ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း -၁၄)

သြားေလသူ ထား အေနာက္မွ သူ ျဖည္းျဖည္းသာ လိုက္ပါေတာ့မည္။

ဒီေန႔အတြက္လည္း ႐ံုးအလုပ္ေတြကို လုပ္ၿပီးသား ျဖစ္ေနျခင္းအတြက္ သူ မညည္းညဴမိ။ ဒီေန႔ ေန႔တစ္ပိုင္းေလာက္ပဲ ႐ံုးတက္ၿပီးရင္ အိမ္ျပန္ရမည္သာ ေတြးၿပီး ေပ်ာ္ေနမိသည္။ အတိတ္ကာလတုန္းက ဒီလိုအခ်ိန္မွာပဲ သူခြင့္ယူၿပီး သူငယ္ခ်င္းေတြနဲ႔ ခရီးသြားခဲ့သည္။ သူ မရွိသည့္အခ်ိန္မွာပင္ ထား ေရခ်ိဳးခန္းထဲမွာ ေခ်ာ္လဲၿပီး ကြယ္လြန္ခဲ့ရသည္ကို သူ သတိရမိသည္။

သူသာ ရွိေနမယ္ဆို အခ်ိန္မီေဆး႐ံုသို႔ ပို႔ေပးနုိင္ၿပီး ထား ကို ကယ္တင္နုိင္ခဲ့မည္ ထင္သည္။ အခုေတာ့ အခ်ိန္ေတြက ေႏွာင္းခဲ့ပါၿပီ။ ထား ကို ကယ္တင္ဖို႔ဆိုတာ ဘယ္လုိမွ မျဖစ္နိုင္ေတာ့။ အဘကို သူ ကတိေပးခဲ့ၿပီးသား ျဖစ္ေနၿပီေလ။ ေယာက္်ား ကတိေတာ့ တည္နုိင္ေအာင္ ႀကိဳးစားရပါမည္။ လူတိုင္း တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ေတာ့ ဒီလမ္းကို သြားရမည္ မဟုတ္လား။ ထားအတြက္ သူ႕ရည္ရြယ္ခ်က္ေလး ျပည့္ေျမာက္သြားရင္ပဲ သူေက်နပ္ပါၿပီ။ သြားေလသူ ထား အေနာက္မွ သူ ျဖည္းျဖည္းသာ လိုက္ပါေတာ့မည္။

ေန႔တစ္ပိုင္းသည္ မည္သုိ႔ ကုန္ဆံုးသြားမွန္း မသိေအာင္ပင္ ကုန္ဆံုးခဲ့ပါသည္။ ထုိ႔ေၾကာင့္ ဘာမွ ရွည္ရွည္ေဝးေဝး သိပ္မေတြးေတာ့ဘဲ ခရီးသြားမည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ခြင့္တင္ကာ သူ အိမ္ျပန္လာခဲ့သည္။

အိမ္ေရာက္ေတာ့ ထား သည္ ေရမိုးခ်ိဳးကာ သနပ္ခါးလိမ္းထားသည္ကို ေတြ႕ရေတာ့ သူမွင္တက္စြာ ေငးၾကည့္မိသည္။

“ကို… ဘာၾကည့္တာလဲ။”

“ထား က အရမ္းခ်စ္ဖို႔ေကာင္းေနလုိ႔။”

“ေတာ္ပါ ကို ရာ အပိုေတြ။ ထား အၿမဲ ဒီလုိပါပဲ။ ဒီေန႔မွ ကို က ေသခ်ာ သတိထားမိလို႔။ ခါတိုင္းဆို ကို က ထားကို မ်က္လံုးခ်င္းဆံုေအာင္ေတာင္ ၾကည့္ခဲ့ဖူးတာမွ မဟုတ္တာ။”

“ထား ေျပာရင္လည္း ကို ခံရမွာပါပဲ အခ်စ္ရယ္။”

“ေဆာရီးပါ ကို ရယ္။ ထား က ကိုစိတ္မေကာင္းျဖစ္ေအာင္ေျပာရတာ ဟုတ္ပါဘူး။ ထမင္းစားေတာ့မလား ကို။ ဒီေန႔ ကိုႀကိဳက္တဲ့ ဟင္းေတြ ထား ခ်က္ထားတယ္။”

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း -၁၃)

“ထား ေရာ စားၿပီးၿပီလား။”

“ဟင့္အင္း။ ကို႔ကို ေစာင့္ေနတာ။”

“ပိုက္ဆံေရာ သြားထုတ္ၿပီးၿပီလား ထား။”

“အဲဒါေတာ့ ၿပီးသြားၿပီ။ လူ႐ႈပ္မွာစိုးလို႔ မနက္အေစာတည္းက သြားလိုက္တယ္။”

“အင္း။ ထား သြားၿပီးၿပီဆုိလည္း မနက္ျဖန္က် ကို တို႔သြားလွဴၾကတာေပ့ါ။ အခုေတာ့ ထမင္းစားရေအာင္ေနာ္။”

“ဟုတ္။ ခဏေနာ္ ကို။ ထား ထမင္းသြားျပင္လုိက္ဦးမယ္။”

“ေန ေန ထား။ ထား အေရွ႕မွာပဲေနခဲ့။ ကို သြားျပင္လုိက္မယ္။ ဟိုအရင္တုန္းကလို ထမင္းေပၚပံုေပးၿပီး ကိုတို႔ အတူစားမယ္ေလ။ ထား ကို ကို ခြံ႕ေကၽြးမယ္ေနာ္။”

သူ႕အေျပာကို ထား က ေခါင္းေလးညိတ္ၿပီး ေထာက္ခံပါသည္။ ထား မ်က္နွာ အျပံဳးပန္းေတြ ေဝေနတာေတာင္ သူ မျမင္ရတာ ၾကာခဲ့ၿပီ မဟုတ္ပါလား… ထမင္းတစ္ပန္းကန္ခူးၿပီး ထမင္းေပၚသို႔ ဟင္းမ်ားခူးထည့္ကာ ထား ရွိရာဆီသြားၿပီး ထား ေဘးမွာ ဝင္ထိုင္လိုက္သည္။

“အာ…”

ကေလးေတြကို ထမင္းေကၽြးသလိုမ်ိဳး သူလုပ္လုိက္ေတာ့ ထား က သေဘာက်စြာ ရယ္ပါသည္။

“ထား ကေလး မဟုတ္ပါဘူး ကိုရဲ႕။”

“မရဘူး။ က်န္တဲ့လူေတြအတြက္ပဲ ထား လူႀကီးျဖစ္ရမယ္။ ကို႔အတြက္ေတာ့ ထား က ကေလးပဲ။”

“ကို အရမ္းေျပာင္းလဲသြားတာပဲေနာ္။ ဘယ္နတ္သိၾကားေတြကမ်ား ကို႔ကို ေျပာင္းလဲသြားေအာင္ စြမ္းေဆာင္ခဲ့လဲဆိုတာ ထား သိခ်င္ပါရဲ႕။”

“ဘယ္ နတ္သိၾကားမွမဟုတ္ပါဘူး ထား ရဲ႕။ ဒီနွစ္ေတြမွာ ထား ကုိ႔ကို ခ်စ္ခဲ့ရတာမလား။ အခု ကိုက တစ္လွည့္ ထားကို ျပန္ခ်စ္ေတာ့မယ္ေလ။ အဲဒါေၾကာင့္ ကို ခ်စ္တာကို ၿငိမ္ၿငိမ္ေလးခံပါ ထားရယ္”

“ဟုတ္ပါၿပီ ကို ရယ္။ ထား အံ့ၾသၿပီး ဝမ္းသာလြန္းလို႔ပါ။ ရည္းစားေတြ ျဖစ္ခါစက အခ်ိန္လိုမ်ိဳး ထား ျပန္ရဖို႔ ေမွ်ာ္လင့္ေနခဲ့တာ ကို။ အဲဒီလို အခ်ိန္ေတြ ဘယ္ေတာ့မွ ျပန္မရမွာကိုလည္း ထား အရမ္းေၾကာက္ခဲ့တာ။”

ထမင္းပန္းကန္ကို စားပြဲခံုေပၚ ခဏျပန္တင္ကာ ထားလက္ေလးကို သူ ဆုပ္ကိုင္လိုက္သည္။

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း -၁၂)

“ကို႔ အခ်စ္ေတြ ဘယ္ေတာ့မွ မေျပာင္းလဲေတာ့ပါဘူး ထား ရယ္။ ေနာက္ဆံုး အခ်ိန္ထိ ထားတစ္ေယာက္တည္းကိုပဲ ကို ခ်စ္ပါမယ္။”

“အဲ့လိုမ်ိဳးေတာ့ မဟုတ္ေသးဘူးေလ။ ထား မရွိေတာ့ရင္ ကို ေနာက္တစ္ေယာက္ကို ခ်စ္ပါ။ ေနာက္ထပ္ အိမ္ေထာင္တစ္ခု ထူေထာင္ပါ ကိုရဲ႕။ ထား အဲ့ေလာက္ထိ အတၱႀကီးတဲ့ မိန္းမတစ္ေယာက္ မျဖစ္ခ်င္ပါဘူး။”

“ထား ရယ္… မရွိေတာ့ဘူးဆိုတဲ့စကား မေျပာပါနဲ႔လား။ ထား အျပင္မွာ မရွိေတာ့ဘူးဆိုရင္ေတာင္ ကို႔ရင္ထဲမွာေတာ့ ထား က အၿမဲရွင္သန္ေနမွာပါ။”

“ထားတို႔ ေမြးဖြားရျခင္းရဲ႕ ရည္ရြယ္ရင္းကိုက ေသဆံုးဖို႔ပဲေလ ကိုရဲ႕။ ဘယ္သူမွ မလြန္ဆန္နုိင္တဲ့ ေသဆံုးျခင္းတရားကို ထား မေၾကာက္ပါဘူး ကိုရယ္။ အသက္ရွင္လ်က္ ကိုနဲ႔ေဝးရမွာ၊ ထား ကို မခ်စ္ေတာ့မွာပဲ ထား ေၾကာက္တာ။”

“ဘာမွ မေၾကာက္ပါနဲ႔ကြယ္။ ထား ကို ကိုခ်စ္ပါတယ္။”

“ထား ယံုပါတယ္ ကို။ ထမင္းေကၽြးေတာ့ေနာ္။”

“အင္း… ဟုတ္သားပဲ။ လာ ပါးစပ္ဟ ကို ခြံ႕ေကၽြးမယ္။”

“ဟုတ္…”

ေနာက္ေန႔မနက္တြင္ သူ အေစာႀကီး အိပ္ရာမွ ႏိုးေနသည္။ ႏိုးႏိုးခ်င္း သူ႕ေဘးရွိ ထားေနရာကို စမ္းၾကည့္ေတာ့ သူ႕ေဘးတြင္ ထား မရွိေတာ့ေသာေၾကာင့္ လန္႔သြားသည္။ သူတို႔ ျပန္လည္ဆံုေတြ႕ခဲ့ျခင္းသည္ အိပ္မက္တစ္ခုေပလား…

Moe (YUFL)

<<< Unicode >>>

သွားလေသူ ထား အနောက်မှ သူ ဖြည်းဖြည်းသာ လိုက်ပါတော့မည်။

ဒီနေ့အတွက်လည်း ရုံးအလုပ်တွေကို လုပ်ပြီးသား ဖြစ်နေခြင်းအတွက် သူ မညည်းညူမိ။ ဒီနေ့ နေ့တစ်ပိုင်းလောက်ပဲ ရုံးတက်ပြီးရင် အိမ်ပြန်ရမည်သာ တွေးပြီး ပျော်နေမိသည်။ အတိတ်ကာလတုန်းက ဒီလိုအချိန်မှာပဲ သူခွင့်ယူပြီး သူငယ်ချင်းတွေနဲ့ ခရီးသွားခဲ့သည်။ သူ မရှိသည့်အချိန်မှာပင် ထား ရေချိုးခန်းထဲမှာ ချော်လဲပြီး ကွယ်လွန်ခဲ့ရသည်ကို သူ သတိရမိသည်။သူသာ ရှိနေမယ်ဆို အချိန်မီဆေးရုံသို့ ပို့ပေးနိုင်ပြီး ထား ကို ကယ်တင်နိုင်ခဲ့မည် ထင်သည်။

အခုတော့ အချိန်တွေက နှောင်းခဲ့ပါပြီ။ ထား ကို ကယ်တင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့။ အဘကို သူ ကတိပေးခဲ့ပြီးသား ဖြစ်နေပြီလေ။ ယောက်ျား ကတိတော့ တည်နိုင်အောင် ကြိုးစားရပါမည်။ လူတိုင်း တစ်ချိန်မဟုတ် တစ်ချိန်တော့ ဒီလမ်းကို သွားရမည် မဟုတ်လား။ ထားအတွက် သူ့ရည်ရွယ်ချက်လေး ပြည့်မြောက်သွားရင်ပဲ သူကျေနပ်ပါပြီ။ သွားလေသူ ထား အနောက်မှ သူ ဖြည်းဖြည်းသာ လိုက်ပါတော့မည်။

နေ့တစ်ပိုင်းသည် မည်သို့ ကုန်ဆုံးသွားမှန်း မသိအောင်ပင် ကုန်ဆုံးခဲ့ပါသည်။ ထို့ကြောင့် ဘာမှ ရှည်ရှည်ဝေးဝေး သိပ်မတွေးတော့ဘဲ ခရီးသွားမည်ဟူသော အကြောင်းပြချက်ဖြင့် ခွင့်တင်ကာ သူ အိမ်ပြန်လာခဲ့သည်။အိမ်ရောက်တော့ ထား သည် ရေမိုးချိုးကာ သနပ်ခါးလိမ်းထားသည်ကို တွေ့ရတော့ သူမှင်တက်စွာ ငေးကြည့်မိသည်။

“ကို… ဘာကြည့်တာလဲ။”“ထား က အရမ်းချစ်ဖို့ကောင်းနေလို့။”

“တော်ပါ ကို ရာ အပိုတွေ။ ထား အမြဲ ဒီလိုပါပဲ။ ဒီနေ့မှ ကို က သေချာ သတိထားမိလို့။ ခါတိုင်းဆို ကို က ထားကို မျက်လုံးချင်းဆုံအောင်တောင် ကြည့်ခဲ့ဖူးတာမှ မဟုတ်တာ။”

“ထား ပြောရင်လည်း ကို ခံရမှာပါပဲ အချစ်ရယ်။”

“ဆောရီးပါ ကို ရယ်။ ထား က ကိုစိတ်မကောင်းဖြစ်အောင်ပြောရတာ ဟုတ်ပါဘူး။ ထမင်းစားတော့မလား ကို။ ဒီနေ့ ကိုကြိုက်တဲ့ ဟင်းတွေ ထား ချက်ထားတယ်။”

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း -၁၃)

“ထား ရော စားပြီးပြီလား။”

“ဟင့်အင်း။ ကို့ကို စောင့်နေတာ။”

“ပိုက်ဆံရော သွားထုတ်ပြီးပြီလား ထား။”

“အဲဒါတော့ ပြီးသွားပြီ။ လူရှုပ်မှာစိုးလို့ မနက်အစောတည်းက သွားလိုက်တယ်။”

“အင်း။ ထား သွားပြီးပြီဆိုလည်း မနက်ဖြန်ကျ ကို တို့သွားလှူကြတာပေ့ါ။ အခုတော့ ထမင်းစားရအောင်နော်။”

“ဟုတ်။ ခဏနော် ကို။ ထား ထမင်းသွားပြင်လိုက်ဦးမယ်။”

“နေ နေ ထား။ ထား အရှေ့မှာပဲနေခဲ့။ ကို သွားပြင်လိုက်မယ်။ ဟိုအရင်တုန်းကလို ထမင်းပေါ်ပုံပေးပြီး ကိုတို့ အတူစားမယ်လေ။ ထား ကို ကို ခွံ့ကျွေးမယ်နော်။”

သူ့အပြောကို ထား က ခေါင်းလေးညိတ်ပြီး ထောက်ခံပါသည်။ ထား မျက်နှာ အပြုံးပန်းတွေ ဝေနေတာတောင် သူ မမြင်ရတာ ကြာခဲ့ပြီ မဟုတ်ပါလား… ထမင်းတစ်ပန်းကန်ခူးပြီး ထမင်းပေါ်သို့ ဟင်းများခူးထည့်ကာ ထား ရှိရာဆီသွားပြီး ထား ဘေးမှာ ဝင်ထိုင်လိုက်သည်။

“အာ…”

ကလေးတွေကို ထမင်းကျွေးသလိုမျိုး သူလုပ်လိုက်တော့ ထား က သဘောကျစွာ ရယ်ပါသည်။

“ထား ကလေး မဟုတ်ပါဘူး ကိုရဲ့။”

“မရဘူး။ ကျန်တဲ့လူတွေအတွက်ပဲ ထား လူကြီးဖြစ်ရမယ်။ ကို့အတွက်တော့ ထား က ကလေးပဲ။”

“ကို အရမ်းပြောင်းလဲသွားတာပဲနော်။ ဘယ်နတ်သိကြားတွေကများ ကို့ကို ပြောင်းလဲသွားအောင် စွမ်းဆောင်ခဲ့လဲဆိုတာ ထား သိချင်ပါရဲ့။”

“ဘယ် နတ်သိကြားမှမဟုတ်ပါဘူး ထား ရဲ့။ ဒီနှစ်တွေမှာ ထား ကို့ကို ချစ်ခဲ့ရတာမလား။ အခု ကိုက တစ်လှည့် ထားကို ပြန်ချစ်တော့မယ်လေ။ အဲဒါကြောင့် ကို ချစ်တာကို ငြိမ်ငြိမ်လေးခံပါ ထားရယ်”

“ဟုတ်ပါပြီ ကို ရယ်။ ထား အံ့သြပြီး ဝမ်းသာလွန်းလို့ပါ။ ရည်းစားတွေ ဖြစ်ခါစက အချိန်လိုမျိုး ထား ပြန်ရဖို့ မျှော်လင့်နေခဲ့တာ ကို။ အဲဒီလို အချိန်တွေ ဘယ်တော့မှ ပြန်မရမှာကိုလည်း ထား အရမ်းကြောက်ခဲ့တာ။”

ထမင်းပန်းကန်ကို စားပွဲခုံပေါ် ခဏပြန်တင်ကာ ထားလက်လေးကို သူ ဆုပ်ကိုင်လိုက်သည်။

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း -၁၂)

“ကို့ အချစ်တွေ ဘယ်တော့မှ မပြောင်းလဲတော့ပါဘူး ထား ရယ်။ နောက်ဆုံး အချိန်ထိ ထားတစ်ယောက်တည်းကိုပဲ ကို ချစ်ပါမယ်။”

“အဲ့လိုမျိုးတော့ မဟုတ်သေးဘူးလေ။ ထား မရှိတော့ရင် ကို နောက်တစ်ယောက်ကို ချစ်ပါ။ နောက်ထပ် အိမ်ထောင်တစ်ခု ထူထောင်ပါ ကိုရဲ့။ ထား အဲ့လောက်ထိ အတ္တကြီးတဲ့ မိန်းမတစ်ယောက် မဖြစ်ချင်ပါဘူး။”

“ထား ရယ်… မရှိတော့ဘူးဆိုတဲ့စကား မပြောပါနဲ့လား။ ထား အပြင်မှာ မရှိတော့ဘူးဆိုရင်တောင် ကို့ရင်ထဲမှာတော့ ထား က အမြဲရှင်သန်နေမှာပါ။”

“ထားတို့ မွေးဖွားရခြင်းရဲ့ ရည်ရွယ်ရင်းကိုက သေဆုံးဖို့ပဲလေ ကိုရဲ့။ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ သေဆုံးခြင်းတရားကို ထား မကြောက်ပါဘူး ကိုရယ်။ အသက်ရှင်လျက် ကိုနဲ့ဝေးရမှာ၊ ထား ကို မချစ်တော့မှာပဲ ထား ကြောက်တာ။”

“ဘာမှ မကြောက်ပါနဲ့ကွယ်။ ထား ကို ကိုချစ်ပါတယ်။”

“ထား ယုံပါတယ် ကို။ ထမင်းကျွေးတော့နော်။”

“အင်း… ဟုတ်သားပဲ။ လာ ပါးစပ်ဟ ကို ခွံ့ကျွေးမယ်။”

“ဟုတ်…”

နောက်နေ့မနက်တွင် သူ အစောကြီး အိပ်ရာမှ နိုးနေသည်။ နိုးနိုးချင်း သူ့ဘေးရှိ ထားနေရာကို စမ်းကြည့်တော့ သူ့ဘေးတွင် ထား မရှိတော့သောကြောင့် လန့်သွားသည်။ သူတို့ ပြန်လည်ဆုံတွေ့ခဲ့ခြင်းသည် အိပ်မက်တစ်ခုပေလား…

Moe (YUFL)

No Comments Yet

Comments are closed