ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း -၁၀)

လက္ထပ္ၿပီးၿပီးခ်င္း ကေလးတန္းယူတတ္ၾကေသာ စံုတြဲေတြကို ျမင္လွ်င္လည္း သူ နားမလည္ႏုိင္

ဒီေန႔တစ္ေနကုန္ လုပ္ရသမွ် အလုပ္အားလံုးသည္ သူ႕အတြက္ေတာ့ အကုန္လံုးလိုလို လုပ္ၿပီးသားေတြခ်ည္း ျဖစ္ေနသည္။ ထုိအတြက္ေတာ့ သူ မညည္းညဴမိ။ ထား ျပန္ေရာက္လာျခင္းအတြက္၊ သူတို႔နွစ္ေယာက္ျပန္လည္ ဆံုစည္းျခင္းရျခင္းအတြက္ ဒီေလာက္ေပးဆပ္ရတာေတာ့ သူျပန္ၿပီးေပးဆပ္ႏိုင္ပါသည္။

တစ္ေနကုန္ အလုပ္လုပ္ရျခင္းမွာ သူ ေပ်ာ္ေမြ႕ေနပါသည္။ ဌာနက လူေတြေတာင္ သူ ျပံဳးေပ်ာ္ေနျခင္းအတြက္ တစ္ခုခုထူးၿပီလားဆိုၿပီး ေမးေငါ့ကာ စေနာက္ေနၾကသည္။ သူတုိ႔ ေျပာသည့္ ထူးၿပီလားဆိုသည့္အဓိပၸါယ္မွာ ထား မွာ သူနွင့္ရသည့္ ကိုယ္ဝန္ကို လြယ္ထားရၿပီလားဆိုသည့္ သေဘာမ်ိဳးျဖစ္သည္။ ထုိသို႔ ေမးေငါ့ ေမးျမန္းျခင္းကိုေတာ့ မဟုတ္ေၾကာင္း သူျငင္းဆိုရသည္။

သူကေတာ့ ကေလးမခ်စ္တတ္သူပီပီ ကေလးလိုခ်င္စိတ္ မရွိေခ်။ လက္ထပ္ၿပီးၿပီးခ်င္း ကေလးတန္းယူတတ္ၾကေသာ စံုတြဲေတြကို ျမင္လွ်င္လည္း သူ နားမလည္ႏုိင္။ လူႀကီးေတြကေတာ့ ငယ္ရြယ္တုန္း ကေလးယူတာ ပိုအဆင္ေျပႏုိင္သည္ဟူေသာ အေၾကာင္းျပခ်က္ႏွင့္ တုိက္တြန္းၾကသည္။ သို႔ေသာ္ သူ ကေလးမလိုခ်င္။ အိမ္ေထာင္သက္ ၃ နွစ္တာ ကာလအတြင္းမွာ ကေလးယူဖို႔ အစီအစဥ္ကို မဆြဲခဲ့။ ထားကို ေမးေတာ့လည္း ထားသည္ ကို႔သေဘာပါ ဟုသာ ျပန္လည္ေျဖၾကားခဲ့သည္။

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း – ၉)

ထုိ႔ေၾကာင့္ သူတို႔တြင္ ခုခ်ိန္ထိ သားသမီးမရရွိေသးေခ်။ သားသမီးဟူသည္ အိမ္၏ ဆည္းလည္းဆိုသည္မွာ ျဖစ္ေကာင္းျဖစ္နုိင္ပါသည္။ သို႔ေသာ္ အလုပ္ အရမ္း ပင္ပန္းေနခ်ိန္မွာေတာ့ ဆူညံေအာ္ဟစ္ဂ်ီက်သံမ်ားသည္ကား သူ႕အတြက္ ေခါင္းေလာင္းႀကီး တစ္လံုး ျဖစ္နုိင္ပါသည္။

ေန႔လယ္ထမင္းစားခ်ိန္က်ေတာ့ ကိုသူႏွင့္အတူ canteen တြင္ သြားစားျဖစ္သည္။ သူ႔မွတ္ဉာဏ္အရဆိုလွ်င္ ကိုသူတစ္ေယာက္ မိုးရြာၿပီး အိုင္ေနေသာာ ေရအုိင္ေၾကာင့္ ေျခေခ်ာ္လဲေတာ့မည္။ ထုိ႔ေနာက္ ေဆးခန္းေရာက္ကာ ခြင့္ယူရမည္ျဖစ္သည္။

ထုိသုိ႔ မွတ္မိသည္ႏွင့္ တစ္ၿပိဳင္နက္ပင္ ကိုသူ႕ကို သူ ေခ်ာ္မလဲေစရန္ တားျမစ္ႏိုင္ခဲ့သည္။ အဘက ထား ေသဆံုးျခင္းကိုသာ မေျပာင္းလဲဖို႔ တားျမစ္ခဲ့ျခင္း ျဖစ္ေသာေၾကာင့္ ကိုသူ႕ကိုေတာ့ သူ ရဲရဲဝံ့ဝံ့ တားလုိက္ပါသည္။ ထုိ႔အတြက္ေတာ့ ႀကီးႀကီးမားမား ေျပာင္းလဲျခင္းမ်ိဳး မရွိနိုင္ေလာက္ပါ။

ညေန႐ံုးဆင္းခါနီးေတာ့ ဟိုတယ္တစ္ခုခုမွာ ညစာစားဖို႔ စီစဥ္လိုက္သည္။ ထုိ႔ေနာက္ ထားထံသို႔ ဖုန္းဆက္လိုက္သည္။ ထား ဘာလုပ္ေနသည္ မသိ။ ဖုန္းကို ေတာ္ေတာ္ႏွင့္ မကိုင္ေခ်။

“ဟဲလို…”

“ကို ပါ ထား…။ ထား မအားဘူးလားဟင္။”

“အားပါတယ္ ကိုရဲ႕… ထား ေရခ်ိဳးေနေတာ့ ဖုန္းသံမၾကားလိုက္ရလို႔။”

“ေၾသာ္… အဲ့ဒါဆို အဝတ္အရင္ဝတ္လုိက္ဦးေလ။ ကို ေနာက္မွ ဖုန္းျပန္ေခၚလိုက္မယ္။”

“ရပါတယ္။ ဘာမွမျဖစ္ဘူး။ ကို ေျပာစရာရွိတာသာေျပာ။”

“ေျပာစရာ ရွိတာကေတာ့ ညေနစာ မခ်က္နဲ႔ေတာ့ေနာ္။”

“ဟင္… ထား အကုန္လံုးခ်က္ၿပီးသြားၿပီ ကို ရဲ႕။”

“ခ်က္ၿပီးသြားရင္လည္း မနက္က်မွစားတာေပ့ါ။ အခု ညေနေတာ့ ကို ႐ံုးဆင္းရင္ ထား ကိုလာႀကိဳလုိက္မယ္ေနာ္။”

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း -၈)

“ဒီေန႔ ဘာေန႔မို႔လို႔လဲ။ မနက္ကလည္း ထား ကို ဘာေန႔လဲဆိုတာ ေမးၿပီး အနားမွာ ပြတ္သီးပြတ္သပ္ လာလုပ္တယ္။ အခုလည္း အျပင္မွာ ညစာသြားစားမယ္ ဆိုေတာ့ ဘာေန႔မို႔လို႔လဲ ကို။”

“ဘာေန႔မွ မဟုတ္ပါဘူး ထားရဲ႕။ ကိုတို႔ မဂၤလာေဆာင္ၿပီးတည္းက ညကို အျပင္မွာ ထြက္စားၿပီး ေအးေအးေဆးေဆး စကားမေျပာျဖစ္တာ ၾကာၿပီမလား။ အဲ့ဒါေၾကာင့္ပါ။”

“အဲ့ဒါဆိုလည္း ၿပီးတာပါပဲ ကိုရယ္…။ ထား က ကို ရာထူးမ်ား တက္ၿပီမုိ႔လို႔လား ဆိုၿပီး ဝမ္းသာေနတာ။”

“ရာထူးကေတာ့ ျဖည္းျဖည္းခ်င္းေပါ့ ထားရယ္။ ကို႔အတြက္ကေတာ့ ရရာ ေနရာမွာ တုိင္းျပည္တာဝန္ထမ္းေဆာင္ခြင့္ ရတယ္ဆိုရင္ပဲ ေက်နပ္လွပါၿပီ။”

“ဟုတ္ပါၿပီ ဘုရားစူး ႏိုင္ငံသားေကာင္းရတနာႀကီး ကိုလြင္မိုးေအာင္ရယ္။”

ထား စကားၾကားေတာ့ သူ ရယ္မိပါသည္။

“ကို ေျပာစရာကုန္ၿပီဆို ဖုန္းခ်လုိက္ေတာ့မယ္ေနာ္။ ထား အဝတ္လဲၿပီး အဆင္သင့္လုပ္ထားလိုက္မယ္။”

“အုိေကပါ ထား။ အရမ္းခ်စ္တယ္ေနာ္။”

ဖုန္းခ်ခါနီးမွာ ခ်စ္တယ္ဆိုၿပီး မေျပာျဖစ္တာ ေတာ္ေတာ္ေလးကို ၾကာခဲ့ၿပီ ျဖစ္ေသာေၾကာင့္ ထား တစ္ေယာက္ အူေၾကာင္ေၾကာင္ ျဖစ္သြားနိုင္ပါသည္။ သမီးရည္းစား ဘဝတုန္းက ၆ လေလာက္အထိသာ ထိုကဲ့သို႔ေျပာၿပီးမွ ဖုန္းခ်ျခင္းျဖစ္သည္။ ယခုေတာ့ သူ ထားကို မေပးခဲ့ႏိုင္သည္မ်ားကို ျပန္လည္ေပးဆပ္ၿပီး ထားကို ေပ်ာ္ေအာင္ထားရေတာ့မည့္ အခ်ိန္ဟုသာ သူေတြးမိေတာ့သည္။ သို႔ေသာ္… ကံၾကမၼာ၏ လွည့္စားတတ္ပံုကို သူ ေလွ်ာ့တြက္ခဲ့မိပံုေပၚသည္။

Moe (YUFL)

<<< Unicode >>>

 လက်ထပ်ပြီးပြီးချင်း ကလေးတန်းယူတတ်ကြသော စုံတွဲတွေကို မြင်လျှင်လည်း သူ နားမလည်နိုင်

ဒီနေ့တစ်နေကုန် လုပ်ရသမျှ အလုပ်အားလုံးသည် သူ့အတွက်တော့ အကုန်လုံးလိုလို လုပ်ပြီးသားတွေချည်း ဖြစ်နေသည်။ ထိုအတွက်တော့ သူ မညည်းညူမိ။ ထား ပြန်ရောက်လာခြင်းအတွက်၊ သူတို့နှစ်ယောက်ပြန်လည် ဆုံစည်းခြင်းရခြင်းအတွက် ဒီလောက်ပေးဆပ်ရတာတော့ သူပြန်ပြီးပေးဆပ်နိုင်ပါသည်။

တစ်နေကုန် အလုပ်လုပ်ရခြင်းမှာ သူ ပျော်မွေ့နေပါသည်။ ဌာနက လူတွေတောင် သူ ပြုံးပျော်နေခြင်းအတွက် တစ်ခုခုထူးပြီလားဆိုပြီး မေးငေါ့ကာ စနောက်နေကြသည်။ သူတို့ ပြောသည့် ထူးပြီလားဆိုသည့်အဓိပ္ပါယ်မှာ ထား မှာ သူနှင့်ရသည့် ကိုယ်ဝန်ကို လွယ်ထားရပြီလားဆိုသည့် သဘောမျိုးဖြစ်သည်။ ထိုသို့ မေးငေါ့ မေးမြန်းခြင်းကိုတော့ မဟုတ်ကြောင်း သူငြင်းဆိုရသည်။

သူကတော့ ကလေးမချစ်တတ်သူပီပီ ကလေးလိုချင်စိတ် မရှိချေ။ လက်ထပ်ပြီးပြီးချင်း ကလေးတန်းယူတတ်ကြသော စုံတွဲတွေကို မြင်လျှင်လည်း သူ နားမလည်နိုင်။ လူကြီးတွေကတော့ ငယ်ရွယ်တုန်း ကလေးယူတာ ပိုအဆင်ပြေနိုင်သည်ဟူသော အကြောင်းပြချက်နှင့် တိုက်တွန်းကြသည်။ သို့သော် သူ ကလေးမလိုချင်။ အိမ်ထောင်သက် ၃ နှစ်တာ ကာလအတွင်းမှာ ကလေးယူဖို့ အစီအစဉ်ကို မဆွဲခဲ့။ ထားကို မေးတော့လည်း ထားသည် ကို့သဘောပါ ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း – ၉)

ထို့ကြောင့် သူတို့တွင် ခုချိန်ထိ သားသမီးမရရှိသေးချေ။ သားသမီးဟူသည် အိမ်၏ ဆည်းလည်းဆိုသည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် အလုပ် အရမ်း ပင်ပန်းနေချိန်မှာတော့ ဆူညံအော်ဟစ်ဂျီကျသံများသည်ကား သူ့အတွက် ခေါင်းလောင်းကြီး တစ်လုံး ဖြစ်နိုင်ပါသည်။

နေ့လယ်ထမင်းစားချိန်ကျတော့ ကိုသူနှင့်အတူ canteen တွင် သွားစားဖြစ်သည်။ သူ့မှတ်ဉာဏ်အရဆိုလျှင် ကိုသူတစ်ယောက် မိုးရွာပြီး အိုင်နေသောာ ရေအိုင်ကြောင့် ခြေချော်လဲတော့မည်။ ထို့နောက် ဆေးခန်းရောက်ကာ ခွင့်ယူရမည်ဖြစ်သည်။

ထိုသို့ မှတ်မိသည်နှင့် တစ်ပြိုင်နက်ပင် ကိုသူ့ကို သူ ချော်မလဲစေရန် တားမြစ်နိုင်ခဲ့သည်။ အဘက ထား သေဆုံးခြင်းကိုသာ မပြောင်းလဲဖို့ တားမြစ်ခဲ့ခြင်း ဖြစ်သောကြောင့် ကိုသူ့ကိုတော့ သူ ရဲရဲဝံ့ဝံ့ တားလိုက်ပါသည်။ ထို့အတွက်တော့ ကြီးကြီးမားမား ပြောင်းလဲခြင်းမျိုး မရှိနိုင်လောက်ပါ။

ညနေရုံးဆင်းခါနီးတော့ ဟိုတယ်တစ်ခုခုမှာ ညစာစားဖို့ စီစဉ်လိုက်သည်။ ထို့နောက် ထားထံသို့ ဖုန်းဆက်လိုက်သည်။ ထား ဘာလုပ်နေသည် မသိ။ ဖုန်းကို တော်တော်နှင့် မကိုင်ချေ။

“ဟဲလို…”

“ကို ပါ ထား…။ ထား မအားဘူးလားဟင်။”

“အားပါတယ် ကိုရဲ့… ထား ရေချိုးနေတော့ ဖုန်းသံမကြားလိုက်ရလို့။”

“သြော်… အဲ့ဒါဆို အဝတ်အရင်ဝတ်လိုက်ဦးလေ။ ကို နောက်မှ ဖုန်းပြန်ခေါ်လိုက်မယ်။”

“ရပါတယ်။ ဘာမှမဖြစ်ဘူး။ ကို ပြောစရာရှိတာသာပြော။”

“ပြောစရာ ရှိတာကတော့ ညနေစာ မချက်နဲ့တော့နော်။”

“ဟင်… ထား အကုန်လုံးချက်ပြီးသွားပြီ ကို ရဲ့။”

“ချက်ပြီးသွားရင်လည်း မနက်ကျမှစားတာပေ့ါ။ အခု ညနေတော့ ကို ရုံးဆင်းရင် ထား ကိုလာကြိုလိုက်မယ်နော်။”

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း -၈)

“ဒီနေ့ ဘာနေ့မို့လို့လဲ။ မနက်ကလည်း ထား ကို ဘာနေ့လဲဆိုတာ မေးပြီး အနားမှာ ပွတ်သီးပွတ်သပ် လာလုပ်တယ်။ အခုလည်း အပြင်မှာ ညစာသွားစားမယ် ဆိုတော့ ဘာနေ့မို့လို့လဲ ကို။”

“ဘာနေ့မှ မဟုတ်ပါဘူး ထားရဲ့။ ကိုတို့ မင်္ဂလာဆောင်ပြီးတည်းက ညကို အပြင်မှာ ထွက်စားပြီး အေးအေးဆေးဆေး စကားမပြောဖြစ်တာ ကြာပြီမလား။ အဲ့ဒါကြောင့်ပါ။”

“အဲ့ဒါဆိုလည်း ပြီးတာပါပဲ ကိုရယ်…။ ထား က ကို ရာထူးများ တက်ပြီမို့လို့လား ဆိုပြီး ဝမ်းသာနေတာ။”

“ရာထူးကတော့ ဖြည်းဖြည်းချင်းပေါ့ ထားရယ်။ ကို့အတွက်ကတော့ ရရာ နေရာမှာ တိုင်းပြည်တာဝန်ထမ်းဆောင်ခွင့် ရတယ်ဆိုရင်ပဲ ကျေနပ်လှပါပြီ။”

“ဟုတ်ပါပြီ ဘုရားစူး နိုင်ငံသားကောင်းရတနာကြီး ကိုလွင်မိုးအောင်ရယ်။”

ထား စကားကြားတော့ သူ ရယ်မိပါသည်။

“ကို ပြောစရာကုန်ပြီဆို ဖုန်းချလိုက်တော့မယ်နော်။ ထား အဝတ်လဲပြီး အဆင်သင့်လုပ်ထားလိုက်မယ်။”

“အိုကေပါ ထား။ အရမ်းချစ်တယ်နော်။”

ဖုန်းချခါနီးမှာ ချစ်တယ်ဆိုပြီး မပြောဖြစ်တာ တော်တော်လေးကို ကြာခဲ့ပြီ ဖြစ်သောကြောင့် ထား တစ်ယောက် အူကြောင်ကြောင် ဖြစ်သွားနိုင်ပါသည်။ သမီးရည်းစား ဘဝတုန်းက ၆ လလောက်အထိသာ ထိုကဲ့သို့ပြောပြီးမှ ဖုန်းချခြင်းဖြစ်သည်။ ယခုတော့ သူ ထားကို မပေးခဲ့နိုင်သည်များကို ပြန်လည်ပေးဆပ်ပြီး ထားကို ပျော်အောင်ထားရတော့မည့် အချိန်ဟုသာ သူတွေးမိတော့သည်။ သို့သော်… ကံကြမ္မာ၏ လှည့်စားတတ်ပုံကို သူ လျှော့တွက်ခဲ့မိပုံပေါ်သည်။

Moe (YUFL)

No Comments Yet

Comments are closed