FUN Love

ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း – ၆)

Relationship တစ္ခုမွာ ေယာက္်ားေလးေတြက စခ်စ္ၿပီး မိန္းကေလးေတြက ဆက္ခ်စ္ရသတဲ့။ သူႏွင့္ထားလည္း ထုိနည္းႏွင္ႏွင္။

ထား မရွိေသာ အိမ္ထဲသို႔ ဝင္ရျခင္းမွာ အခုခ်ိန္တြင္ေတာ့ သူ႕အတြက္ ငရဲနွင့္ အတူတူပင္။ အိမ္ထဲမဝင္ခ်င္ေပမဲ့လည္း ဝင္ရေပဦးမည္။ ေန႔စဥ္လုပ္ငန္းေဆာင္တာ မ်ားကို ေဆာင္ရြက္ဖုိ႔ရန္ အားထုတ္ရေပဦးမည္။

ထား ရွိစဥ္က အိမ္ျပန္ေရာက္တာနဲ႔ သူ႕ကို ေရတစ္ခြက္နဲ႔ အဆင္သင့္ေစာင့္ႀကိဳေနသည့္ ထားကို တန္ဖိုးထားရေကာင္းမွန္းမသိခဲ့။ အလုပ္မွာ အဆင္မေျပ ကသိကေအာင့္ေလး ႀကံဳခဲ့ရင္ေတာင္ အိမ္ေရာက္တာနဲ႔ ထားအေပၚ ေအာ္ေငါက္ျခင္းျဖင့္ စိတ္ေျဖခဲ့သည္မ်ားကို ေနာင္တရမိသည္။ သူ ေအာ္ဟစ္ဆူပူသည့္အခ်ိန္တိုင္းတြင္ ထားသည္ မ်က္နွာငယ္ေလးျဖင့္သာ သူ႕အနားမွာ ရပ္ေနၿမဲ။

“ေရာက္ရာ ဘံုဘဝကေန ေမာင့္ကို ခြင့္လႊတ္ပါေတာ့ ထားရယ္…။ ေမာင္ေနာင္တရပါၿပီ။ ထားနဲ႔သာ ျပန္ဆံုျဖစ္ခဲ့မယ္ဆို ထား ကို ပိုတန္ဖိုးထား ဂ႐ုစိုက္ၿပီး ပုိခ်စ္သြားမွာပါ ထားရယ္။ အဲဒါေၾကာင့္ ေမာင့္ ရင္ခြင္ဆီ အျမန္ ျပန္လာခဲ့ပါေနာ္…..။”

ထား တစ္ေယာက္ ၾကားနုိင္လား မၾကားနုိင္လား သူေသခ်ာမသိေပမဲ့ သူကေတာ့ ေအာ္ပစ္လုိက္ပါသည္။ ခဏေနေတာ့ ေရမိုးခ်ိဳးကာ ညစာစားဖို႔ ျပင္ရသည္။ တစ္ေယာက္တည္း ေနရေသာ သူ႕ဘဝမွာ စားဖို႔ေသာက္ဖို႔ ေထြေထြထူးထူးလည္း ခ်က္မေနေတာ့။ ေန႔လယ္စာကို ႐ံုးမွာ စားၿပီး ညေနစာအတြက္ေတာ့ ႐ံုးကေနသာ ဝယ္လိုက္သည္။ ပိတ္ရက္ေတြေတာ့ ၾကက္ဥ၊ ဘဲဥျဖင့္သာ ႏွစ္ပါးသြားလိုက္သည္။

ထား ရွိေနစဥ္က ခ်က္ေကၽြးတဲ့ ထမင္းဟင္းေတြက အရသာပိုရွိမွန္း သူ သိတတ္ခဲ့ၿပီ။ ဘာေလး စားခ်င္လိုက္တာလို႔ ေျပာလုိက္သည္ႏွင့္ ေနာက္ေန႔ ခ်က္ခ်င္း ခ်က္ေကၽြးေသာ ထားကို သူ လြမ္းတတ္ခဲ့ပါၿပီ။

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း – ၅)

ဖခင္ႀကီးစိုးေရးဝါဒီသမား တစ္ေယာက္မဟုတ္ေပမဲ့ လက္ထပ္ၿပီးခ်ိန္မွာေတာ့ ထားကို သူ အလုပ္ကထြက္ေစကာ အိမ္အလုပ္ပဲ လုပ္ခုိင္းခဲ့သည္။ မနက္မိုးလင္းရင္ ေဈးသြား၊ ထမင္း ဟင္းခ်က္၊ အိမ္သန္႔ရွင္းေရးလုပ္၊ အဝတ္ေလွ်ာ္၊ မီးပူတိုက္ စသည့္ အိမ္အလုပ္ေတြကို ထား ကို လုပ္ခိုင္းခဲ့သည္။

႐ံုးမွာ လုပ္ရတာ ပင္ပန္းတယ္ စိတ္႐ႈပ္ရတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ ေအာက္မွာ ပိုၿပီး ပင္ပန္း စိတ္႐ႈပ္ရတဲ့ အိမ္အလုပ္ေတြကို လုပ္ခိုင္းခဲ့မိသည္။ ထား မရွိေတာ့မွ ထား လုပ္ေနက်အလုပ္ေတြကို ကိုယ္တိုင္ မျဖစ္မေနလုပ္ရတဲ့ အေနအထားမွာ တစ္ေန႔ တစ္ေန႔ ဘာခ်က္ရင္ေကာင္းမလဲဆိုတာ စဥ္းစားၿပီး ေခါင္း႐ႈပ္ေနရမည့္ ထား ဘဝကို ကိုယ္ခ်င္းစာမိခဲ့သည္။

အဲဒီအခ်ိန္ေတြတုန္းက ထား ပင္ပန္းတယ္လုိ႔ ညည္းညဴသည့္ အခါတုိင္း ထားကို သူ ျပန္ေျပာခဲ့တာက မင္းအလုပ္ေတြက ကိုယ္တုိ႔ ႐ံုးေလာက္ မပင္ပန္းပါဘူး ဟူ၍…။ ထား ကို အိမ္ထဲမွာပဲ သူပိတ္ေလွာင္သလို ထားခဲ့မိသည္။

Relationship တစ္ခုမွာ ေယာက္်ားေလးေတြက စခ်စ္ၿပီး မိန္းကေလးေတြက ဆက္ခ်စ္ရသတဲ့။ သူႏွင့္ထားလည္း ထုိနည္းႏွင္ႏွင္။ ထား အခ်စ္ကို ရၿပီးတည္းက အလုပ္႐ႈပ္ေန၍ဟူသည့္ အေၾကာင္းျပခ်က္တစ္ခုနွင့္ သူမွ မလုပ္လွ်င္ ႏိုင္ငံေတာ္ႀကီး ကူကယ္ရာမဲ့ေတာ့မလိုလုိ ထား အေပၚ ဂ႐ုစိုက္မႈ ေလ်ာ့နည္းခဲ့သည္။ ထားကို ေနခ်င္သလုိေန သေဘာမ်ိဳးႏွင့္ ပစ္ထားမိခဲ့သည္။

ထား ကေတာ့ ထိုကဲ့သို႔ မဟုတ္ခဲ့။ သူ႕အေပၚ အစစအရာရာ ဂ႐ုစိုက္ခဲ့သည္။ သူ ဘာလုပ္လုပ္ အျပစ္ေျပာျခင္းလည္း မရွိခဲ့။ သူ ေနမေကာင္းဘူး ဆိုသည့္ အခ်ိန္သည္ ထား အတြက္ ပ်ာယာခတ္ေစေသာ အခ်ိန္ျဖစ္ေတာ့သည္။ ေဆးေသာက္ခ်ိန္တန္လွ်င္ ေဆးေသာက္ဖုိ႔၊ ေခၽြးေတြထြက္လာရင္ အဝတ္လဲဖို႔၊ ဆန္ျပဳတ္ေသာက္ဖုိ႔ စသျဖင့္ စသျဖင့္…..

သူ႕အေပၚ ထိုမွ်ေလာက္ ေကာင္းခဲ့သည့္တိုင္ သူ ကေတာ့ ထား အေပၚ မေကာင္းမိခဲ့ေခ်….. ေနာင္တေတြ… ေနာင္တေတြ… အခုမွ တစ္ခုၿပီးတစ္ခု ေတြးမိကာ ေနာင္တေတြရလာခဲ့သည္။ ဝမ္းနည္းလာသည္။

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း – ၄)

သူ ဘာကိုမွ မစဥ္းစားနုိင္ေတာ့ဘဲ ငိုေႂကြးလိုက္သည္။ ဘံုဘဝတစ္ခုခုကေန သူ႕အျဖစ္ကို ထား ေတြ႕ျမင္ၿပီးခြင့္လႊတ္နုိင္ေစဖို႔ သူေမွ်ာ္လင့္သည္။ ထား ႏွင့္ ျပန္ဆံုႏိုင္ဖုိ႔ မနက္က သူဆံုခဲ့ရေသာ အဘသည္သာ သူ႕ရဲ႕ တစ္ခုတည္းေသာ အားကိုးရာ ျဖစ္ေတာ့သည္။

တကယ္ျပန္ဆံုႏိုင္ဖုိ႔လည္း ဆုေတာင္းမိပါသည္။ အခ်စ္မခံရသလို ခံစားရၿပီး ေသဆံုးသြားရသည့္ ထား အတြက္၊ အိမ္ထဲမွာသာ အိမ္အလုပ္လုပ္ၿပီး ေသဆံုးသြားရသည့္ ထား အတြက္ ခ်စ္ျခင္းေမတၱာအေၾကာင္း သူ ေျပာျပခ်င္ပါေသးသည္။

ေတြးရင္း ဝမ္းနည္းရင္းႏွင့္ အခ်ိန္တို႔ မည္မွ်ကုန္သြားသည္မသိ…

“ကို…”

အခန္းေထာင့္ဆီမွ ေခၚသံၾကားရသည္။ တိုးသဲ့ေသာ အသံျဖစ္ေပမဲ့ သူ မၾကားရတာ ၾကာၿပီျဖစ္ေသာ ထားအသံဆိုသည္ကိုေတာ့ ေကာင္းေကာင္းသိသည္။ ထုိ႔ေၾကာင့္ အသံလာရာဆီကို သူ တေရြ႕ခ်င္း ေရြ႕သည္။ နံရံေပၚကိုလည္း လက္ႏွင့္ စမ္းကာ မီးခလုတ္ေတြကို ရွာေနမိသည္။ 

“မီးမဖြင့္နဲ႔ ကို။”

“ဘာျဖစ္လုိ႔လဲ ထား။”

“မီးဖြင့္လိုက္ရင္ ကို႔အေနနဲ႔ မျမင္သင့္တာေတြ ျမင္သြားမွာစိုးလို႔။”

ဆက္ရန္

Moe (YUFL)

<<< Unicode >>>

Relationship တစ်ခုမှာ ယောက်ျားလေးတွေက စချစ်ပြီး မိန်းကလေးတွေက ဆက်ချစ်ရသတဲ့။ သူနှင့်ထားလည်း ထိုနည်းနှင်နှင်။

ထား မရှိသော အိမ်ထဲသို့ ဝင်ရခြင်းမှာ အခုချိန်တွင်တော့ သူ့အတွက် ငရဲနှင့် အတူတူပင်။ အိမ်ထဲမဝင်ချင်ပေမဲ့လည်း ဝင်ရပေဦးမည်။ နေ့စဉ်လုပ်ငန်းဆောင်တာ များကို ဆောင်ရွက်ဖို့ရန် အားထုတ်ရပေဦးမည်။

ထား ရှိစဉ်က အိမ်ပြန်ရောက်တာနဲ့ သူ့ကို ရေတစ်ခွက်နဲ့ အဆင်သင့်စောင့်ကြိုနေသည့် ထားကို တန်ဖိုးထားရကောင်းမှန်းမသိခဲ့။ အလုပ်မှာ အဆင်မပြေ ကသိကအောင့်လေး ကြုံခဲ့ရင်တောင် အိမ်ရောက်တာနဲ့ ထားအပေါ် အော်ငေါက်ခြင်းဖြင့် စိတ်ဖြေခဲ့သည်များကို နောင်တရမိသည်။ သူ အော်ဟစ်ဆူပူသည့်အချိန်တိုင်းတွင် ထားသည် မျက်နှာငယ်လေးဖြင့်သာ သူ့အနားမှာ ရပ်နေမြဲ။

“ရောက်ရာ ဘုံဘဝကနေ မောင့်ကို ခွင့်လွှတ်ပါတော့ ထားရယ်…။ မောင်နောင်တရပါပြီ။ ထားနဲ့သာ ပြန်ဆုံဖြစ်ခဲ့မယ်ဆို ထား ကို ပိုတန်ဖိုးထား ဂရုစိုက်ပြီး ပိုချစ်သွားမှာပါ ထားရယ်။ အဲဒါကြောင့် မောင့် ရင်ခွင်ဆီ အမြန် ပြန်လာခဲ့ပါနော်…..။”

ထား တစ်ယောက် ကြားနိုင်လား မကြားနိုင်လား သူသေချာမသိပေမဲ့ သူကတော့ အော်ပစ်လိုက်ပါသည်။ ခဏနေတော့ ရေမိုးချိုးကာ ညစာစားဖို့ ပြင်ရသည်။ တစ်ယောက်တည်း နေရသော သူ့ဘဝမှာ စားဖို့သောက်ဖို့ ထွေထွေထူးထူးလည်း ချက်မနေတော့။ နေ့လယ်စာကို ရုံးမှာ စားပြီး ညနေစာအတွက်တော့ ရုံးကနေသာ ဝယ်လိုက်သည်။ ပိတ်ရက်တွေတော့ ကြက်ဥ၊ ဘဲဥဖြင့်သာ နှစ်ပါးသွားလိုက်သည်။

ထား ရှိနေစဉ်က ချက်ကျွေးတဲ့ ထမင်းဟင်းတွေက အရသာပိုရှိမှန်း သူ သိတတ်ခဲ့ပြီ။ ဘာလေး စားချင်လိုက်တာလို့ ပြောလိုက်သည်နှင့် နောက်နေ့ ချက်ချင်း ချက်ကျွေးသော ထားကို သူ လွမ်းတတ်ခဲ့ပါပြီ။

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း – ၅)

ဖခင်ကြီးစိုးရေးဝါဒီသမား တစ်ယောက်မဟုတ်ပေမဲ့ လက်ထပ်ပြီးချိန်မှာတော့ ထားကို သူ အလုပ်ကထွက်စေကာ အိမ်အလုပ်ပဲ လုပ်ခိုင်းခဲ့သည်။ မနက်မိုးလင်းရင် ဈေးသွား၊ ထမင်း ဟင်းချက်၊ အိမ်သန့်ရှင်းရေးလုပ်၊ အဝတ်လျှော်၊ မီးပူတိုက် စသည့် အိမ်အလုပ်တွေကို ထား ကို လုပ်ခိုင်းခဲ့သည်။

ရုံးမှာ လုပ်ရတာ ပင်ပန်းတယ် စိတ်ရှုပ်ရတယ်ဆိုတဲ့ အကြောင်းပြချက် အောက်မှာ ပိုပြီး ပင်ပန်း စိတ်ရှုပ်ရတဲ့ အိမ်အလုပ်တွေကို လုပ်ခိုင်းခဲ့မိသည်။ ထား မရှိတော့မှ ထား လုပ်နေကျအလုပ်တွေကို ကိုယ်တိုင် မဖြစ်မနေလုပ်ရတဲ့ အနေအထားမှာ တစ်နေ့ တစ်နေ့ ဘာချက်ရင်ကောင်းမလဲဆိုတာ စဉ်းစားပြီး ခေါင်းရှုပ်နေရမည့် ထား ဘဝကို ကိုယ်ချင်းစာမိခဲ့သည်။

အဲဒီအချိန်တွေတုန်းက ထား ပင်ပန်းတယ်လို့ ညည်းညူသည့် အခါတိုင်း ထားကို သူ ပြန်ပြောခဲ့တာက မင်းအလုပ်တွေက ကိုယ်တို့ ရုံးလောက် မပင်ပန်းပါဘူး ဟူ၍…။ ထား ကို အိမ်ထဲမှာပဲ သူပိတ်လှောင်သလို ထားခဲ့မိသည်။
Relationship တစ်ခုမှာ ယောက်ျားလေးတွေက စချစ်ပြီး မိန်းကလေးတွေက ဆက်ချစ်ရသတဲ့။ သူနှင့်ထားလည်း ထိုနည်းနှင်နှင်။ ထား အချစ်ကို ရပြီးတည်းက အလုပ်ရှုပ်နေ၍ဟူသည့် အကြောင်းပြချက်တစ်ခုနှင့် သူမှ မလုပ်လျှင် နိုင်ငံတော်ကြီး ကူကယ်ရာမဲ့တော့မလိုလို ထား အပေါ် ဂရုစိုက်မှု လျော့နည်းခဲ့သည်။ ထားကို နေချင်သလိုနေ သဘောမျိုးနှင့် ပစ်ထားမိခဲ့သည်။

ထား ကတော့ ထိုကဲ့သို့ မဟုတ်ခဲ့။ သူ့အပေါ် အစစအရာရာ ဂရုစိုက်ခဲ့သည်။ သူ ဘာလုပ်လုပ် အပြစ်ပြောခြင်းလည်း မရှိခဲ့။ သူ နေမကောင်းဘူး ဆိုသည့် အချိန်သည် ထား အတွက် ပျာယာခတ်စေသော အချိန်ဖြစ်တော့သည်။ ဆေးသောက်ချိန်တန်လျှင် ဆေးသောက်ဖို့၊ ချွေးတွေထွက်လာရင် အဝတ်လဲဖို့၊ ဆန်ပြုတ်သောက်ဖို့ စသဖြင့် စသဖြင့်…..

သူ့အပေါ် ထိုမျှလောက် ကောင်းခဲ့သည့်တိုင် သူ ကတော့ ထား အပေါ် မကောင်းမိခဲ့ချေ….. နောင်တတွေ… နောင်တတွေ… အခုမှ တစ်ခုပြီးတစ်ခု တွေးမိကာ နောင်တတွေရလာခဲ့သည်။ ဝမ်းနည်းလာသည်။

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း – ၄)

သူ ဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ ငိုကြွေးလိုက်သည်။ ဘုံဘဝတစ်ခုခုကနေ သူ့အဖြစ်ကို ထား တွေ့မြင်ပြီးခွင့်လွှတ်နိုင်စေဖို့ သူမျှော်လင့်သည်။ ထား နှင့် ပြန်ဆုံနိုင်ဖို့ မနက်က သူဆုံခဲ့ရသော အဘသည်သာ သူ့ရဲ့ တစ်ခုတည်းသော အားကိုးရာ ဖြစ်တော့သည်။

တကယ်ပြန်ဆုံနိုင်ဖို့လည်း ဆုတောင်းမိပါသည်။ အချစ်မခံရသလို ခံစားရပြီး သေဆုံးသွားရသည့် ထား အတွက်၊ အိမ်ထဲမှာသာ အိမ်အလုပ်လုပ်ပြီး သေဆုံးသွားရသည့် ထား အတွက် ချစ်ခြင်းမေတ္တာအကြောင်း သူ ပြောပြချင်ပါသေးသည်။

တွေးရင်း ဝမ်းနည်းရင်းနှင့် အချိန်တို့ မည်မျှကုန်သွားသည်မသိ…

“ကို…”

အခန်းထောင့်ဆီမှ ခေါ်သံကြားရသည်။ တိုးသဲ့သော အသံဖြစ်ပေမဲ့ သူ မကြားရတာ ကြာပြီဖြစ်သော ထားအသံဆိုသည်ကိုတော့ ကောင်းကောင်းသိသည်။ ထို့ကြောင့် အသံလာရာဆီကို သူ တရွေ့ချင်း ရွေ့သည်။ နံရံပေါ်ကိုလည်း လက်နှင့် စမ်းကာ မီးခလုတ်တွေကို ရှာနေမိသည်။

“မီးမဖွင့်နဲ့ ကို။”

“ဘာဖြစ်လို့လဲ ထား။”

“မီးဖွင့်လိုက်ရင် ကို့အနေနဲ့ မမြင်သင့်တာတွေ မြင်သွားမှာစိုးလို့။”

ဆက်ရန်

Moe (YUFL)

Moe
နာမည္ကေတာ့ ဦးမိုးပါ။ အသက္ကေတာ့ မေန႔တေန႔ကမွ ၂၃ ျပည့္ပါတယ္။ For Her Myanmar မွာ က်ား/မ ခြဲျခားမႈေတြအေၾကာင္း၊ အမ်ိဳးသမီးမ်ားရဲ႕ ဖိႏွိပ္ခံဘဝေတြအေၾကာင္း၊ single mother ေတြအေၾကာင္းႏွင့္ အမ်ိဳးသမီးမ်ား ခြန္အားျဖစ္ႏိုင္ေလာက္တဲ့ ဝတၳဳမ်ား၊ ေဆာင္းပါးမ်ားကို ေရးသားသြားမွာျဖစ္ပါတယ္…။

Leave a Reply

Your email address will not be published. Required fields are marked *