ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း -၁၂)

ေနာက္ၿပီး ကိုတို႔ ခ်စ္ပြဲဝင္ဖို႔ ထား ျငင္းဆိုရတဲ့ အေၾကာင္းျပခ်က္က ဘာလဲ ထား..

“ထား…။”

“ရွင္…။”

“ထား ကို ကိုယ္ ေတာင္းပန္စရာရွိတယ္။”

“ေျပာေလ ကို။ ကို ဘာပဲလုပ္ခဲ့လုပ္ခဲ့ ထား ခြင့္လႊတ္ၿပီးသားပါ။”

“ထားရယ္…။ ကို ေလ ထား အေပၚေအးတိေအးစက္ ဆက္ဆံခဲ့ေပမဲ့ ထား ေနာက္ကြယ္မွာေတာ့ ကို ေနာက္တစ္ေယာက္နဲ႔ ေဖာက္ျပန္ေနခဲ့မိတယ္။ ကုိ႔ အျပစ္ေတြ ႀကီးမားတယ္ဆုိတာ ကိုနားလည္ပါတယ္။ ကို႔ကို ခြင့္လႊတ္ေပးဖို႔လည္း မေတာင္းဆိုဝံ့ပါဘူး။ ဒါေပမဲ့ ထားရယ္…။ ထား ကို ကို ေတာင္းပန္ပါတယ္။”

ထားသည္ ဘာစကားမွ မေျပာဘဲ အၾကာႀကီး ငိုင္ေနသည္။ ထား စိတ္ထဲ တစ္ခုခုကို ေတြးေနၿပီလုိ႔သူထင္သည္။

“အဲဒီကိစၥေတြ ထား သိေနၿပီးသားပါ ကို။”

“ထား သိတယ္ဟုတ္လား။ ဘယ္လုိသိတာလဲဟင္။”

“ထားတို႔ မိန္းကေလးေတြရဲ႕ ဆဌမအာရံုလို႔ေခၚရမလား။ ကို ထားေနာက္ကြယ္မွာ တျခား မိန္းကေလး တစ္ေယာက္နဲ႔အတူရွိေနတာကို ထား အလုိလုိ သိေနခဲ့တယ္။ ကို႔အဝတ္ေတြကို ေလွ်ာ္ဖို႔ ထား ယူလုိက္တဲ့အခ်ိန္မွာ ကို႔အဝတ္ေတြမွာ ကို႔ရဲ႕ ကိုုယ္နံ႔အျပင္ တျခား မိန္းကေလးတစ္ေယာက္ရဲ႕ ေရေမႊးနံ႔ကို ထား ရတယ္။ ဒါနဲ႔ပဲ ကိုမသိေအာင္ ထား စံုစမ္းခဲ့ရတယ္ ကို။ ထား တစ္ေယာက္တည္း ငိုေႂကြးခဲ့ရေတြ ေန႔ရက္ေတြပါ ကိုရယ္။”

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္…. (အပိုင္း -၁၁)

“ကို ေတာင္းပန္ပါတယ္ ထား။ အထိအေတြ႕ကို မလြန္ဆန္နို္င္ခဲ့ဘဲ တဏွာ ရာဂကို ေရွ႕တန္းတင္ခဲ့မိတာပါ ထားရယ္။ ဒါ ကို႔အျပစ္ပါ။ ကုိ ေတာင္းပန္ပါတယ္။”

“ဟင့္အင္း။ ကို႔ အျပစ္တစ္ခုတည္း မဟုတ္ပါဘူး။ တကယ္ဆို ထား အျပစ္ေတြလည္း ပါပါတယ္။ အဲဒါေၾကာင့္လည္း ကို႔အေပၚအျပစ္မတင္ခဲ့ဘဲ ခြင့္လႊတ္နုိ္င္ခဲ့တာပါ။”

“အဲဒီကိစၥေတြကို ကုိတုိ႔ ေမ့ပစ္လုိက္ၾကရေအာင္ေနာ္။ အခုက စၿပီး အရင္လို ေႏြးေႏြးေထြးေထြး ျပန္ေနၿပီး ေအးခ်မ္းတဲ့ ဘဝေလးကို ျပန္တည္ေဆာက္ၾက ရေအာင္ေနာ္။ ကို႔ကို ခြင့္လႊတ္ေပးတာကိုလည္း ထားကို ေက်းဇူးအမ်ားႀကီး တင္ပါတယ္”

“ထား ေမ့ထားခဲ့တာ ၾကာပါၿပီကိုရယ္။ ၿပီးခဲ့တာေတြျပန္ေတြးေနလုိ႔လည္း အက်ိဳးမွမရွိဘဲ။”

“ထား ေျပာတာ မွန္ပါတယ္။ ဒါနဲ႔ ကို သိခ်င္တာ ရွိေနေသးတယ္ ထား။”

“ဘာလဲ ကို။”

“တစ္ခါတစ္ေလ ထား ကို႔အေပၚ ေအးတိေအးစက္ ဆက္ဆံတာ ဘာျဖစ္လုိ႔လဲ။ ေနာက္ၿပီး ကိုတို႔ ခ်စ္ပြဲဝင္ဖို႔ ထား ျငင္းဆိုရတဲ့ အေၾကာင္းျပခ်က္ေတြ ကို သိခ်င္ေသးတယ္။”

သူ႕ေမးခြန္းဆံုးေတာ့ ထားက ရယ္သည္။

“လူတစ္ေယာက္အေၾကာင္း၊ အထူးသျဖင့္ ထား အေၾကာင္းကို ကို ဘယ္ေလာက္ သိတယ္ ထင္လဲ။”

“ထား ဘာေတြႀကိဳက္တယ္၊ ဘာေတြ မႀကိဳက္ဘူးဆိုတာေလာက္ေတာ့ ကို သိပါတယ္။”

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း – ၉)

“အဲဒါ အေပၚယံပဲ ရွိတာပါကို။ ထား အေၾကာင္း မေျပာနဲ႔။ ကို႔အေၾကာင္းေတာင္ ကို ေသခ်ာမသိဘူးမလား။ ထားလည္းဒီလုိပဲ ကို။ ထား အေၾကာင္း ထား ေသခ်ာမသိဘူး။ အဲ့လို ျငင္းလိုက္ရတာ ကို႔မွာ ျပႆနာရွိလုိ႔မဟုတ္ပါဘူး။ ထား ဘက္က စိတ္မပါတဲ့အခ်ိန္လည္း ျဖစ္ခ်င္ျဖစ္ေနတတ္လုိ႔ပါ။ ထားတုိ႔ မိန္းကေလးေတြဆိုတာ အရုပ္ေတြ မဟုတ္ဘဲ ခံစားခ်က္နဲ႔ အသက္ရွင္ေနတဲ့သူေတြပဲ မဟုတ္လား ကို… ထားမွာလည္း ထားမလိုခ်င္ရင္ ျငင္းဆန္ႏုိင္တဲ့ အခြင့္အေရး ရွိတယ္လို႔ ထားခံယူတယ္ေလ… ”

“ကို ေတာင္းပန္ပါတယ္။”

“ဘာအတြက္လဲ ကို။ ကို ဘာလုပ္ခဲ့ လုပ္ခဲ့ ထား ခြင့္လႊတ္တယ္လို႔ ေျပာၿပီးသားပါ။ ထား ဘက္က မေပးနိုင္တာကို ေပးနုိင္တဲ့လူရွိလို႔ ကို သြားယူတယ္လို႔ပဲ ထားခံယူပါတယ္။ ထား အေပၚသည္းခံၿပီး ကြာရွင္းခြင့္ မေတာင္းခဲ့တာကိုပဲ ထား ေက်းဇူးတင္ပါတယ္။”

“မဟုတ္ဘူး ထား။ ကို ေတာင္းပန္တာ ထား အေပၚ အ႐ုပ္တစ္႐ုပ္လို ဆက္ဆံမိခဲ့လုိ႔ပါ။”

“ရပါတယ္ ကိုရယ္။ ၿပီးခဲ့တာေတြ ၿပီးပါေစေတာ့။”

အရာအားလံုးကို ခြင့္လႊတ္ေပးေနေသာ၊ ခြင့္လႊတ္ေပးႏုိင္ေသာ ထားကို ၾကည့္ရင္း သူ ေနာင္တတို႔ ပိုပို ဖိစီးလာခဲ့သည္။ ထားကဲ့သို႔ေသာ ဇနီးမ်ိဳးသည္ သူ႕အတြက္ တန္ဖိုးမျဖတ္ႏိုင္ဆိုသည္ကို ေနာက္က်မွ သိခဲ့ရေသာ သူ႕ကိုယ္သူလည္း ခြင့္မလႊတ္ႏုိင္… သို႔ေသာ္…

Moe (YUFL)

<<< Unicode >>>

နောက်ပြီး ကိုတို့ ချစ်ပွဲဝင်ဖို့ ထား ငြင်းဆိုရတဲ့ အကြောင်းပြချက်က ဘာလဲ ထား..

“ထား…။”

“ရှင်…။”

“ထား ကို ကိုယ် တောင်းပန်စရာရှိတယ်။”

“ပြောလေ ကို။ ကို ဘာပဲလုပ်ခဲ့လုပ်ခဲ့ ထား ခွင့်လွှတ်ပြီးသားပါ။”

“ထားရယ်…။ ကို လေ ထား အပေါ်အေးတိအေးစက် ဆက်ဆံခဲ့ပေမဲ့ ထား နောက်ကွယ်မှာတော့ ကို နောက်တစ်ယောက်နဲ့ ဖောက်ပြန်နေခဲ့မိတယ်။ ကို့ အပြစ်တွေ ကြီးမားတယ်ဆိုတာ ကိုနားလည်ပါတယ်။ ကို့ကို ခွင့်လွှတ်ပေးဖို့လည်း မတောင်းဆိုဝံ့ပါဘူး။ ဒါပေမဲ့ ထားရယ်…။ ထား ကို ကို တောင်းပန်ပါတယ်။”

ထားသည် ဘာစကားမှ မပြောဘဲ အကြာကြီး ငိုင်နေသည်။ ထား စိတ်ထဲ တစ်ခုခုကို တွေးနေပြီလို့သူထင်သည်။

“အဲဒီကိစ္စတွေ ထား သိနေပြီးသားပါ ကို။”

“ထား သိတယ်ဟုတ်လား။ ဘယ်လိုသိတာလဲဟင်။”

“ထားတို့ မိန်းကလေးတွေရဲ့ ဆဌမအာရုံလို့ခေါ်ရမလား။ ကို ထားနောက်ကွယ်မှာ တခြား မိန်းကလေး တစ်ယောက်နဲ့အတူရှိနေတာကို ထား အလိုလို သိနေခဲ့တယ်။ ကို့အဝတ်တွေကို လျှော်ဖို့ ထား ယူလိုက်တဲ့အချိန်မှာ ကို့အဝတ်တွေမှာ ကို့ရဲ့ ကိုယ်နံ့အပြင် တခြား မိန်းကလေးတစ်ယောက်ရဲ့ ရေမွှေးနံ့ကို ထား ရတယ်။ ဒါနဲ့ပဲ ကိုမသိအောင် ထား စုံစမ်းခဲ့ရတယ် ကို။ ထား တစ်ယောက်တည်း ငိုကြွေးခဲ့ရတွေ နေ့ရက်တွေပါ ကိုရယ်။”

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်…. (အပိုင်း -၁၁)

“ကို တောင်းပန်ပါတယ် ထား။ အထိအတွေ့ကို မလွန်ဆန်နိုင်ခဲ့ဘဲ တဏှာ ရာဂကို ရှေ့တန်းတင်ခဲ့မိတာပါ ထားရယ်။ ဒါ ကို့အပြစ်ပါ။ ကို တောင်းပန်ပါတယ်။”

“ဟင့်အင်း။ ကို့ အပြစ်တစ်ခုတည်း မဟုတ်ပါဘူး။ တကယ်ဆို ထား အပြစ်တွေလည်း ပါပါတယ်။ အဲဒါကြောင့်လည်း ကို့အပေါ်အပြစ်မတင်ခဲ့ဘဲ ခွင့်လွှတ်နိုင်ခဲ့တာပါ။”

“အဲဒီကိစ္စတွေကို ကိုတို့ မေ့ပစ်လိုက်ကြရအောင်နော်။ အခုက စပြီး အရင်လို နွေးနွေးထွေးထွေး ပြန်နေပြီး အေးချမ်းတဲ့ ဘဝလေးကို ပြန်တည်ဆောက်ကြ ရအောင်နော်။ ကို့ကို ခွင့်လွှတ်ပေးတာကိုလည်း ထားကို ကျေးဇူးအများကြီး တင်ပါတယ်”

“ထား မေ့ထားခဲ့တာ ကြာပါပြီကိုရယ်။ ပြီးခဲ့တာတွေပြန်တွေးနေလို့လည်း အကျိုးမှမရှိဘဲ။”

“ထား ပြောတာ မှန်ပါတယ်။ ဒါနဲ့ ကို သိချင်တာ ရှိနေသေးတယ် ထား။”

“ဘာလဲ ကို။”

“တစ်ခါတစ်လေ ထား ကို့အပေါ် အေးတိအေးစက် ဆက်ဆံတာ ဘာဖြစ်လို့လဲ။ နောက်ပြီး ကိုတို့ ချစ်ပွဲဝင်ဖို့ ထား ငြင်းဆိုရတဲ့ အကြောင်းပြချက်တွေ ကို သိချင်သေးတယ်။”

သူ့မေးခွန်းဆုံးတော့ ထားက ရယ်သည်။

“လူတစ်ယောက်အကြောင်း၊ အထူးသဖြင့် ထား အကြောင်းကို ကို ဘယ်လောက် သိတယ် ထင်လဲ။”

“ထား ဘာတွေကြိုက်တယ်၊ ဘာတွေ မကြိုက်ဘူးဆိုတာလောက်တော့ ကို သိပါတယ်။”

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း – ၉)

“အဲဒါ အပေါ်ယံပဲ ရှိတာပါကို။ ထား အကြောင်း မပြောနဲ့။ ကို့အကြောင်းတောင် ကို သေချာမသိဘူးမလား။ ထားလည်းဒီလိုပဲ ကို။ ထား အကြောင်း ထား သေချာမသိဘူး။ အဲ့လို ငြင်းလိုက်ရတာ ကို့မှာ ပြဿနာရှိလို့မဟုတ်ပါဘူး။ ထား ဘက်က စိတ်မပါတဲ့အချိန်လည်း ဖြစ်ချင်ဖြစ်နေတတ်လို့ပါ။ ထားတို့ မိန်းကလေးတွေဆိုတာ အရုပ်တွေ မဟုတ်ဘဲ ခံစားချက်နဲ့ အသက်ရှင်နေတဲ့သူတွေပဲ မဟုတ်လား ကို… ထားမှာလည်း ထားမလိုချင်ရင် ငြင်းဆန်နိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ထားခံယူတယ်လေ… ”

“ကို တောင်းပန်ပါတယ်။”

“ဘာအတွက်လဲ ကို။ ကို ဘာလုပ်ခဲ့ လုပ်ခဲ့ ထား ခွင့်လွှတ်တယ်လို့ ပြောပြီးသားပါ။ ထား ဘက်က မပေးနိုင်တာကို ပေးနိုင်တဲ့လူရှိလို့ ကို သွားယူတယ်လို့ပဲ ထားခံယူပါတယ်။ ထား အပေါ်သည်းခံပြီး ကွာရှင်းခွင့် မတောင်းခဲ့တာကိုပဲ ထား ကျေးဇူးတင်ပါတယ်။”

“မဟုတ်ဘူး ထား။ ကို တောင်းပန်တာ ထား အပေါ် အရုပ်တစ်ရုပ်လို ဆက်ဆံမိခဲ့လို့ပါ။”

“ရပါတယ် ကိုရယ်။ ပြီးခဲ့တာတွေ ပြီးပါစေတော့။”

အရာအားလုံးကို ခွင့်လွှတ်ပေးနေသော၊ ခွင့်လွှတ်ပေးနိုင်သော ထားကို ကြည့်ရင်း သူ နောင်တတို့ ပိုပို ဖိစီးလာခဲ့သည်။ ထားကဲ့သို့သော ဇနီးမျိုးသည် သူ့အတွက် တန်ဖိုးမဖြတ်နိုင်ဆိုသည်ကို နောက်ကျမှ သိခဲ့ရသော သူ့ကိုယ်သူလည်း ခွင့်မလွှတ်နိုင်… သို့သော်…

Moe (YUFL)

No Comments Yet

Comments are closed