FUN

ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း – ၉)

ထား ျပန္ေရာက္လာျခင္းအတြက္၊ ထား ႏွင့္ ျပန္ဆံုေတြ႕ရျခင္းအတြက္ေတာ့ ဒီေလာက္ ေပးဆပ္ရတာ တန္ပါသည္

“ထား… ထားေရ…။”

“ဘာလဲ ကို…။ ေျပာစရာရွိရင္ အထဲဝင္ခဲ့ေနာ္။ ထား မအားလို႔။”

“ဒီေန႔ ဘာေန႔လဲ ထား။”

“ဘာေန႔လဲ။ ေသခ်ာမမွတ္မိေတာ့ဘူး။ ထားတုိ႔ Anniversary လည္း မဟုတ္သလို ေမြးေန႔လည္း မဟုတ္ဘူး ထင္တာပဲ။”

“ဟုတ္တယ္ ထား။ ဒီေန႔က ဘာေန႔မွေတာ့ မဟုတ္ဘူး။ေမာင္သိခ်င္တာက ေန႔စြဲကို ေမးေနတာထားရဲ႕။”

“၂၀ ထင္တာပဲ။ ေသခ်ာေအာင္ ဖုန္းဖြင့္ၾကည့္လုိက္ပါလား ကိုရဲ႕။ သတင္းစာထဲမွာေရာ မပါဘူးလား။ ပါမွာပါ။”

“သတင္းစာထဲမွာ ပါေတာ့ပါတယ္ ထားရဲ႕။ မေသခ်ာမွာစိုးလုိ႔။”

“ကိုကလည္း သတင္းစာက မွားစရာလားလို႔… ဘယ္ေန႔တဲ့လဲ။”

“၈လပိုင္း ၂၀ ရက္ေန႔တဲ့။”

“အဲဒါဆို အဲ့ေန႔ပဲေပါ့။”

ထား ေျပာတာကို ဘာမွ ျပန္မေျပာေတာ့ဘဲ ဖုန္းကို ဖြင့္ၾကည့္လိုက္သည္။ ဖုန္း Screen ေပၚမွာလည္း ၾသဂုတ္လ ၂၀ ရက္ေန႔ျဖစ္ေၾကာင္း ျပေနသည္။ သူ အရမ္းေပ်ာ္သြားသည္။ လက္သီးလက္ေမာင္းတန္းကာ ထခုန္လိုက္သည္။

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း -၈)

သူ အခ်ိန္ေတြကို ေနာက္ဆုတ္ႏိုင္ခဲ့ၿပီ။ ထားကို သူ ျပန္ေခၚနုိင္ခဲ့ကာ သူတုိ႔ႏွစ္ေယာက္ ျပန္ဆံုခဲ့ၾကၿပီ။ ထား ကြယ္လြန္ခဲ့တာ ၾသဂုတ္လ ၂၇ ရက္။ အခုက ၂၀ ရက္ေန႔ဆိုေတာ့ လံုးဝကို တစ္ပတ္တိတိပင္။

သူ႕ကို ေက်ာခိုင္းကာ ထမင္းေၾကာ္ဒယ္အိုးဘက္ကို အာ႐ံုေရာက္ေနေသာ ထား ေနာက္ေက်ာေလးကိုေငးၾကည့္ရင္း ထား အေနာက္သြားကာ ခါးေလးကို အေနာက္မွ ေနၿပီး သိုင္းဖက္လုိက္သည္။ ထား က ထမင္းေၾကာ္ေနရင္း သူ႕ကို ေမာ့ၾကည့္သည္။ ထား နဖူးေလးကို သူအသာေလး ငံု႔နမ္းလိုက္သည္။ ပိုၿပီး တင္းတင္းၾကပ္ၾကပ္ ဖက္ထားမိသည္။ ထုိ႔ေနာက္ လက္က ထား ဝမ္းဗိုက္ျပင္ေလးကို အသာေလး ပြတ္ေပးေနမိသည္။

“ကဲ.. ကိုေရ… ျပင္စရာ ရွိတာ ျပင္ေလ… ႐ံုးေနာက္က်ေနဦးမယ္။”

ထား အနားကို တိုးတိုးေလးကပ္ၿပီး ေျပာလိုက္ျခင္းကို ထား က ျပန္လည္ျငင္းဆိုျခင္းျဖစ္သည္။

“အခုမွ ၇ ခြဲပဲရွိေသးတာကို ထားကလည္း။ ၈ ခြဲေလာက္မွျပင္ရင္ မီပါတယ္။ ႐ံုးနဲ႔ အိမ္က ကပ္ေနတာကို။”

“မရဘူး  ကို…။ ညက ကိုေျပာေတာ့ ဒီမနက္ ၉ နာရီမွာ အေရးႀကီး အစည္းအေဝးရွိတယ္ဆို။”

ထားေျပာမွ သူသတိျပန္ဝင္လာသည္။ ခါတိုင္းဆို တစ္ေန႔တာ လုပ္ရမည့္ အလုပ္ဟူသမွ် သူ အကုန္ မွတ္မိသည္။ အခုေတာ့ အခ်ိန္ေတြ ေနာက္ျပန္ ဆုတ္သြားျခင္းက သူ႕ဦးေႏွာက္ကို ကေမာက္ကမေတြ ျဖစ္ေစခဲ့သည္။ သူူ႕အတြက္ လုပ္ၿပီးသား အလုပ္ေတြကို ေနာက္တစ္ႀကိမ္ ျပန္လုပ္ရေပေတာ့မည္။

ကိစၥမရွိပါ။ ထား ျပန္ေရာက္လာျခင္းအတြက္၊ ထား ႏွင့္ ျပန္ဆံုေတြ႕ရျခင္းအတြက္ေတာ့ ဒီေလာက္ ေပးဆပ္ရတာ တန္ပါသည္။ စိတ္ထဲမွလည္း အဘ ဆိုေသာ ပုဂၢိဳလ္ကို ေက်းဇူးတင္ေၾကာင္း အထပ္ထပ္ေျပာေနမိသည္။

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္ (အပိုင္း – ၇)

“ကို စိတ္ဆိုးသြားတာလား။ ထား က ကို ႐ံုးေနာက္က်မွာ စိုးလို႔ပါ။ ညေန အလုပ္ေတြ မရွိရင္ over time ဆင္းမေနေတာ့ဘဲ အိမ္တန္းျပန္လာခဲ့ေလေနာ္။”

“စိတ္မဆိုးပါဘူး ထား ရယ္။ ကို ဒီေန႔ကစၿပီး ထား အေပၚစိတ္မဆိုးေတာ့ဘူး။ မေအာ္ေတာ့ဘူးလို႔ ကတိေပးပါတယ္။”

“အဲဒါမွ ဒုကၡပဲ။”

“ဘာ ဒုကၡလဲ ထားရဲ႕…။”

“ထား က ကို႔ ေအာ္သံေတြနွင့္ ေနသားက်လာခဲ့တာေလ။ အခု ကိုက မေအာ္ေတာ့ဘူးဆိုရင္ ထားအတြက္ ေလဟာနယ္ေတြျဖစ္လာမွာေပါ့။”

“ထားေနာ္… ေျပာထားဦးေပါ့။ ညေန ကို အိမ္ျပန္ေရာက္မွေတြ႕မယ္။ ဟြင္းဟြင္း…”

“ဘာ ဟြင္းဟြင္းလဲ… ႐ုပ္ကိုက… ”

ထားက အဲ့ဒီလုိေျပာေတာ့ သူလည္း ဘယ္ၿငိမ္ပါ့မလဲ။ ထားကုိ ဖက္ထားေသာ လက္ကို ပိုၿပီး တင္းတင္းက်ပ္က်ပ္ ဖက္လုိက္သည္။ ထုိ႔ေနာက္…

“အစ္ကိုႀကီးက ညီမေလးကို တကယ္ခ်စ္လို႔ပါ ဟဲဟဲဟဲ။”

“ကိုေနာ္… သတင္းစာမဖတ္ခ်င္လည္း ေရသြားခ်ိဳးေတာ့။ လာကပ္မေနနဲ႔ေတာ့… ”

ဗီတို အာဏာျဖင့္ ျငင္းခ်က္ထုတ္လုိက္ေသာ ထားေၾကာင့္ သူ မီးဖိုခန္းထဲမွ တပ္ဆုတ္ကာ ထြက္ခြာလာခဲ့ရသည္။

“ကို ဘာလုပ္ေပးရဦးမလဲ ထား။”

“ဒီအတိုင္း ၿငိမ္ၿငိမ္ေလးပဲ ထုိင္ေနေပးပါ။ မီးဖိုအလုပ္က ကိုနဲ႔ အကၽြမ္းဝင္တဲ့ အလုပ္မွ မဟုတ္တာ။ တကတည္း ဒီေန႔မွပဲ ဦးလြင္မိုးေအာင္တို႔ ဘာျဖစ္ေနမွန္းမသိ။ ထူးထူးဆန္းဆန္းေတြ လာလုပ္ျပေနတယ္။ အရင့္အရင္ေတြတုန္းကေတာ့ ဖုတ္ေလတဲ့ ငပိရွိတယ္လို႔ေတာင္ မထင္ခဲ့ပဲ….”

သူ႕ကို လွမ္းေအာ္ၿပီး မီးဖိုခန္းထဲမွာ တစ္ေယာက္တည္း ပြစိပြစိ ေျပာေနေသာ ထား အသံကို သူ အတိုင္းသား ၾကားေနရေတာ့ သူ ဘာမွမေျပာဘဲ ရယ္သာရယ္ေနမိသည္။ သူတို႔ဆီက ဝန္ထမ္း အိမ္ရာေတြဆိုသည္မွာ မီးဖိုခန္းသည္ အိမ္ထဲ ဝင္ဝင္ခ်င္းဘက္တြင္ ရွိၿပီး ဧည့္ခန္းႏွင့္ ကပ္ရပ္တြင္ တည္ရွိေနေသာေၾကာင့္ ျဖစ္သည္။

ထားႏွင့္သူ ေျပာစရာေတြ၊ လုပ္စရာေတြ အမ်ားႀကီးရွိေသးသည္။ ထားကို ေတာင္းပန္စရာေတြလည္း က်န္ေနေသးသည္။ ဤ (၇) ရက္အတြင္း ထားကို မကယ္တင္ႏိုင္ေတာင္မွ ထား စိတ္ခ်မ္းသာမည့္ အရာေတြသာ သူ မျဖစ္မေန လုပ္ရမည္။ ေရွ႕မွာ မည္သို႔ေသာ အျဖစ္ေတြက သူ႕ကို ေစာင့္ေနမည္လဲဆိုတာကိုေတာ့ သူမသိ…

Moe (YUFL)

<<< Unicode >>>

ထား ပြန်ရောက်လာခြင်းအတွက်၊ ထား နှင့် ပြန်ဆုံတွေ့ရခြင်းအတွက်တော့ ဒီလောက် ပေးဆပ်ရတာ တန်ပါသည်

“ထား… ထားရေ…။”

“ဘာလဲ ကို…။ ပြောစရာရှိရင် အထဲဝင်ခဲ့နော်။ ထား မအားလို့။”

“ဒီနေ့ ဘာနေ့လဲ ထား။”

“ဘာနေ့လဲ။ သေချာမမှတ်မိတော့ဘူး။ ထားတို့ Anniversary လည်း မဟုတ်သလို မွေးနေ့လည်း မဟုတ်ဘူး ထင်တာပဲ။”

“ဟုတ်တယ် ထား။ ဒီနေ့က ဘာနေ့မှတော့ မဟုတ်ဘူး။မောင်သိချင်တာက နေ့စွဲကို မေးနေတာထားရဲ့။”

“၂၀ ထင်တာပဲ။ သေချာအောင် ဖုန်းဖွင့်ကြည့်လိုက်ပါလား ကိုရဲ့။ သတင်းစာထဲမှာရော မပါဘူးလား။ ပါမှာပါ။”

“သတင်းစာထဲမှာ ပါတော့ပါတယ် ထားရဲ့။ မသေချာမှာစိုးလို့။”

“ကိုကလည်း သတင်းစာက မှားစရာလားလို့… ဘယ်နေ့တဲ့လဲ။”

“၈လပိုင်း ၂၀ ရက်နေ့တဲ့။”

“အဲဒါဆို အဲ့နေ့ပဲပေါ့။”

ထား ပြောတာကို ဘာမှ ပြန်မပြောတော့ဘဲ ဖုန်းကို ဖွင့်ကြည့်လိုက်သည်။ ဖုန်း Screen ပေါ်မှာလည်း သြဂုတ်လ ၂၀ ရက်နေ့ဖြစ်ကြောင်း ပြနေသည်။ သူ အရမ်းပျော်သွားသည်။ လက်သီးလက်မောင်းတန်းကာ ထခုန်လိုက်သည်။

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း -၈)

သူ အချိန်တွေကို နောက်ဆုတ်နိုင်ခဲ့ပြီ။ ထားကို သူ ပြန်ခေါ်နိုင်ခဲ့ကာ သူတို့နှစ်ယောက် ပြန်ဆုံခဲ့ကြပြီ။ ထား ကွယ်လွန်ခဲ့တာ သြဂုတ်လ ၂၇ ရက်။ အခုက ၂၀ ရက်နေ့ဆိုတော့ လုံးဝကို တစ်ပတ်တိတိပင်။

သူ့ကို ကျောခိုင်းကာ ထမင်းကြော်ဒယ်အိုးဘက်ကို အာရုံရောက်နေသော ထား နောက်ကျောလေးကိုငေးကြည့်ရင်း ထား အနောက်သွားကာ ခါးလေးကို အနောက်မှ နေပြီး သိုင်းဖက်လိုက်သည်။ ထား က ထမင်းကြော်နေရင်း သူ့ကို မော့ကြည့်သည်။ ထား နဖူးလေးကို သူအသာလေး ငုံ့နမ်းလိုက်သည်။ ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်ထားမိသည်။ ထို့နောက် လက်က ထား ဝမ်းဗိုက်ပြင်လေးကို အသာလေး ပွတ်ပေးနေမိသည်။

“ကဲ.. ကိုရေ… ပြင်စရာ ရှိတာ ပြင်လေ… ရုံးနောက်ကျနေဦးမယ်။”

ထား အနားကို တိုးတိုးလေးကပ်ပြီး ပြောလိုက်ခြင်းကို ထား က ပြန်လည်ငြင်းဆိုခြင်းဖြစ်သည်။

“အခုမှ ၇ ခွဲပဲရှိသေးတာကို ထားကလည်း။ ၈ ခွဲလောက်မှပြင်ရင် မီပါတယ်။ ရုံးနဲ့ အိမ်က ကပ်နေတာကို။”

“မရဘူး  ကို…။ ညက ကိုပြောတော့ ဒီမနက် ၉ နာရီမှာ အရေးကြီး အစည်းအဝေးရှိတယ်ဆို။”

ထားပြောမှ သူသတိပြန်ဝင်လာသည်။ ခါတိုင်းဆို တစ်နေ့တာ လုပ်ရမည့် အလုပ်ဟူသမျှ သူ အကုန် မှတ်မိသည်။ အခုတော့ အချိန်တွေ နောက်ပြန် ဆုတ်သွားခြင်းက သူ့ဦးနှောက်ကို ကမောက်ကမတွေ ဖြစ်စေခဲ့သည်။ သူူ့အတွက် လုပ်ပြီးသား အလုပ်တွေကို နောက်တစ်ကြိမ် ပြန်လုပ်ရပေတော့မည်။

ကိစ္စမရှိပါ။ ထား ပြန်ရောက်လာခြင်းအတွက်၊ ထား နှင့် ပြန်ဆုံတွေ့ရခြင်းအတွက်တော့ ဒီလောက် ပေးဆပ်ရတာ တန်ပါသည်။ စိတ်ထဲမှလည်း အဘ ဆိုသော ပုဂ္ဂိုလ်ကို ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောနေမိသည်။

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင် (အပိုင်း – ၇)

“ကို စိတ်ဆိုးသွားတာလား။ ထား က ကို ရုံးနောက်ကျမှာ စိုးလို့ပါ။ ညနေ အလုပ်တွေ မရှိရင် over time ဆင်းမနေတော့ဘဲ အိမ်တန်းပြန်လာခဲ့လေနော်။”

“စိတ်မဆိုးပါဘူး ထား ရယ်။ ကို ဒီနေ့ကစပြီး ထား အပေါ်စိတ်မဆိုးတော့ဘူး။ မအော်တော့ဘူးလို့ ကတိပေးပါတယ်။”

“အဲဒါမှ ဒုက္ခပဲ။”

“ဘာ ဒုက္ခလဲ ထားရဲ့…။”

“ထား က ကို့ အော်သံတွေနှင့် နေသားကျလာခဲ့တာလေ။ အခု ကိုက မအော်တော့ဘူးဆိုရင် ထားအတွက် လေဟာနယ်တွေဖြစ်လာမှာပေါ့။”

“ထားနော်… ပြောထားဦးပေါ့။ ညနေ ကို အိမ်ပြန်ရောက်မှတွေ့မယ်။ ဟွင်းဟွင်း…”

“ဘာ ဟွင်းဟွင်းလဲ… ရုပ်ကိုက… ”

ထားက အဲ့ဒီလိုပြောတော့ သူလည်း ဘယ်ငြိမ်ပါ့မလဲ။ ထားကို ဖက်ထားသော လက်ကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။ ထို့နောက်…

“အစ်ကိုကြီးက ညီမလေးကို တကယ်ချစ်လို့ပါ ဟဲဟဲဟဲ။”

“ကိုနော်… သတင်းစာမဖတ်ချင်လည်း ရေသွားချိုးတော့။ လာကပ်မနေနဲ့တော့… ”

ဗီတို အာဏာဖြင့် ငြင်းချက်ထုတ်လိုက်သော ထားကြောင့် သူ မီးဖိုခန်းထဲမှ တပ်ဆုတ်ကာ ထွက်ခွာလာခဲ့ရသည်။

“ကို ဘာလုပ်ပေးရဦးမလဲ ထား။”

“ဒီအတိုင်း ငြိမ်ငြိမ်လေးပဲ ထိုင်နေပေးပါ။ မီးဖိုအလုပ်က ကိုနဲ့ အကျွမ်းဝင်တဲ့ အလုပ်မှ မဟုတ်တာ။ တကတည်း ဒီနေ့မှပဲ ဦးလွင်မိုးအောင်တို့ ဘာဖြစ်နေမှန်းမသိ။ ထူးထူးဆန်းဆန်းတွေ လာလုပ်ပြနေတယ်။ အရင့်အရင်တွေတုန်းကတော့ ဖုတ်လေတဲ့ ငပိရှိတယ်လို့တောင် မထင်ခဲ့ပဲ….”

သူ့ကို လှမ်းအော်ပြီး မီးဖိုခန်းထဲမှာ တစ်ယောက်တည်း ပွစိပွစိ ပြောနေသော ထား အသံကို သူ အတိုင်းသား ကြားနေရတော့ သူ ဘာမှမပြောဘဲ ရယ်သာရယ်နေမိသည်။ သူတို့ဆီက ဝန်ထမ်း အိမ်ရာတွေဆိုသည်မှာ မီးဖိုခန်းသည် အိမ်ထဲ ဝင်ဝင်ချင်းဘက်တွင် ရှိပြီး ဧည့်ခန်းနှင့် ကပ်ရပ်တွင် တည်ရှိနေသောကြောင့် ဖြစ်သည်။

ထားနှင့်သူ ပြောစရာတွေ၊ လုပ်စရာတွေ အများကြီးရှိသေးသည်။ ထားကို တောင်းပန်စရာတွေလည်း ကျန်နေသေးသည်။ ဤ (၇) ရက်အတွင်း ထားကို မကယ်တင်နိုင်တောင်မှ ထား စိတ်ချမ်းသာမည့် အရာတွေသာ သူ မဖြစ်မနေ လုပ်ရမည်။ ရှေ့မှာ မည်သို့သော အဖြစ်တွေက သူ့ကို စောင့်နေမည်လဲဆိုတာကိုတော့ သူမသိ…

Moe (YUFL)

Moe
နာမည္ကေတာ့ ဦးမိုးပါ။ အသက္ကေတာ့ မေန႔တေန႔ကမွ ၂၃ ျပည့္ပါတယ္။ For Her Myanmar မွာ က်ား/မ ခြဲျခားမႈေတြအေၾကာင္း၊ အမ်ိဳးသမီးမ်ားရဲ႕ ဖိႏွိပ္ခံဘဝေတြအေၾကာင္း၊ single mother ေတြအေၾကာင္းႏွင့္ အမ်ိဳးသမီးမ်ား ခြန္အားျဖစ္ႏိုင္ေလာက္တဲ့ ဝတၳဳမ်ား၊ ေဆာင္းပါးမ်ားကို ေရးသားသြားမွာျဖစ္ပါတယ္…။

Leave a Reply

Your email address will not be published. Required fields are marked *