်ားခ်င္းတြဲေနၾကတာ နင္မသိဘူးလား။ နင့္တစ္ေယာက္လည္း ေျခာက္ေနတာလို႔ ငါၾကားတယ္ဟ။ အဲ့တုန္းက နင့္ကိုေျပာေတာ့ ေျခာက္လည္း ခရပ္ရွ္မယ္ဆုိ။ ။ဓာတ္ပံုထဲက အစ္ကိုႀကီးကိုလည္းၾကည့္ ေတာ္ေတာ္ခန္႔ၿပီးေခ်ာတာ။ ဆဲမဲ (Seme) ပီသခ်က္ပဲ ေတာ္ေသးတာေပါ့။ ငါဒီေန႔ဘုရားသြားရင္း ေတြ႔လိုက္မိလုိ႔။”

ယဥ္ေမတစ္ေယာက္ မ်က္ရည္ေတြဝဲၿပီး ငိုသံပါပါနဲ႔…

“ငီး…အိသူ နင္ေျပာတာ ဟုတ္မယ္ထင္တယ္။ ငါနဲ႔ ဒီေန႔ ဒိတ္မလို႔ ခ်ိန္းထားတာကို ကိစၥရွိလို႔ဆိုျပီး ျဖတ္သြားတယ္။ သြားၿပီ။ ငါ့ႏွလံုးသားေတြ တစ္စစီေၾကမြသြားၿပီ…အီးဟီးဟီး”

“ဟဲ့…ငိုမေနနဲ႔ ယဥ္ေမႏြယ္။ အဲ့လိုေကာင္အတြက္ နင္မ်က္ရည္က်ဖို႔မတန္ဘူး။ နင္ သူ႔ကိုရက္ရက္စက္စက္ေတြျပန္ေမးပစ္။ ေတာ္ေသးတယ္။ ငါ့သူငယ္ခ်င္း သဲ့သဲ့ေလးပဲ ရွခံထိလို႔”

Related Article >>> စႏုိက္ေက်ာ္ခံရတာနဲ႔ ပုလင္းကြဲရွခံရတာ ဘယ္ဟာပိုခံစားရလဲ။

==========================

လက္သည္းကိုက္ရင္း menu စာရြက္သာ ၾကည့္ေနရတာ။ မ်က္လံုးထဲ ျမင္ေနက် အစားအေသာက္ပံုေတြေပၚမလာပဲ ခန္႔မင္းလြင္နဲ႔ ခန္႔ေခ်ာႀကီးပံုပဲ ျမင္ေနမိတယ္။ ယဥ္ေမ ဖူးခနဲသက္ျပင္းခ်ၿပီး နာရီတစ္ခ်က္ၾကည့္လိုက္တယ္။ ၂နာရီခြဲၿပီ။ ေမ်ွာ္ေနတဲ့သူ ေပၚမလာ..လာ..အဲ လာၿပီ။ တီရွပ္လိေမၼာ္ေရာင္နဲ႔ ခ်ည္သားေဘာင္းဘီတုိေလးဝတ္လာတဲ့ ခန္႔မင္းလြင္ကိုျမင္ေတာ့ ထုိင္း bl ကားေတြထဲက အုကဲ (Uke) ကို ျမင္ေယာင္မိသြားၿပီး ယဥ္ေမတစ္ေယာက္ ငိုခ်င္သြားတယ္။

ကိုယ္ေတာ္ေခ်ာကေတာ့ ယဥ္ေမ့ကိုျပံဳးျပၿပီး ေရွ႕ကခံုကို ဆြဲထုိင္လိုက္တယ္။

“ေစာင့္ေနတာၾကာၿပီလား ေမ”

“အင္း”

“ဘာစားမလဲ..မွာေလ ေမ။ ကိုယ္ေတာ့ ခုေလးတင္ အျပင္မွာ lunch (ေန႔လယ္စာ) စားၿပီးလာတာဆိုေတာ့ အေအးပဲ ေသာက္ေတာ့မယ္”

“ဘာမွမေသာက္ေတာ့ဘူး။ ကို..ဟုတ္ဘူး..နင္နဲ႔ ကိစၥရွင္းခ်င္လို႔လာတာ”

ထိန္းထားသည့္ၾကားက ဒလေဟာထြက္က်လာတဲ့ မ်က္ရည္ေတြကို ယဥ္ေမ အျပစ္တင္မိတယ္။ စကားစကိုျဖတ္ၿပီး မ်က္ရည္ အရင္ထိန္းတယ္။ သူ႔ကိုၾကည့္ေတာ့ ဘာမွနားမလည္တဲ့ မ်က္ႏွာေပးနဲ႔ ယဥ္ေမ့ကို စိုက္ၾကည့္ေနတာေတြ႔ေတာ့…

“နင္ငါ့ကို အဲ့ဒီ့လိုၾကည့္မေနနဲ႔။ နင္ကဘာလဲ..ငါ့ကိုအထင္ေသးတာလား။ ငါ နင့္ကို ခရပ္ရွ္ေနတယ္ဆိုၿပီး လုပ္ခ်င္သလို လုပ္လုိ႔ရမယ္ ထင္ေနတာလား။”

“ေမ..ဘာေတြေျပာေနတာလဲ။ ကိုယ္တကယ္နားမလည္ဘူး”

“နင့္အေၾကာင္းငါသိသြားၿပီ။ နင္နဲ႔ အစ္ကိုႀကီးတစ္ေယာက္ တြဲေနတယ္ဆိုတာ ငါသိသြားၿပီ။ ငါကဘာလဲ၊ နင့္အတြက္ ကာဗာလား။ နင္လုပ္ရက္တယ္ေနာ္။ ငါ့မွာနင့္ကို ၂ႏွစ္ေလာက္ႀကိတ္ႀကိဳက္ေနရတာ နင္ကငါ့ကို ႏွစ္က်ပ္ကြက္ေတြ နင္းလိုက္တယ္ေနာ္။ ေတာ္ေသးတယ္။ အိသူကယ္လို႔။ မဟုတ္ရင္ ငါမသိဘဲ နင့္ကို ပိုခ်စ္မိမွာ”

“ယဥ္ေမႏြယ္…မင္းဘာေျပာေနတာလဲ။ ငါက ဘယ္ေကာင္နဲ႔ တြဲေနရမွာလဲ။ ရွင္းေအာင္ေျပာေလကြာ။ ေနပါဦး။ အိသူက နင့္ကို ဘာေတြေျပာလို႔လဲ”

“မေန႔တုန္းက ငါနဲ႔ ခ်ိန္းထားတာကို ဖ်က္ၿပီး တျခားတစ္ေယာက္နဲ႔ ဘုရားသြားတယ္ေပါ့။ ေနဦး…ဒီမွာၾကည့္”

ယဥ္ေမ ဖုန္းကို ကမန္းကတန္းဖြင့္ၿပီး အိသူ ပို႔ေပးထားတဲ့ပံုကို ျပလိုက္တယ္။

“အဲ့မွာ။ နင္ကလည္းဟာ..နင္လိင္တူႀကိဳက္တယ္ဆိုတာ ငါနားလည္ေပးလို႔ရတယ္။ ဒီေခတ္မွာ ဒါ အဆန္းမဟုတ္ဘူး။ အဲ့ဒီအတြက္နဲ႔ ငါ့အခ်စ္ကို အသံုးခ်ရက္တယ္ေနာ္။ နင္လြယ္လြယ္နဲ႔ ရည္းစားစကားေျပာကတည္းက ငါစဥ္းစားမိရမွာ။ ငါနင့္ကို ဘယ္ေလာက္ပဲအျပစ္တင္တင္ ေနာက္ဆံုးေတာ့ ငါခြင့္လြႊတ္ေပးမယ္။ ငါလည္း နင့္ကိုေမ့ႏုိင္ေအာင္ႀကိဳးစား…မ.”

“ဟားဟားဟားဟားဟားဟားဟားဟားဟားဟား”

မ်က္ရည္တရႊဲရႊဲနဲ႔ ဖီးေနတဲ့သူကိုမွ အားမနာဘဲ ရယ္ေနတဲ့ အုကဲစုတ္ကို ယဥ္ေမႏြယ္ အုတ္ခဲနဲ႔ေကာက္ထုခ်င္ေနၿပီ။

Related Article >>> ကိုယ့္ကိုယ္ကိုယ္ LGBT ျဖစ္ေၾကာင္း ေၾကညာခဲ့ၾကတဲ့ နာမည္ေက်ာ္ ဆယ္လီဘရစ္တီ (၈)ဦး

“ေၾသာ္…ေမရယ္…ေမရယ္… ဘာမ်ားလဲလို႔။ ကိုယ့္အေဖနဲ႔ ကိုယ္နဲ႔ကိုမွ မွားရသလား။ ဟားဟားဟားဟားဟား”

“နင္ျငင္းမယ္ဆုိတာ ငါသိထားေပမဲ့ အဲ့လို ယုတၱိမရွိ လိမ္မယ္လို႔ေတာ့ မထင္ထားခဲ့ဘူး။ အဲ့ဒီရုပ္က နင့္အေဖအရြယ္ျဖစ္မလား”

“ခြီး..ခဏေနဦး”

ခန္႔မင္းလြင္တစ္ေယာက္ ေျပာရင္းဆုိရင္း ပိုက္ဆံအိတ္ထဲက ဓာတ္ပံုတစ္ခုကို ယဥ္ေမ့ဆီ ကမ္းေပးလိုက္သည္။

“ေတြ႔ၿပီလား။ မိုင္ဖားသားပံု။”

ယဥ္ေမတစ္ေယာက္ အံ့အားသင့္သြားသည္။ ခန္႔မင္းလြင္ေပါက္စကို ခ်ီထားသူနဲ႔ ဘုရားမွာ ခန္႔မင္းလြင္နဲ႔ တြဲရပ္ေနတဲ့လူက ခၽြတ္စြပ္… အခ်ိန္ခရီးသြားလား မွတ္ရတယ္။

“ဟီးဟီး..ကိုယ့္အေဖက စလံုးမွာေနတာ။ ကိုယ္ကေတာ့ အေဒၚေတြနဲ႔ပဲ ဒီမွာေနတာ။ ေက်ာင္းၿပီးမွ အေဖ့ဆီလိုက္ေနမယ့္ စိတ္ကူးနဲ႔ေပါ့။ တစ္ႏွစ္တစ္ခါ အေဖက သူ႔ေမြးေန႔ကို ျမန္မာျပည္လာတယ္။ ကိုယ္က အေဖနဲ႔ ဘုရားသြားတယ္။ အေဖနဲ႔ တစ္ေန႔တာလံုး ျဖတ္သန္းတယ္။ အေမဆံုးကတည္း ကိုယ့္အတြက္ အေဖပဲ အရာအားလံုးေလ။ အဲဒီေမြးေန႔ကို သတိမရဘဲ ေမနဲ႔ ခ်ိန္းလိုက္မိတာ။ ေမ့ကို ေနာက္မွေျပာျပမယ္ဆိုၿပီး ဒီတုိင္းမအားတာလို႔ပဲ ေျပာလိုက္မိတာ။ ဟားဟား…ကိုယ့္အေဖ ႏုခ်က္က ကိုယ့္ကို တိုင္လာပတ္ေနတယ္။ ဟားဟားဟား”

ယဥ္ေမႏြယ္တစ္ေယာက္ မဟုတ္မမွန္ မွားစြပ္စြဲမိလို႔ တစ္ရွႈးစေတြဆြဲၿဖဲရင္း ရွက္ရမ္းရမ္းေနတယ္။ ခန္႔မင္းႏုိင္ကို ၾကည့္ဖုိ႔မေျပာနဲ႔ ေခါင္းေတာင္ မေမာ့ရဲေတာ့။

ကိုယ္ေတာ္ေခ်ာကလည္း တခြီးခြီးရယ္တာကို လက္စသတ္လိုက္ၿပီး ယဥ္ေမရဲ႕တစ္ရႈးစၿဖဲေနတဲ့လက္ကို ကိုင္လိုက္တယ္။ သေကာင့္သမီးကေတာ့ ေမာ့မလာ…

“ေမ…ကိုယ့္ကိုၾကည့္။ မၾကည့္ရင္ ဒီလက္ကို အဆက္မျပတ္ နမ္းမွာေနာ္။”

နမ္း ဆိုတဲ့ စကားတစ္လံုးက ယဥ္ေမ့ ေမးေစ့ကို ေထာက္တိုင္နဲ႔ မတင္သလား ထင္ရေလာက္ေအာင္ အလုပ္ျဖစ္သြားေလတယ္။

“ကိုယ္ မင္းကို လြန္ခဲ့တဲ့ ေျခာက္လေလာက္ကတည္းက သတိထားမိတာ။ အၿမဲတမ္း ရယ္ရယ္ေမာေမာ ေပါေတာေတာနဲ႔ ခ်စ္စရာေကာင္းတယ္လို႔ ကိုယ္ေတြးမိတယ္။ ကိုယ္ မင္းအေၾကာင္းစံုစမ္းတယ္။ ကိုယ့္ေမဂ်ာ ဂ်ဴနီယာမွန္းလည္း သိရတယ္၊ ကိုယ့္ကို ခရပ္ရွ္ေနျပီး တစ္ခါတစ္ေလ ကိုယ့္ကိုလာေခ်ာင္းတာလည္း သိတယ္။ ကိုယ္လည္း ဒီတုိင္းေလး မင္းအေျခအေနကို ေစာင့္ၾကည့္မယ္ထင္ထားတာ ကန္တင္းမွာ မင္းအာေပါင္အာရင္းသန္သန္နဲ႔ ကိုယ့္အေၾကာင္းေျပာေနတာၾကားေတာ့ ခြင္ထဲဝင္သြားေရာ။

ဒီမွာေမ..ကိုယ္ကတိေပးတယ္။ ကိုယ္ ေမ့ကိုပဲခ်စ္တာ။ ေမဆိုတဲ့ ေပါေတာေတာအူေၾကာင္က်ားေလးကိုပဲ ခ်စ္မွာ။ ၿပီးေတာ့…”

ယဥ္ေမႏြယ္ရင္ခုန္ေနၿပီ။ ခန္႔မင္းလြင္တစ္ေယာက္ သူမ်က္လံုးေလးေတြကို ေလးေလးနက္နက္ စိုက္ၾကည့္ရင္း…

“ကိုယ္ေဂးျဖစ္ရင္ေတာင္ ေမ့ကို ညီအစ္မလို ဆက္ခ်စ္ေနမွာပါ”

“ဘာာာာာ”

ဒီေနာက္မွာေတာ့ ခန္႔မင္းႏိုင္တစ္ေယာက္ ယဥ္ေမႏြယ္ရဲ႕ လက္သီးဆုပ္ေတြကို လိုက္ဖမ္းရင္း နားပူခံရေလေတာ့သတည္း…

Christina (For Her Myanmar)

<<< Unicode >>>

ယုံမိတာ ကိုယ့်အမှား… 

“ဟဲလို…မေ”

ဖုန်းထဲက ခေါ်သံကြောင့် ယဉ်မေနွယ်တစ်ယောက် ကြက်သီးတဖျန်းဖျန်းထပြီး တစ်ခဏဆွံ့အသွားတယ်။

“ကို…အဲ..ကိုကို”

“မေ..ကိုယ်တို့ဒီနေ့ချိန်းထားတာလေ၊ ကိုယ် ဒီနေ့မအားတော့လို့။ မနက်ဖြန်မှ တွေ့ရအောင်လား။ ကိုယ့်ကိုစိတ်မဆိုးနဲ့နော်။”

“အွန်း… ရတယ်လေ… ကိုကို အဆင်မပြေလည်း မနက်ဖြန်မှ တွေ့တာပေါ့။”

“အင်း… ဒါပဲနော်။”

“အွန်း…”

“ခဏလေး..”

“ဟင်..”

“ချစ်တယ်”

တစ်ဖက်က ဖုန်းချသွားတဲ့အထိ ယဉ်မေနွယ်တို့တော့ ကျောက်ရုပ်သိုင်းကျင့်နေသလားပဲ။ သူကြိတ်ခိုက်ခဲ့ရတဲ့ မေဂျာကင်းကြီးက အခုတော့ သူ့ကိုကိုဖြစ်နေပြီ။ ပြီးတော့လည်း “မေ” တဲ့။

ယဉ်မေနွယ် ရည်းစားရသွားပုံကလည်း တယ်ဆန်းတယ်။ ပြောရမယ်ဆို သူငယ်ချင်းကောင်းယောက်မတွေကြောင့်ပေါ့။ တစ်ရက် ယဉ်မေနွယ်တို့ သူငယ်ချင်းတစ်သိုက် ကန်တင်းထိုင်တာပေါ့နော်။ အဲဒီအချိန် ကိုယ်တော်ချောက ယဉ်မေနွယ်တို့ နောက်ဝိုင်းမှာသူငယ်ချင်းတစ်အုပ်နဲ့ထိုင်ရော။ စကားများလွန်းတဲ့ ယဉ်မေက မသိဘူးပေါ့နော်။

ဆေးထိုးကောင်းတဲ့ သူငယ်ချင်းတွေက ယဉ်မေ့ကို ခရပ်ရှ်အကြောင်းလည်း အစဖော်ပေးလိုက်ရော… သကောင့်သမီးကလည်း ဘယ်ရမလဲ။ အာပေါင်အာရင်းသန်သန်နဲ့ နာမည်တွေတပ်ပြီး ရှယ်ဖီးရော။ နောက်မှာထိုင်နေတဲ့ ကိုယ်တော်ချောက လှည့်ပြီး “ကိုယ့်ကိုပြောတာလား” ဆိုပြီး လှမ်းမေးတော့မှ ယဉ်မေနွယ့်ခမျာ ရှက်လွန်းလို့ ထိုင်ငို၊ ကိုယ်တော်က ချော့ရနဲ့ နောက်ဆုံးတော့ သမီး ရည်းစားဖြစ်မှန်းမသိ ဖြစ်သွားကြရော။ ရုပ်ရှင်ဆန်သွားတယ် မဟုတ်လား…

အခုလည်း မေ လို့ ချစ်စနိုးနဲ့အခေါ်ခံရလို့ နှုတ်ခမ်းက နားတက်ချိတ်နေပြီ။ ဒါပေမဲ့ စိတ်ထဲကတော့ သိပ်ကျေနပ်တာမဟုတ်။ ပထမဆုံးဒိတ်မယ့်နေ့မှ ကိုယ်တော်ချောက ကိစ္စရှိလို့ ဖျက်သွားတယ်လေ။ ဒါပေမဲ့လည်း အခုမှအသစ်ချပ်ချွတ်မို့ ပြန်မရစ်ရဲ။ နေနှင့်ပေါ့လေ၊ နောက်မှ ပေါင်းရစ်မယ်ဆိုတဲ့ မျက်နှာပေးနဲ့ မှန်ကြည့်ရင်း ပြုံးလိုက်သေးတယ်။

=======================================

“ဟယ်လို..ဟဲ့…ယဉ်မေမ…လိုင်းပေါ်တက်ခဲ့။ ပြစရာရှိလို့”

“အာ…ကျောင်းပိတ်ရက်လေး နေ့လယ်နေ့ခင်းအိပ်ရမလားဆို..နင့်ဒုက္ခက တစ်မျိုး။ ပို့စရာရှိပို့ထား..ငါအိပ်လိုက်ဦးမယ်”

“နင်တော့ အရှခံရပြီ ယဉ်မေရေ”

မှေးစင်းနေသော ယဉ်မေ့မျက်ခွံတွေ ရုတ်တရက် ဒိုင်းခနဲ ပွင့်သွားလေတယ်။

“မသာမကြီး…ဘာတွေလားဟ”

“လိုင်းပေါ်တက်ဆို တက်ခဲ့”

ကုတင်ပေါ်က ခုန်ထပြီး ကပျာကယာဖုန်းထုတ် အင်တာနက်ဖွင့်ကြည့်တယ်။ အိသူ မက်ဆင်ဂျာကပို့ထားတဲ့ ဓာတ်ပုံကြီးမြင်ပြီး ကြောင်သွားရော… သူ့ချစ်သူ ခန့်မင်းလွင်နဲ့ ဘေးက အစ်ကိုကြီးတစ်ယောက် ဘုရားပေါ်မှာ ဘုရားဖူးနေတဲ့ပုံ။

“ဟဲ့..အာ့ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမှာလဲ။ ငါပြောသားပဲ။ နင့်တစ်ယောက်က ခြောက်နေတာပါဆို”

“ဟင်..ဘာဆိုင်လို့လဲ”

“ဟဲ့..အဲ့လောက် ဒူရသလား။ ဒါအရင်ခေတ်မဟုတ်ဘူးဟဲ့။ တစ်ကျောင်းလုံးရဲ့ကင်းနဲ့ ဓာတုကင်းတို့ ယောက်ျားချင်းတွဲနေကြတာ နင်မသိဘူးလား။ နင့်တစ်ယောက်လည်း ခြောက်နေတာလို့ ငါကြားတယ်ဟ။ အဲ့တုန်းက နင့်ကိုပြောတော့ ခြောက်လည်း ခရပ်ရှ်မယ်ဆို။ ဓာတ်ပုံထဲက အစ်ကိုကြီးကိုလည်းကြည့် တော်တော်ခန့်ပြီးချောတာ။ ဆဲမဲ (Seme) ပီသချက်ပဲ။ တော်သေးတာပေါ့။ ငါဒီနေ့ဘုရားသွားရင်း တွေ့လိုက်မိလို့။”

ယဉ်မေတစ်ယောက် မျက်ရည်တွေဝဲပြီး ငိုသံပါပါနဲ့…

“ငီး…အိသူ နင်ပြောတာ ဟုတ်မယ်ထင်တယ်။ ငါနဲ့ ဒီနေ့ ဒိတ်မလို့ ချိန်းထားတာကို ကိစ္စရှိလို့ဆိုပြီး ဖြတ်သွားတယ်။ သွားပြီ။ ငါ့နှလုံးသားတွေ တစ်စစီကြေမွသွားပြီ…အီးဟီးဟီး”

“ဟဲ့…ငိုမနေနဲ့ ယဉ်မေနွယ်။ အဲ့လိုကောင်အတွက် နင်မျက်ရည်ကျဖို့မတန်ဘူး။ နင် သူ့ကိုရက်ရက်စက်စက်တွေပြန်မေးပစ်။ တော်သေးတယ်။ ငါ့သူငယ်ချင်း သဲ့သဲ့လေးပဲ ရှခံထိလို့”

Related Article >>> စနိုက်ကျော်ခံရတာနဲ့ ပုလင်းကွဲရှခံရတာ ဘယ်ဟာပိုခံစားရလဲ။

==========================

လက်သည်းကိုက်ရင်း menu စာရွက်သာ ကြည့်နေရတာ။ မျက်လုံးထဲ မြင်နေကျ အစားအသောက်ပုံတွေပေါ်မလာပဲ ခန့်မင်းလွင်နဲ့ ခန့်ချောကြီးပုံပဲ မြင်နေမိတယ်။ ယဉ်မေ ဖူးခနဲသက်ပြင်းချပြီး နာရီတစ်ချက်ကြည့်လိုက်တယ်။ ၂နာရီခွဲပြီ။ မျှော်နေတဲ့သူ ပေါ်မလာ..လာ..အဲ လာပြီ။ တီရှပ်လိမ္မော်ရောင်နဲ့ ချည်သားဘောင်းဘီတိုလေးဝတ်လာတဲ့ ခန့်မင်းလွင်ကိုမြင်တော့ ထိုင်း bl ကားတွေထဲက အုကဲ (Uke) ကို မြင်ယောင်မိသွားပြီး ယဉ်မေတစ်ယောက် ငိုချင်သွားတယ်။

ကိုယ်တော်ချောကတော့ ယဉ်မေ့ကိုပြုံးပြပြီး ရှေ့ကခုံကို ဆွဲထိုင်လိုက်တယ်။

“စောင့်နေတာကြာပြီလား မေ”

“အင်း”

“ဘာစားမလဲ..မှာလေ မေ။ ကိုယ်တော့ ခုလေးတင် အပြင်မှာ lunch (နေ့လယ်စာ) စားပြီးလာတာဆိုတော့ အအေးပဲ သောက်တော့မယ်”

“ဘာမှမသောက်တော့ဘူး။ ကို..ဟုတ်ဘူး..နင်နဲ့ ကိစ္စရှင်းချင်လို့လာတာ”

ထိန်းထားသည့်ကြားက ဒလဟောထွက်ကျလာတဲ့ မျက်ရည်တွေကို ယဉ်မေ အပြစ်တင်မိတယ်။ စကားစကိုဖြတ်ပြီး မျက်ရည် အရင်ထိန်းတယ်။ သူ့ကိုကြည့်တော့ ဘာမှနားမလည်တဲ့ မျက်နှာပေးနဲ့ ယဉ်မေ့ကို စိုက်ကြည့်နေတာတွေ့တော့…

“နင်ငါ့ကို အဲ့ဒီ့လိုကြည့်မနေနဲ့။ နင်ကဘာလဲ..ငါ့ကိုအထင်သေးတာလား။ ငါ နင့်ကို ခရပ်ရှ်နေတယ်ဆိုပြီး လုပ်ချင်သလို လုပ်လို့ရမယ် ထင်နေတာလား။”

“မေ..ဘာတွေပြောနေတာလဲ။ ကိုယ်တကယ်နားမလည်ဘူး”

“နင့်အကြောင်းငါသိသွားပြီ။ နင်နဲ့ အစ်ကိုကြီးတစ်ယောက် တွဲနေတယ်ဆိုတာ ငါသိသွားပြီ။ ငါကဘာလဲ၊ နင့်အတွက် ကာဗာလား။ နင်လုပ်ရက်တယ်နော်။ ငါ့မှာနင့်ကို ၂နှစ်လောက်ကြိတ်ကြိုက်နေရတာ နင်ကငါ့ကို နှစ်ကျပ်ကွက်တွေ နင်းလိုက်တယ်နော်။ တော်သေးတယ်။ အိသူကယ်လို့။ မဟုတ်ရင် ငါမသိဘဲ နင့်ကို ပိုချစ်မိမှာ”

“ယဉ်မေနွယ်…မင်းဘာပြောနေတာလဲ။ ငါက ဘယ်ကောင်နဲ့ တွဲနေရမှာလဲ။ ရှင်းအောင်ပြောလေကွာ။ နေပါဦး။ အိသူက နင့်ကို ဘာတွေပြောလို့လဲ”

“မနေ့တုန်းက ငါနဲ့ ချိန်းထားတာကို ဖျက်ပြီး တခြားတစ်ယောက်နဲ့ ဘုရားသွားတယ်ပေါ့။ နေဦး…ဒီမှာကြည့်”

ယဉ်မေ ဖုန်းကို ကမန်းကတန်းဖွင့်ပြီး အိသူ ပို့ပေးထားတဲ့ပုံကို ပြလိုက်တယ်။

“အဲ့မှာ။ နင်ကလည်းဟာ..နင်လိင်တူကြိုက်တယ်ဆိုတာ ငါနားလည်ပေးလို့ရတယ်။ ဒီခေတ်မှာ ဒါ အဆန်းမဟုတ်ဘူး။ အဲ့ဒီအတွက်နဲ့ ငါ့အချစ်ကို အသုံးချရက်တယ်နော်။ နင်လွယ်လွယ်နဲ့ ရည်းစားစကားပြောကတည်းက ငါစဉ်းစားမိရမှာ။ ငါနင့်ကို ဘယ်လောက်ပဲအပြစ်တင်တင် နောက်ဆုံးတော့ ငါခွင့်လွှတ်ပေးမယ်။ ငါလည်း နင့်ကိုမေ့နိုင်အောင်ကြိုးစား…မ.”

“ဟားဟားဟားဟားဟားဟားဟားဟားဟားဟား”

မျက်ရည်တရွှဲရွှဲနဲ့ ဖီးနေတဲ့သူကိုမှ အားမနာဘဲ ရယ်နေတဲ့ အုကဲစုတ်ကို ယဉ်မေနွယ် အုတ်ခဲနဲ့ကောက်ထုချင်နေပြီ။

Related Article >>> ကိုယ့်ကိုယ်ကိုယ် LGBT ဖြစ်ကြောင်း ကြေညာခဲ့ကြတဲ့ နာမည်ကျော် ဆယ်လီဘရစ်တီ (၈)ဦး

“သြော်…မေရယ်…မေရယ်… ဘာများလဲလို့။ ကိုယ့်အဖေနဲ့ ကိုယ်နဲ့ကိုမှ မှားရသလား။ ဟားဟားဟားဟားဟား”

“နင်ငြင်းမယ်ဆိုတာ ငါသိထားပေမဲ့ အဲ့လို ယုတ္တိမရှိ လိမ်မယ်လို့တော့ မထင်ထားခဲ့ဘူး။ အဲ့ဒီရုပ်က နင့်အဖေအရွယ်ဖြစ်မလား”

“ခွီး..ခဏနေဦး”

ခန့်မင်းလွင်တစ်ယောက် ပြောရင်းဆိုရင်း ပိုက်ဆံအိတ်ထဲက ဓာတ်ပုံတစ်ခုကို ယဉ်မေ့ဆီ ကမ်းပေးလိုက်သည်။

“တွေ့ပြီလား။ မိုင်ဖားသားပုံ။”

ယဉ်မေတစ်ယောက် အံ့အားသင့်သွားသည်။ ခန့်မင်းလွင်ပေါက်စကို ချီထားသူနဲ့ ဘုရားမှာ ခန့်မင်းလွင်နဲ့ တွဲရပ်နေတဲ့လူက ချွတ်စွပ်… အချိန်ခရီးသွားလား မှတ်ရတယ်။

“ဟီးဟီး..ကိုယ့်အဖေက စလုံးမှာနေတာ။ ကိုယ်ကတော့ အဒေါ်တွေနဲ့ပဲ ဒီမှာနေတာ။ ကျောင်းပြီးမှ အဖေ့ဆီလိုက်နေမယ့် စိတ်ကူးနဲ့ပေါ့။ တစ်နှစ်တစ်ခါ အဖေက သူ့မွေးနေ့ကို မြန်မာပြည်လာတယ်။ ကိုယ်က အဖေနဲ့ ဘုရားသွားတယ်။ အဖေနဲ့ တစ်နေ့တာလုံး ဖြတ်သန်းတယ်။ အမေဆုံးကတည်း ကိုယ့်အတွက် အဖေပဲ အရာအားလုံးလေ။ အဲဒီမွေးနေ့ကို သတိမရဘဲ မေနဲ့ ချိန်းလိုက်မိတာ။ မေ့ကို နောက်မှပြောပြမယ်ဆိုပြီး ဒီတိုင်းမအားတာလို့ပဲ ပြောလိုက်မိတာ။ ဟားဟား…ကိုယ့်အဖေ နုချက်က ကိုယ့်ကို တိုင်လာပတ်နေတယ်။ ဟားဟားဟား”

ယဉ်မေနွယ်တစ်ယောက် မဟုတ်မမှန် မှားစွပ်စွဲမိလို့ တစ်ရှှုးစတွေဆွဲဖြဲရင်း ရှက်ရမ်းရမ်းနေတယ်။ ခန့်မင်းနိုင်ကို ကြည့်ဖို့မပြောနဲ့ ခေါင်းတောင် မမော့ရဲတော့။

ကိုယ်တော်ချောကလည်း တခွီးခွီးရယ်တာကို လက်စသတ်လိုက်ပြီး ယဉ်မေရဲ့တစ်ရှုးစဖြဲနေတဲ့လက်ကို ကိုင်လိုက်တယ်။ သကောင့်သမီးကတော့ မော့မလာ…

“မေ…ကိုယ့်ကိုကြည့်။ မကြည့်ရင် ဒီလက်ကို အဆက်မပြတ် နမ်းမှာနော်။”

နမ်း ဆိုတဲ့ စကားတစ်လုံးက ယဉ်မေ့ မေးစေ့ကို ထောက်တိုင်နဲ့ မတင်သလား ထင်ရလောက်အောင် အလုပ်ဖြစ်သွားလေတယ်။

“ကိုယ် မင်းကို လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက သတိထားမိတာ။ အမြဲတမ်း ရယ်ရယ်မောမော ပေါတောတောနဲ့ ချစ်စရာကောင်းတယ်လို့ ကိုယ်တွေးမိတယ်။ ကိုယ် မင်းအကြောင်းစုံစမ်းတယ်။ ကိုယ့်မေဂျာ ဂျူနီယာမှန်းလည်း သိရတယ်၊ ကိုယ့်ကို ခရပ်ရှ်နေပြီး တစ်ခါတစ်လေ ကိုယ့်ကိုလာချောင်းတာလည်း သိတယ်။ ကိုယ်လည်း ဒီတိုင်းလေး မင်းအခြေအနေကို စောင့်ကြည့်မယ်ထင်ထားတာ ကန်တင်းမှာ မင်းအာပေါင်အာရင်းသန်သန်နဲ့ ကိုယ့်အကြောင်းပြောနေတာကြားတော့ ခွင်ထဲဝင်သွားရော။

ဒီမှာမေ..ကိုယ်ကတိပေးတယ်။ ကိုယ် မေ့ကိုပဲချစ်တာ။ မေဆိုတဲ့ ပေါတောတောအူကြောင်ကျားလေးကိုပဲ ချစ်မှာ။ ပြီးတော့…”

ယဉ်မေနွယ်ရင်ခုန်နေပြီ။ ခန့်မင်းလွင်တစ်ယောက် သူမျက်လုံးလေးတွေကို လေးလေးနက်နက် စိုက်ကြည့်ရင်း…

“ကိုယ်ဂေးဖြစ်ရင်တောင် မေ့ကို ညီအစ်မလို ဆက်ချစ်နေမှာပါ”

“ဘာာာာာ”

ဒီနောက်မှာတော့ ခန့်မင်းနိုင်တစ်ယောက် ယဉ်မေနွယ်ရဲ့ လက်သီးဆုပ်တွေကို လိုက်ဖမ်းရင်း နားပူခံရလေတော့သတည်း…

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *