ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း -၈)

သူ႕အေရွ႕က ထား သည္ ဝိဉာဥ္တစ္ေကာင္ပင္ ျဖစ္ရမည္

“ကို…။”

ေနာက္ထပ္ စကားသံထြက္ေပၚလာသည္။ သူ မထေသးဘဲ မ်က္လံုးကို ဇြတ္မွိတ္ေနလိုက္သည္။

“ကို… ဘယ္အခ်ိန္ရွိေနၿပီလဲ။ ၇ နာရီခြဲေတာ့မယ္။ ထေတာ့ကြာ။ လိမၼာတယ္။ အိိပ္မက္ဆိုးေတြ မက္ေနတယ္ထင္တယ္။ လူ တစ္ကိုယ္လံုးလည္း ေခၽြးေတြခ်ည္းပဲ။”

အသံသည္ သူ႕အနားေရာက္လာသလို ခံစားရသည္။ ထုိ႔အတြက္ အၾကား အာ႐ံုနွင့္ အန႔ံခံအာ႐ံုတို႔က ပိုၿပီး အလုပ္လုပ္ႏိုင္စြမ္းရွိလာသည္။ အသံသည္ကား ထား အသံ။ ေနာက္ၿပီး သူ႕အနားမွာ ရေနသည့္ အနံ႔က ထား ကိုယ္သင္းနံ႔။ ဒီလိုဆို ထား တစ္ေယာက္ မကၽြတ္ဘူးလားဆိုၿပီး ထား အတြက္ စိတ္မေကာင္းျဖစ္သြားသည္။

“ကို… ထေတာ့ကြာ။ ေတာ္ေတာ္ႏႈိးရခက္တဲ့ ကေလးပဲ။ ထေတာ့ ထေတာ့…”

ထားက ပါးစပ္ကလည္း ေျပာၿပီး ႏႈိးသည္။ လက္ကလည္း သူ႕ကို လႈပ္ၿပီး ႏႈိးသည္။ သူ မ်က္လံုးဖြင့္ၿပီး မၾကည့္ရဲ။ ထား ေသသြားၿပီ။ ထား သည္ ဒီေလာကက မဟုတ္ေတာ့။ သူတို႔ ဘဝခ်င္း ျခားေနၿပီေလ။ ေၾကာက္စိတ္က သူ႕ကို လႊမ္းမိုးထား သည္။ သူ လက္ေတြတုန္လာသည္။

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္ (အပိုင္း – ၇)

“ကို… ေနမေကာင္းဘူးလားဟင္။ မ်က္လံုးဖြင့္ၾကည့္ပါဦး။”

ထား ကေမးလည္းေမး သူ႕နဖူးေပၚလည္း လက္တင္ကာ စမ္းလိုက္သည္။

သူ အရမ္းေၾကာက္ေနသည္။ ဝင္ေလႏွင့္ ထြက္ေလကို မွတ္ၿပီး ေၾကာက္စိတ္ကို ထိန္းခ်ဳပ္ကာ စိတ္ကို တည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္သည္။ ထားသည္ သရဲမကလို႔ ဘာႀကီးပဲ ျဖစ္ေနျဖစ္ေန ထား က ထား ပင္ျဖစ္သည္။ ထို႔အတြက္ ေၾကာက္စရာမလိုေခ်။

သူတို႔ႏွစ္ေယာက္ ျပန္ဆံုႏိုင္ဖို႔အတြက္ မၾကာခဏ ဆုေတာင္းခဲ့ရတာေတြ၊ ထားသာ ျပန္လာခဲ့မယ္ဆို သူ လုပ္ေပးမယ္ဆိုၿပီး တစ္ေယာက္တည္း ေပးခဲ့တဲ့ ကတိေတြကို ျပန္သတိရလာခဲ့သည္။ သူ စိတ္နည္းနည္းၿငိမ္သြားၿပီျဖစ္သည္။ ထို႔ေနာက္ မ်က္လံုးကို ဖြင့္ၾကည့္လိုက္ေတာ့ ထား သည္ သူ႕ေဘးမွာ ငုတ္တုတ္ေလး ထုိင္ေနသည္ကို ေတြ႕ရသည္။

“ထား… ထား ဟုတ္ပါတယ္ေနာ္။”

“ကို ကလည္း ဒီအိမ္မွာ ထား အျပင္ေနာက္ထပ္ ဘယ္သူမ်ား ရွိေသးလို႔လဲ။ ထား မွ ထား အစစ္။”

ထား စကားၾကားေတာ့ ကိုယ့္ပါးကိုယ္ျပန္႐ုိက္ကာ စမ္းၾကည့္လိုက္သည္။ နာေတာ့မွ ဒါ အိပ္မက္မဟုတ္မွန္း သူသိသည္။ အိပ္မက္မဟုတ္ဘူးဆုိ ေသခ်ာသည္။ ထား မကၽြတ္ဘူး။ သူ႕အေရွ႕က ထား သည္ ဝိဉာဥ္တစ္ေကာင္ပင္ ျဖစ္ရမည္။ ေၾကာက္စိတ္က ျပန္လည္ ေပၚထြန္းလာသည္။

“ကို… ဘာျဖစ္ေနတာလဲ။ ေနမေကာင္းဘူးလား။ အလကားေနရင္း ၾကက္သီးေတြ ထေနပါလား။ ဘာေၾကာက္စရာရွိလို႔လဲ။”

ထားက ေျပာေျပာဆိုဆိုနွင့္ပင္ သူ႕လက္ကေလးကို လာကိုင္သည္။ သူ အထိအေတြ႕ကို ခံစားလိုက္ရသည္။ ဒါဆို ထား က ဝိဉာဥ္မဟုတ္ဘူးလား။ ဝိဉာဥ္ေတြဆို အထိအေတြ႕ကို မခံစားႏုိင္ဘူးဆိုတာ သူ စာအုပ္ေတြထဲ ဖတ္ဖူးသည္။ သို႔ေသာ္… Ghost ႐ုပ္ရွင္ထဲတြင္ေတာ့ အဆင့္နည္းနည္းျမင့္သည့္ ဝိဉာဥ္မ်ားသည္ ေလ့က်င့္ၿပီး အထိအေတြ႕ကို ခံစားတတ္ၾကသည္ကုိ သူ သတိရမိသည္။ ၃၊ ၄ လေလာက္ႏွင့္ ထား ဒီလုိအဆင့္ေရာက္ေနၿပီလားဆိုၿပီးပင္ ေတြးမိေသးသည္။

“ဘာ… ဘာမွ ေၾကာက္စရာမရွိပါဘူး။”

ထား ေမးခြန္းကို သူ ထစ္ေငါ့စြာ ျပန္ေျဖရသည္။

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း – ၆)

“ေရအရင္ခ်ိဳးမလား။ သတင္းစာအရင္ဖတ္မလား။ ေစာနကပဲ သတင္းစာ လာပို႔သြားၿပီ။”

“သတင္းစာပဲ ဖတ္လုိက္မယ္ေလ။ ၿပီးမွ မနက္စာစားၿပီး ရံုးသြားခါနီးမွ ေရခ်ိဳးလိုက္မယ္။”

“အဲ့ဒါဆို ခဏေစာင့္ဦးေနာ္။ ထား ထမင္း ျမန္ျမန္ေၾကာ္လိုက္ဦးမယ္။”

ထား ထမင္းမေၾကာ္ရေသးတဲ့အတြက္ သူ ဘာမွမေျပာျဖစ္ခဲ့။ အရင္အခ်ိန္ေတြ ဆို သူ႕အတြက္ မနက္စာ အဆင္သင့္မျဖစ္ပါက စိတ္ေပါက္ရင္ေပါက္သလို ေအာ္ခဲ့မိတာကို သတိရမိသည္။

သတင္းစာကို ကိုင္ကာ စဖတ္လိုက္ေတာ့ သူ႕အတြက္ ထူးဆန္း အံ့အားသင့္ဖြယ္ရာကုိ ေတြ႕လိုက္ရသည္။

ဆက္ရန္…

Moe (YUFL)

<<< Unicode >>>

သူ့အရှေ့က ထား သည် ဝိဉာဉ်တစ်ကောင်ပင် ဖြစ်ရမည်

“ကို…။”

နောက်ထပ် စကားသံထွက်ပေါ်လာသည်။ သူ မထသေးဘဲ မျက်လုံးကို ဇွတ်မှိတ်နေလိုက်သည်။

“ကို… ဘယ်အချိန်ရှိနေပြီလဲ။ ၇ နာရီခွဲတော့မယ်။ ထတော့ကွာ။ လိမ္မာတယ်။ အိပ်မက်ဆိုးတွေ မက်နေတယ်ထင်တယ်။ လူ တစ်ကိုယ်လုံးလည်း ချွေးတွေချည်းပဲ။”

အသံသည် သူ့အနားရောက်လာသလို ခံစားရသည်။ ထို့အတွက် အကြား အာရုံနှင့် အနံ့ခံအာရုံတို့က ပိုပြီး အလုပ်လုပ်နိုင်စွမ်းရှိလာသည်။ အသံသည်ကား ထား အသံ။ နောက်ပြီး သူ့အနားမှာ ရနေသည့် အနံ့က ထား ကိုယ်သင်းနံ့။ ဒီလိုဆို ထား တစ်ယောက် မကျွတ်ဘူးလားဆိုပြီး ထား အတွက် စိတ်မကောင်းဖြစ်သွားသည်။

“ကို… ထတော့ကွာ။ တော်တော်နှိုးရခက်တဲ့ ကလေးပဲ။ ထတော့ ထတော့…”

ထားက ပါးစပ်ကလည်း ပြောပြီး နှိုးသည်။ လက်ကလည်း သူ့ကို လှုပ်ပြီး နှိုးသည်။ သူ မျက်လုံးဖွင့်ပြီး မကြည့်ရဲ။ ထား သေသွားပြီ။ ထား သည် ဒီလောကက မဟုတ်တော့။ သူတို့ ဘဝချင်း ခြားနေပြီလေ။ ကြောက်စိတ်က သူ့ကို လွှမ်းမိုးထား သည်။ သူ လက်တွေတုန်လာသည်။

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင် (အပိုင်း – ၇)

“ကို… နေမကောင်းဘူးလားဟင်။ မျက်လုံးဖွင့်ကြည့်ပါဦး။”

ထား ကမေးလည်းမေး သူ့နဖူးပေါ်လည်း လက်တင်ကာ စမ်းလိုက်သည်။

သူ အရမ်းကြောက်နေသည်။ ဝင်လေနှင့် ထွက်လေကို မှတ်ပြီး ကြောက်စိတ်ကို ထိန်းချုပ်ကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထားသည် သရဲမကလို့ ဘာကြီးပဲ ဖြစ်နေဖြစ်နေ ထား က ထား ပင်ဖြစ်သည်။ ထို့အတွက် ကြောက်စရာမလိုချေ။

သူတို့နှစ်ယောက် ပြန်ဆုံနိုင်ဖို့အတွက် မကြာခဏ ဆုတောင်းခဲ့ရတာတွေ၊ ထားသာ ပြန်လာခဲ့မယ်ဆို သူ လုပ်ပေးမယ်ဆိုပြီး တစ်ယောက်တည်း ပေးခဲ့တဲ့ ကတိတွေကို ပြန်သတိရလာခဲ့သည်။ သူ စိတ်နည်းနည်းငြိမ်သွားပြီဖြစ်သည်။ ထို့နောက် မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ထား သည် သူ့ဘေးမှာ ငုတ်တုတ်လေး ထိုင်နေသည်ကို တွေ့ရသည်။

“ထား… ထား ဟုတ်ပါတယ်နော်။”

“ကို ကလည်း ဒီအိမ်မှာ ထား အပြင်နောက်ထပ် ဘယ်သူများ ရှိသေးလို့လဲ။ ထား မှ ထား အစစ်။”

ထား စကားကြားတော့ ကိုယ့်ပါးကိုယ်ပြန်ရိုက်ကာ စမ်းကြည့်လိုက်သည်။ နာတော့မှ ဒါ အိပ်မက်မဟုတ်မှန်း သူသိသည်။ အိပ်မက်မဟုတ်ဘူးဆို သေချာသည်။ ထား မကျွတ်ဘူး။ သူ့အရှေ့က ထား သည် ဝိဉာဉ်တစ်ကောင်ပင် ဖြစ်ရမည်။ ကြောက်စိတ်က ပြန်လည် ပေါ်ထွန်းလာသည်။

“ကို… ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား။ အလကားနေရင်း ကြက်သီးတွေ ထနေပါလား။ ဘာကြောက်စရာရှိလို့လဲ။”

ထားက ပြောပြောဆိုဆိုနှင့်ပင် သူ့လက်ကလေးကို လာကိုင်သည်။ သူ အထိအတွေ့ကို ခံစားလိုက်ရသည်။ ဒါဆို ထား က ဝိဉာဉ်မဟုတ်ဘူးလား။ ဝိဉာဉ်တွေဆို အထိအတွေ့ကို မခံစားနိုင်ဘူးဆိုတာ သူ စာအုပ်တွေထဲ ဖတ်ဖူးသည်။ သို့သော်… Ghost ရုပ်ရှင်ထဲတွင်တော့ အဆင့်နည်းနည်းမြင့်သည့် ဝိဉာဉ်များသည် လေ့ကျင့်ပြီး အထိအတွေ့ကို ခံစားတတ်ကြသည်ကို သူ သတိရမိသည်။ ၃၊ ၄ လလောက်နှင့် ထား ဒီလိုအဆင့်ရောက်နေပြီလားဆိုပြီးပင် တွေးမိသေးသည်။

“ဘာ… ဘာမှ ကြောက်စရာမရှိပါဘူး။”

ထား မေးခွန်းကို သူ ထစ်ငေါ့စွာ ပြန်ဖြေရသည်။

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း – ၆)

“ရေအရင်ချိုးမလား။ သတင်းစာအရင်ဖတ်မလား။ စောနကပဲ သတင်းစာ လာပို့သွားပြီ။”

“သတင်းစာပဲ ဖတ်လိုက်မယ်လေ။ ပြီးမှ မနက်စာစားပြီး ရုံးသွားခါနီးမှ ရေချိုးလိုက်မယ်။”

“အဲ့ဒါဆို ခဏစောင့်ဦးနော်။ ထား ထမင်း မြန်မြန်ကြော်လိုက်ဦးမယ်။”

ထား ထမင်းမကြော်ရသေးတဲ့အတွက် သူ ဘာမှမပြောဖြစ်ခဲ့။ အရင်အချိန်တွေ ဆို သူ့အတွက် မနက်စာ အဆင်သင့်မဖြစ်ပါက စိတ်ပေါက်ရင်ပေါက်သလို အော်ခဲ့မိတာကို သတိရမိသည်။

သတင်းစာကို ကိုင်ကာ စဖတ်လိုက်တော့ သူ့အတွက် ထူးဆန်း အံ့အားသင့်ဖွယ်ရာကို တွေ့လိုက်ရသည်။

ဆက်ရန်…

Moe (YUFL)

No Comments Yet

Comments are closed