Horror

Exorcist ရုပ္ရွင္ ရဲ႕ ေၾကာက္စရာ တကယ့္ ျဖစ္ရပ္မွန္

ေရးရင္းၾကက္သီးေတြ ထလိုက္တာေနာ္…

အခ်ိန္ကာလ က ၁၉၄၉ ဝန္းက်င္။ အေမရိကန္ႏိုင္ငံ က ၿမိဳ႕ငယ္တစ္ခုမွာမိသားစု တစ္ခု႐ွိခဲ့ၿပီး သူတုိ႔မွာ ဆယ့္သံုးႏွစ္အ႐ြယ္ ႐ိုဘီ (ေရာ္နယ္လ္ဒ္၊ ရိုလန္ဒိုး စတဲ့ နာမည္ေတြလည္း ရွိပါတယ္။ ကာယကံရွင္က အမည္လႊဲခိုင္းထားတာမို႔ နာမည္အရင္းကို ေဖာ္ျပထားတာမ်ိဳး မရွိပါဘူး။) လို႔ေခၚတဲ့ သားတစ္ေယာက္႐ွိပါတယ္။

သူတို႔မိသားစုဟာ ၾကမၼာဆိုးမဝင္ခင္ အခ်ိန္အထိေတာ့ သာမန္မိသားစုေလးပဲေပါ့။ ဒီျဖစ္ရပ္ေတြရဲ႕ အစက ႐ိုဘီေလးရဲ႕ အန္တီ ဟာရီယက္ ကြယ္လြန္သြားရာက စပါတယ္။ ႐ိုဘီဟာ သူ႔ အန္တီကို သိပ္ခ်စ္ေတာ့ ေျဖမဆည္ႏိုင္ေအာင္ ျဖစ္ခဲ့႐ွာတာပါ။

အန္တီ ဟာရီယက္ က ႐ိုဘီကို သင္ေပးခဲ့တာေတြအမ်ားႀကီးပါ။ အဲဒီထဲမွာ ကြယ္လြန္သူဝိဉာဥ္ေတြကို ဆက္သြယ္လုိ႔ရတဲ့ ပစၥည္း (Ouija) ကို အသံုးျပဳပံုလည္း ပါပါတယ္။ ႐ိုဘီဟာ အန္တီ ဟာရီယက္ ေသဆံုးၿပီးတဲ့ေနာက္ Ouija ကို သံုးၿပီး သူ႔အန္တီကို ဆက္သြယ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ သူ႔မိဘေတြကလည္း ဘာမွ မျဖစ္ေလာက္ဘူးထင္လုိ႔ ဒီလုိ လုပ္ခြင့္ျပဳခဲ့ပါတယ္။

Related Article >>> ႐ုပ္႐ွင္ကားေတြ နမူနာယူ႐ိုက္ကူးခံရတဲ့ စိတၱဇလူသတ္သမား အက္ဒ္ဂိန္း

ျဖစ္ခ်င္ေတာ့ ႐ိုဘီဟာ သူ႔အန္တီမဟုတ္တဲ့ တျခားဆိုးဝါးတဲ့ နာနာဘာဝ တစ္ေကာင္နဲ႔ ဆက္သြယ္လိုက္မိပံုပါပဲ။ ဒီအခ်ိန္ကေနစလို႔ သူတုိ႔အိမ္မွာ ထူးျခားတဲ့ ေျပာင္းလဲမႈေတြ ဆက္တိုက္ ျဖစ္လာပါေတာ့တယ္။ ည ဆိုရင္ ခန္းနံရံေတြထဲက ကုတ္ျခစ္သံေတြ ၾကားၾကရတယ္။ ေရပိုက္ေတြ၊ နံရံေတြထဲက ေရေတြ အလိုလို စိမ့္က်လာတယ္။ ပစၥည္းေတြ အလိုလို ေ႐ြ႕သြားတာ၊ ဘယ္သူလုပ္မွန္းမသိဘဲ အိမ္ထဲက လူေတြကို ပစၥည္းေတြနဲ႔ ပစ္ေပါက္ခံရတာေတြ ျဖစ္လာေတာ့တာပါပဲ။

အဆိုးဆံုးကေတာ့ ႐ိုဘီပါ။ ညေရာက္ရင္ သူဟာ ေၾကာက္စရာ အသံႀကီးေတြနဲ႔ ေအာ္ဟစ္တတ္ပါတယ္။ အိမ္ထဲမွာ ေျခာက္လွန္႔မႈေတြက တစ္စတစ္စ ပိုျပင္းထန္လာသလို ႐ိုဘီ ရဲ႕ အေျခအေနကလည္း တစ္စတစ္စ ပိုပိုဆိုးလာတာပါပဲ။

Exorcist ႐ုပ္႐ွင္ထဲက ဇာတ္ဝင္ခန္းပံု

ေက်ာင္းမွာဆုိ သူထိုင္တဲ့ခံုက လႈပ္ခါရမ္းၿပီး ႐ိုဘီကို ေႏွာင့္ယွက္တယ္။ သူ႔ပစၥည္းေတြကို တစ္ေယာက္ေယာက္က ဆြဲလႊင့္ပစ္သလိုျဖစ္တယ္။ ညအိပ္ရာဝင္တဲ့အခါ သူ႔အိပ္ရာကို လႈပ္ခါရမ္းပစ္လို႔ ေကာင္းေကာင္းအိပ္မရတာေတြ ျဖစ္လာတယ္။ အမ်ိဳးစံုပါပဲ။

အေျခအေနအရမ္းဆိုးလာေတာ့ ႐ိုဘီ ရဲ႕ မိဘေတြလည္း မေနသာေတာ့ဘဲ ဘုရားေက်ာင္းတစ္ခုကို ဆက္သြယ္လို႔ သူတို႔ကို ကူညီေပးဖို႔ ေတာင္းဆိုရပါေတာ့တယ္။ ဘုန္းႀကီးေတြဟာ ႐ိုဘီကို ကူညီေပးဖုိ႔ လက္ခံၿပီး စတင္စစ္ေဆးပါတယ္။

ဒီေနာက္ေတာ့ ႐ိုဘီကို မေကာင္းတဲ့ မိစာၦဝိဉာဥ္ပူးကပ္ေနတယ္ဆုိတာ ဘုန္းႀကီးေတြ သိလုိက္ရတဲ့အတြက္ နတ္ဆိုးႏွင္ဖို႔ ႀကိဳးစားရပါေတာ့တယ္။ ဒီလို ႏွိမ္နင္းရတာ လြယ္ကူတဲ့အလုပ္ေတာ့မဟုတ္ပါဘူး။ နတ္ဆိုးကို ႏွင္ဖုိ႔ႀကိဳးစားေလေလ နတ္ဆိုးက ပိုၿပီး ဆိုးရြားၾကမ္းတမ္းလာေလေလပါပဲ။

ဘုန္းႀကီးေတြကို တိုက္ခုိက္တဲ့အတြက္ ဘုန္းႀကီးေတြမွာ ကုတ္ျခစ္ရာေတြ၊ ဒဏ္ရာေတြ အလိုလိုေပၚလာခဲ့ပါတယ္။ ပါးစပ္နဲ႔လည္း ဘုန္းႀကီးေတြကို ေစာ္ကားေလွာင္ေျပာင္ျခင္းေတြ အမ်ားႀကီး လုပ္ခဲ့ပါတယ္။

႐ိုဘီရဲ႕ ခႏၶာကိုယ္မွာလည္း ကုတ္ျခစ္ရာေတြ၊ အညိဳအမည္းေတြ ေပၚလာသလို စာသားေတြ ခႏၶာကိုယ္ေပၚကို ကုတ္ျခစ္ထားတာလည္း ေတြ႕ရျပန္ပါတယ္။ အဲဒီစာသားေတြထဲမွာ ကယ္ၾကပါလုိ႔ ေရးထားတဲ့ စာလည္း ပါဝင္ပါတယ္။ ရိုဘီ က ဘုန္းႀကီးတစ္ပါးကို တုိက္ခုိက္ခဲ့ၿပီး ဘုန္းႀကီးရဲ႕ လက္ကို ခ်ိဳးဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။

Related Article >>> ေခတ္အဆက္ဆက္ သရဲရုပ္ရွင္ေတြ ရိုက္ကူးခံရတဲ့ အိမ္ႀကီးတစ္လံုးအေၾကာင္း

ဒီလုိနဲ႔ ႐ိုဘီ့ကို နတ္ဆိုးႏွင္ျခင္းက တစ္စတစ္စ ပိုၾကာျမင့္လာခဲ့ၿပီး လ နဲ႔ ခ်ီလာခဲ့ပါတယ္။ ဘုန္းႀကီးေတြကေတာ့ လက္မေလွ်ာ့ခဲ့ပါဘူး။ ေနာက္ဆံုးမွာေတာ့ ဘုန္းႀကီးေတြက ေကာင္းကင္တမန္ စိန္႔မိုက္ကယ္ ကို ဆင့္ေခၚကာ မိစာၦနတ္ဆိုးကို ႏွင္ခဲ့ပါတယ္။

ဒီလိုလုပ္တဲ့အခါ အမွတ္အသား စာလံုးအသစ္ေတြ ႐ိုဘီ ရဲ႕ ကိုယ္မွာ ေပၚလာခဲ့ပါတယ္။ အဲဒီစကားလံုးေတြက နတ္ဆိုး ၊ ငရဲ ၊ မိစာၦ စတဲ့ စာလံုးေတြပါ။ အဲဒီလို ေပၚလာၿပီးေနာက္ေတာ့ နတ္ဆိုးဟာ ႐ိုဘီရဲ႕ ခႏၶာကိုယ္ကို ထာဝရ စြန္႔ခြာသြားပါေတာ့တယ္။ ႐ိုဘီ ကေတာ့ မိစာၦနတ္ဆိုး ထြက္ခြာသြားတဲ့ အခ်ိန္က စလို႔ အဲဒီကိစၥေတြကို လံုးဝမမွတ္မိေတာ့ပါဘူး။ အဲဒီေနာက္ သူဟာ သာမန္လူသားတစ္ေယာက္အေနနဲ႔ သူ႔ဘဝကို ေအးခ်မ္းစြာျဖတ္သန္းခဲ့ပါတယ္။

႐ိုဘီရဲ႕ ဒီအေၾကာင္းကို စာေရးဆရာတစ္ဦးက EXORCIST (မိစာၦႏွင္ျခင္း) ဆိုတဲ့ အမည္နဲ႔ စာအုပ္ေရးသားထုတ္ေဝခဲ့ရာမွာ အထူးေအာင္ျမင္ခဲ့ပါတယ္။ ႐ုပ္႐ွင္အျဖစ္ ႐ိုက္ကူးခဲ့ရာမွာလည္း ေအာင္ျမင္ခဲ့တဲ့ ဇာတ္လမ္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။ ျဖစ္ရပ္မွန္နဲ႔ ကြက္တိႀကီး တူေနတာမ်ိဳးေတာ့ မဟုတ္ဘူးေပါ့ ေယာင္းတုိ႔ရယ္.. ဇာတ္လမ္းကို ၾကည့္ေကာင္းေအာင္၊ ဖတ္ေကာင္းေအာင္ ျပဳျပင္ထားတာေတြေတာ့ ရွိတာေပါ့…

ဒါကေတာ့ မိစာၦနတ္ဆိုးပူးကပ္ျခင္းခံရတဲ့ ႐ိုဘီ ဆိုတဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္းပါပဲ ေယာင္းေရ။ တကယ္လုိ႔မ်ား ကိုယ္ကိုယ္တုိင္ ပူးကပ္ခံရမယ္ဆို အေတာ္ေၾကာက္ဖုိ႔ ေကာင္းမွာပဲေနာ္။ ေယာင္းတို႔ေရာ ဒီလိုအျဖစ္မ်ိဳးႀကံဳဖူးသလားဆိုတာ ေျပာျပခဲ့ပါဦး။

Sugar Cane (For Her Myanmar)

References : hellystarallthatsinteresting

<<< Unicode >>>

ရေးရင်းကြက်သီးတွေ ထလိုက်တာနော်…

အချိန်ကာလ က ၁၉၄၉ ဝန်းကျင်။ အမေရိကန်နိုင်ငံ က မြို့ငယ်တစ်ခုမှာမိသားစု တစ်ခုရှိခဲ့ပြီး သူတို့မှာ ဆယ့်သုံးနှစ်အရွယ် ရိုဘီ (ရော်နယ်လ်ဒ်၊ ရိုလန်ဒိုး စတဲ့ နာမည်တွေလည်း ရှိပါတယ်။ ကာယကံရှင်က အမည်လွှဲခိုင်းထားတာမို့ နာမည်အရင်းကို ဖော်ပြထားတာမျိုး မရှိပါဘူး။) လို့ခေါ်တဲ့ သားတစ်ယောက်ရှိပါတယ်။

သူတို့မိသားစုဟာ ကြမ္မာဆိုးမဝင်ခင် အချိန်အထိတော့ သာမန်မိသားစုလေးပဲပေါ့။ ဒီဖြစ်ရပ်တွေရဲ့ အစက ရိုဘီလေးရဲ့ အန်တီ ဟာရီယက် ကွယ်လွန်သွားရာက စပါတယ်။ ရိုဘီဟာ သူ့ အန်တီကို သိပ်ချစ်တော့ ဖြေမဆည်နိုင်အောင် ဖြစ်ခဲ့ရှာတာပါ။

အန်တီ ဟာရီယက် က ရိုဘီကို သင်ပေးခဲ့တာတွေအများကြီးပါ။ အဲဒီထဲမှာ ကွယ်လွန်သူဝိဉာဉ်တွေကို ဆက်သွယ်လို့ရတဲ့ ပစ္စည်း (Ouija) ကို အသုံးပြုပုံလည်း ပါပါတယ်။ ရိုဘီဟာ အန်တီ ဟာရီယက် သေဆုံးပြီးတဲ့နောက် Ouija ကို သုံးပြီး သူ့အန်တီကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ့မိဘတွေကလည်း ဘာမှ မဖြစ်လောက်ဘူးထင်လို့ ဒီလို လုပ်ခွင့်ပြုခဲ့ပါတယ်။

Related Article >>> ရုပ်ရှင်ကားတွေ နမူနာယူရိုက်ကူးခံရတဲ့ စိတ္တဇလူသတ်သမား အက်ဒ်ဂိန်း

ဖြစ်ချင်တော့ ရိုဘီဟာ သူ့အန်တီမဟုတ်တဲ့ တခြားဆိုးဝါးတဲ့ နာနာဘာဝ တစ်ကောင်နဲ့ ဆက်သွယ်လိုက်မိပုံပါပဲ။ ဒီအချိန်ကနေစလို့ သူတို့အိမ်မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဆက်တိုက် ဖြစ်လာပါတော့တယ်။ ည ဆိုရင် ခန်းနံရံတွေထဲက ကုတ်ခြစ်သံတွေ ကြားကြရတယ်။ ရေပိုက်တွေ၊ နံရံတွေထဲက ရေတွေ အလိုလို စိမ့်ကျလာတယ်။ ပစ္စည်းတွေ အလိုလို ရွေ့သွားတာ၊ ဘယ်သူလုပ်မှန်းမသိဘဲ အိမ်ထဲက လူတွေကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ခံရတာတွေ ဖြစ်လာတော့တာပါပဲ။

အဆိုးဆုံးကတော့ ရိုဘီပါ။ ညရောက်ရင် သူဟာ ကြောက်စရာ အသံကြီးတွေနဲ့ အော်ဟစ်တတ်ပါတယ်။ အိမ်ထဲမှာ ခြောက်လှန့်မှုတွေက တစ်စတစ်စ ပိုပြင်းထန်လာသလို ရိုဘီ ရဲ့ အခြေအနေကလည်း တစ်စတစ်စ ပိုပိုဆိုးလာတာပါပဲ။


Exorcist ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းပုံ
ကျောင်းမှာဆို သူထိုင်တဲ့ခုံက လှုပ်ခါရမ်းပြီး ရိုဘီကို နှောင့်ယှက်တယ်။ သူ့ပစ္စည်းတွေကို တစ်ယောက်ယောက်က ဆွဲလွှင့်ပစ်သလိုဖြစ်တယ်။ ညအိပ်ရာဝင်တဲ့အခါ သူ့အိပ်ရာကို လှုပ်ခါရမ်းပစ်လို့ ကောင်းကောင်းအိပ်မရတာတွေ ဖြစ်လာတယ်။ အမျိုးစုံပါပဲ။

အခြေအနေအရမ်းဆိုးလာတော့ ရိုဘီ ရဲ့ မိဘတွေလည်း မနေသာတော့ဘဲ ဘုရားကျောင်းတစ်ခုကို ဆက်သွယ်လို့ သူတို့ကို ကူညီပေးဖို့ တောင်းဆိုရပါတော့တယ်။ ဘုန်းကြီးတွေဟာ ရိုဘီကို ကူညီပေးဖို့ လက်ခံပြီး စတင်စစ်ဆေးပါတယ်။

ဒီနောက်တော့ ရိုဘီကို မကောင်းတဲ့ မိစ္ဆာဝိဉာဉ်ပူးကပ်နေတယ်ဆိုတာ ဘုန်းကြီးတွေ သိလိုက်ရတဲ့အတွက် နတ်ဆိုးနှင်ဖို့ ကြိုးစားရပါတော့တယ်။ ဒီလို နှိမ်နင်းရတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ နတ်ဆိုးကို နှင်ဖို့ကြိုးစားလေလေ နတ်ဆိုးက ပိုပြီး ဆိုးရွားကြမ်းတမ်းလာလေလေပါပဲ။

ဘုန်းကြီးတွေကို တိုက်ခိုက်တဲ့အတွက် ဘုန်းကြီးတွေမှာ ကုတ်ခြစ်ရာတွေ၊ ဒဏ်ရာတွေ အလိုလိုပေါ်လာခဲ့ပါတယ်။ ပါးစပ်နဲ့လည်း ဘုန်းကြီးတွေကို စော်ကားလှောင်ပြောင်ခြင်းတွေ အများကြီး လုပ်ခဲ့ပါတယ်။

ရိုဘီရဲ့ ခန္ဓာကိုယ်မှာလည်း ကုတ်ခြစ်ရာတွေ၊ အညိုအမည်းတွေ ပေါ်လာသလို စာသားတွေ ခန္ဓာကိုယ်ပေါ်ကို ကုတ်ခြစ်ထားတာလည်း တွေ့ရပြန်ပါတယ်။ အဲဒီစာသားတွေထဲမှာ ကယ်ကြပါလို့ ရေးထားတဲ့ စာလည်း ပါဝင်ပါတယ်။ ရိုဘီ က ဘုန်းကြီးတစ်ပါးကို တိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးရဲ့ လက်ကို ချိုးဖို့ ကြိုးစားခဲ့ပါသေးတယ်။

Related Article >>> ခေတ်အဆက်ဆက် သရဲရုပ်ရှင်တွေ ရိုက်ကူးခံရတဲ့ အိမ်ကြီးတစ်လုံးအကြောင်း

ဒီလိုနဲ့ ရိုဘီ့ကို နတ်ဆိုးနှင်ခြင်းက တစ်စတစ်စ ပိုကြာမြင့်လာခဲ့ပြီး လ နဲ့ ချီလာခဲ့ပါတယ်။ ဘုန်းကြီးတွေကတော့ လက်မလျှော့ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဘုန်းကြီးတွေက ကောင်းကင်တမန် စိန့်မိုက်ကယ် ကို ဆင့်ခေါ်ကာ မိစ္ဆာနတ်ဆိုးကို နှင်ခဲ့ပါတယ်။

ဒီလိုလုပ်တဲ့အခါ အမှတ်အသား စာလုံးအသစ်တွေ ရိုဘီ ရဲ့ ကိုယ်မှာ ပေါ်လာခဲ့ပါတယ်။ အဲဒီစကားလုံးတွေက နတ်ဆိုး ၊ ငရဲ ၊ မိစ္ဆာ စတဲ့ စာလုံးတွေပါ။ အဲဒီလို ပေါ်လာပြီးနောက်တော့ နတ်ဆိုးဟာ ရိုဘီရဲ့ ခန္ဓာကိုယ်ကို ထာဝရ စွန့်ခွာသွားပါတော့တယ်။ ရိုဘီ ကတော့ မိစ္ဆာနတ်ဆိုး ထွက်ခွာသွားတဲ့ အချိန်က စလို့ အဲဒီကိစ္စတွေကို လုံးဝမမှတ်မိတော့ပါဘူး။ အဲဒီနောက် သူဟာ သာမန်လူသားတစ်ယောက်အနေနဲ့ သူ့ဘဝကို အေးချမ်းစွာဖြတ်သန်းခဲ့ပါတယ်။

ရိုဘီရဲ့ ဒီအကြောင်းကို စာရေးဆရာတစ်ဦးက EXORCIST (မိစ္ဆာနှင်ခြင်း) ဆိုတဲ့ အမည်နဲ့ စာအုပ်ရေးသားထုတ်ဝေခဲ့ရာမှာ အထူးအောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရာမှာလည်း အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဖြစ်ရပ်မှန်နဲ့ ကွက်တိကြီး တူနေတာမျိုးတော့ မဟုတ်ဘူးပေါ့ ယောင်းတို့ရယ်.. ဇာတ်လမ်းကို ကြည့်ကောင်းအောင်၊ ဖတ်ကောင်းအောင် ပြုပြင်ထားတာတွေတော့ ရှိတာပေါ့…

ဒါကတော့ မိစ္ဆာနတ်ဆိုးပူးကပ်ခြင်းခံရတဲ့ ရိုဘီ ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါပဲ ယောင်းရေ။ တကယ်လို့များ ကိုယ်ကိုယ်တိုင် ပူးကပ်ခံရမယ်ဆို အတော်ကြောက်ဖို့ ကောင်းမှာပဲနော်။ ယောင်းတို့ရော ဒီလိုအဖြစ်မျိုးကြုံဖူးသလားဆိုတာ ပြောပြခဲ့ပါဦး။

Sugar Cane (For Her Myanmar)

References : hellystarallthatsinteresting

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *