FUN

ျပန္ဆံုျဖစ္ခဲ့ရင္…. (အပိုင္း – ၂)

“ႀကီးမားတဲ့ တန္ရာတန္ေၾကးဆိုတာ မင္းရဲ႕ ဝိဉာဥ္ဆိုရင္ေရာ ျဖစ္ႏိုင္ပါ့မလား။”

“အဲဒီေတာ့ မင္းက ဘယ္လို ဆက္လုပ္ခ်င္တာလဲ။”

“ကၽြန္ေတာ္ အခ်ိန္ေတြကို ေနာက္ျပန္ဆုတ္ခ်င္တယ္။ ထားကို မေသေအာင္ ကၽြန္ေတာ္ ကာကြယ္ေပးခ်င္တယ္။ ထားသာ ျပန္ရွင္လာခဲ့ရင္ ကၽြန္ေတာ့္ အမွားေတြကို ျပန္ျပင္ၿပီး ထားကို စိတ္ခ်မ္းသာေအာင္ ထားမယ္။ အဲဒါေၾကာင့္ အဘ ကၽြန္ေတာ့္ကို ကူညီႏုိင္လား ဆိုတာေျပာပါ။”

“မင္း ေျပာတဲ့ကိစၥက နည္းနည္းေတာ့ ခက္တယ္ကြ။ ငါ့အေနနဲ႔ မစြမ္းေဆာင္ႏိုင္ဘူးလို႔ ေျပာတာမဟုတ္ဘူးေနာ္။ ႀကိဳးစားၾကည့္ရင္ ရေလာက္တယ္။ ဒါေပမဲ့ သူ႕ဘာသာ လည္ေနတဲ့ အခ်ိန္စက္ဝန္းတစ္ခုကို ငါတို႔ သြားေျပာင္းဖို႔ သင့္ မသင့္ဆိုတာ မသိနိုင္ဘူး။ အတိတ္က ကိစၥေတြကို ေျပာင္းလိုက္မယ္ဆို အနာဂတ္မွာ တစ္ခုခု ေျပာင္းလဲသြားႏုိင္တယ္ သား။ မင္း ေသခ်ာ စဥ္းစားပါဦးလား။”

“ကၽြန္ေတာ္ စဥ္းစားၿပီးပါၿပီ အဘ။ ထား သာ ျပန္ရွင္လာခဲ့မယ္ဆို ကၽြန္ေတာ္ ဘာပဲ ေပးဆပ္ရ ေပးဆပ္ရပါ။ ကၽြန္ေတာ့္ဘက္က အရာရာ ေပးဆပ္ဖို႔ အဆင္သင့္ပါပဲ အဘရယ္။ ကၽြန္ေတာ့္ ေနာက္ကြယ္မွာ က်ခဲ့ရတဲ့ ထားရဲ႕ မ်က္ရည္ေတြအတြက္ ကၽြန္ေတာ္ ျပန္ၿပီး ေပးဆပ္ခ်င္လုိ႔ပါ။ ထား မ်က္ရည္ေတြကို သုတ္ေပးခ်င္လို႔ပါ အဘ။”

“ခက္တယ္ သားရဲ႕။ မင္း ေတာင္းဆိုတာက အရမ္းကို အေလ်ာ္အစား ႀကီးေနတယ္ဆိုရင္ေရာ။”

“တန္ရာတန္ေၾကး ဘယ္ေလာက္ျဖစ္ျဖစ္ ကၽြန္ေတာ္မမႈပါဘူး။ ထားသာ ကၽြန္ေတာ့္ေဘး ျပန္ေရာက္လာမယ္ဆိုရင္ေပါ့။”

“ႀကီးမားတဲ့ တန္ရာတန္ေၾကးဆိုတာ မင္းရဲ႕ ဝိဉာဥ္ဆိုရင္ေရာ ျဖစ္ႏိုင္ပါ့မလား။”

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း -၁ )

ၾကားလိုက္ရေသာ စကားေၾကာင့္ သူနည္းနည္း လန္႔သြားသည္။ မနက္ခင္း လက္ဖက္ရည္ဆိုင္ထြက္ထုိင္ကာ သူ႕ဘာသာ မနက္စာ စားေနစဥ္ ေသွ်ာင္ထံုးထံုးထားတဲ့ အသက္ႀကီးႀကီး လူတစ္ေယာက္ေရာက္လာၿပီး သူ႔ကို စကားစေျပာျခင္း ျဖစ္သည္။

သူ႕ပံုစံက တစ္စံုတစ္ခုကို လြမ္းေဆြးေနသည့္ ပံုေပၚေနသည့္အတြက္ ဘာကို ေတြးၿပီးေဆြးေနလဲဆိုရာမွ အစျပဳကာ လိုအပ္သလို ကူညီေပးမည္ဆိုေသာ စကားေၾကာင့္ သူ႔အေၾကာင္းကို အတိုခ်ံဳ႕ၿပီး ေျပာျပခဲ့ျခင္းပင္။ အခုေတာ့ သူ႕အသက္ကို လာေတာင္းေနေခ်ၿပီ။

ဘယ္ကလာလို႔ ဘယ္သူမွန္းလည္း မသိေသာ ပုဂၢိဳလ္တစ္ဦးစကားကို အရဲစြန္႔ၿပီး ယံုသင့္ မယံုသင့္ဆိုသည္ကို သူေသခ်ာမသိ။ သူ႕ဝိဉာဥ္စြန္႔သည့္တိုင္ ထား အသက္ျပန္ရွင္လာႏိုင္၊ မရွင္လာႏုိင္ မည္သူက အာမခံေပးႏုိင္မည္နည္း။

“ေကာင္ေလး မင္း ေပါက္ကရေတြ မစဥ္းစားနဲ႔ သား။ ငါက မင္းေတြးသလိုမ်ိဳး မဟုတ္ဘူး။ မင္းကိုလည္း ဘာမွမလုပ္ဘူး။ တစ္ခုလိုခ်င္ရင္ တစ္ခု စြန္႔လႊတ္ရတယ္ ဆိုတဲ့ ေလာက နိယာမအရ မင္းကို ငါ တန္ရာတန္ေၾကးေတာင္းတာ။”

သူ ေတြေဝသြားသည္။ သူ႕အေတြးေတြကိုပင္ ဝင္ေရာက္ဖတ္ႏုိင္စြမ္းရွိသည္ အထိ စြမ္းသည္ဆိုတာကို သူသိပ္လက္မခံႏုိင္။ သို႔ေသာ္လည္း ကြက္တိႀကီးေတြ ေျပာေနသည္ကေတာ့ မ်က္ျမင္ပင္။ မ်က္ႏွာထားကို ၾကည့္ၿပီး ခန္႔မွန္းသည္လားမသိ..

“အဘက ေဗဒင္ဆရာလား။ အၾကားျမင္ဆရာလား။”

“ဟားဟားဟား ဟားဟားဟား။”

သူ ေမးလိုက္ေသာ ေမးခြန္းေၾကာင့္ အက်ယ္ႀကီးထရယ္ၿပီးမွ ဆက္ေျပာသည္။

“မဟုတ္ပါဘူးကြယ္။ မင္းတို႔ကေတာ့ ငါ့ကို အထက္ပုဂၢိဳလ္လို႔ ကင္ပြန္းတပ္ၾကမလား။”

“ဒါဆို အဘက…..။”

“ဟုတ္တယ္ သား။ အဘက မင္း စိတ္ထဲမွာ ေတြးလိုက္တဲ့ ပုဂၢိဳလ္မ်ိဳးပဲ။ မင္းနဲ႔ ဘဝတစ္ခုမွာ ေရစက္ဆံုခဲ့လို႔ အခုလို ျပန္ကူညီခြင့္ရတာ သား။”

“တကယ္ တကယ္ေျပာတာလား အဘ။ အဘ ကၽြန္ေတာ့္ကို တကယ္ပဲ ကူညီမွာလား။”

“ကူညီနိုင္ပါတယ္ သား။ ဒါေပမဲ့…..။”

Moe (YUFL)

<<< Unicode >>>

“ကြီးမားတဲ့ တန်ရာတန်ကြေးဆိုတာ မင်းရဲ့ ဝိဉာဉ်ဆိုရင်ရော ဖြစ်နိုင်ပါ့မလား။”

“အဲဒီတော့ မင်းက ဘယ်လို ဆက်လုပ်ချင်တာလဲ။”

“ကျွန်တော် အချိန်တွေကို နောက်ပြန်ဆုတ်ချင်တယ်။ ထားကို မသေအောင် ကျွန်တော် ကာကွယ်ပေးချင်တယ်။ ထားသာ ပြန်ရှင်လာခဲ့ရင် ကျွန်တော့် အမှားတွေကို ပြန်ပြင်ပြီး ထားကို စိတ်ချမ်းသာအောင် ထားမယ်။ အဲဒါကြောင့် အဘ ကျွန်တော့်ကို ကူညီနိုင်လား ဆိုတာပြောပါ။”

“မင်း ပြောတဲ့ကိစ္စက နည်းနည်းတော့ ခက်တယ်ကွ။ ငါ့အနေနဲ့ မစွမ်းဆောင်နိုင်ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ကြိုးစားကြည့်ရင် ရလောက်တယ်။ ဒါပေမဲ့ သူ့ဘာသာ လည်နေတဲ့ အချိန်စက်ဝန်းတစ်ခုကို ငါတို့ သွားပြောင်းဖို့ သင့် မသင့်ဆိုတာ မသိနိုင်ဘူး။ အတိတ်က ကိစ္စတွေကို ပြောင်းလိုက်မယ်ဆို အနာဂတ်မှာ တစ်ခုခု ပြောင်းလဲသွားနိုင်တယ် သား။ မင်း သေချာ စဉ်းစားပါဦးလား။”

“ကျွန်တော် စဉ်းစားပြီးပါပြီ အဘ။ ထား သာ ပြန်ရှင်လာခဲ့မယ်ဆို ကျွန်တော် ဘာပဲ ပေးဆပ်ရ ပေးဆပ်ရပါ။ ကျွန်တော့်ဘက်က အရာရာ ပေးဆပ်ဖို့ အဆင်သင့်ပါပဲ အဘရယ်။ ကျွန်တော့် နောက်ကွယ်မှာ ကျခဲ့ရတဲ့ ထားရဲ့ မျက်ရည်တွေအတွက် ကျွန်တော် ပြန်ပြီး ပေးဆပ်ချင်လို့ပါ။ ထား မျက်ရည်တွေကို သုတ်ပေးချင်လို့ပါ အဘ။”

“ခက်တယ် သားရဲ့။ မင်း တောင်းဆိုတာက အရမ်းကို အလျော်အစား ကြီးနေတယ်ဆိုရင်ရော။”

“တန်ရာတန်ကြေး ဘယ်လောက်ဖြစ်ဖြစ် ကျွန်တော်မမှုပါဘူး။ ထားသာ ကျွန်တော့်ဘေး ပြန်ရောက်လာမယ်ဆိုရင်ပေါ့။”

“ကြီးမားတဲ့ တန်ရာတန်ကြေးဆိုတာ မင်းရဲ့ ဝိဉာဉ်ဆိုရင်ရော ဖြစ်နိုင်ပါ့မလား။”

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း -၁ )

ကြားလိုက်ရသော စကားကြောင့် သူနည်းနည်း လန့်သွားသည်။ မနက်ခင်း လက်ဖက်ရည်ဆိုင်ထွက်ထိုင်ကာ သူ့ဘာသာ မနက်စာ စားနေစဉ် သျှောင်ထုံးထုံးထားတဲ့ အသက်ကြီးကြီး လူတစ်ယောက်ရောက်လာပြီး သူ့ကို စကားစပြောခြင်း ဖြစ်သည်။

သူ့ပုံစံက တစ်စုံတစ်ခုကို လွမ်းဆွေးနေသည့် ပုံပေါ်နေသည့်အတွက် ဘာကို တွေးပြီးဆွေးနေလဲဆိုရာမှ အစပြုကာ လိုအပ်သလို ကူညီပေးမည်ဆိုသော စကားကြောင့် သူ့အကြောင်းကို အတိုချုံ့ပြီး ပြောပြခဲ့ခြင်းပင်။ အခုတော့ သူ့အသက်ကို လာတောင်းနေချေပြီ။

ဘယ်ကလာလို့ ဘယ်သူမှန်းလည်း မသိသော ပုဂ္ဂိုလ်တစ်ဦးစကားကို အရဲစွန့်ပြီး ယုံသင့် မယုံသင့်ဆိုသည်ကို သူသေချာမသိ။ သူ့ဝိဉာဉ်စွန့်သည့်တိုင် ထား အသက်ပြန်ရှင်လာနိုင်၊ မရှင်လာနိုင် မည်သူက အာမခံပေးနိုင်မည်နည်း။

“ကောင်လေး မင်း ပေါက်ကရတွေ မစဉ်းစားနဲ့ သား။ ငါက မင်းတွေးသလိုမျိုး မဟုတ်ဘူး။ မင်းကိုလည်း ဘာမှမလုပ်ဘူး။ တစ်ခုလိုချင်ရင် တစ်ခု စွန့်လွှတ်ရတယ် ဆိုတဲ့ လောက နိယာမအရ မင်းကို ငါ တန်ရာတန်ကြေးတောင်းတာ။”

သူ တွေဝေသွားသည်။ သူ့အတွေးတွေကိုပင် ဝင်ရောက်ဖတ်နိုင်စွမ်းရှိသည် အထိ စွမ်းသည်ဆိုတာကို သူသိပ်လက်မခံနိုင်။ သို့သော်လည်း ကွက်တိကြီးတွေ ပြောနေသည်ကတော့ မျက်မြင်ပင်။ မျက်နှာထားကို ကြည့်ပြီး ခန့်မှန်းသည်လားမသိ..

“အဘက ဗေဒင်ဆရာလား။ အကြားမြင်ဆရာလား။”

“ဟားဟားဟား ဟားဟားဟား။”

သူ မေးလိုက်သော မေးခွန်းကြောင့် အကျယ်ကြီးထရယ်ပြီးမှ ဆက်ပြောသည်။

“မဟုတ်ပါဘူးကွယ်။ မင်းတို့ကတော့ ငါ့ကို အထက်ပုဂ္ဂိုလ်လို့ ကင်ပွန်းတပ်ကြမလား။”

“ဒါဆို အဘက…..။”

“ဟုတ်တယ် သား။ အဘက မင်း စိတ်ထဲမှာ တွေးလိုက်တဲ့ ပုဂ္ဂိုလ်မျိုးပဲ။ မင်းနဲ့ ဘဝတစ်ခုမှာ ရေစက်ဆုံခဲ့လို့ အခုလို ပြန်ကူညီခွင့်ရတာ သား။”

“တကယ် တကယ်ပြောတာလား အဘ။ အဘ ကျွန်တော့်ကို တကယ်ပဲ ကူညီမှာလား။”

“ကူညီနိုင်ပါတယ် သား။ ဒါပေမဲ့…..။”

Moe (YUFL)

Moe
နာမည္ကေတာ့ ဦးမိုးပါ။ အသက္ကေတာ့ မေန႔တေန႔ကမွ ၂၃ ျပည့္ပါတယ္။ For Her Myanmar မွာ က်ား/မ ခြဲျခားမႈေတြအေၾကာင္း၊ အမ်ိဳးသမီးမ်ားရဲ႕ ဖိႏွိပ္ခံဘဝေတြအေၾကာင္း၊ single mother ေတြအေၾကာင္းႏွင့္ အမ်ိဳးသမီးမ်ား ခြန္အားျဖစ္ႏိုင္ေလာက္တဲ့ ဝတၳဳမ်ား၊ ေဆာင္းပါးမ်ားကို ေရးသားသြားမွာျဖစ္ပါတယ္…။

Leave a Reply

Your email address will not be published. Required fields are marked *