FUN

ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း – ၄)

အဆိုးရြားဆံုး အျပစ္သည္ကား သူတို႔နွစ္ေယာက္ၾကားတြင္ တတိယလူ ဝင္လာသည့္ကိစၥပင္ ျဖစ္သည္။

ထားနွင့္ အိမ္ေထာင္ေရးဘဝဆက္ဆံေရးသည္ အစပိုင္းတြင္ေတာ့ ေပ်ာ္စရာ ေကာင္းသည္ဟု သူထင္သည္။ ေနာက္ပိုင္းကာလမ်ားတြင္ သူတို႔ႏွစ္ဦးလံုး ေျပာင္းလဲျခင္းမ်ားစြာႏွင့္ ေျပာင္းလဲသြားၾကသည္။

ပထမဆံုး ေျပာင္းလဲသြားျခင္းသည္ ထား ဟု သူထင္သည္။ ေခ်ာေမြ႔ေနေသာ ဆက္ဆံေရးမွာ ႐ုတ္တရက္ ထားတစ္ေယာက္ သူ႕အေပၚ ေအးစက္စက္ ျဖစ္သြားသည္။ သူ အနားကပ္ျခင္းကိုလည္း ထား လက္မခံေခ်။ လင္ရယ္ မယားရယ္ ျဖစ္လာခဲ့ၾကေပမဲ့ ေနွာင္းပုိင္းကာလမ်ားတြင္ သူတို႔နွစ္ေယာက္အၾကား လင္မယား အမႈရယ္လို႔ မရွိၾကေတာ့။ ထားဘက္က ၾကည့္လွ်င္လည္း သူသည္ ပထမဆံုး ေျပာင္းလဲသြားသူဟု ျမင္ေကာင္းျမင္ႏုိင္ပါသည္။ ထား ေျပာင္းလဲသြားျခင္းသည္ ေခတၱခဏ ေျပာင္းလဲျခင္းမ်ိဳးလည္း ျဖစ္နုိင္ေပမဲ့ ထုိအတြက္ သူ အေျဖမထုတ္ခဲ့။

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္…. (အပိုင္း – ၂)

လူသားဘဝ၌ လိင္ကိစၥသည္ ဘယ္ေလာက္အတုိင္းအတာထိ အေရးပါလဲ သူေသခ်ာမသိ။ သို႔ေသာ္ သူ႔အေနႏွင့္ ထား ျငင္းဆိုသည့္ အခ်ိန္တိုင္းတြင္ အက်ပ္အတည္းႏွင့္ ရင္ဆုိင္ရသည္။ စိတ္ညစ္ညဴးရသည္။ ၾကာလာေသာ အခ်ိန္ ကာလတစ္ခုတြင္ စိတ္ဓာတ္က်ျခင္းကိုပါ ရင္ဆုိင္လာရေတာ့သည္။

ထား သည္ က်န္သည့္ မယားဝတၱရားဟု ေျပာရေလာက္ေသာ အိမ္မႈကိစၥမ်ား ႏွင့္ သူ႔အတြက္ ဝတၱရားမ်ားကိုေတာ့ ေက်ႁပြန္ပါသည္။ သို႔ေသာ္ ဆက္ဆံေရးသည္ကား ေအးၿမဲေအးဆဲပင္။ ထုိ႔အတြက္ သူလည္း အိမ္ျပန္ရသည္ကို မေပ်ာ္ေမြ႔ေတာ့။ ႐ံုးမွာပဲေနေတာ့သည္။ ႐ံုးမွာပဲ စားေတာ့သည္။ တျဖည္းျဖည္းႏွင့္ တစ္ေယာက္တည္း စားခဲ့ရေသာ ညစာေတြ မ်ားလာခဲ့သည္။

ထား တစ္ေယာက္ ေျပာင္းလဲသြားျခင္း၏ အေၾကာင္းရင္းကို အေျဖမရွာႏိုင္။ ျပႆနာတစ္ခုလို သတ္မွတ္ၿပီး အေျဖမရွာခဲ့ျခင္းဆိုလွ်င္ သူ႔အတြက္ ပိုမွန္ပါလိမ့္မည္။

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း – ၃)

“သူေတာင္မွေနႏိုင္လို႔ ေနေသးတာပဲကြာ။ ငါက ပိုေနႏုိင္တာေပါ့” ဟူေသာ မလုိအပ္သည့္ ေယာက္်ားမာနက ဝင္လာခဲ့သည္။ ထုိအခ်ိန္မွ စၿပီး ထားအေပၚ သူ အျပစ္ေတြက်ဴးလြန္ခဲ့သည္။

အဆိုးရြားဆံုး အျပစ္သည္ကား သူတို႔နွစ္ေယာက္ၾကားတြင္ တတိယလူ ဝင္လာသည့္ကိစၥပင္ ျဖစ္သည္။ ဟုတ္သည္။ ထားႏွင့္ အဆင္မေျပေသာ ေန႔ရက္မ်ားတြင္ သူ႔ကို ဂ႐ုတစိုက္ရွိေသာ ရတနာဟုေခၚသည့္ ေကာင္မေလးႏွင့္ ေဖာက္ျပန္ခဲ့သည္။

ရတနာသည္ သူ႔ထက္ ၁၀ နွစ္ခန္႔ ငယ္သည္။ ေက်ာင္းၿပီးၿပီးခ်င္း သူတို႔ဆီ၌ အလုပ္ဝင္လာျခင္းျဖစ္သည္။ ငယ္ေတာ့ လွသည္။ ခႏၶာကိုယ္ေလးသည္လည္း ျပစ္မ်ိဳးမွဲ႕မထင္ပင္။ အလုပ္စဝင္တည္းက ရတနာက သူ႕ကို ဂ႐ုစိုက္သည္။ သူ႔အတြက္ ဟင္းေတြ ခ်က္လာခဲ့ေပးသည္။ သူ႕စားပြဲခံုမ်ားကို ရွင္းလင္းေပးသည္။

ေနာက္ အေနခ်င္းလည္း နီးလာခဲ့ၿပီး သူ အိမ္ျပန္သည့္အခ်ိန္တိုင္းတြင္ ရတနာသည္ သူႏွင့္အတူ ရွိေနခဲ့သည္။ သူ ျပန္မွ ရတနာ႔ကို အေဆာင္လုိက္ပို႔ရသည္။ ၈ နာရီခြဲ ၉ နာရီသည္ သူတို႔ႏွစ္ေယာက္လံုးအတြက္ အေစာဆံုး အိမ္ျပန္ခ်ိန္ပင္။

အလုပ္မရွိေသာ ေန႔ရက္မ်ားတြင္ တစ္ေယာက္အေၾကာင္း တစ္ေယာက္ေျပာျပရင္း သူတို႔ၾကား နားလည္မႈတစ္ခု ရွိလာသည္။ ဘယ္လို နားလည္မႈမ်ိဳးဆိုတာ ေသခ်ာမသိေပမဲ့ သူ႔အေနနွင့္ ထားအေပၚသစၥာေဖာက္ျဖစ္ေတာ့မည့္အေၾကာင္းကိုေတာ့ အလိုလုိ သိေနခဲ့ပါသည္။

ခံတြင္းပ်က္ေနေသာ ေၾကာင္အတြက္ ရတနာသည္ ေတာင္ပံက်ိဳးေနေသာ ဆက္ရက္ ဟုတ္မဟုတ္ဆုိသည္ကို သူ ေသခ်ာမသိပါ။ သို႔ေသာ္ ရတနာသည္ သူ႔အလုိကို လိုက္ေလ်ာကာ သူနွင့္အတူ လိုက္အိပ္ခဲ့သည္။ အစိုးရဝန္ထမ္း တစ္ေယာက္အတြက္ လူမႈေရး ေဖာက္ျပန္ျခင္းသည္ ႀကီးေလးေသာ ျပစ္မႈတစ္ခုမွန္း သူသိသည္။ သုိ႔ေသာ္ အထိအေတြ႕ကို မလြန္ဆန္ႏိုင္။ ထို အျပစ္အတြက္လည္း ထား ႏွင့္ ျပန္ဆံုေတြ႔ခ်ိန္တြင္ ဝန္ခ် ေတာင္းပန္ရမည္ ျဖစ္သည္။

သို႔ေသာ္.. သူ မည္သို႔ပင္ ေတာင္းပန္ခ်င္ေစဦး.. လူ႕ေလာကမွာ မရွိေတာ့သည့္ ထားကို မည္သည့္နည္းသံုး၍ ေတာင္းပန္ရမည္နည္း။ မည္ကဲ့သို႔ ေတာင္းပန္ရမည္နည္း။ ခုေတာ့ သူ အဘနဲ႔ ေတြ႕ၿပီး လမ္းစတစ္ခု ရခဲ့ၿပီျဖစ္သည္။ ထိုလမ္းက အလုပ္ျဖစ္၊မျဖစ္ ဆိုသည္မွာေတာ့…

မိုး (UFL)

<<< Unicode >>>

အဆိုးရွားဆုံး အပြစ်သည်ကား သူတို့နှစ်ယောက်ကြားတွင် တတိယလူ ဝင်လာသည့်ကိစ္စပင် ဖြစ်သည်။

ထားနှင့် အိမ်ထောင်ရေးဘဝဆက်ဆံရေးသည် အစပိုင်းတွင်တော့ ပျော်စရာ ကောင်းသည်ဟု သူထင်သည်။ နောက်ပိုင်းကာလများတွင် သူတို့နှစ်ဦးလုံး ပြောင်းလဲခြင်းများစွာနှင့် ပြောင်းလဲသွားကြသည်။

ပထမဆုံး ပြောင်းလဲသွားခြင်းသည် ထား ဟု သူထင်သည်။ ချောမွေ့နေသော ဆက်ဆံရေးမှာ ရုတ်တရက် ထားတစ်ယောက် သူ့အပေါ် အေးစက်စက် ဖြစ်သွားသည်။ သူ အနားကပ်ခြင်းကိုလည်း ထား လက်မခံချေ။ လင်ရယ် မယားရယ် ဖြစ်လာခဲ့ကြပေမဲ့ နှောင်းပိုင်းကာလများတွင် သူတို့နှစ်ယောက်အကြား လင်မယား အမှုရယ်လို့ မရှိကြတော့။ ထားဘက်က ကြည့်လျှင်လည်း သူသည် ပထမဆုံး ပြောင်းလဲသွားသူဟု မြင်ကောင်းမြင်နိုင်ပါသည်။ ထား ပြောင်းလဲသွားခြင်းသည် ခေတ္တခဏ ပြောင်းလဲခြင်းမျိုးလည်း ဖြစ်နိုင်ပေမဲ့ ထိုအတွက် သူ အဖြေမထုတ်ခဲ့။

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်…. (အပိုင်း – ၂)

လူသားဘဝ၌ လိင်ကိစ္စသည် ဘယ်လောက်အတိုင်းအတာထိ အရေးပါလဲ သူသေချာမသိ။ သို့သော် သူ့အနေနှင့် ထား ငြင်းဆိုသည့် အချိန်တိုင်းတွင် အကျပ်အတည်းနှင့် ရင်ဆိုင်ရသည်။ စိတ်ညစ်ညူးရသည်။ ကြာလာသော အချိန် ကာလတစ်ခုတွင် စိတ်ဓာတ်ကျခြင်းကိုပါ ရင်ဆိုင်လာရတော့သည်။

ထား သည် ကျန်သည့် မယားဝတ္တရားဟု ပြောရလောက်သော အိမ်မှုကိစ္စများ နှင့် သူ့အတွက် ဝတ္တရားများကိုတော့ ကျေပြွန်ပါသည်။ သို့သော် ဆက်ဆံရေးသည်ကား အေးမြဲအေးဆဲပင်။ ထို့အတွက် သူလည်း အိမ်ပြန်ရသည်ကို မပျော်မွေ့တော့။ ရုံးမှာပဲနေတော့သည်။ ရုံးမှာပဲ စားတော့သည်။ တဖြည်းဖြည်းနှင့် တစ်ယောက်တည်း စားခဲ့ရသော ညစာတွေ များလာခဲ့သည်။

ထား တစ်ယောက် ပြောင်းလဲသွားခြင်း၏ အကြောင်းရင်းကို အဖြေမရှာနိုင်။ ပြဿနာတစ်ခုလို သတ်မှတ်ပြီး အဖြေမရှာခဲ့ခြင်းဆိုလျှင် သူ့အတွက် ပိုမှန်ပါလိမ့်မည်။

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း – ၃)

“သူတောင်မှနေနိုင်လို့ နေသေးတာပဲကွာ။ ငါက ပိုနေနိုင်တာပေါ့” ဟူသော မလိုအပ်သည့် ယောက်ျားမာနက ဝင်လာခဲ့သည်။ ထိုအချိန်မှ စပြီး ထားအပေါ် သူ အပြစ်တွေကျူးလွန်ခဲ့သည်။

အဆိုးရွားဆုံး အပြစ်သည်ကား သူတို့နှစ်ယောက်ကြားတွင် တတိယလူ ဝင်လာသည့်ကိစ္စပင် ဖြစ်သည်။ ဟုတ်သည်။ ထားနှင့် အဆင်မပြေသော နေ့ရက်များတွင် သူ့ကို ဂရုတစိုက်ရှိသော ရတနာဟုခေါ်သည့် ကောင်မလေးနှင့် ဖောက်ပြန်ခဲ့သည်။

ရတနာသည် သူ့ထက် ၁၀ နှစ်ခန့် ငယ်သည်။ ကျောင်းပြီးပြီးချင်း သူတို့ဆီ၌ အလုပ်ဝင်လာခြင်းဖြစ်သည်။ ငယ်တော့ လှသည်။ ခန္ဓာကိုယ်လေးသည်လည်း ပြစ်မျိုးမှဲ့မထင်ပင်။ အလုပ်စဝင်တည်းက ရတနာက သူ့ကို ဂရုစိုက်သည်။ သူ့အတွက် ဟင်းတွေ ချက်လာခဲ့ပေးသည်။ သူ့စားပွဲခုံများကို ရှင်းလင်းပေးသည်။

နောက် အနေချင်းလည်း နီးလာခဲ့ပြီး သူ အိမ်ပြန်သည့်အချိန်တိုင်းတွင် ရတနာသည် သူနှင့်အတူ ရှိနေခဲ့သည်။ သူ ပြန်မှ ရတနာ့ကို အဆောင်လိုက်ပို့ရသည်။ ၈ နာရီခွဲ ၉ နာရီသည် သူတို့နှစ်ယောက်လုံးအတွက် အစောဆုံး အိမ်ပြန်ချိန်ပင်။

အလုပ်မရှိသော နေ့ရက်များတွင် တစ်ယောက်အကြောင်း တစ်ယောက်ပြောပြရင်း သူတို့ကြား နားလည်မှုတစ်ခု ရှိလာသည်။ ဘယ်လို နားလည်မှုမျိုးဆိုတာ သေချာမသိပေမဲ့ သူ့အနေနှင့် ထားအပေါ်သစ္စာဖောက်ဖြစ်တော့မည့်အကြောင်းကိုတော့ အလိုလို သိနေခဲ့ပါသည်။

ခံတွင်းပျက်နေသော ကြောင်အတွက် ရတနာသည် တောင်ပံကျိုးနေသော ဆက်ရက် ဟုတ်မဟုတ်ဆိုသည်ကို သူ သေချာမသိပါ။ သို့သော် ရတနာသည် သူ့အလိုကို လိုက်လျောကာ သူနှင့်အတူ လိုက်အိပ်ခဲ့သည်။ အစိုးရဝန်ထမ်း တစ်ယောက်အတွက် လူမှုရေး ဖောက်ပြန်ခြင်းသည် ကြီးလေးသော ပြစ်မှုတစ်ခုမှန်း သူသိသည်။ သို့သော် အထိအတွေ့ကို မလွန်ဆန်နိုင်။ ထို အပြစ်အတွက်လည်း ထား နှင့် ပြန်ဆုံတွေ့ချိန်တွင် ဝန်ချ တောင်းပန်ရမည် ဖြစ်သည်။

သို့သော်.. သူ မည်သို့ပင် တောင်းပန်ချင်စေဦး.. လူ့လောကမှာ မရှိတော့သည့် ထားကို မည်သည့်နည်းသုံး၍ တောင်းပန်ရမည်နည်း။ မည်ကဲ့သို့ တောင်းပန်ရမည်နည်း။ ခုတော့ သူ အဘနဲ့ တွေ့ပြီး လမ်းစတစ်ခု ရခဲ့ပြီဖြစ်သည်။ ထိုလမ်းက အလုပ်ဖြစ်၊မဖြစ် ဆိုသည်မှာတော့…

မိုး (UFL)

Moe
နာမည္ကေတာ့ ဦးမိုးပါ။ အသက္ကေတာ့ မေန႔တေန႔ကမွ ၂၃ ျပည့္ပါတယ္။ For Her Myanmar မွာ က်ား/မ ခြဲျခားမႈေတြအေၾကာင္း၊ အမ်ိဳးသမီးမ်ားရဲ႕ ဖိႏွိပ္ခံဘဝေတြအေၾကာင္း၊ single mother ေတြအေၾကာင္းႏွင့္ အမ်ိဳးသမီးမ်ား ခြန္အားျဖစ္ႏိုင္ေလာက္တဲ့ ဝတၳဳမ်ား၊ ေဆာင္းပါးမ်ားကို ေရးသားသြားမွာျဖစ္ပါတယ္…။

Leave a Reply

Your email address will not be published. Required fields are marked *