Facebook ကြီးသာမရှိတော့ရင်….

ဖေ့ဘုတ်မရှိတဲ့ကမ္ဘာမှာ အသက်မရှင်နိုင်တဲ့ယောင်းတို့ ဒါလေးတွေရှိပါသေးတယ်လို့။

မနေ့ညကတွေ့မိပါရဲ့။ ဖေ့ဘုတ်ကြီးသာမရှိတော့ရင် ဘာတွေသုံးကြမှာလဲဆိုတဲ့စစ်တမ်း။ အဲ့စစ်တမ်းကြီးတွေ့တော့ နှင်းလည်း ခေါင်းနားပန်းတွေကြီး ဘာသုံးရမလဲလို့ပြေးရှာလေရော့ ဒီ Application လေး (၃) ခုထွက်လာပါတယ်။ ဒီ (၃) ခုကိုဘာလို့ညွှန်းပေးတာလဲဆိုရင် နိုင်ငံတကာက ဆယ်လီတွေကို တိုက်ရိုက် ဆက်သွယ်လို့ရမဲ့ ဆိုရှယ်မီဒီယာတွေဖြစ်နေလို့ပါပဲ။ (လောလောဆယ်မှာလည်း ဖေ့ဘုတ်ထက်စာရင် အဲ့ဒီ ဆိုရှယ်မီဒီယာ ၃ ခုကို အနုပညာရှင်တွေ အသုံးများနေပါတယ်။)

(၁) Instagram (အင်တကာဂရမ်)

Facebook မှာအခုဆိုရင် အနုပညာရှင်တွေက အကောင့်တွေ သေချာမသုံးကြတော့ဘူးဆိုတော့ အထူးသဖြင့် ကိုယ်ချစ်တဲ့အနုပညာရှင်ရဲ့ အသစ်အသစ်တင်တာတွေကို ထက်ကြပ်မကွာလိုက်ချင်တဲ့ ယောင်းတို့အတွက် ဒီ Application လေးက လုံးဝအသုံးဝင်မှာပါ။ Instagram မှာတော့ လိုက်ခ့်တွေဘာတွေမရှိဘဲ အသည်းလေးတစ်ခုပဲ ရှိပါတယ်။ (အသည်းလိုချင်သူများ အင်စတာဂွမ်ရှိပါတယ် :P) နောက်ပြီး ကွန်မန့်ပြန်တဲ့အခါမှာလည်း @ကွန်မန့်ပေးသူနာမည် နဲ့ပြန်ရပါမယ်။ ဒီအတိုင်း စွတ်ကနဲပြန်လို့မရပါဘူး။ ပြီးတော့ ဓာတ်ပုံတွေကိုလည်း တိုက်ရိုက် Save(သိမ်း) လို့မရပါဘူးနော်။ ဆိုပေမဲ့ ကိုယ်အရမ်းကြိုက်တဲ့ အနုပညာရှင်တွေရဲ့ ဓာတ်ပုံတွေကိုတော့ စက္ကန့်မလပ် ထပ်ကြပ်မကွာလိုက်လို့ရပါတယ်။ (# လေးတွေနဲ့ ရှာမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပိုစ့်တွေကို တစ်နေရာထဲမှာတွေ့ရပါလိမ့်မယ်။)

(၂) Twitter (တွစ်တာ)

တွစ်တာကလည်း အင်စတာဂရမ်နဲ့ ပုံစံတူတူပါပဲ။ လိုက်ခ့်မရှိဘဲ အသဲလေးတွေရှိမယ်။ အဓိကက အခေါ်အဝေါ်တွေပါ။ Share လုပ်တဲ့အခါ ‘Retweet’ လို့ခေါ်ပါတယ်။ ဒါပေမဲ့ ဒီ App ကိုတော့ နိုင်ငံရေးသမားတွေလည်း သုံးကြတာမို့ နိုင်ငံရေးကို စိတ်ဝင်စားပြီး သတင်းတွေကို ထပ်ကြပ်မကွာလိုက်ချင်တဲ့ ယောင်းတို့ တွစ်တာလေးကို သုံးသင့်ပါတယ်နော်။

Related Article >>> ဆိုရှယ်မီဒီယာနွံထဲ နစ်သထက် နစ်နေပြီလား?

(၃) Wechat (ဝီချက်)

ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတွေကြီးပဲ သီးသန့်ကမ္ဘာကို တည်ဆောက်ချင်ရင်တော့ ဒီ ဝီချက်ကိုသုံးသင့်ပါတယ်နော်။ QR code ကို စကန်ဖတ် (သို့) ဖုန်းနံပါတ်နဲ့ပဲ အပ်လို့ရတာဖြစ်ပြီး ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ဘာရန်မှ မရှိဘဲ အေးအေးလူလူတည်ဆောက်လို့ရမှာပါ။ နောက်ပြီး ဝီချက်ကနေ ဘဏ်အကောင့်လည်း ဖွင့်လို့ရပါတယ်တဲ့။ တရုတ်ပြည်မှာ အသုံးများပေမဲ့ ဆိုရှယ်မီဒီယာကို သီးသီးသန့်သန့်သုံးချင်ရင်တော့ ဒီဟာလေးကို ရွေးသင့်ပါတယ်။

ဖေ့ဘုတ်ကြီး မရှိတော့ရင်လည်း ဒီလိုဒီလို တခြားသုံးလို့ရမဲ့ မီဒီယာလေးတွေရှိပါတယ်လို့။ အကောင်းဆုံးနဲ့ သတင်းတွေအစုံဆုံး နောက်မီဒီယာတစ်ခုကတော့ စာအုပ်တွေပါ။ စာဖတ်မယ်ဆိုရင်လည်း ဆိုရှယ်မီဒီယာသုံးသလိုပဲ အသိတွေရမယ်လေ။

Hnin Ei Oo ( For Her Myanmar )

No Comments Yet

Leave a Reply

Your email address will not be published.