FUN

ျပန္ဆံုျဖစ္ခဲ့ရင္ (ဇာတ္သိမ္းပိုင္း)

ကိုလုပ္ခဲ့တာေတြ အားလံုးအတြက္ ထား ေက်းဇူးတင္ပါတယ္။ ထား ေသရမွာ မေၾကာက္ပါဘူး။ ကိုနဲ႔ ခြဲရမွာပဲေၾကာက္တာ

ေနာက္ေန႔မနက္တြင္ သူ အေစာႀကီး အိပ္ရာမွ ႏိုးေနသည္။ ႏိုးႏိုးခ်င္း သူ႔ေဘးရွိ ထားေနရာကို စမ္းၾကည့္ေတာ့ သူ႕ေဘးတြင္ ထား မရွိေတာ့ေသာေၾကာင့္ လန္႔သြားသည္။ သူတို႔ ျပန္လည္ဆံုေတြ႕ခဲ့ျခင္းသည္ အိပ္မက္တစ္ခုျဖစ္ေနမွာကို သူ ေၾကာက္ပါသည္။ ထုိ႔ေၾကာင့္ ထား ကို အက်ယ္ႀကီး ေအာ္ေခၚလိုက္သည္။

“ထား…”

တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္ေၾကာင့္ သူ႔အသံသည္ က်ယ္ေလာင္စြာ ဟိန္းထြက္ေနပါသည္။

“လာၿပီ ကို။ ထား လာၿပီ။”

ထားသည္ ေျပာရင္းဆိုရင္း အေျပးတစ္ပိုင္းျဖင့္ သူ ရွိရာအိပ္ခန္းထဲသို႔ ေျပးလာပါသည္။

“ဘာျဖစ္လို႔လဲ ကို။ အိပ္မက္ဆိုးေတြမက္လို႔လား။”

“မဟုတ္ဘူးထား။ ကို နုိးေတာ့ ထားကို ကို႔ေဘးမွာ မေတြ႕ရေတာ့လို႔။”

“ေၾသာ္ ကို ရယ္… ဒီအခ်ိန္ဆုိ ထား အိပ္ရာထခ်ိန္ေရာက္ၿပီေလ။”

“ဟင္… ဒီေလာက္အေစာႀကီး ဘာထလုပ္တာလဲ ထား။”

“မေစာေတာ့ပါဘူး ကို ရဲ႕။ ဒီအခ်ိန္ထမွ ကို႔အတြက္ မနက္စာရယ္၊ ႐ံုးအတြက္ ထမင္းခ်ိဳင့္ရယ္ မီမွာေပါ့။”

“ထား မပင္ပန္းဘူးလား။”

“ထေနက်ဆိုေတာ့လည္း မပင္ပန္းပါဘူး ကိုရယ္။ လင္ေယာက္်ားကို ျပဳစုခြင့္ရတာ ထား အတြက္ကုသိုလ္ေတာင္ရပါတယ္။”

ထား စကား ၾကားေတာ့ သူျပံဳးမိပါသည္။

Related article>>>ျပန္ဆံုျဖစ္ခဲ့ရင္…. (အပိုင္း -၁၁)

“အဲ့ဒါ ဘယ္သူေျပာတာလဲ ထား။”

“ေမေမ…”

ထား အေျဖေၾကာင့္ သူ မရယ္ရက္ေတာ့ပါ။ သားကိုသခင္ လင္ကို ဘုရားဆိုသည့္ေခတ္အဆက္ဆက္က သြန္သင္စကားေအာက္မွ  ျမန္မာမိန္းကေလး မ်ား ႐ုန္းထြက္ဖို႔ရန္ ေတာ္ေတာ္ေလးခက္ခဲေနပါဦးမည္။

“မနက္ျဖန္က် ထား အေစာႀကီးမထနဲ႔ေတာ့ေနာ္။ ကို ဟင္းခ်က္ေကၽြးမယ္။”

“ျဖစ္ပါ့မလား ကို ရဲ႕။ ကို မီးဖိုခန္းထဲမဝင္တာ ဘယ္ေလာက္ၾကာေနၿပီလဲ ဆိုတာ သိရဲ႕လား။”

“ျဖစ္ပါတယ္။ လိုတာရွိရင္ ထားကေျပာေပးေပါ့။”

“ကို႔သေဘာပါတဲ့ရွင္။ ထားတို႔ ဘယ္အခ်ိန္ေလာက္ သြားၾကမလဲဟင္။”

“ခဏေနရင္ မနက္စာကို အျပင္မွာ စားၿပီးေတာ့ပဲသြားၾကတာေပါ့။ ထမင္း ဟင္းေတြကေရာ ထား ခ်က္ၿပီးၿပီလား။”

“ဟင့္အင္း။ ဘုန္းႀကီးဆြမ္းအတြက္ပဲ ရေသးတယ္။”

“အဲ့ဒါဆို မခ်က္နဲ႔ေတာ့ေနာ္ ကို တို႔အျပင္မွာပဲစားၾကတာေပါ့။”

“ဟြန္း လုပ္ျပန္ၿပီ။”

“ပိုက္ဆံကုန္တယ္ဆိုၿပီး ႏွေျမာဦးမလုိ႔လား ေဒၚမိမိထား။”

“မဟုတ္ပါဘူး။”

ထား အသံေလးသည္ တိမ္ဝင္သြားပါသည္။

“ဘုန္းႀကီးေတြၾကြၿပီးရင္ ကိုတို႔လည္း သြားမယ္ေနာ္။ အဆင္သင့္လုပ္ထားေနာ္ ထား။”

“ထားက ေရေတာင္ခ်ိဳးၿပီးၿပီ။ ကိုပဲက်န္ေတာ့တာ။”

“ကိုကခဏပါ…။”

 

သူူ အိပ္ရာထ၊ ေရမိုးခ်ိဳးၿပီးေတာ့ ဘုန္းႀကီးမ်ား ဆြမ္းခံၾကြအၿပီးနွင့္ ကြက္တိပင္။ ထုိ႔ေၾကာင့္ ထား လွဴဒါန္းလိုသည့္ မိဘမဲ့ေက်ာင္းရွိရာဆီသို႔ ေစာေစာပင္ သြားျဖစ္ခဲ့သည္။ ဟိုေရာက္ေတာ့ ကေလးေတြ ပညာေရးအတြက္ အဓိကထားၿပီး လွဴျဖစ္ခဲ့သည္။

“ကို… ထား ကို ဓာတ္ပံု႐ိုက္ေပးဦး။”

“အင္း။ ကို လွလွေလး ႐ိုက္ေပးမယ္။”

ထား သည္ ကေလးမ်ားနွင့္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပင္ ကစားေနသည္။ ဘာမွ မသိနားမလည္ေသးသည့္ ကေလးမ်ားနွင့္အၿပိဳင္ အပူအပင္ကင္းေနပါေရာလား ထားရယ္။

ေန႔လယ္ထမင္းစားခ်ိန္က်ေတာ့ ေက်ာင္းထိုင္ဆရာေတာ္က သူတို႔ကိုပါ ထမင္းလာစားဖို႔ေခၚေပမဲ့ ေနာက္တစ္ေနရာ သြားရန္ရွိသည့္အတြက္ သူတို႔ ျငင္းလိုက္ၿပီး အျပင္မွာပဲ ထမင္းစားကာ ေဆး႐ံုသို႔ သြားလုိက္သည္။ ေဆး႐ံုေရာက္ေတာ့ က်န္းမာေရးအတြက္ လိုအပ္သည္မ်ား ဝယ္ရန္နွင့္ ေဆး႐ံုရွိ ႏြမ္းပါးလူနာမ်ားအတြက္ လုိအပ္သလို အသံုးျပဳနိုင္ရန္ လွဴလုိက္သည္။

မိဘမဲ့ေက်ာင္းေရာ ေဆး႐ံုမွာေရာ နွစ္ေနရာလံုးတြင္ ထား၏ မ်က္နွာသည္ ၾကည္လင္လ်က္ရွိၿပီး အင္မတန္ပင္ ေခ်ာေမာလွပေနပါသည္။

“ေမေမတို႔ဆီကိုေတာ့ မနက္ျဖန္မွ ဘဏ္ကေနပဲ လႊဲလိုက္ေတာ့မယ္။ ကိုယ္တိုင္ေတာ့ မသြားနို္င္ေတာ့ဘူး။”

“ထား သြားခ်င္တယ္ဆိုရင္ ကို လုိက္ပို႔ေပးမယ္ေလ။”

“ဟင့္အင္း။ ထား အနားမွာ ကိုရွိေနတုန္းေလး နွစ္ေယာက္တည္း ေအးေအးေဆးေဆးပဲ ေနခ်င္တယ္ ကို။”

“ဟုတ္ပါၿပီတဲ့ဗ်ာ။ ကိုလည္း ထားနွင့္အတူ နွစ္ေယာက္တည္းပဲ ေအးေအးေဆးေဆး ေနခ်င္ပါတယ္။”

၇ ရက္ဆိုေသာ အခ်ိန္သည္ သူ႕အတြက္ တိုေတာင္းၿပီး လွ်င္ျမန္စြာ ကုန္ဆုံးသြားပါသည္။ ေပ်ာ္ရႊင္စရာ ေန႔ရက္ေတြကို အတူျဖတ္သန္းၿပီးခ်ိန္မွာေတာ့ သူ မေရာက္ခ်င္သည့္ တနဂၤေႏြေန႔သည္ သူ႕ဆီသို႔ ဆိုက္ဆုိက္ၿမိဳက္ၿမိဳက္ပင္ ေရာက္လာေတာ့သည္။

ဟုတ္သည္။ ဒီေန႔ တနဂၤေႏြေန႔သည္ ထား ကြယ္လြန္ခဲ့သည့္ေန႔ပင္ျဖစ္သည္။ မနက္ ဟင္းခ်က္ဖို႔ မီးဖုိခန္းထဲ ဝင္ေတာ့ ငိုေနေသာထားကိုေတြ႕ၿပီး ေခ်ာ့ရသည္။ ဘာျဖစ္လုိ႔လဲဆိုသည့္ အေၾကာင္းရင္းကိုေတာ့ ေမးမရခဲ့။

အငိုတိတ္သြားေပမဲ့လည္း ထား မ်က္နွာမေကာင္းေပ။ ဓားရွလို႔လားဆိုသည့္

ေမးခြန္းကိုေတာ့ ထား မေျဖဘဲ ရယ္သည္။

“ဓားရွတာေလးနဲ႔ေတာ့ ငိုစရာလား ကိုရယ္။”

“အဲ့ဒါဆို ဘာလို႔ငိုေနတာလဲ ထား။”

“ေနာက္ေတာ့ ေျဖးေျဖးခ်င္းသိရမွာေပါ့ကိုရယ္။”

ဘုန္းႀကီးမ်ား ဆြမ္းခံၾကြၿပီျဖစ္ေသာေၾကာင့္ စကားစျပတ္သြားခဲ့သည္။

“ကို… ထား နွင့္အတူ အခန္းထဲ ခဏလုိက္ခဲ့ပါလား”

Related article>>> ျပန္ဆံုျဖစ္ခဲ့ရင္…. (အပိုင္း – ၂)

အိမ္ေပၚျပန္ေရာက္ေရာက္ခ်င္းမွာပင္ ထား သည္ အခန္းထဲလိုက္ဖို႔ သူ႕ကို ေျပာၿပီး အခန္းထဲ ဝင္သြားသည္။ ထား တစ္ခုခု ျဖစ္ေနၿပီျဖစ္ေၾကာင္းလည္း သူသတိထားမိသည္။ ဟိုကိစၥသိသြားတာလားဆိုတာလည္း စဥ္းစားမိသည္။ သို႔ေသာ္ မသိနိုင္ေလာက္ပါေပ။

“ကို… ထားေျပာတာ ေသခ်ာနားေထာင္ေနာ္။ အခုေတာ့ ကုတင္ေပၚမွာ ခဏလာလွဲ။ ထား ကို႔ရင္ခြင္ထဲမွာ ခဏခိုဝင္ခ်င္လို႔။ ေနာက္ဆံုးအျဖစ္ေပါ့ ကိုရယ္။”

“ထား ဘာေတြေျပာေနတာလဲဆိုတာ ကို နားမလည္ဘူး။”

ပါးစပ္ကေျပာရင္း လူကေတာ့ ထား ေျပာသည့္အတိုင္း ကုတင္ေပၚဝင္လွဲ လိုက္ပါသည္။

“႐ူးခ်င္ေယာင္ေဆာင္ၿပီး ထား ကို မကြယ္ဝွက္ထားပါနဲ႔ ကို။ ဒီကိစၥေတြ အားလံုးကို ထား သိပါတယ္။”

“ထား ဘယ္လိုသိလဲဟင္။”

“ဟိုေန႔က ဗီ႐ိုရွင္းရင္းနဲ႔ အမွတ္မထင္ ကို႔ ဒိုင္ယာရီ စာအုပ္ကို ဖတ္မိလို႔ သိသြားတယ္ ကို။ ကို မသိဘဲ ဖတ္မိတဲ့အတြက္ေတာ့ ထား ေတာင္းပန္ပါတယ္။”

“ေဆာရီးပါထားရယ္…။ ထားကို ဘယ္ေလာက္ထိ ခ်စ္တယ္ဆိုတဲ့အေၾကာင္း ကို ေျပာခ်င္ေသးလို႔ပါ။”

“ကိုလုပ္ခဲ့တာေတြ အားလံုးအတြက္ ထား ေက်းဇူးတင္ပါတယ္။ ထား ေသရမွာ မေၾကာက္ပါဘူး။ ကိုနဲ႔ ခြဲရမွာပဲေၾကာက္တာ။”

“ခြဲရလည္း ခဏေပါ့ထားရယ္။ ကို႔ကို ခဏပဲေစာင့္ေနာ္။ ထား ေနာက္က ကို လုိက္လာခဲ့မွာပါ။”

“မိုက္႐ူးရဲဆန္တဲ့ သတ္ေသျခင္းမ်ိဳးေတာ့ ကို မလုပ္ရဘူးေနာ္။ ထား ထက္ နုိင္ငံေတာ္က ပိုအေရးႀကီးပါတယ္ ကို။ ထား မရွိေတာ့တဲ့အခ်ိန္မွာ နုိင္ငံေတာ္အတြက္ကို ပိုၿပီး အခ်ိန္ေပးပါ။ ကို႔ကို သေဘာက်တဲ့ မိန္းကေလးေပၚလာခဲ့ရင္ လက္ထပ္လိုက္ၿပီး တစ္အိုးတစ္အိမ္ထူေထာင္ပါ။ ထား သေဘာတူပါတယ္။ ကို႔ကို ျပဳစုေပးနုိင္မယ့္ မိန္းကေလးတစ္ေယာက္ေတာ့ မျဖစ္မေန လိုအပ္တယ္ ကိုရဲ႕။”

“ထားရယ္… ထား ေျပာသမွ်အားလံုးလိုက္နာဖို႔ ကို ကတိေပးပါတယ္။ ဒါေပမဲ့ ေနာက္အိမ္ေထာင္ေတာ့ မျပဳပါရေစနဲ႔။ ကို႔ ႏွလံုးသားထဲမွာ ထား က ဆက္လက္ရွင္သန္ေနမွာပါ။”

“ထား ယံုပါတယ္ ကို ရယ္။ ေနာက္ၿပီး ေကာင္းေကာင္းေနခဲ့ေနာ္။ ကို႔ကို နုိင္ငံေတာ္က လုိအပ္ေနေသးတယ္ဆိုတာ ကို ဘယ္ေတာ့မွ မေမ့နဲ႔ေနာ္။”

“စိ္တ္ခ်ပါကြယ္။”

“အဲ့ဒါဆုိ ထား ကိုေစာင္ၿခံဳေပးခဲ့ၿပီး ကို ထြက္ေတာ့ေနာ္။ ထား ခဏ အိပ္လိုက္ဦးမယ္။”

ထား ရဲ႕ အိပ္စက္ျခင္းကို သူ အေနွာင့္အယွက္ မျပဳခ်င္ေတာ့ေသာေၾကာင့္ သူ ေခါင္းညိမ့္ျပကာ ေစာင္ၿခံဳေပးလိုက္သည္။ လူကေတာ့ အျပင္မထြက္ဘဲ ထား နားမွာပဲ ဆက္ထုိင္ေနလိုက္သည္။ သူ အျပင္ေရာက္ေနတုန္း ထား ကြယ္လြန္သြားခဲ့ ရင္ဆိုသည့္ အသိစိတ္က သူ႕ကို ေျခာက္လွန္႔လို႔ေနပါသည္။

ထားသည္ အသက္ကို ေျဖးညႇင္းစြာ ႐ႈ႐ႈိက္ေနေၾကာင္း ထား ၏ နိမ့္ခ်ည္ျမင့္ခ်ည္ ျဖစ္ေနေသာ ရင္အစံုကို ၾကည့္ရင္း သိသာနိုင္ပါတယ္။ မ်က္လံုးမ်ားကေတာ့ မွိတ္ထားပါသည္။

ၾကည့္ေနရင္း ၾကည့္ေနရင္းျဖင့္ပင္ ထား လက္ေခ်ာင္းေလးမ်ား၊ ေျခေခ်ာင္း ေလးမ်ားမွ ေသြးတို႔သည္ ေနာက္ျပန္ဆုတ္သြားကာ တေျဖးေျဖး ျဖဴလာသည္။ ထုိ႔ေနာက္တြင္ေတာ့ ထား ၏ ရင္အစံုသည္ လံုးဝရပ္သြားပါေတာ့သည္။ မ်က္နွာေလးသည္ကား ပကတိ အိပ္ေနသည့္အတိုင္းပင္။ ထား ႏႈတ္ခမ္းတို႔သည္ကား အနည္းငယ္ ၿပံဳးေနသေယာင္ပဲ ရွိေသးသည္ဟုထင္ရသည္။

Related article>>>ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း -၁၂)

ထားကို သၿဂိဳဟ္သည့္ေန႔က သူငယ္ခ်င္းေတြ လူႀကီး မိဘေတြေရွ႕မွာ သူမငိုမိေအာင္ အားတင္းထားရပါသည္။ အားလံုးက ငိုခ်လိုက္ဖို႔ေျပာေနေပမဲ့လည္း သူ မငိုမိ။ ထား သည္ သူ႕ႏွလံုးသားထဲမွာ ရွင္သန္ေနဦးမွာေလ။ သူ ငိုဖို႔မွမလိုအပ္တာ ဆုိၿပီး အားတင္းပါသည္။ လက္သီးကိုေတာ့ က်စ္က်စ္ပါေအာင္ ဆုပ္ထားပါသည္။

ဘယ္သူဘာထင္ထင္ သူဂ႐ုမစိုက္ပါ။ ခ်စ္သူဘဝမွာေရာ၊ အၾကင္လင္မယားဘဝမွာပါ သူ႕ကို မိခင္တစ္ေယာက္လို ဂ႐ုစိုက္ ျပဳစုယုယေပးခဲ့တဲ့ ေက်းဇူးေတြအတြက္၊ သူ လုပ္ခဲ့တဲ့ အမွားေတြအတြက္ ထားရဲ႕ ႐ုပ္အေလာင္းကို သူ ထုိင္ကန္ေတာ့မိခဲ့သည္။ ဘယ္သူဘာေျပာေျပာ သူဂ႐ုမစိုက္နိုင္ေတာ့ပါ။

ထားကို မီးသၿဂိဳဟ္ခ်ိန္မွာေတာ့ အေဆာင္အျပင္ကို သူ ထြက္ထုိင္ေနမိသည္။ ခဏေနေတာ့ မီးခိုးေခါင္တိုင္မွ ထား အေငြ႕အသက္မ်ားသည္ မိုးေကာင္းကင္သို႔ ျမင့္တက္သြားသည္ကို သူေတြ႕လုိက္ရေတာ့ လက္ျပကာ ႏႈတ္ဆက္စကား ဆိုလိုက္သည္။

“သြားနွင့္ေတာ့ ထား ရယ္။ ကို သိပ္မၾကာခင္ ထား ေနာက္လိုက္လာခဲ့ပါမယ္။ ကို တုိ႔ေတြ ေနာက္ဘံုဘဝတစ္ခုမွာ ျပန္ဆံုၿပီး ေနာက္ထပ္တစ္ခါ ခ်စ္ၾကရေအာင္ ေနာ္။ ကိုတို႔ေတြ ျပန္ဆံုျဖစ္ခဲ့ၾကရင္ေပါ့ အခ်စ္ရယ္….”

Moe (YUFL)

<<<Unicode>>>

မိုက်ရူးရဲဆန်တဲ့ သတ်သေခြင်းမျိုးတော့ ကို မလုပ်ရဘူးနော်။

နောက်နေ့မနက်တွင် သူ အစောကြီး အိပ်ရာမှ နိုးနေသည်။ နိုးနိုးချင်း သူ့ဘေးရှိ ထားနေရာကို စမ်းကြည့်တော့ သူ့ဘေးတွင် ထား မရှိတော့သောကြောင့် လန့်သွားသည်။ သူတို့ ပြန်လည်ဆုံတွေ့ခဲ့ခြင်းသည် အိပ်မက်တစ်ခုဖြစ်နေမှာကို သူ ကြောက်ပါသည်။ ထို့ကြောင့် ထား ကို အကျယ်ကြီး အော်ခေါ်လိုက်သည်။

“ထား…”

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကြောင့် သူ့အသံသည် ကျယ်လောင်စွာ ဟိန်းထွက်နေပါသည်။“လာပြီ ကို။ ထား လာပြီ။”

ထားသည် ပြောရင်းဆိုရင်း အပြေးတစ်ပိုင်းဖြင့် သူ ရှိရာအိပ်ခန်းထဲသို့ ပြေး လာပါသည်။

“ဘာဖြစ်လို့လဲ ကို။ အိပ်မက်ဆိုးတွေမက်လို့လား။”

“မဟုတ်ဘူးထား။ ကို နိုးတော့ ထားကို ကို့ဘေးမှာ မတွေ့ရတော့လို့။”

“သြော် ကို ရယ်… ဒီအချိန်ဆို ထား အိပ်ရာထချိန်ရောက်ပြီလေ။”

“ဟင်… ဒီလောက်အစောကြီး ဘာထလုပ်တာလဲ ထား။”

“မစောတော့ပါဘူး ကို ရဲ့။ ဒီအချိန်ထမှ ကို့အတွက် မနက်စာရယ်၊ ရုံးအတွက် ထမင်းချိုင့်ရယ် မီမှာပေါ့။”

“ထား မပင်ပန်းဘူးလား။”

“ထနေကျဆိုတော့လည်း မပင်ပန်းပါဘူး ကိုရယ်။ လင်ယောက်ျားကို ပြုစုခွင့်ရတာ ထား အတွက်ကုသိုလ်တောင်ရပါတယ်။”

ထား စကား ကြားတော့ သူပြုံးမိပါသည်။

Related article>>>ပြန်ဆုံဖြစ်ခဲ့ရင်…. (အပိုင်း -၁၁)

“အဲ့ဒါ ဘယ်သူပြောတာလဲ ထား။”

“မေမေ…”

ထား အဖြေကြောင့် သူ မရယ်ရက်တော့ပါ။ သားကိုသခင် လင်ကို ဘုရားဆိုသည့်ခေတ်အဆက်ဆက်က သွန်သင်စကားအောက်မှ  မြန်မာမိန်းကလေး များ ရုန်းထွက်ဖို့ရန် တော်တော်လေးခက်ခဲနေပါဦးမည်။

“မနက်ဖြန်ကျ ထား အစောကြီးမထနဲ့တော့နော်။ ကို ဟင်းချက်ကျွေးမယ်။”

“ဖြစ်ပါ့မလား ကို ရဲ့။ ကို မီးဖိုခန်းထဲမဝင်တာ ဘယ်လောက်ကြာနေပြီလဲ ဆိုတာ သိရဲ့လား။”

“ဖြစ်ပါတယ်။ လိုတာရှိရင် ထားကပြောပေးပေါ့။”

“ကို့သဘောပါတဲ့ရှင်။ ထားတို့ ဘယ်အချိန်လောက် သွားကြမလဲဟင်။”

“ခဏနေရင် မနက်စာကို အပြင်မှာ စားပြီးတော့ပဲသွားကြတာပေါ့။ ထမင်း ဟင်းတွေကရော ထား ချက်ပြီးပြီလား။”

“ဟင့်အင်း။ ဘုန်းကြီးဆွမ်းအတွက်ပဲ ရသေးတယ်။”

“အဲ့ဒါဆို မချက်နဲ့တော့နော် ကို တို့အပြင်မှာပဲစားကြတာပေါ့။”

“ဟွန်း လုပ်ပြန်ပြီ။”

“ပိုက်ဆံကုန်တယ်ဆိုပြီး နှမြောဦးမလို့လား ဒေါ်မိမိထား။”

“မဟုတ်ပါဘူး။”ထား အသံလေးသည် တိမ်ဝင်သွားပါသည်။

“ဘုန်းကြီးတွေကြွပြီးရင် ကိုတို့လည်း သွားမယ်နော်။ အဆင်သင့်လုပ်ထားနော် ထား။”

“ထားက ရေတောင်ချိုးပြီးပြီ။ ကိုပဲကျန်တော့တာ။”

“ကိုကခဏပါ…။”

သူူ အိပ်ရာထ၊ ရေမိုးချိုးပြီးတော့ ဘုန်းကြီးများ ဆွမ်းခံကြွအပြီးနှင့် ကွက်တိပင်။ ထို့ကြောင့် ထား လှူဒါန်းလိုသည့် မိဘမဲ့ကျောင်းရှိရာဆီသို့ စောစောပင် သွားဖြစ်ခဲ့သည်။ ဟိုရောက်တော့ ကလေးတွေ ပညာရေးအတွက် အဓိကထားပြီး လှူဖြစ်ခဲ့သည်။

“ကို… ထား ကို ဓာတ်ပုံရိုက်ပေးဦး။”

“အင်း။ ကို လှလှလေး ရိုက်ပေးမယ်။”

ထား သည် ကလေးများနှင့် ပျော်ပျော်ရွှင်ရွှင်ပင် ကစားနေသည်။ ဘာမှ မသိနားမလည်သေးသည့် ကလေးများနှင့်အပြိုင် အပူအပင်ကင်းနေပါရောလား ထားရယ်။

နေ့လယ်ထမင်းစားချိန်ကျတော့ ကျောင်းထိုင်ဆရာတော်က သူတို့ကိုပါ ထမင်းလာစားဖို့ခေါ်ပေမဲ့ နောက်တစ်နေရာ သွားရန်ရှိသည့်အတွက် သူတို့ ငြင်းလိုက်ပြီး အပြင်မှာပဲ ထမင်းစားကာ ဆေးရုံသို့ သွားလိုက်သည်။ ဆေးရုံရောက်တော့ ကျန်းမာရေးအတွက် လိုအပ်သည်များ ဝယ်ရန်နှင့် ဆေးရုံရှိ နွမ်းပါးလူနာများအတွက် လိုအပ်သလို အသုံးပြုနိုင်ရန် လှူလိုက်သည်။

မိဘမဲ့ကျောင်းရော ဆေးရုံမှာရော နှစ်နေရာလုံးတွင် ထား၏ မျက်နှာသည် ကြည်လင်လျက်ရှိပြီး အင်မတန်ပင် ချောမောလှပနေပါသည်။

“မေမေတို့ဆီကိုတော့ မနက်ဖြန်မှ ဘဏ်ကနေပဲ လွှဲလိုက်တော့မယ်။ ကိုယ်တိုင်တော့ မသွားနိုင်တော့ဘူး။”

“ထား သွားချင်တယ်ဆိုရင် ကို လိုက်ပို့ပေးမယ်လေ။”

“ဟင့်အင်း။ ထား အနားမှာ ကိုရှိနေတုန်းလေး နှစ်ယောက်တည်း အေးအေးဆေးဆေးပဲ နေချင်တယ် ကို။”

“ဟုတ်ပါပြီတဲ့ဗျာ။ ကိုလည်း ထားနှင့်အတူ နှစ်ယောက်တည်းပဲ အေးအေးဆေးဆေး နေချင်ပါတယ်။”

၇ ရက်ဆိုသော အချိန်သည် သူ့အတွက် တိုတောင်းပြီး လျှင်မြန်စွာ ကုန်ဆုံးသွားပါသည်။ ပျော်ရွှင်စရာ နေ့ရက်တွေကို အတူဖြတ်သန်းပြီးချိန်မှာတော့ သူ မရောက်ချင်သည့် တနင်္ဂနွေနေ့သည် သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်လာတော့သည်။

ဟုတ်သည်။ ဒီနေ့ တနင်္ဂနွေနေ့သည် ထား ကွယ်လွန်ခဲ့သည့်နေ့ပင်ဖြစ်သည်။ မနက် ဟင်းချက်ဖို့ မီးဖိုခန်းထဲ ဝင်တော့ ငိုနေသောထားကိုတွေ့ပြီး ချော့ရသည်။ ဘာဖြစ်လို့လဲဆိုသည့် အကြောင်းရင်းကိုတော့ မေးမရခဲ့။

အငိုတိတ်သွားပေမဲ့လည်း ထား မျက်နှာမကောင်းပေ။ ဓားရှလို့လားဆိုသည့်

မေးခွန်းကိုတော့ ထား မဖြေဘဲ ရယ်သည်။

“ဓားရှတာလေးနဲ့တော့ ငိုစရာလား ကိုရယ်။”

“အဲ့ဒါဆို ဘာလို့ငိုနေတာလဲ ထား။”

“နောက်တော့ ဖြေးဖြေးချင်းသိရမှာပေါ့ကိုရယ်။”

ဘုန်းကြီးများ ဆွမ်းခံကြွပြီဖြစ်သောကြောင့် စကားစပြတ်သွားခဲ့သည်။

“ကို… ထား နှင့်အတူ အခန်းထဲ ခဏလိုက်ခဲ့ပါလား”

Related article>>> ပြန်ဆုံဖြစ်ခဲ့ရင်…. (အပိုင်း – ၂)

အိမ်ပေါ်ပြန်ရောက်ရောက်ချင်းမှာပင် ထား သည် အခန်းထဲလိုက်ဖို့ သူ့ကို ပြောပြီး အခန်းထဲ ဝင်သွားသည်။ ထား တစ်ခုခု ဖြစ်နေပြီဖြစ်ကြောင်းလည်း သူသတိထားမိသည်။ ဟိုကိစ္စသိသွားတာလားဆိုတာလည်း စဉ်းစားမိသည်။ သို့သော် မသိနိုင်လောက်ပါပေ။

“ကို… ထားပြောတာ သေချာနားထောင်နော်။ အခုတော့ ကုတင်ပေါ်မှာ ခဏလာလှဲ။ ထား ကို့ရင်ခွင်ထဲမှာ ခဏခိုဝင်ချင်လို့။ နောက်ဆုံးအဖြစ်ပေါ့ ကိုရယ်။”

“ထား ဘာတွေပြောနေတာလဲဆိုတာ ကို နားမလည်ဘူး။”

ပါးစပ်ကပြောရင်း လူကတော့ ထား ပြောသည့်အတိုင်း ကုတင်ပေါ်ဝင်လှဲ လိုက်ပါသည်။

“ရူးချင်ယောင်ဆောင်ပြီး ထား ကို မကွယ်ဝှက်ထားပါနဲ့ ကို။ ဒီကိစ္စတွေ အားလုံးကို ထား သိပါတယ်။”

“ထား ဘယ်လိုသိလဲဟင်။”

“ဟိုနေ့က ဗီရိုရှင်းရင်းနဲ့ အမှတ်မထင် ကို့ ဒိုင်ယာရီ စာအုပ်ကို ဖတ်မိလို့ သိသွားတယ် ကို။ ကို မသိဘဲ ဖတ်မိတဲ့အတွက်တော့ ထား တောင်းပန်ပါတယ်။”

“ဆောရီးပါထားရယ်…။ ထားကို ဘယ်လောက်ထိ ချစ်တယ်ဆိုတဲ့အကြောင်း ကို ပြောချင်သေးလို့ပါ။”

“ကိုလုပ်ခဲ့တာတွေ အားလုံးအတွက် ထား ကျေးဇူးတင်ပါတယ်။ ထား သေရမှာ မကြောက်ပါဘူး။ ကိုနဲ့ ခွဲရမှာပဲကြောက်တာ။”

“ခွဲရလည်း ခဏပေါ့ထားရယ်။ ကို့ကို ခဏပဲစောင့်နော်။ ထား နောက်က ကို လိုက်လာခဲ့မှာပါ။”

“မိုက်ရူးရဲဆန်တဲ့ သတ်သေခြင်းမျိုးတော့ ကို မလုပ်ရဘူးနော်။ ထား ထက် နိုင်ငံတော်က ပိုအရေးကြီးပါတယ် ကို။ ထား မရှိတော့တဲ့အချိန်မှာ နိုင်ငံတော်အတွက်ကို ပိုပြီး အချိန်ပေးပါ။ ကို့ကို သဘောကျတဲ့ မိန်းကလေးပေါ်လာခဲ့ရင် လက်ထပ်လိုက်ပြီး တစ်အိုးတစ်အိမ်ထူထောင်ပါ။ ထား သဘောတူပါတယ်။ ကို့ကို ပြုစုပေးနိုင်မယ့် မိန်းကလေးတစ်ယောက်တော့ မဖြစ်မနေ လိုအပ်တယ် ကိုရဲ့။”

“ထားရယ်… ထား ပြောသမျှအားလုံးလိုက်နာဖို့ ကို ကတိပေးပါတယ်။ ဒါပေမဲ့ နောက်အိမ်ထောင်တော့ မပြုပါရစေနဲ့။ ကို့ နှလုံးသားထဲမှာ ထား က ဆက်လက်ရှင်သန်နေမှာပါ။”

“ထား ယုံပါတယ် ကို ရယ်။ နောက်ပြီး ကောင်းကောင်းနေခဲ့နော်။ ကို့ကို နိုင်ငံတော်က လိုအပ်နေသေးတယ်ဆိုတာ ကို ဘယ်တော့မှ မမေ့နဲ့နော်။”

“စိတ်ချပါကွယ်။”“အဲ့ဒါဆို ထား ကိုစောင်ခြုံပေးခဲ့ပြီး ကို ထွက်တော့နော်။ ထား ခဏ အိပ်လိုက်ဦးမယ်။”

ထား ရဲ့ အိပ်စက်ခြင်းကို သူ အနှောင့်အယှက် မပြုချင်တော့သောကြောင့် သူ ခေါင်းညိမ့်ပြကာ စောင်ခြုံပေးလိုက်သည်။ လူကတော့ အပြင်မထွက်ဘဲ ထား နားမှာပဲ ဆက်ထိုင်နေလိုက်သည်။ သူ အပြင်ရောက်နေတုန်း ထား ကွယ်လွန်သွားခဲ့ ရင်ဆိုသည့် အသိစိတ်က သူ့ကို ခြောက်လှန့်လို့နေပါသည်။

ထားသည် အသက်ကို ဖြေးညှင်းစွာ ရှုရှိုက်နေကြောင်း ထား ၏ နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်အစုံကို ကြည့်ရင်း သိသာနိုင်ပါတယ်။ မျက်လုံးများကတော့ မှိတ်ထားပါသည်။

ကြည့်နေရင်း ကြည့်နေရင်းဖြင့်ပင် ထား လက်ချောင်းလေးများ၊ ခြေချောင်း လေးများမှ သွေးတို့သည် နောက်ပြန်ဆုတ်သွားကာ တဖြေးဖြေး ဖြူလာသည်။ ထို့နောက်တွင်တော့ ထား ၏ ရင်အစုံသည် လုံးဝရပ်သွားပါတော့သည်။ မျက်နှာလေးသည်ကား ပကတိ အိပ်နေသည့်အတိုင်းပင်။

ထား နှုတ်ခမ်းတို့သည်ကား အနည်းငယ် ပြုံးနေသယောင်ပဲ ရှိသေးသည်ဟုထင်ရသည်။ထားကို သဂြိုဟ်သည့်နေ့က သူငယ်ချင်းတွေ လူကြီး မိဘတွေရှေ့မှာ သူမငိုမိအောင် အားတင်းထားရပါသည်။ အားလုံးက ငိုချလိုက်ဖို့ပြောနေပေမဲ့လည်း သူ မငိုမိ။ ထား သည် သူ့နှလုံးသားထဲမှာ ရှင်သန်နေဦးမှာလေ။ သူ ငိုဖို့မှမလိုအပ်တာ ဆိုပြီး အားတင်းပါသည်။ လက်သီးကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားပါသည်။

Related article>>>ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း -၁၂)

ဘယ်သူဘာထင်ထင် သူဂရုမစိုက်ပါ။ ချစ်သူဘဝမှာရော၊ အကြင်လင်မယားဘဝမှာပါ သူ့ကို မိခင်တစ်ယောက်လို ဂရုစိုက် ပြုစုယုယပေးခဲ့တဲ့ ကျေးဇူးတွေအတွက်၊ သူ
လုပ်ခဲ့တဲ့ အမှားတွေအတွက် ထားရဲ့ ရုပ်အလောင်းကို သူ ထိုင်ကန်တော့မိခဲ့သည်။ ဘယ်သူဘာပြောပြော သူဂရုမစိုက်နိုင်တော့ပါ။

ထားကို မီးသဂြိုဟ်ချိန်မှာတော့ အဆောင်အပြင်ကို သူ ထွက်ထိုင်နေမိသည်။ ခဏနေတော့ မီးခိုးခေါင်တိုင်မှ ထား အငွေ့အသက်များသည် မိုးကောင်းကင်သို့ မြင့်တက်သွားသည်ကို သူတွေ့လိုက်ရတော့ လက်ပြကာ နှုတ်ဆက်စကား ဆိုလိုက်သည်။

“သွားနှင့်တော့ ထား ရယ်။ ကို သိပ်မကြာခင် ထား နောက်လိုက်လာခဲ့ပါမယ်။ ကို တို့တွေ နောက်ဘုံဘဝတစ်ခုမှာ ပြန်ဆုံပြီး နောက်ထပ်တစ်ခါ ချစ်ကြရအောင် နော်။ ကိုတို့တွေ ပြန်ဆုံဖြစ်ခဲ့ကြရင်ပေါ့ အချစ်ရယ်….”

Moe (YUFL)

Leave a Reply

Your email address will not be published. Required fields are marked *