FUN Horror Movie Reviews

လိပ္ျပာစံအိမ္က တကယ္ပဲ ၾကည့္ရတန္တဲ့ ရုပ္ရွင္ကားလား?

ဘယ္လိုလဲဆိုေတာ့ေလ… ဖတ္ၾကည့္ပါလို႔ 😛

>>> Zawgyi >>>

ထိုင္းဒါရိုက္တာ ရိုက္ကူးၿပီး ဝတ္မွံုေရႊရည္၊ ႏိုင္းႏိုင္းနဲ႔ ကေလးသရုပ္ေဆာင္ ျပည့္ျပည့္တို႔ အဓိက ပါဝင္သရုပ္ေဆာင္ထားတဲ့ လိပ္ျပာစံအိမ္ရုပ္ရွင္ဟာ မျပခင္တည္းက အေတာ္ေလး လူေျပာမ်ားေနတဲ့ဇာတ္လမ္းပါ။

Trailer ဖြင့္လိုက္တာနဲ႔ ေခ်ာက္ခ်ားရၿပီး ဇာ တ္လမ္း/ဇာတ္သိမ္းကို လံုးဝမွန္းလို႔မရတဲ့ ရွားပါးျမန္မာဇာတ္လမ္းပါပဲ။ ဒါေၾကာင့္ ျမန္မာသရဲကားဆို တစ္ခါမွ သြားမၾကည့္တဲ့ အက္ဒ္မင္လည္း ဒီရုပ္ရွင္ကိုေတာ့ တင္တင္ခ်င္းေန႔မွာတင္ သြားၾကည့္ၿပီး ေယာင္းတို႔ကို ေဖာက္သည္ခ်ရတာပါ။

ဆိုေတာ့ ဇာတ္လမ္းအက်ဥ္းေလးေျပာျပမယ္ေနာ္…

အခ်ိန္ကာလကေတာ့ ၁၉၆၀ခုႏွစ္ေတြ….

ေရနံေခ်ာင္းၿမိဳ႕က ကိုလိုနီေခတ္ ေရွးအိမ္ႀကီးမွွာ ၾကင္နာတတ္တဲ့ ဓာတ္ပံုဆရာအမ်ိဳးသား (ေဒါင္း) နဲ႔ သူေမြးစားထားတဲ့ ကေလးသံုးေယာက္ေနထိုင္ပါတယ္။ဒါေပမဲ့ တစ္ရက္မွာ ဓာတ္ပံုဆရာေလး တေနရာကို ထြက္သြားခဲ့ၿပီး ခုထိေသသလား ရွင္သလား မသိရပါဘူး။ အဲ့ကာလ ၁၉၆၀ကာလ စစ္တပ္အာဏာသိမ္းတဲ့အခ်ိန္မို႔ တိုင္းေရးျပည္ေရးမတည္ၿငိမ္တာေၾကာင့္ ဘယ္သူမွသူေပ်ာက္သြားတာကို ဂရုမစိုက္ခဲ့ပါဘူး။

အဲ့လိုနဲ႔ ၂၀၁၈ခုႏွစ္ ဒီဘက္ေခတ္ကို ေရာက္လာပါတယ္။

ဒီေရနံေခ်ာင္းၿမိဳ႕က ေရွးအိမ္ႀကီးကိုပဲ ဓာတ္ပံုဆရာမိသားစု က ေျပာင္းလာပါတယ္။ ဒီ မိသားစုေလးမွာ ခ်စ္ဖို႔ေကာင္းတဲ့ သမီးေလးတစ္ေယာက္တည္းရွိေပမယ့္ ကေလးဟာ ေအာ္တစ္ဇင္ေရာဂါျဖစ္ေနပါတယ္။ ခပ္ဆိုးဆိုး ကေလးေလးျဖစ္ပီး ဖေအကလြဲလို႔ ဘယ္သူနဲ႔မွ မတည့္ပါဘူး။

သူတို႔ေျပာင္းလာတဲ့ အိမ္ႀကီးမွာက ထူးဆန္းတာေတြ ၾကံဳလာရပါတယ္။ လြန္ခဲ့တဲ့ ႏွစ္၅၀တုန္းက အိမ္ႀကီးမွာ ေနထိုင္သူေတြရဲ႕ ဓာတ္ပံုဟာ အေတာ္ေလးအသက္ဝင္ေနၿပီး ျမင္ရတဲ့သူကို ေခ်ာက္ခ်ားေစပါတယ္။ သူတို႔ရဲ႕ သမီးေလးကလည္း အရင္လိုဆိုးေပမေနဘဲ ရုတ္တရက္ လိမၼာလာတယ္။ ဒါေပမဲ့ ေန႔ဆို အိပ္ၿပီး ညဆို ႏိုးလာတယ္။ အေဖကိုပဲကပ္တဲ့ သမီးက အေမကိုလည္း ခၽြဲလာတယ္။ အိမ္အိုႀကီးထဲက ေရွးအရုပ္ေတြကို ရွာရွာေဖြေဖြ ထုတ္ေဆာ့လာတယ္။

Related article >>> တစ္ေယာက္တည္း မၾကည့္သင့္တဲ့ ေဘာလိဝုဒ္သရဲကား (၄)ကား

သမီးျဖစ္သူကို မသကၤာတဲ့ ႏိုင္းႏိုင္းတစ္ေယာက္ သမီးနဲ႔ ညဘက္ေဆာ့ေပးရင္း ရင္ထိတ္ဖြယ္ရာ နာနာဘာဝပံုရိပ္ကို သမီးျဖစ္သူမွာ ေတြ႕လိုက္ရတဲ့အခါ…. သူတို႔ရဲ႕ သမီးအရင္းဟာ လိပ္ျပာဖြက္ခံထားရမွန္း သိလိုက္တဲ့အခါ…. ေပ်ာက္ဆံုးေနတဲ့ သမီး လိပ္ျပာကို ရွာေဖြၿပီး ကယ္တင္ရပါေတာ့မယ္။

ဒါေပမဲ့ တစ္ဖက္မွာ စံအိမ္ႀကီးရဲ႕ ပိုင္ရွင္ နာနာဘာဝ ေမေမရွိေနပါတယ္။ ေၾကာက္စရာေကာင္းတဲ့ နာနာဘာဝေမေမက မိသားစုစံုစံုညီညီ ျဖစ္လိုတာမို႔ ကေလးေတြရဲ႕ လိပ္ျပာအားလံုးကို အိမ္ျပန္လာေစခ်င္သူပါ။

သမီးေလးရဲ႕ လိပ္ျပာကို ေဒါသႀကီးတဲ့ ေမေမက ဖြက္ထားတဲ့အခါ….ဒီမိသားစုေလး အရင္လို ေပ်ာ္ရႊင္ႏိုင္ပါေတာ့မလား? ဒီနာနာဘာဝ ေမေမက ဘယ္သူလဲ? ဘာလို႔ ဒီလိုေတြ လုပ္ေနတာလဲ? လြန္ခဲ့တဲ့ ႏွစ္၅၀ေက်ာ္က ေပ်ာက္ဆံုးသြားတဲ့ ဓာတ္ပံုဆရာကေကာ ေမြးစားကေလးေတြပစ္ၿပီး ဘယ္ေရာက္ေနတာလဲ?

ဒါေတြကိုေတာ့ ကိုယ့္ဟာကို ၾကည့္ရႈပါေနာ္။

ၾကည့္ရတာ တန္ရဲ႕လား?

အက္ဒ္မင့္လို ေတာ္ရုံသရဲကားကို မျဖံဳတဲ့သူ၊ ဂ်ီးမ်ားတဲ့သူေတာင္ ဒီရုပ္ရွင္ကို ေၾကာက္လြန္းလို႔ မနည္း ရင္ဖိ၊ နားပိတ္ၿပီး ၾကည့္ရပါတယ္။ သူငယ္ခ်င္းဆို ေပါက္ေပါက္ဘူးကို ေတာင္ လန္႔ၿပီး လႊတ္ခ်မိေတာ့မယ့္ အထိပါပဲ။

ေရနံေခ်ာင္းၿမိဳ႕ရဲ႕ အလွကို Aerial photography လို႔ေခၚတဲ့ ေဝဟင္ကေန ဓာတ္ပံုရိုက္ျပၿပီး တင္ဆက္ထားတဲ့ပံုစံက အေတာ္မိုက္ပါတယ္။ ေနာက္ခံဇာတ္ဝင္ေတးကိုလည္း ေကာ္ပီ မသံုးထားဘဲ ျမန္မာ့ရိုးရာ သီခ်င္းေလးေတြ ျဖစ္တဲ့ သီတာေလးတို႔ အိမ္ နဲ႔ ေၾကာင္ႀကီးၿမီးတို ကို သံုးသြားပါတယ္။ အသံတည္းျဖတ္မႈနဲ႔ ဖန္တီးမႉက ေကာင္းလြန္းတာမို႔ သီခ်င္းသံၾကားတာနဲ႔တင္ ေခ်ာက္ခ်ားၿပီး ၾကက္သီးထမိပါရဲ႕။

သဘာဝက်တဲ့ သရုပ္ေဆာင္ခ်က္ေတြ( ကစ္ဆို ပီျပင္ေအာင္ မိတ္ကပ္ေတာင္ မလိမ္းထား) ၊ ကြန္ပ်ဴတာအထူးျပဳလုပ္ခ်က္ေတြ နဲ႔ သရဲေျခာက္တဲ့ အခန္းေတြကလည္း အေတာ္ေလး ေက်နပ္စရာေကာင္းတာမို႔ ႏွစ္နာရီၾကာ ရုပ္ရွင္ကို ဘယ္လိုကုန္သြားမွန္ေတာင္ မသိ။

အက္ဒ္မင္ကေတာ့ အမွွတ္ ၁၀၀မွာ ၉၈မွတ္ေပးတယ္။ ဒီေလာက္ထိ ေကာင္းမယ္လို႔ေတာင္ မေမွွ်ာ္လင့္ထားဘူး။ ျမန္မာကား ၾကည့္ေနတယ္လို႔ေတာင္ မခံစားရဘဲ ႏိုင္ငံတကာ အဆင့္အတန္းမီတဲ့ ရုပ္ရွင္အျဖစ္ အျပည့္အဝ ခံစားရေစပါတယ္။

Related article >>> အထာက်က် သရဲေျခာက္ၾကမယ္

ႏွစ္ခုပဲ။ အလင္းအေမွာင္ပိုင္းကို သိပ္အားမရမိဘူး။ ေနာက္ၿပီး ခိုခိုေဒါင္းမ်က္ႏွာကို မိတ္ကပ္ဖန္တီးမႈပိုင္းက အားနည္းတယ္။ သိပ္မပီျပင္ပါဘူး။ ဒါေပမဲ့ ခိုခိုေဒါင္းရဲ႕ ရသေျမာက္ သရုပ္ေဆာင္ခ်က္ေတြ ေကာင္းလို႔ အဲဒီအားနည္းခ်က္က မျမင္၇ေလာက္ေအာင္ပါပဲ။

ခိုခိုေဒါင္းရဲ႕ epic ျဖစ္တဲ့ dialogueတခ်ိဳ႕ နဲ႔ က်ရာ ဇာတ္ရုပ္ကို ပီျပင္ေအာင္သရုပ္ေဆာင္ႏိုင္မႈက အႏုပညာေျမာက္လြန္းလို႔ တစ္ရံုလံုး ေဝါခနဲ ထရယ္ၾကတာေတာ့ တကယ္အမွတ္တရပါပဲ။ (ဘာလဲဆိုတာ သိခ်င္ ကိုယ့္ဟာကိုယ္ သြားၾကည့္ၾကေနာ္😜)

ကဲ..ဘာလုပ္ေနတာလဲ ျမန္ျမန္ေျပးၾကည့္ၾကေတာ့ေလ….

By
Mia (For Her Myanmar)

>>> Unicode >>>

ဘယ်လိုလဲဆိုတော့လေ… ဖတ်ကြည့်ပါလို့ 😛

ထိုင်းဒါရိုက်တာ ရိုက်ကူးပြီး ဝတ်မှုံရွှေရည်၊ နိုင်းနိုင်းနဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ လိပ်ပြာစံအိမ်ရုပ်ရှင်ဟာ မပြခင်တည်းက အတော်လေး လူပြောများနေတဲ့ဇာတ်လမ်းပါ။

Trailer ဖွင့်လိုက်တာနဲ့ ချောက်ချားရပြီး ဇာ တ်လမ်း/ဇာတ်သိမ်းကို လုံးဝမှန်းလို့မရတဲ့ ရှားပါးမြန်မာဇာတ်လမ်းပါပဲ။ ဒါကြောင့် မြန်မာသရဲကားဆို တစ်ခါမှ သွားမကြည့်တဲ့ အက်ဒ်မင်လည်း ဒီရုပ်ရှင်ကိုတော့ တင်တင်ချင်းနေ့မှာတင် သွားကြည့်ပြီး ယောင်းတို့ကို ဖောက်သည်ချရတာပါ။

ဆိုတော့ ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော်…

အချိန်ကာလကတော့ ၁၉၆၀ခုနှစ်တွေ….

ရေနံချောင်းမြို့က ကိုလိုနီခေတ် ရှေးအိမ်ကြီးမှာ ကြင်နာတတ်တဲ့ ဓာတ်ပုံဆရာအမျိုးသား (ဒေါင်း) နဲ့ သူမွေးစားထားတဲ့ ကလေးသုံးယောက်နေထိုင်ပါတယ်။ဒါပေမဲ့ တစ်ရက်မှာ ဓာတ်ပုံဆရာလေး တနေရာကို ထွက်သွားခဲ့ပြီး ခုထိသေသလား ရှင်သလား မသိရပါဘူး။ အဲ့ကာလ ၁၉၆၀ကာလ စစ်တပ်အာဏာသိမ်းတဲ့အချိန်မို့ တိုင်းရေးပြည်ရေးမတည်ငြိမ်တာကြောင့် ဘယ်သူမှသူပျောက်သွားတာကို ဂရုမစိုက်ခဲ့ပါဘူး။

အဲ့လိုနဲ့ ၂၀၁၈ခုနှစ် ဒီဘက်ခေတ်ကို ရောက်လာပါတယ်။

ဒီရေနံချောင်းမြို့က ရှေးအိမ်ကြီးကိုပဲ ဓာတ်ပုံဆရာမိသားစု က ပြောင်းလာပါတယ်။ ဒီ မိသားစုလေးမှာ ချစ်ဖို့ကောင်းတဲ့ သမီးလေးတစ်ယောက်တည်းရှိပေမယ့် ကလေးဟာ အော်တစ်ဇင်ရောဂါဖြစ်နေပါတယ်။ ခပ်ဆိုးဆိုး ကလေးလေးဖြစ်ပီး ဖအေကလွဲလို့ ဘယ်သူနဲ့မှ မတည့်ပါဘူး။

သူတို့ပြောင်းလာတဲ့ အိမ်ကြီးမှာက ထူးဆန်းတာတွေ ကြုံလာရပါတယ်။ လွန်ခဲ့တဲ့ နှစ်၅၀တုန်းက အိမ်ကြီးမှာ နေထိုင်သူတွေရဲ့ ဓာတ်ပုံဟာ အတော်လေးအသက်ဝင်နေပြီး မြင်ရတဲ့သူကို ချောက်ချားစေပါတယ်။ သူတို့ရဲ့ သမီးလေးကလည်း အရင်လိုဆိုးပေမနေဘဲ ရုတ်တရက် လိမ္မာလာတယ်။ ဒါပေမဲ့ နေ့ဆို အိပ်ပြီး ညဆို နိုးလာတယ်။ အဖေကိုပဲကပ်တဲ့ သမီးက အမေကိုလည်း ချွဲလာတယ်။ အိမ်အိုကြီးထဲက ရှေးအရုပ်တွေကို ရှာရှာဖွေဖွေ ထုတ်ဆော့လာတယ်။

Related article >>> တစ်ယောက်တည်း မကြည့်သင့်တဲ့ ဘောလိဝုဒ်သရဲကား (၄)ကား

သမီးဖြစ်သူကို မသင်္ကာတဲ့ နိုင်းနိုင်းတစ်ယောက် သမီးနဲ့ ညဘက်ဆော့ပေးရင်း ရင်ထိတ်ဖွယ်ရာ နာနာဘာဝပုံရိပ်ကို သမီးဖြစ်သူမှာ တွေ့လိုက်ရတဲ့အခါ…. သူတို့ရဲ့ သမီးအရင်းဟာ လိပ်ပြာဖွက်ခံထားရမှန်း သိလိုက်တဲ့အခါ…. ပျောက်ဆုံးနေတဲ့ သမီး လိပ်ပြာကို ရှာဖွေပြီး ကယ်တင်ရပါတော့မယ်။

ဒါပေမဲ့ တစ်ဖက်မှာ စံအိမ်ကြီးရဲ့ ပိုင်ရှင် နာနာဘာဝ မေမေရှိနေပါတယ်။ ကြောက်စရာကောင်းတဲ့ နာနာဘာဝမေမေက မိသားစုစုံစုံညီညီ ဖြစ်လိုတာမို့ ကလေးတွေရဲ့ လိပ်ပြာအားလုံးကို အိမ်ပြန်လာစေချင်သူပါ။

သမီးလေးရဲ့ လိပ်ပြာကို ဒေါသကြီးတဲ့ မေမေက ဖွက်ထားတဲ့အခါ….ဒီမိသားစုလေး အရင်လို ပျော်ရွှင်နိုင်ပါတော့မလား? ဒီနာနာဘာဝ မေမေက ဘယ်သူလဲ? ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ? လွန်ခဲ့တဲ့ နှစ်၅၀ကျော်က ပျောက်ဆုံးသွားတဲ့ ဓာတ်ပုံဆရာကကော မွေးစားကလေးတွေပစ်ပြီး ဘယ်ရောက်နေတာလဲ?

ဒါတွေကိုတော့ ကိုယ့်ဟာကို ကြည့်ရှုပါနော်။

ကြည့်ရတာ တန်ရဲ့လား?

အက်ဒ်မင့်လို တော်ရုံသရဲကားကို မဖြုံတဲ့သူ၊ ဂျီးများတဲ့သူတောင် ဒီရုပ်ရှင်ကို ကြောက်လွန်းလို့ မနည်း ရင်ဖိ၊ နားပိတ်ပြီး ကြည့်ရပါတယ်။ သူငယ်ချင်းဆို ပေါက်ပေါက်ဘူးကို တောင် လန့်ပြီး လွှတ်ချမိတော့မယ့် အထိပါပဲ။

ရေနံချောင်းမြို့ရဲ့ အလှကို Aerial photography လို့ခေါ်တဲ့ ဝေဟင်ကနေ ဓာတ်ပုံရိုက်ပြပြီး တင်ဆက်ထားတဲ့ပုံစံက အတော်မိုက်ပါတယ်။ နောက်ခံဇာတ်ဝင်တေးကိုလည်း ကော်ပီ မသုံးထားဘဲ မြန်မာ့ရိုးရာ သီချင်းလေးတွေ ဖြစ်တဲ့ သီတာလေးတို့ အိမ် နဲ့ ကြောင်ကြီးမြီးတို ကို သုံးသွားပါတယ်။ အသံတည်းဖြတ်မှုနဲ့ ဖန်တီးမှူက ကောင်းလွန်းတာမို့ သီချင်းသံကြားတာနဲ့တင် ချောက်ချားပြီး ကြက်သီးထမိပါရဲ့။

သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေ( ကစ်ဆို ပီပြင်အောင် မိတ်ကပ်တောင် မလိမ်းထား) ၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေ နဲ့ သရဲခြောက်တဲ့ အခန်းတွေကလည်း အတော်လေး ကျေနပ်စရာကောင်းတာမို့ နှစ်နာရီကြာ ရုပ်ရှင်ကို ဘယ်လိုကုန်သွားမှန်တောင် မသိ။

အက်ဒ်မင်ကတော့ အမှတ် ၁၀၀မှာ ၉၈မှတ်ပေးတယ်။ ဒီလောက်ထိ ကောင်းမယ်လို့တောင် မမျှော်လင့်ထားဘူး။ မြန်မာကား ကြည့်နေတယ်လို့တောင် မခံစားရဘဲ နိုင်ငံတကာ အဆင့်အတန်းမီတဲ့ ရုပ်ရှင်အဖြစ် အပြည့်အဝ ခံစားရစေပါတယ်။

Related article >>> အထာကျကျ သရဲခြောက်ကြမယ်

နှစ်ခုပဲ။ အလင်းအမှောင်ပိုင်းကို သိပ်အားမရမိဘူး။ နောက်ပြီး ခိုခိုဒေါင်းမျက်နှာကို မိတ်ကပ်ဖန်တီးမှုပိုင်းက အားနည်းတယ်။ သိပ်မပီပြင်ပါဘူး။ ဒါပေမဲ့ ခိုခိုဒေါင်းရဲ့ ရသမြောက် သရုပ်ဆောင်ချက်တွေ ကောင်းလို့ အဲဒီအားနည်းချက်က မမြင်၇လောက်အောင်ပါပဲ။

ခိုခိုဒေါင်းရဲ့ epic ဖြစ်တဲ့ dialogueတချို့ နဲ့ ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်မှုက အနုပညာမြောက်လွန်းလို့ တစ်ရုံလုံး ဝေါခနဲ ထရယ်ကြတာတော့ တကယ်အမှတ်တရပါပဲ။ (ဘာလဲဆိုတာ သိချင် ကိုယ့်ဟာကိုယ် သွားကြည့်ကြနော်)

ကဲ..ဘာလုပ်နေတာလဲ မြန်မြန်ပြေးကြည့်ကြတော့လေ….

By
Mia (For Her Myanmar)

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *