FUN

ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း – ၅)

ဆံပင္အရွည္ႀကီးေတြရယ္၊ လွပေျပျပစ္တဲ့ ခႏၶာကိုယ္ အခ်ိဳးအစားရယ္၊ ေခ်ာေမာတဲ့ မ်က္နွာသြင္ျပင္ရယ္က ေယာက္်ားတစ္ေယာက္ကို လည္ျပန္ မၾကည့္ဘဲ မေနနုိင္ေလာက္ေအာင္ ဆြဲေဆာင္နုိင္တာပဲဗ်ာ။

<<<Zawgyi>>>

႐ံုးေရာက္ေတာ့ ထား ကို သတိရသည္။ တစ္ခ်ိန္က သူတို႔အတူ အလုပ္လုပ္ခဲ့ၾကတဲ့ေနရာပဲေလ။ တကယ္ေတာ့ ႐ံုးမွမဟုတ္ အိမ္မွာေနလည္း ထား ကို သတိရသည္။ မရွိေတာ့မွ တန္ဖိုးသိတယ္ ေျပာရမလား။ ႐ံုးမွာ၊ အိမ္မွာ၊ ေနျပည္ေတာ္မွာ၊ ရန္ကုန္မွာ၊ ျမန္မာျပည္မွာ ေနရာတိုင္းဟာ ထား ပံုရိပ္၊ ထား ကိုယ္ေငြ႕၊ ထား ကိုယ္သင္းန႔ံေတြနဲ႔ ျပည့္နွက္ေနသည္။ ထုိ႔ေၾကာင့္ ထား ကို တစ္ေန႔ထက္တစ္ေန႔ ပိုၿပီး သတိရသည္။

႐ံုးမွာ ထား နဲ႔စေတြ႕ခ်ိန္ကို သတိရမိသည္။ သူတို႔ အလုပ္ဝင္ဝင္ခ်င္းမွာ ဌာနမခြဲေသးဘဲ ႐ံုးလုပ္ငန္းပိုင္းဆိုင္ရာေတြနွင့္ ပတ္သက္ၿပီး သင္တန္းေပးေသးသည္။ ခံုနံပါတ္နွင့္ ထုိင္ရသည္ဆိုသည့္အတြက္ ထားက ေရွ႕ဆံုးတန္းကို ေရာက္သြားၿပီး သူက ထား အေနာက္ ၃ တန္းေက်ာ္တြင္ ထိုင္ရသည္။ ေနရာခ်င္း အလွမ္းေဝးသည္ ဆုိေပမဲ့ ခါးေလာက္ထိ ရွည္လ်ားလြန္းေသာ ထား ဆံႏြယ္ေတြကိုေတာ့ ျမင္ျမင္ခ်င္း တည္းက သတိထားမိသည္။

ထိုကဲ့သို႔ ရွည္လ်ားေသာ ဆံႏြယ္မ်ားေၾကာင့္လည္း ထားကို သူ ခ်စ္မိသြားတာ ျဖစ္နုိင္သည္။ ေနာက္ၿပီး ထား ၏ အရပ္အေမာင္းသည္ ျမန္မာမိန္းကေလးမ်ားထဲတြင္ အနည္းငယ္သာ ရွိနုိင္ေသာ အရပ္အေမာင္းမ်ိဳးျဖစ္သျဖင့္ တစ္ခ်ိန္တည္း အလုပ္ဝင္ သည့္ မိန္းကေလး ၃၅ ေယာက္ထဲတြင္ ထား သည္ တမူထူးျခားေနသည္။

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း – ၄)

“ကိုမိုး…။”

“ဗ်ာ။”

ေဘးကပ္ရပ္မွာ ကိုသူက သူ႕ကို ေခၚေသာေၾကာင့္ ျပန္ထူးလိုက္ကာ ကိုသူ႕ဘက္သို႔ မ်က္နွာမူလိုက္သည္။

“ေရွ႕ဆံုးက သံုးေယာက္ေျမာက္ ေကာင္မေလးကို ကိုမိုး သတိထားမိလား။”

“နည္းနည္းဝဝနဲ႔ တစ္ေယာက္ကို ေျပာတာလား။”

“ဟာ မဟုတ္ပါဘူးဗ်ာ။ ဒီဘက္ ညာဘက္ျခမ္းကေရရင္ သံုးေယာက္ေျမာက္ကို  ေျပာတာဗ်။ ကိုမိုးေျပာတာက ဘယ္ဘက္ကေရရင္ ေရာက္တဲ့ သံုးေယာက္ေျမာက္။”

“မသိဘူးေလဗ်ာ။ ခင္ဗ်ားကမွ ဘယ္ဘက္ျခမ္းေတြ ညာဘက္ျခမ္းေတြ ခြဲမွမေျပာဘဲ။”

“အဲဒါထားပါဦး။ ကၽြန္ေတာ္ေျပာတဲ့ တစ္ေယာက္ကို သတိထားမိလား။”

“အင္း ေတြ႕တယ္ဗ်။ ဆံပင္အရွည္ႀကီးေတြရယ္၊ လွပေျပျပစ္တဲ့ ခႏၶာကိုယ္ အခ်ိဳးအစားရယ္၊ ေခ်ာေမာတဲ့ မ်က္နွာသြင္ျပင္ရယ္က ေယာက္်ားတစ္ေယာက္ကို လည္ျပန္ မၾကည့္ဘဲ မေနနုိင္ေလာက္ေအာင္ ဆြဲေဆာင္နုိင္တာပဲဗ်ာ။ ကၽြန္ေတာ္ သတိမထားမိဘဲ ေနမလားဗ်။”

“ဟဲဟဲ ခင္ဗ်ား မဆိုးဘူးပဲဗ်။ ကၽြန္ေတာ္လည္း ခင္ဗ်ားလိုပဲ ေတြးမိတယ္။ သူေလးနဲ႔သာ အိမ္ေထာင္က်ခဲ့မယ္ဆိုရင္ မဆိုးဘူး ေျပာရမွာပဲ။”

“ဟုိး ဟိုး ကိုယ့္လူ။ အခုမွ အလုပ္စဝင္တာ သူ႕မွာ အိမ္ေထာင္ ရွိ၊ မရွိ ဆိုတာ ခင္ဗ်ားေရာ ကၽြန္ေတာ္ေရာ သိေသးတာမဟုတ္ဘူး။ ဒီေတာ့ ခင္ဗ်ား အေတြး ဒီမွာတင္ တစ္ခန္းရပ္။ ေတာ္ၾကာ ကာမပိုင္ ေယာက္်ား ရွိေနမွျဖင့္ ခင္ဗ်ားေတာ့ ဝစီကံနဲ႔ ငရဲေရာက္ေနဦးမယ္ဗ်ာ။”

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း – ၃)

“ဟားဟား ဟုတ္တယ္ဗ်ိဳ႕။ ခင္ဗ်ား သတိေပးလို႔သာ ေတာ္ေတာ့တယ္။ တကယ္လို႔ သူ႕မွာ အိမ္ေထာင္မရွိဘူးဆိုရင္ေတာ့ အဲဒါ ကၽြန္ေတာ့္ျမာပဲေနာ္။ ဟဲဟဲ။”

“ႏိုး ႏိုး ဒီလုိေျပာလို႔ေတာ့ ဘယ္ျဖစ္ဦးမလဲဗ်။ အပ်ိဳတစ္ေယာက္ရဲ႕ အခ်စ္ကိုရဖို႔ လူပ်ိဳတိုင္း လြတ္လပ္စြာ ယွဥ္ၿပိဳင္ခြင့္ရွိရမွာေပါ့ဗ်ာ။”

“ဟုတ္ပါၿပီဗ်ာ။ ဒါနဲ႔ သူ႔နာမည္သိလားဗ်။”

“မသိေသးဘူးေလဗ်ာ။ ဒါေပမဲ့ သိေအာင္လုပ္လို႔ရတဲ့နည္းလမ္းေတာ့ ရွိတယ္။”

“ဘယ္လိုလုပ္ရမွာလဲ။”

“လြယ္ပါတယ္ဗ်ာ။ သူ႕ထုိင္ခံုအရဆို ခံုနံပါတ္က ၃ ဆိုတာ ေသခ်ာသေလာက္ ရွိတယ္။ အဲဒီေတာ့…..။”

“မနက္ မနက္ အတန္းမစခင္ လက္မွတ္ထိုးရတဲ့ စာရြက္မွာ သြားၾကည့္မယ္ဆို ပါေတာ့။”

“ဟားဟား ဟုတ္တယ္ဗ်။ အခုပဲ သြားၾကည့္ၾကစို႔လား။”

ထုိမွအစျပဳၿပီး သူနွင့္ ကိုသူလို႔ေခၚတဲ့ သူရိန္လင္းတို႔ နွစ္ေယာက္မွာ ငယ္ေပါင္းႀကီးေဖာ္ေတြအလား ခင္မင္သြားၾကသည္။ ထား တစ္ေယာက္ ပိုးပန္းသူ လူအမ်ားႀကီးထဲမွ သူ႕ကို ေရြးခ်ယ္လက္ခံလိုက္ၿပီး ၂ လေလာက္အၾကာမွာေတာ့ ကိုသူလည္း လုပ္ငန္းခြင္သင္တန္းမွာ ဆံုခဲ့ေသာ ထားနွင့္မွားၿပီး သူေျပာခဲ့ေသာ နည္းနည္းဝသည္ဆိုသည့္ ေကာင္မေလးနွင့္ ခ်စ္သူေတြျဖစ္သြားေတာ့သည္။

မိုး (YUFL)

<<<Unicode>>>

ဆံပင်အရှည်ကြီးတွေရယ်၊ လှပပြေပြစ်တဲ့ ခန္ဓာကိုယ် အချိုးအစားရယ်၊ ချောမောတဲ့ မျက်နှာသွင်ပြင်ရယ်က ယောက်ျားတစ်ယောက်ကို လည်ပြန် မကြည့်ဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်နိုင်တာပဲဗျာ။

ရုံးရောက်တော့ ထား ကို သတိရသည်။ တစ်ချိန်က သူတို့အတူ အလုပ်လုပ်ခဲ့ကြတဲ့နေရာပဲလေ။ တကယ်တော့ ရုံးမှမဟုတ် အိမ်မှာနေလည်း ထား ကို သတိရသည်။ မရှိတော့မှ တန်ဖိုးသိတယ် ပြောရမလား။ ရုံးမှာ၊ အိမ်မှာ၊ နေပြည်တော်မှာ၊ ရန်ကုန်မှာ၊ မြန်မာပြည်မှာ နေရာတိုင်းဟာ ထား ပုံရိပ်၊ ထား ကိုယ်ငွေ့၊ ထား ကိုယ်သင်းနံ့တွေနဲ့ ပြည့်နှက်နေသည်။ ထို့ကြောင့် ထား ကို တစ်နေ့ထက်တစ်နေ့ ပိုပြီး သတိရသည်။

ရုံးမှာ ထား နဲ့စတွေ့ချိန်ကို သတိရမိသည်။ သူတို့ အလုပ်ဝင်ဝင်ချင်းမှာ ဌာနမခွဲသေးဘဲ ရုံးလုပ်ငန်းပိုင်းဆိုင်ရာတွေနှင့် ပတ်သက်ပြီး သင်တန်းပေးသေးသည်။ ခုံနံပါတ်နှင့် ထိုင်ရသည်ဆိုသည့်အတွက် ထားက ရှေ့ဆုံးတန်းကို ရောက်သွားပြီး သူက ထား အနောက် ၃ တန်းကျော်တွင် ထိုင်ရသည်။ နေရာချင်း အလှမ်းဝေးသည် ဆိုပေမဲ့ ခါးလောက်ထိ ရှည်လျားလွန်းသော ထား ဆံနွယ်တွေကိုတော့ မြင်မြင်ချင်း တည်းက သတိထားမိသည်။

ထိုကဲ့သို့ ရှည်လျားသော ဆံနွယ်များကြောင့်လည်း ထားကို သူ ချစ်မိသွားတာ ဖြစ်နိုင်သည်။ နောက်ပြီး ထား ၏ အရပ်အမောင်းသည် မြန်မာမိန်းကလေးများထဲတွင် အနည်းငယ်သာ ရှိနိုင်သော အရပ်အမောင်းမျိုးဖြစ်သဖြင့် တစ်ချိန်တည်း အလုပ်ဝင် သည့် မိန်းကလေး ၃၅ ယောက်ထဲတွင် ထား သည် တမူထူးခြားနေသည်။

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း – ၄)

“ကိုမိုး…။”

“ဗျာ။”

ဘေးကပ်ရပ်မှာ ကိုသူက သူ့ကို ခေါ်သောကြောင့် ပြန်ထူးလိုက်ကာ ကိုသူ့ဘက်သို့ မျက်နှာမူလိုက်သည်။

“ရှေ့ဆုံးက သုံးယောက်မြောက် ကောင်မလေးကို ကိုမိုး သတိထားမိလား။”

“နည်းနည်းဝဝနဲ့ တစ်ယောက်ကို ပြောတာလား။”

“ဟာ မဟုတ်ပါဘူးဗျာ။ ဒီဘက် ညာဘက်ခြမ်းကရေရင် သုံးယောက်မြောက်ကို  ပြောတာဗျ။ ကိုမိုးပြောတာက ဘယ်ဘက်ကရေရင် ရောက်တဲ့ သုံးယောက်မြောက်။”

“မသိဘူးလေဗျာ။ ခင်ဗျားကမှ ဘယ်ဘက်ခြမ်းတွေ ညာဘက်ခြမ်းတွေ ခွဲမှမပြောဘဲ။”

“အဲဒါထားပါဦး။ ကျွန်တော်ပြောတဲ့ တစ်ယောက်ကို သတိထားမိလား။”

“အင်း တွေ့တယ်ဗျ။ ဆံပင်အရှည်ကြီးတွေရယ်၊ လှပပြေပြစ်တဲ့ ခန္ဓာကိုယ် အချိုးအစားရယ်၊ ချောမောတဲ့ မျက်နှာသွင်ပြင်ရယ်က ယောက်ျားတစ်ယောက်ကို လည်ပြန် မကြည့်ဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်နိုင်တာပဲဗျာ။ ကျွန်တော် သတိမထားမိဘဲ နေမလားဗျ။”

“ဟဲဟဲ ခင်ဗျား မဆိုးဘူးပဲဗျ။ ကျွန်တော်လည်း ခင်ဗျားလိုပဲ တွေးမိတယ်။ သူလေးနဲ့သာ အိမ်ထောင်ကျခဲ့မယ်ဆိုရင် မဆိုးဘူး ပြောရမှာပဲ။”

“ဟိုး ဟိုး ကိုယ့်လူ။ အခုမှ အလုပ်စဝင်တာ သူ့မှာ အိမ်ထောင် ရှိ၊ မရှိ ဆိုတာ ခင်ဗျားရော ကျွန်တော်ရော သိသေးတာမဟုတ်ဘူး။ ဒီတော့ ခင်ဗျား အတွေး ဒီမှာတင် တစ်ခန်းရပ်။ တော်ကြာ ကာမပိုင် ယောက်ျား ရှိနေမှဖြင့် ခင်ဗျားတော့ ဝစီကံနဲ့ ငရဲရောက်နေဦးမယ်ဗျာ။”

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း – ၃)

“ဟားဟား ဟုတ်တယ်ဗျို့။ ခင်ဗျား သတိပေးလို့သာ တော်တော့တယ်။ တကယ်လို့ သူ့မှာ အိမ်ထောင်မရှိဘူးဆိုရင်တော့ အဲဒါ ကျွန်တော့်မြာပဲနော်။ ဟဲဟဲ။”

“နိုး နိုး ဒီလိုပြောလို့တော့ ဘယ်ဖြစ်ဦးမလဲဗျ။ အပျိုတစ်ယောက်ရဲ့ အချစ်ကိုရဖို့ လူပျိုတိုင်း လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိရမှာပေါ့ဗျာ။”

“ဟုတ်ပါပြီဗျာ။ ဒါနဲ့ သူ့နာမည်သိလားဗျ။”

“မသိသေးဘူးလေဗျာ။ ဒါပေမဲ့ သိအောင်လုပ်လို့ရတဲ့နည်းလမ်းတော့ ရှိတယ်။”

“ဘယ်လိုလုပ်ရမှာလဲ။”

“လွယ်ပါတယ်ဗျာ။ သူ့ထိုင်ခုံအရဆို ခုံနံပါတ်က ၃ ဆိုတာ သေချာသလောက် ရှိတယ်။ အဲဒီတော့…..။”

“မနက် မနက် အတန်းမစခင် လက်မှတ်ထိုးရတဲ့ စာရွက်မှာ သွားကြည့်မယ်ဆို ပါတော့။”

“ဟားဟား ဟုတ်တယ်ဗျ။ အခုပဲ သွားကြည့်ကြစို့လား။”

ထိုမှအစပြုပြီး သူနှင့် ကိုသူလို့ခေါ်တဲ့ သူရိန်လင်းတို့ နှစ်ယောက်မှာ ငယ်ပေါင်းကြီးဖော်တွေအလား ခင်မင်သွားကြသည်။ ထား တစ်ယောက် ပိုးပန်းသူ လူအများကြီးထဲမှ သူ့ကို ရွေးချယ်လက်ခံလိုက်ပြီး ၂ လလောက်အကြာမှာတော့ ကိုသူလည်း လုပ်ငန်းခွင်သင်တန်းမှာ ဆုံခဲ့သော ထားနှင့်မှားပြီး သူပြောခဲ့သော နည်းနည်းဝသည်ဆိုသည့် ကောင်မလေးနှင့် ချစ်သူတွေဖြစ်သွားတော့သည်။

မိုး (YUFL)

Moe
နာမည္ကေတာ့ ဦးမိုးပါ။ အသက္ကေတာ့ မေန႔တေန႔ကမွ ၂၃ ျပည့္ပါတယ္။ For Her Myanmar မွာ က်ား/မ ခြဲျခားမႈေတြအေၾကာင္း၊ အမ်ိဳးသမီးမ်ားရဲ႕ ဖိႏွိပ္ခံဘဝေတြအေၾကာင္း၊ single mother ေတြအေၾကာင္းႏွင့္ အမ်ိဳးသမီးမ်ား ခြန္အားျဖစ္ႏိုင္ေလာက္တဲ့ ဝတၳဳမ်ား၊ ေဆာင္းပါးမ်ားကို ေရးသားသြားမွာျဖစ္ပါတယ္…။

Leave a Reply

Your email address will not be published. Required fields are marked *