ျပန္ဆံုျဖစ္ခဲ့ရင္ (အပိုင္း – ၇)

ထားတို႔ေဘး ပတ္ဝန္းက်င္မွာ နာနာဘာဝေတြ၊ ဝိဉာဥ္ေတြ ရွိေနတယ္။ ၿပီးေတာ့ ထားကလည္း ကို ျမင္ေနက် ပံုစံမ်ိဳး မဟုတ္ေနဘူးေလ

“ကို…”

အခန္းေထာင့္ဆီမွ ေခၚသံၾကားရသည္။ တိုးညႇင္းေသာ အသံျဖစ္ေပမဲ့ သူ မၾကားရတာ ၾကာၿပီျဖစ္ေသာ ထားအသံဆိုသည္ကိုေတာ့ ေကာင္းေကာင္းသိသည္။ ထုိ႔ေၾကာင့္ အသံလာရာဆီကို သူ တစ္လွမ္းခ်င္း ေရြ႕သည္။ နံရံေပၚကိုလည္း လက္နွင့္ စမ္းကာ မီးခလုတ္ေတြကို ရွာေနမိသည္။

“မီးမဖြင့္နဲ႔ ကို။”

“ဘာျဖစ္လုိ႔လဲ ထား။”

“မီးဖြင့္လိုက္ရင္ ကို မျမင္သင့္တာေတြ ျမင္သြားမွာစိုးလို႔။”

“ဘာမ်ားလဲလို႔ ထားရယ္။ ထားရဲ႕ အဝတ္မပါတဲ့ ကိုယ္လား.. ကို ျမင္ေနက်ပဲဟာ။ ဘာမွ မထူးဆန္းပါဘူး အခ်စ္ရဲ႕။”

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း – ၆)

“မဟုတ္ဘူး ကို။ ထားေျပာတာ ကို သေဘာမေပါက္ဘူး။ ထားတို႔ေဘး ပတ္ဝန္းက်င္မွာ နာနာဘာဝေတြ၊ ဝိဉာဥ္ေတြ ရွိေနတယ္။ မီးဖြင့္လိုက္ရင္ သူတို႔ကို ကို ျမင္ၿပီး လန္႔သြားမွာ စိုးလုိ႔။ ကို ေၾကာက္တတ္တာ ထားသိပါတယ္။ ထား စကားနားေထာင္ေနာ္။ ၿပီးေတာ့ ထားကလည္း ကို ျမင္ေနက် ပံုစံမ်ိဳး မဟုတ္ေနဘူးေလ”

“ဟုတ္ပါၿပီ ထား ကမဖြင့္ေစခ်င္လည္း ကို မဖြင့္ေတာ့ပါဘူး။ ဒါနဲ႔ ထား က ဘယ္လုိလုိ႔ ဒီေရာက္ေနတာလဲ။ ဒါ ကိုတို႔ အိမ္မဟုတ္ဘူး ထင္တယ္။ ကိုတို႔ အိမ္ျပန္ၾကရေအာင္ေနာ္။”

“ထား ဘယ္ေရာက္ေနတယ္ဆိုတာ ေျပာျပလုိ႔မရဘူး ကို။ ထားတုိ႔အိမ္ မဟုတ္တာေတာ့ ကို မွန္တယ္။ ဒီေနရာက ထား တုိ႔အိမ္မဟုတ္ဘူး။ ဒါေပမဲ့ ထား တုိ႔ ဝိဉာဥ္ေတြကေတာ့ ေသဆံုးၿပီးေနာက္ပိုင္း ဒီမွာ ခဏေနရတယ္ ကို။”

“ေသဆံုးၿပီးေနာက္ပိုင္း ဟုတ္လား ထား။”

“ဟုတ္တယ္ေလ ကို ရဲ႕။ ကိုု ေမ့ေနျပန္ၿပီလား။ ထား ေသသြားၿပီးၿပီေလ ကို။ ထား တို႔ ေသဆံုးၿပီး ဘယ္ေနရာကို သြားရမယ္ ဘာေတြကို ဆက္လုပ္ရမယ္ဆိုတဲ့ စီရင္ခ်က္ မက်မခ်င္း ထားတုိ႔ ဒီမွာပဲ ေနရမွာ။ ဒီေနရာကို ကို ဘယ္လုိ ေရာက္လာလဲဆိုတာ ထားလည္း ေသခ်ာ နားမလည္ဘူး။”

“ေတာ္ၿပီ ထား။ အဓိပၸါယ္မရွိတာေတြ မေျပာနဲ႔ေတာ့ ကို တုိ႔ အိမ္ျပန္ၾကရေအာင္။ ကို ထားကို လာေခၚတာလည္း ျဖစ္ႏိုင္တာပဲ။”

“အဓိပၸာယ္မရွိတာေတြ ေျပာေနတာ ကို ပါ။ ေသဆံုးၿပီး လူတစ္ေယာက္က ဘယ္လုိလုပ္ၿပီး လူ႔ဘဝကို ျပန္သြားႏိုင္မွာလဲ။ ကို သာ အိမ္ေရာက္ေအာင္ ေကာင္းေကာင္းျပန္ပါ။ ၿပီးေတာ့ ထားကို ေမ့နိုင္ေအာင္ ႀကိဳးစားၿပီး ဘဝသစ္တစ္ခုကို ျမန္ျမန္တည္ေဆာက္ပါ ကို။ ကို႔အနားမွာ ထားလုိမ်ိဳး နားလည္ ေပးႏိုင္မယ့္ မိန္းကေလး တစ္ေယာက္ကို အျမန္ဆံုးရေအာင္ ရွာပါ။ ကိုက တစ္ေယာက္တည္း ေနႏိုင္မယ့္လူမ်ိဳးမဟုတ္ဘူးဆိုတာ ထားေကာင္းေကာင္း သိပါတယ္။”

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း – ၅)

“ေတာ္ပါေတာ့ ထားရယ္။ မွားခဲ့တာေတြအတြက္ ကို ေတာင္းပန္ပါတယ္။ ကို႔ကို ခြင့္လႊတ္ၿပီး အိမ္ျပန္ခဲ့ပါေတာ့ေနာ္။”

“ကို အခုထိ နားလည္ေသးဘူးလား။ ထားတို႔ ဘဝခ်င္း ျခားေနၿပီ ကို။ ထား ေျပာတာ ကို သေဘာေပါက္သင့္တယ္။ ေဟာ ဟို ျပတင္းေပါက္ကိုၾကည့္။ ေနေရာင္ဝင္လာၿပီ။ ကို အိမ္ ျမန္ျမန္ျပန္ေတာ့။ ထားတို႔ ဒီဘဝ ဒီမွ်ပါပဲ ကို ရယ္။ ျပန္ေတာ့ေနာ္။”

“ထား ရယ္…။”

ထား ရွိေနမည္ထင္သည့္ ေနရာသို႔ မေရာက္ေရာက္ေအာင္ ျဖည္းျဖည္းခ်င္းတိုးသြားသည္။ အေမွာင္ထဲမွာ က်င့္သားရၿပီျဖစ္ေသာ သူ႕မ်က္လံုးအစံုသည္ ပတ္ဝန္းက်င္ကို ေရးေတးေတးျမင္ရသည္အထိ ကူညီေပးနုိင္သည္။ ေနာက္ဆံုးတြင္ ထား ဟုယူဆရေသာ ခႏၶာကိုယ္ တစ္ခုကို သူ ေပြ႔ဖက္ကာ ထား နႈတ္ခမ္းေလးေတြ ကို နမ္း႐ႈိက္ဖို႔ သူႀကိဳးစားလိုက္သည္။

“မလုပ္နဲ႔ ကို။ ကို အဲဒီလုိလုပ္လုိ႔မရဘူး။”

ထားက ေျပာေျပာဆုိဆိုျဖင့္ သူ႕ကို တြန္းထုတ္လုိက္သည္။ ထား တြန္းထုတ္သည့္ အရွိန္သည္ မျပင္းပါ။ သို႔ေသာ္ သူ အခန္းနံရံေတြဆီ လြင့္ထြက္သြားသည္။ နံရံႏွင့္ ႐ိုက္မိေတာ့ သူ႔ကိုသူ ထိခိုက္မိၿပီထင္ခဲ့ေပမဲ့ နံရံေတြသည္ ဂ်ယ္လီလုိမ်ိဳးျဖစ္ေနၿပီး သူသည္လည္း နံရံေတြၾကား နစ္ျမဳတ္ေပ်ာက္ကြယ္သြားရေတာ့သည္။

“ထား……။”

ငယ္သံပါေအာင္ ေအာ္ေပမဲ့ သူ႔အသံက ထြက္မလာဘဲ လည္ေခ်ာင္းဝတြင္သာ တိမ္ျမွဳပ္ပ်ာက္ကြယ္သြားခဲ့ရသည္။

“ကို…။ အိပ္မက္ဆုိးေတြ မက္ေနတာလား။”

ထား ႏွင့္ ဆံုေတြ႔ခဲ့့ရသည္မွာ အိပ္မက္လား တကယ္လား သူမခြဲျခားတတ္ေပမဲ့အရာရာသည္ ၾကည္လင္လြန္းလွသည္။ သူ႔ တစ္ကိုယ္လံုးလည္း ေဇာေခၽြးေတြ ျပန္ေနသည္။ သို႔ေသာ္ ထုိအေၾကာင္း မေတြးႏိုင္ဘဲ ႐ုတ္တရက္ေခၚသံေၾကာင့္ သူ လန္႔သြားသည္။ သူ တစ္ေယာက္တည္း ရွိေနသည့္အိမ္၌ မည္သည့္ေနရာက မိန္းကေလးေရာက္လာၿပီး သူ႕ကိုလာေခၚေနသနည္း… မက္ခဲ့ေသာ အိပ္မက္ႏွင့္ ဆက္စပ္ေတြးမိၿပီး သူ ေခ်ာက္ခ်ားလာသည္။ ဟုတ္သည္။ ထားေျပာတာ မွန္သည္။ သူ သရဲအရမ္း ေၾကာက္တတ္သည္။

အသံတင္မက ေျခသံကလည္း တျဖည္းျဖည္း နီးကပ္လာသည္။ သူႏွင့္ ရင္းႏွီးေနေသာ ရနံ႕တစ္ခုကိုလည္း ရေနသည္။ မည္သူနည္း?

Moe (YUFL)

<<< Unicode >>>

ထားတို့ဘေး ပတ်ဝန်းကျင်မှာ နာနာဘာဝတွေ၊ ဝိဉာဉ်တွေ ရှိနေတယ်။ ပြီးတော့ ထားကလည်း ကို မြင်နေကျ ပုံစံမျိုး မဟုတ်နေဘူးလေ

“ကို…”

အခန်းထောင့်ဆီမှ ခေါ်သံကြားရသည်။ တိုးညှင်းသော အသံဖြစ်ပေမဲ့ သူ မကြားရတာ ကြာပြီဖြစ်သော ထားအသံဆိုသည်ကိုတော့ ကောင်းကောင်းသိသည်။ ထို့ကြောင့် အသံလာရာဆီကို သူ တစ်လှမ်းချင်း ရွေ့သည်။ နံရံပေါ်ကိုလည်း လက်နှင့် စမ်းကာ မီးခလုတ်တွေကို ရှာနေမိသည်။

“မီးမဖွင့်နဲ့ ကို။”

“ဘာဖြစ်လို့လဲ ထား။”

“မီးဖွင့်လိုက်ရင် ကို မမြင်သင့်တာတွေ မြင်သွားမှာစိုးလို့။”

“ဘာများလဲလို့ ထားရယ်။ ထားရဲ့ အဝတ်မပါတဲ့ ကိုယ်လား.. ကို မြင်နေကျပဲဟာ။ ဘာမှ မထူးဆန်းပါဘူး အချစ်ရဲ့။”

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း – ၆)

“မဟုတ်ဘူး ကို။ ထားပြောတာ ကို သဘောမပေါက်ဘူး။ ထားတို့ဘေး ပတ်ဝန်းကျင်မှာ နာနာဘာဝတွေ၊ ဝိဉာဉ်တွေ ရှိနေတယ်။ မီးဖွင့်လိုက်ရင် သူတို့ကို ကို မြင်ပြီး လန့်သွားမှာ စိုးလို့။ ကို ကြောက်တတ်တာ ထားသိပါတယ်။ ထား စကားနားထောင်နော်။ ပြီးတော့ ထားကလည်း ကို မြင်နေကျ ပုံစံမျိုး မဟုတ်နေဘူးလေ”

“ဟုတ်ပါပြီ ထား ကမဖွင့်စေချင်လည်း ကို မဖွင့်တော့ပါဘူး။ ဒါနဲ့ ထား က ဘယ်လိုလို့ ဒီရောက်နေတာလဲ။ ဒါ ကိုတို့ အိမ်မဟုတ်ဘူး ထင်တယ်။ ကိုတို့ အိမ်ပြန်ကြရအောင်နော်။”

“ထား ဘယ်ရောက်နေတယ်ဆိုတာ ပြောပြလို့မရဘူး ကို။ ထားတို့အိမ် မဟုတ်တာတော့ ကို မှန်တယ်။ ဒီနေရာက ထား တို့အိမ်မဟုတ်ဘူး။ ဒါပေမဲ့ ထား တို့ ဝိဉာဉ်တွေကတော့ သေဆုံးပြီးနောက်ပိုင်း ဒီမှာ ခဏနေရတယ် ကို။”

“သေဆုံးပြီးနောက်ပိုင်း ဟုတ်လား ထား။”

“ဟုတ်တယ်လေ ကို ရဲ့။ ကို မေ့နေပြန်ပြီလား။ ထား သေသွားပြီးပြီလေ ကို။ ထား တို့ သေဆုံးပြီး ဘယ်နေရာကို သွားရမယ် ဘာတွေကို ဆက်လုပ်ရမယ်ဆိုတဲ့ စီရင်ချက် မကျမချင်း ထားတို့ ဒီမှာပဲ နေရမှာ။ ဒီနေရာကို ကို ဘယ်လို ရောက်လာလဲဆိုတာ ထားလည်း သေချာ နားမလည်ဘူး။”

“တော်ပြီ ထား။ အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့တော့ ကို တို့ အိမ်ပြန်ကြရအောင်။ ကို ထားကို လာခေါ်တာလည်း ဖြစ်နိုင်တာပဲ။”

“အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ ကို ပါ။ သေဆုံးပြီး လူတစ်ယောက်က ဘယ်လိုလုပ်ပြီး လူ့ဘဝကို ပြန်သွားနိုင်မှာလဲ။ ကို သာ အိမ်ရောက်အောင် ကောင်းကောင်းပြန်ပါ။ ပြီးတော့ ထားကို မေ့နိုင်အောင် ကြိုးစားပြီး ဘဝသစ်တစ်ခုကို မြန်မြန်တည်ဆောက်ပါ ကို။ ကို့အနားမှာ ထားလိုမျိုး နားလည် ပေးနိုင်မယ့် မိန်းကလေး တစ်ယောက်ကို အမြန်ဆုံးရအောင် ရှာပါ။ ကိုက တစ်ယောက်တည်း နေနိုင်မယ့်လူမျိုးမဟုတ်ဘူးဆိုတာ ထားကောင်းကောင်း သိပါတယ်။”

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း – ၅)

“တော်ပါတော့ ထားရယ်။ မှားခဲ့တာတွေအတွက် ကို တောင်းပန်ပါတယ်။ ကို့ကို ခွင့်လွှတ်ပြီး အိမ်ပြန်ခဲ့ပါတော့နော်။”

“ကို အခုထိ နားလည်သေးဘူးလား။ ထားတို့ ဘဝချင်း ခြားနေပြီ ကို။ ထား ပြောတာ ကို သဘောပေါက်သင့်တယ်။ ဟော ဟို ပြတင်းပေါက်ကိုကြည့်။ နေရောင်ဝင်လာပြီ။ ကို အိမ် မြန်မြန်ပြန်တော့။ ထားတို့ ဒီဘဝ ဒီမျှပါပဲ ကို ရယ်။ ပြန်တော့နော်။”

“ထား ရယ်…။”

ထား ရှိနေမည်ထင်သည့် နေရာသို့ မရောက်ရောက်အောင် ဖြည်းဖြည်းချင်းတိုးသွားသည်။ အမှောင်ထဲမှာ ကျင့်သားရပြီဖြစ်သော သူ့မျက်လုံးအစုံသည် ပတ်ဝန်းကျင်ကို ရေးတေးတေးမြင်ရသည်အထိ ကူညီပေးနိုင်သည်။ နောက်ဆုံးတွင် ထား ဟုယူဆရသော ခန္ဓာကိုယ် တစ်ခုကို သူ ပွေ့ဖက်ကာ ထား နှုတ်ခမ်းလေးတွေ ကို နမ်းရှိုက်ဖို့ သူကြိုးစားလိုက်သည်။

“မလုပ်နဲ့ ကို။ ကို အဲဒီလိုလုပ်လို့မရဘူး။”

ထားက ပြောပြောဆိုဆိုဖြင့် သူ့ကို တွန်းထုတ်လိုက်သည်။ ထား တွန်းထုတ်သည့် အရှိန်သည် မပြင်းပါ။ သို့သော် သူ အခန်းနံရံတွေဆီ လွင့်ထွက်သွားသည်။ နံရံနှင့် ရိုက်မိတော့ သူ့ကိုသူ ထိခိုက်မိပြီထင်ခဲ့ပေမဲ့ နံရံတွေသည် ဂျယ်လီလိုမျိုးဖြစ်နေပြီး သူသည်လည်း နံရံတွေကြား နစ်မြုတ်ပျောက်ကွယ်သွားရတော့သည်။

“ထား……။”

ငယ်သံပါအောင် အော်ပေမဲ့ သူ့အသံက ထွက်မလာဘဲ လည်ချောင်းဝတွင်သာ တိမ်မြှုပ်ပျာက်ကွယ်သွားခဲ့ရသည်။

“ကို…။ အိပ်မက်ဆိုးတွေ မက်နေတာလား။”

ထား နှင့် ဆုံတွေ့ခဲ့ရသည်မှာ အိပ်မက်လား တကယ်လား သူမခွဲခြားတတ်ပေမဲ့အရာရာသည် ကြည်လင်လွန်းလှသည်။ သူ့ တစ်ကိုယ်လုံးလည်း ဇောချွေးတွေ ပြန်နေသည်။ သို့သော် ထိုအကြောင်း မတွေးနိုင်ဘဲ ရုတ်တရက်ခေါ်သံကြောင့် သူ လန့်သွားသည်။ သူ တစ်ယောက်တည်း ရှိနေသည့်အိမ်၌ မည်သည့်နေရာက မိန်းကလေးရောက်လာပြီး သူ့ကိုလာခေါ်နေသနည်း… မက်ခဲ့သော အိပ်မက်နှင့် ဆက်စပ်တွေးမိပြီး သူ ချောက်ချားလာသည်။ ဟုတ်သည်။ ထားပြောတာ မှန်သည်။ သူ သရဲအရမ်း ကြောက်တတ်သည်။

အသံတင်မက ခြေသံကလည်း တဖြည်းဖြည်း နီးကပ်လာသည်။ သူနှင့် ရင်းနှီးနေသော ရနံ့တစ်ခုကိုလည်း ရနေသည်။ မည်သူနည်း?

Moe (YUFL)

No Comments Yet

Comments are closed