FUN Movie Reviews

Avengers : Endgame က Infinity War ရဲ႕ လွပတဲ့ အဆံုးသတ္ျဖစ္သြားခဲ့ရဲ႕လား?

ျဖစ္သြားလား၊ မျဖစ္သြားလားေတာ့မသိဘူး. ငိုၿပီး ျပန္ထြက္လာရတယ္.. T.T

ကဲ.. ကဲ… သတင္းႀကီးေနတဲ့ Avengers : Endgame ကို ၾကည့္ၿပီးသြားၾကၿပီလား? အက္ဒ္မင္ကေတာ့ ၾကည့္ၿပီးပါၿပီရွင္… အဲ့အေၾကာင္းေလး ေယာင္းတို႔ကို ေျပာခ်င္လြန္းလို႔ ဒီေဆာင္းပါးေလးကို ေရးလိုက္ရျခင္းပါ.. ကဲ.. ဒါဆို အရင္ဆံုး Endgame မၾကည့္ခင္ ဘာေတြ လိုမလဲဆိုတာ အရင္ေျပာျပမယ္ေနာ္.. ႀကိဳတင္ျပင္ဆင္ ေအာင္ပြဲဝင္ေပါ့ကြယ္..

ပထမဆံုး လိုအပ္တာက တစ္ရွဴးထုပ္ပါ။

ရုပ္ရွင္ၾကည့္ရင္း ငိုတတ္တယ္၊ အငိုသန္တဲ့ ေယာင္းေတြဆို တစ္ရွဴး တစ္လိပ္ေလာက္ ေဆာင္သြားပါ 😛 ေနာက္တာပါ.. တစ္ထုပ္ေလာက္ေတာ့ အိတ္ထဲ ထည့္သြားၾကပါရွင္.. မေမွ်ာ္လင့္ထားတဲ့ ဒရာမာ အခ်ိဳးအေကြ႕ေတြကို ေတြ႕ျမင္ခံစားရမွာပါ။

ေနာက္တစ္ခုက ရွဴးႀကိဳေပါက္သြားၾကပါ။

ျပသခ်ိန္ ၃နာရီ ၾကာပါတယ္။ ၃ နာရီလံုးဟာ လြတ္သြားလို႔ မျဖစ္တဲ့ အခန္းေတြခ်ည္းပါပဲ.. အစပိုင္းမွာ စကားမ်ားတယ္ ဆိုေပမဲ့လို႔ အဲ့စကားေတြဟာ ေနာက္ပိုင္းလာမယ့္ ဇာတ္လမ္းေတြကို ေရလည္သြားေအာင္ ရွင္းျပႏိုင္တဲ့ စကားေတြခ်ည္းမို႔ ဒီအပိုင္းေတြလည္း ေက်ာ္ခ်သြားလို႔မရပါဘူး.. ဒါေၾကာင့္ ရွဴးအရင္ႀကိဳေပါက္ထားပါ။ ဇာတ္ကားစျပၿပီဆိုတာနဲ႔ ထိုင္ရာမထ၊ မ်က္ေတာင္မခတ္တမ္းသာ ၾကည့္ပါေတာ့ ေယာင္းေရ…

အေရွ႕က ထြက္ခဲ့သမွ် ၁၁ ႏွစ္စာ ရုပ္ရွင္ေတြ အကုန္ျပန္ၾကည့္ထားပါ။

ျပန္ေႏႊးပါ။ မဟုတ္ရင္ ဘယ္သူက ဘာလဲ၊ ဘယ္နားက ေပၚလာလဲဆိုတာ နားလည္လိုက္မွာ မဟုတ္ပါဘူး။ ဟာ.. အေရာင္ေလးေတြ စံုလိုက္တာ၊ ခ်သြားတာေလးေတြ လွလိုက္တာဆိုၿပီး ျပန္လာရပါလိမ့္မယ္။ ဒီဇာတ္ကားကို နားလည္ဖို႔ဆိုရင္ သူ႕ေရွ႕က Infinity War တစ္ကားတည္း ၾကည့္ထားရံုနဲ႔တင္ မလံုေလာက္ပါဘူး။ ၂၀၀၈ Iron Man ကေန စလို႔ Infinity War အထိ ေတာက္ေလွ်ာက္ နားလည္ထားဖို႔၊ ျပန္ၾကည့္ထားဖို႔ လိုပါတယ္။ (အခ်ိန္ရေသးရင္ Iron Man ေရွ႕က ထြက္ထားတဲ့ The Incredible Hulk ပါ ျပန္ၾကည့္ထားပါဦး.. မင္းသားေတာ့ မတူဘူးရယ္ 😀 ဒါေပမဲ့ Hulk အေၾကာင္းကလည္း သိထားဖို႔ လိုတယ္ေလ..) တစ္ကားမွ လြတ္လို႔ မရပါဘူးေနာ္.. တစ္ကားလြတ္သြားတာနဲ႔ နားမလည္စရာေတြ ေပၚလာပါလိမ့္မယ္။ ဇာတ္ကားတိုင္းရဲ႕ Credit Scene ေတြကိုပါ အကုန္ၾကည့္ဖို႔ လိုပါတယ္ေနာ္… Post Credit Scenes ေတြဟာ MCU က ဇာတ္ကားတိုင္းရဲ႕ အေရးႀကီးတဲ့ အစိတ္အပိုင္းေတြပါပဲ…

Related Article >>> ေယာင္းက Infinity War ထဲက ဘယ္အမ်ိဳးသမီး ဟီးရိုးျဖစ္မလဲ?

ကဲ.. ဒါဆို ႀကိဳတင္ျပင္ဆင္ရမယ့္ အပိုင္းက လံုေလာက္ပါၿပီ.. ဇာတ္လမ္းဘက္ တစ္ခ်က္သြားၾကည့္ရေအာင္..

Infinity War တုန္းက Thanos ႀကီးရဲ႕ လက္ေဖ်ာက္ထဲ Universe (စၾကဝဠာ) က သက္ရွိ တစ္ဝက္တိတိ ဖုန္မႈန္႔ျဖစ္သြားတာ သိၿပီးသား ျဖစ္ပါလိမ့္မယ္။ ဒီေနာက္မွာေတာ့ Thanos ႀကီးဟာ သူ႕ရဲ႕ တာဝန္ၿပီးေျမာက္သြားၿပီမို႔ ၿဂိဳဟ္တစ္ခုမွာ ေအးေအးေဆးေဆး ေတာင္ယာစိုက္ၿပီး ဘဝကို ျဖတ္သန္းေနပါတယ္။ (ဒါက Infinity War ရဲ႕ Credit Scene မွာလည္း ပါတယ္ေနာ္.. ) အမွန္တရားကိုယ္စီရွိၾကတဲ့ Avengers ေတြနဲ႔Thanos ဘာေတြ ဘယ္လို ဆက္ျဖစ္ၾကဦးမွာလဲဆိုတာ Endgame မွာ အေျဖေပၚလာခဲ့ပါၿပီ။

Doctor Strange ေျပာခဲ့သလို ဒါဟာ အႏုိင္ရဖို႔အတြက္ တစ္ခုတည္းေသာ လမ္း ျဖစ္လာမွာလား?

Thanos ႀကီးကေရာ လြယ္လြယ္နဲ႔ အေလွ်ာ့ေပးလိုက္မွာလား?

ေပ်ာက္သြားတဲ့သူေတြကေရာ ဘာဆက္ျဖစ္လာဦးမွာလဲ?

ေသသြားတဲ့သူေတြကေရာ ျပန္ၿပီး ရွင္သန္လာမွာလား? စတာေတြကိုေတာ့ ေငြေရာင္ ပိတ္ကားထက္မွာ ဆက္ၿပီး ေစာင့္ၾကည့္ရမွာပါ ေယာင္းတို႔ေရ…

Related Article >>> Infinity War ၾကည့္ၿပီး ဟာလာဟင္းလင္း ခံစားခ်က္ႀကီး က်န္ခဲ့မယ္ဆို ယံုလား ေယာင္းတို႔… 

အက္ဒ္မင့္ အျမင္ကို ေျပာရမယ္ဆိုရင္ေတာ့ MCU Fan ေတြအတြက္ ဒီဇာတ္ကားဟာ အေကာင္းတကာ့ အေကာင္းဆံုးဆိုတဲ့ ဇာတ္ကားတစ္ကားပါပဲ။

ဇာတ္ကားမထြက္ခင္က ခန္႔မွန္းထားၾကတဲ့ Fan Theory ေတြ မွန္တာေတြလည္း ရွိသလို လြဲေခ်ာ္တာေတြလည္း တစ္ပံုႀကီးပါ။ Avengers ေတြ ၾကားက သံေယာဇဥ္၊ အရာရာကို ဆံုးရံႈးလိုက္ရတဲ့ သူတစ္ေယာက္အတြက္ ဘဝဟာ အဓိပၸာယ္ကင္းမဲ့သြားပံုေတြ၊ အသက္ကိုရင္းၿပီး အတူတူ တိုက္ပြဲဝင္ခဲ့ၾကတဲ့ သူေတြၾကားက ယံုၾကည္မႈ၊ ေခါင္းမာမႈ၊ သူရဲေကာင္းဆန္မႈ၊ ကိုယ္ပိုင္ဘဝထဲက ခ်စ္ျခင္းတရား၊ မိသားစု၊ ဘဝရဲ႕ တန္ဖိုးထားရတဲ့ အရာ စတာေတြကို ရင္နင့္စရာ ေတြ႕ရမွာ ျဖစ္သလို Infinity War ရဲ႕ Wakanda Battle ထက္ ပိုၿပီး Epic ျဖစ္တဲ့ Fight Scene (တုိက္ပြဲျပကြက္)ေတြကို ေတြ႕ျမင္ရမွာပါ။ ေနာက္ၿပီး ၾကည့္တတ္မယ္ဆိုရင္ အမ်ိဳးသမီးေတြရဲ႕ စြမ္းအား ဘယ္ေလာက္ႀကီးတယ္ဆိုတာကိုလည္း ပါးပါးေလး ပုတ္ျပသြားတာကို ေတြ႕ရဦးမွာပါ။

ေနာက္ၿပီး Russo Brothers က Infinity War အၿပီးမွာ ေျပာခဲ့သလို ” ေသၿပီးတဲ့ သူေတြက ျပန္ရွင္လာေတာ့မွာ မဟုတ္ဘူး.. တကယ္ကို ေသသြားတာ” ဆိုတာကလည္း ဂ်င္းမဟုတ္ပါဘူး။ တကယ္ကို ေသသြားၾကတာပါ။ ဆိုေပမဲ့ မေမွ်ာ္လင့္ထားဘဲ ျပန္ျမင္ေတြ႕ရမယ့္ အကြက္ေတြ ရွိပါတယ္။ MCU ရဲ႕ ထံုးစံ ဟာသေတြကလည္း ဇာတ္လမ္းကို ေလးမေနေအာင္ ဆြဲေဆာင္ထားႏိုင္တာက အသက္ပါ။

MCU နဲ႔ စာခ်ဳပ္သက္တမ္း ကုန္သြားၿပီျဖစ္တဲ့ သရုပ္ေဆာင္ေတြကို အဆံုးသတ္ေပးလိုက္ပံုက Perfect Ending လို႔ ဆိုရမွာပါ။ ရယ္လည္း ရယ္ရသလို ငိုလည္း ငိုရတယ္ဆိုရင္ ယံုလိုက္ပါ ေယာင္းတုိ႔ေရ… ဇာတ္ကားၿပီးလို႔ ရံုထဲက ထြက္လာသူတိုင္းက မ်က္ခြံေလးေတြ မို႔၊ မ်က္ႏွာေလးေတြ ပ်က္ၿပီး ထြက္လာၾကတာ ျမင္မိတာပဲ အက္ဒ္မင္ေတာ့ 😀 ကိုယ္တုိင္လည္း တစ္ရွဴးတစ္ထုပ္ေလာက္ ကုန္ေအာင္ သံုးခဲ့ေသးတယ္ ဟီးဟီး.. Trailer မွာ ပါခဲ့တဲ့ “Whatever it takes” ဆိုတာက Endgameရဲ႕ အသက္ပါ.. ေယာင္းတို႔အသည္းကို ေကာင္းေကာင္းႀကီး ခြဲႏုိင္တယ္ဆိုတာ ယံု.. :’(

မေက်နပ္တာကေတာ့ Thor ကိုပါပဲ.. မယံုမရွိပါနဲ႔.. ေယာင္းတို႔လည္း God of Thunder (မိုးႀကိဳးနတ္ဘုရား) ဆိုတဲ့ Thor ကို Endgame မွာ ေတြ႕လိုက္ရတဲ့အခ်ိန္မွာ ဟာခနဲ ျဖစ္သြားေစဖို႔ အာမခံပါတယ္ရွန္ :/ Cap ရဲ႕ “Avengers… Assemble” ဆိုတဲ့ စကားက ၾကက္သီးေတြ ျဖန္းခနဲ ထသြားေစသည္ထိ ႏွလံုးသားကို ကိုင္လႈပ္ႏုိင္တဲ့ စကားလို႔ပဲ ဆိုလိုက္ပါရေစ။ Avengers Theme Song ႀကီး ၾကားလိုက္ရရင္ကို ရင္ခုန္သံေတြ ျမန္လာတဲ့ထိ မိုက္ေသာပါေနာ္..

ေျပာခ်င္တာေတြ အမ်ားႀကီးရွိေသးေပမဲ့ Spoil သလို ျဖစ္သြားမွာစိုးလို႔ မေျပာေတာ့ပါဘူးေနာ္.. ေျပမယ့္သာ ေျပာရတာ အက္ဒ္မင္ဆို သြားမၾကည့္ခင္ကတည္းက ဇာတ္လမ္းအစ၊အဆံုး Spoil ခံထားရတာ.. ဒါေပမဲ့ သြားၾကည့္ေတာ့လည္း ထိရွၿပီး ျပန္လာရတာပဲ… ဟီးဟီး..

ျခံဳေျပာရမယ္ဆိုရင္ေတာ့ MCU Fan မွန္ရင္ သြားၾကည့္ပါ။ တန္ကို တန္တဲ့ ဇာတ္ကားေကာင္းတစ္ကားပါပဲလို႔… MCU Fan မဟုတ္ဘူး၊ ဒါေပမဲ့ ၾကည့္လည္း ၾကည့္ခ်င္တယ္ဆိုရင္ေတာ့ အေပၚမွာ အက္ဒ္မင္ေျပာခဲ့သလို ထြက္ၿပီးသမွ် ရုပ္ရွင္ေတြ အကုန္ၾကည့္ခဲ့ပါ။ End Game မွာ Credit Scene မပါပါဘူးေနာ္.. လံုးဝ လံုးဝ မပါတာပါ။ အခ်ိန္ကုန္ခံၿပီး မေစာင့္ပါနဲ႔.. ဇာတ္ကားၿပီးလို႔ စာတန္းထိုးတာနဲ႔ ထထြက္လာလို႔ ရပါၿပီလို႔..

ဒါဟာ Original Avengers ေတြရဲ႕ အဆံုးသတ္လို႔ေတာင္ ေျပာလို႔ရတဲ့ ဇာတ္ကားပါ။ MCUရဲ႕ Phase 3 မွာ အက္ဒ္မင္တို႔ ခ်စ္ရတဲ့ စူပါဟီးရိုးေတြနဲ႔ ခြဲခြာလိုက္ရပါၿပီ။ ဒါေပမဲ့ MCU နဲ႔ တြဲၿပီး Original Avengers ေတြက ဖန္ေတြရဲ႕ ရင္ထဲမွာ အၿမဲတမ္း တည္ရွိေနမွာေတာ့ က်ိန္းေသပါပဲ။ ၿပီးျပည့္စံုတဲ့ အဆံုးသတ္ဆိုတာ ဘာလဲဆိုတာကို ျပသြားခဲ့တဲ့ MCU ရဲ႕ Avengers : Endgame ဟာ သမိုင္းသစ္တစ္ခုကို ေရးသြားခဲ့ၿပီလို႔ပဲ ဆိုရေတာ့မွာပါ ေယာင္းတို႔ေရ…

အားလံုးကို ခ်စ္တဲ့

Libra (For Her Myanmar)

<<< Unicode >>>

ဖြစ်သွားလား၊ မဖြစ်သွားလားတော့မသိဘူး. ငိုပြီး ပြန်ထွက်လာရတယ်.. T.T

ကဲ.. ကဲ… သတင်းကြီးနေတဲ့ Avengers : End Game ကို ကြည့်ပြီးသွားကြပြီလား? အက်ဒ်မင်ကတော့ ကြည့်ပြီးပါပြီရှင်… အဲ့အကြောင်းလေး ယောင်းတို့ကို ပြောချင်လွန်းလို့ ဒီဆောင်းပါးလေးကို ရေးလိုက်ရခြင်းပါ.. ကဲ.. ဒါဆို အရင်ဆုံး End Game မကြည့်ခင် ဘာတွေ လိုမလဲဆိုတာ အရင်ပြောပြမယ်နော်.. ကြိုတင်ပြင်ဆင် အောင်ပွဲဝင်ပေါ့ကွယ်..

ပထမဆုံး လိုအပ်တာက တစ်ရှူးထုပ်ပါ။

ရုပ်ရှင်ကြည့်ရင်း ငိုတတ်တယ်၊ အငိုသန်တဲ့ ယောင်းတွေဆို တစ်ရှူး တစ်လိပ်လောက် ဆောင်သွားပါ 😛 နောက်တာပါ.. တစ်ထုပ်လောက်တော့ အိတ်ထဲ ထည့်သွားကြပါရှင်.. မမျှော်လင့်ထားတဲ့ ဒရာမာ အချိုးအကွေ့တွေကို တွေ့မြင်ခံစားရမှာပါ။

နောက်တစ်ခုက ရှူးကြိုပေါက်သွားကြပါ။

ပြသချိန် ၃နာရီ ကြာပါတယ်။ ၃ နာရီလုံးဟာ လွတ်သွားလို့ မဖြစ်တဲ့ အခန်းတွေချည်းပါပဲ.. အစပိုင်းမှာ စကားများတယ် ဆိုပေမဲ့လို့ အဲ့စကားတွေဟာ နောက်ပိုင်းလာမယ့် ဇာတ်လမ်းတွေကို ရေလည်သွားအောင် ရှင်းပြနိုင်တဲ့ စကားတွေချည်းမို့ ဒီအပိုင်းတွေလည်း ကျော်ချသွားလို့မရပါဘူး.. ဒါကြောင့် ရှူးအရင်ကြိုပေါက်ထားပါ။ ဇာတ်ကားစပြပြီဆိုတာနဲ့ ထိုင်ရာမထ၊ မျက်တောင်မခတ်တမ်းသာ ကြည့်ပါတော့ ယောင်းရေ…

အရှေ့က ထွက်ခဲ့သမျှ ၁၁ နှစ်စာ ရုပ်ရှင်တွေ အကုန်ပြန်ကြည့်ထားပါ။

ပြန်နွှေးပါ။ မဟုတ်ရင် ဘယ်သူက ဘာလဲ၊ ဘယ်နားက ပေါ်လာလဲဆိုတာ နားလည်လိုက်မှာ မဟုတ်ပါဘူး။ ဟာ.. အရောင်လေးတွေ စုံလိုက်တာ၊ ချသွားတာလေးတွေ လှလိုက်တာဆိုပြီး ပြန်လာရပါလိမ့်မယ်။ ဒီဇာတ်ကားကို နားလည်ဖို့ဆိုရင် သူ့ရှေ့က Infinity War တစ်ကားတည်း ကြည့်ထားရုံနဲ့တင် မလုံလောက်ပါဘူး။ ၂၀၀၈ Iron Man ကနေ စလို့ Infinity War အထိ တောက်လျှောက် နားလည်ထားဖို့၊ ပြန်ကြည့်ထားဖို့ လိုပါတယ်။ (အချိန်ရသေးရင် Iron Man ရှေ့က ထွက်ထားတဲ့ The Incredible Hulk ပါ ပြန်ကြည့်ထားပါဦး.. မင်းသားတော့ မတူဘူးရယ် 😀 ဒါပေမဲ့ Hulk အကြောင်းကလည်း သိထားဖို့ လိုတယ်လေ..) တစ်ကားမှ လွတ်လို့ မရပါဘူးနော်.. တစ်ကားလွတ်သွားတာနဲ့ နားမလည်စရာတွေ ပေါ်လာပါလိမ့်မယ်။ ဇာတ်ကားတိုင်းရဲ့ Credit Scene တွေကိုပါ အကုန်ကြည့်ဖို့ လိုပါတယ်နော်… Post Credit Scenes တွေဟာ MCU က ဇာတ်ကားတိုင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါပဲ…

Related Article >>> ယောင်းက Infinity War ထဲက ဘယ်အမျိုးသမီး ဟီးရိုးဖြစ်မလဲ?

ကဲ.. ဒါဆို ကြိုတင်ပြင်ဆင်ရမယ့် အပိုင်းက လုံလောက်ပါပြီ.. ဇာတ်လမ်းဘက် တစ်ချက်သွားကြည့်ရအောင်..

Infinity War တုန်းက Thanos ကြီးရဲ့ လက်ဖျောက်ထဲ Universe (စကြဝဠာ) က သက်ရှိ တစ်ဝက်တိတိ ဖုန်မှုန့်ဖြစ်သွားတာ သိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒီနောက်မှာတော့ Thanos ကြီးဟာ သူ့ရဲ့ တာဝန်ပြီးမြောက်သွားပြီမို့ ဂြိုဟ်တစ်ခုမှာ အေးအေးဆေးဆေး တောင်ယာစိုက်ပြီး ဘဝကို ဖြတ်သန်းနေပါတော့တယ်။ (ဒါက Infinity War ရဲ့ Credit Scene မှာလည်း ပါတယ်နော်.. ) Avengers တွေနဲ့ Thanos ဘယ်လိုတွေ ဆက်ပြီး ဖြစ်ကြဦးမှာလဲဆိုတာ End Game မှာ အဖြေပေါ်လာခဲ့ပါပြီ။

Doctor Strange ပြောခဲ့သလို ဒါဟာ အနိုင်ရဖို့အတွက် တစ်ခုတည်းသော လမ်း ဖြစ်လာမှာလား?

Thanos ကြီးကရော လွယ်လွယ်နဲ့ အလျှော့ပေးလိုက်မှာလား?

ပျောက်သွားတဲ့သူတွေကရော ဘာဆက်ဖြစ်လာဦးမှာလဲ?

သေသွားတဲ့သူတွေကရော ပြန်ပြီး ရှင်သန်လာမှာလား? စတာတွေကိုတော့ ငွေရောင် ပိတ်ကားထက်မှာ ဆက်ပြီး စောင့်ကြည့်ရမှာပါ ယောင်းတို့ရေ…

Related Article >>> Infinity War ကြည့်ပြီး ဟာလာဟင်းလင်း ခံစားချက်ကြီး ကျန်ခဲ့မယ်ဆို ယုံလား ယောင်းတို့… 

အက်ဒ်မင့် အမြင်ကို ပြောရမယ်ဆိုရင်တော့ MCU Fan တွေအတွက် ဒီဇာတ်ကားဟာ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ ဇာတ်ကားတစ်ကားပါပဲ။

ဇာတ်ကားမထွက်ခင်က ခန့်မှန်းထားကြတဲ့ Fan Theory တွေ မှန်တာတွေလည်း ရှိသလို လွဲချော်တာတွေလည်း တစ်ပုံကြီးပါ။ Avengers တွေ ကြားက သံယောဇဉ်၊ အရာရာကို ဆုံးရှုံးလိုက်ရတဲ့ သူတစ်ယောက်အတွက် ဘဝဟာ အဓိပ္ပာယ်ကင်းမဲ့သွားပုံတွေ၊ အသက်ကိုရင်းပြီး အတူတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ သူတွေကြားက ယုံကြည်မှု၊ ခေါင်းမာမှု၊ သူရဲကောင်းဆန်မှု၊ ကိုယ်ပိုင်ဘဝထဲက ချစ်ခြင်းတရား၊ မိသားစု၊ ဘဝရဲ့ တန်ဖိုးထားရတဲ့ အရာ စတာတွေကို ရင်နင့်စရာ တွေ့ရမှာ ဖြစ်သလို Infinity War ရဲ့ Wakanda Battle ထက် ပိုပြီး Epic ဖြစ်တဲ့ Fight Scene (တိုက်ပွဲပြကွက်)တွေကို တွေ့မြင်ရမှာပါ။ နောက်ပြီး ကြည့်တတ်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ စွမ်းအား ဘယ်လောက်ကြီးတယ်ဆိုတာကိုလည်း ပါးပါးလေး ပုတ်ပြသွားတာကို တွေ့ရဦးမှာပါ။

နောက်ပြီး Russo Brothers က Infinity War အပြီးမှာ ပြောခဲ့သလို ” သေပြီးတဲ့ သူတွေက ပြန်ရှင်လာတော့မှာ မဟုတ်ဘူး.. တကယ်ကို သေသွားတာ” ဆိုတာကလည်း ဂျင်းမဟုတ်ပါဘူး။ တကယ်ကို သေသွားကြတာပါ။ ဆိုပေမဲ့ မမျှော်လင့်ထားဘဲ ပြန်မြင်တွေ့ရမယ့် အကွက်တွေ ရှိပါတယ်။ MCU ရဲ့ ထုံးစံ ဟာသတွေကလည်း ဇာတ်လမ်းကို လေးမနေအောင် ဆွဲဆောင်ထားနိုင်တာက အသက်ပါ။

MCU နဲ့ စာချုပ်သက်တမ်း ကုန်သွားပြီဖြစ်တဲ့ သရုပ်ဆောင်တွေကို အဆုံးသတ်ပေးလိုက်ပုံက Perfect Ending လို့ ဆိုရမှာပါ။ ရယ်လည်း ရယ်ရသလို ငိုလည်း ငိုရတယ်ဆိုရင် ယုံလိုက်ပါ ယောင်းတို့ရေ… ဇာတ်ကားပြီးလို့ ရုံထဲက ထွက်လာသူတိုင်းက မျက်ခွံလေးတွေ မို့၊ မျက်နှာလေးတွေ ပျက်ပြီး ထွက်လာကြတာ မြင်မိတာပဲ အက်ဒ်မင်တော့ 😀 ကိုယ်တိုင်လည်း တစ်ရှူးတစ်ထုပ်လောက် ကုန်အောင် သုံးခဲ့သေးတယ် ဟီးဟီး.. Trailer မှာ ပါခဲ့တဲ့ “Whatever it takes” ဆိုတာက End Gameရဲ့ အသက်ပါ.. ယောင်းတို့အသည်းကို ကောင်းကောင်းကြီး ခွဲနိုင်တယ်ဆိုတာ ယုံ.. :’(

မကျေနပ်တာကတော့ Thor ကိုပါပဲ.. မယုံမရှိပါနဲ့.. ယောင်းတို့လည်း God of Thunder (မိုးကြိုးနတ်ဘုရား) ဆိုတဲ့ Thor ကို End Game မှာ တွေ့လိုက်ရတဲ့အချိန်မှာ ဟာခနဲ ဖြစ်သွားစေဖို့ အာမခံပါတယ်ရှန် :/ Cap ရဲ့ “Avengers… Assemble” ဆိုတဲ့ စကားက ကြက်သီးတွေ ဖြန်းခနဲ ထသွားစေသည်ထိ နှလုံးသားကို ကိုင်လှုပ်နိုင်တဲ့ စကားလို့ပဲ ဆိုလိုက်ပါရစေ။ Avengers Theme Song ကြီး ကြားလိုက်ရရင်ကို ရင်ခုန်သံတွေ မြန်လာတဲ့ထိ မိုက်သောပါနော်..

ပြောချင်တာတွေ အများကြီးရှိသေးပေမဲ့ Spoil သလို ဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူးနော်.. ပြေမယ့်သာ ပြောရတာ အက်ဒ်မင်ဆို သွားမကြည့်ခင်ကတည်းက ဇာတ်လမ်းအစ၊အဆုံး Spoil ခံထားရတာ.. ဒါပေမဲ့ သွားကြည့်တော့လည်း ထိရှပြီး ပြန်လာရတာပဲ… ဟီးဟီး..

ခြုံပြောရမယ်ဆိုရင်တော့ MCU Fan မှန်ရင် သွားကြည့်ပါ။ တန်ကို တန်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲလို့… MCU Fan မဟုတ်ဘူး၊ ဒါပေမဲ့ ကြည့်လည်း ကြည့်ချင်တယ်ဆိုရင်တော့ အပေါ်မှာ အက်ဒ်မင်ပြောခဲ့သလို ထွက်ပြီးသမျှ ရုပ်ရှင်တွေ အကုန်ကြည့်ခဲ့ပါ။ End Game မှာ Credit Scene မပါပါဘူးနော်.. လုံးဝ လုံးဝ မပါတာပါ။ အချိန်ကုန်ခံပြီး မစောင့်ပါနဲ့.. ဇာတ်ကားပြီးလို့ စာတန်းထိုးတာနဲ့ ထထွက်လာလို့ ရပါပြီလို့..

ဒါဟာ Original Avengers တွေရဲ့ အဆုံးသတ်လို့တောင် ပြောလို့ရတဲ့ ဇာတ်ကားပါ။ MCU ရဲ႕ Phase 3 မှာ အက်ဒ်မင်တို့ ချစ်ရတဲ့ စူပါဟီးရိုးတွေနဲ့ ခွဲခွာခဲ့ရပါပြီ။ ဒါပေမဲ့ MCU ရဲ့ စူပါဟီးရိုးတွေဆိုရင်တော့ Original Avengers တွေက ဖန်တွေရဲ့ ရင်ထဲမှာ အမြဲတမ်း တည်ရှိနေမှာတော့ ကျိန်းသေပါပဲ။ ပြီးပြည့်စုံတဲ့ အဆုံးသတ်ဆိုတာ ဘာလဲဆိုတာကို ပြသွားခဲ့တဲ့ MCU ရဲ့ Avengers : End Game ဟာ သမိုင်းသစ်တစ်ခုကို ရေးသွားခဲ့ပြီလို့ပဲ ဆိုရတော့မှာပါ ယောင်းတို့ရေ…

အားလုံးကို ချစ်တဲ့

Libra (For Her Myanmar)

Wathun
Wathun
နာမည္ရင္းေတြ ဘာေတြထက္ Potterhead တစ္ေယာက္ပါ။ အဲ့လို ေမွာ္ေလာကေတြ၊ အလွအပကလြဲၿပီး က်န္တဲ့အရာေတြ အားလံုးကို စိတ္ဝင္စားလို႔ ေဆာင္းပါးေတြထဲ ေမွာ္ေတြ၊ magical creatures ေတြပါလာရင္ေတာ့ တျခားသူမေတြးပါနဲ႔ ကၽြန္မပါပဲလို႔... :*