အတွင်းခံအရောင်တွေကပြောတဲ့ ယောင်းတို့ရဲ့ စိတ်ထား

သူများသိဖို့ခက်ပေမယ့်လည်း ကိုယ့်အကြောင်းကို ပိုသိနိုင်ဖို့

Hello ယောင်းယောင်းတို့! ဒီနေ့ဘာအရောင်ဝတ်ထားလဲ?
(အင်္ကျီအရောင်မေးတာပါ) ဒါပေမယ့် ဒီအပတ်အတွက် သက်ဆိုင်တဲ့ ခေါင်းစဉ်ကတော့ အင်္ကျီမဟုတ်ဘူးကွ။ အတွင်းခံအရောင်တွေအကြောင်းလေ့လာကြမယ်။ လူတစ်ယောက်ရဲ့ အတွင်းခံအရောင်ကိုကြည့်ပြီး သူ့ရဲ့စိတ်ကိုခန့်မှန်းကြည့်ကြမယ်။ ယောင်းယောင်းတို့ အများဆုံးဝတ်ဖြစ်တဲ့ အတွင်းခံအရောင်က ယောင်းတို့အကြိုက်ဆုံးအရောင်ဖြစ်နိုင်သလို ယောင်းတို့ရဲ့ အတွေးအခေါ်တွေကိုထင်ဟပ်နိုင်ပါတယ်။

အဆင်သင့်ဖြစ်ပြီဆို ဖတ်ကြည့်ရအောင်။

(၁)ခရမ်းရောင်
ခရမ်းရောင်အတွင်းခံကြိုက်တဲ့သူတွေက စိတ်ထားနူးညံ့ပြီး စိတ်ကူးယဉ်ဆန်တယ်။ အချစ်ရေးကိုလည်း အပျော်သဘောမထားတက်သူတွေဖြစ်တယ်။
စိတ်ထိခိုက်လွယ်တဲ့သူတွေဖြစ်လို့ ခဏခဏချော့နေရမှာတော့သေချာတယ်။

(၂)အပြာရောင်
အပြာရောင်အဝတ်များတဲ့ သူတွေအတွက် အပြာနုဖြစ်ဖြစ် အရင့်ဖြစ်ဖြစ် မကောင်းတဲ့ဖွင့်ဆိုချက်မရှိပါဘူး။ အပြာရောင်ဟာ ရိုးသားမှု၊ ဝီရိယရှိမှု နဲ့ သိက္ခာရှိမှုကိုဖော်ပြတဲ့ အရောင်ဖြစ်တယ်။ အပြာရောင်အတွင်းခံချစ်သူတွေဟာ တစ်ဖက်သားရဲ့ဒဏ်ရာကို ကုစားပေးနိုင်သူတွေဖြစ်တယ်။

(၃)အစိမ်းရောင်
အစိမ်းရောင်ဝတ်တဲသူတွေက လန်းဆန်းတက်ကြွနေတက်တာများပါတယ်။

(၄)အဝါရောင်
အဝါရောင်ရင့်ရင့်တွေဟာ ပျော်ရွှင်မှုနဲ့ လတ်ဆက်မှုကိုအထူးပြုပါတယ်။ မနက်ခင်းနေရောင်ခြည်ဟာ ပျော်ရွှင်မှုတွေကိုယူလာသလို အဝါရောင်ရင့်ရင့် အတွင်းခံချစ်သူတွေကလည်း ပျော်ပျော်နေတက်သူတွေပါ။ ဒါပေမယ့် အဝါရောင်မှိုင်းမှိုင်း အတွင်းခံတွေကတော့ သတိကြီးမှု၊ စက်ဆုပ်မှု နဲ့ မနာလိုဝန်တိုမှုကို ပြသပါတယ်။

(၅)အနီရောင်
စိတ်လှုပ်ရှားမှုကိုပေးစွမ်းနိုင်ဆုံး အရောင်။ အနီရောင်အတွင်းခံ ဝတ်သူတွေဟာ ကိုယ့်မှာ ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်မှုမြင့်မားကြောင်း ဖော်ပြနိုင်သူတွေဖြစ်တယ်။ ပြီးတော့ lustနဲ့ passionပြင်းထန်သူတွေဖြစ်တယ်။
(18+ဖြစ်သွားရင် ခွင့်လွှတ်ပါလို့)

(၆)ပန်းရောင်
ချစ်စရာကောင်းတဲ့ ပန်းရောင်အတွင်းခံပိုင်ရှင်လေးကတော့ မိန်းမဆန်ပြီး သိမ်မွေ့သူလေးပေါ့။ ချစ်သူရဲ့ယုယမှုကို အချိန်ပြည့်လိုချင်သူလေးတွေပေါ့။ အသည်းနုပြီး စိတ်ကူးယဉ်ကမ္ဘာထဲမှာနေတဲ့ကောင်မလေးတွေဟာ ပန်းရောင်ကို ရွေးချယ်ကြပါတယ်။

(၇)အဖြူရောင်
အပျိုစင်ရဲ့သင်္ကေတကို ကိုယ်စားပြုတာအဖြူရောင်ပါ။ အဖြူရောင်အဝတ်များတဲ့သူတွေက ပွင့်လင်းပြီး သင်ယူလိုစိတ်ရှိသူတွေဖြစ်တယ်။ သူများရဲ့အကြံပေးချက်တွေကိုလည်း ဂရုတစိုက်နားထောင်တက်သူတွေဖြစ်တယ်။

(၈)အမဲရောင်
အမဲရောင်ကတော့ အကောင်း၊ အဆိုးအတူတူတွဲနေတဲ့အရောင်ပေါ့။ အမဲရောင်အတွင်းခံဟာ လူကိုဆွဲဆောင်မှုရှိရှိလှပစေတာတော့အမှန်။ အမဲရောင်အတွင်းခံ ချစ်သူတွေဟာ ဆွဲဆောင်မှုရှိတယ်၊ လျို့ဝှက်ချက်များတယ်။

(၉) လိမ္မော်ရောင်
လိမ္မော်ရောင်အတွင်းခံပိုင်ရှင်းလေတွေက ဥာဏ်အမျှော်အမြင်ရှိသူလေးတွေဖြစ်တယ်။ တီထွင်နိုင်စွမ်းရှိပြီး အောင်မြင်တဲ့သူတွေပေါ့။ (ဒါမှမဟုတ်လည်း အောင်မြင်လာမယ့်သူတွေပေါ့)

(၁၀)ရောင်စုံ
ရောင်စုံအတွင်းခံလေးတွေကြိုက်တဲ့သူတွေကတော့ ချစ်မွေးပါတဲ့သူတွေပါ။ ကိုယ်နဲ့ခုမှစသိတဲ့ တစိမ်းတစ်ယောက်ကို တစ်စက္ကန့်အတွင်းမှာ ကိုယ့်ကိုချစ်လာအောင် ဆွဲဆောင်နိုင်သူလေးတွေပေါ့။

(၁၁)အသားရောင်
အသားရောင်ဟာ သဘာဝနဲ့တသားတည်းကျနေတာကို ကိုယ်စားပြုတဲ့အရောင်ဖြစ်တယ်။
အသားရောင်ကြိုက်တဲ့သူတွေက မလိုအပ်ဘဲ သူများတွေဆီက အာရုံစိုက်ခံရတာကိုမကြိုက်သူတွေဖြစ်တယ်။ ကိုယ့်ကို လူသိမခံချင်သူတွေဖြစ်တယ်။ ဒါပေမယ့် တစ်ဖက်သား ယုံကြည် အားကိုနိုင်လောက်တဲ့သူတွေဖြစ်တယ်။

ယောင်းတို့ဝတ်တဲ့အတွင်းခံအရောင်ရဲ့အဓိပ္ပါလေးတွေကို သိပြီဟုတ်? သူငယ်ချင်းတွေကိုလည်း ပြောပြဖို့မမေ့နဲ့နော်။

Stay Pretty!
Rin(For Her Myanmar)
Reference Link >>> http://positivemed.com/2014/09/02/underwear-color-say/

No Comments Yet

Comments are closed