Horror

ႏွစ္တစ္ရာ သရဲႀကီးရဲ႕ ဒုကၡ

သရဲႀကီး ဘာေၾကာင့္ ဒုကၡေရာက္ေနပါလိမ့္

က်ဳပ္ဘဝမွာ ဘယ္တုန္းကမွ ဒီေလာက္ မခံစားခဲ့ရဖူးဘူး။

က်ဳပ္ကို ေစာ္ကားေနသလုိ ခံစားရတယ္ဗ်ာ။

က်ဳပ္ ဒီအိမ္မွာ ေနလာတာ ၾကာလွပါၿပီ။

ၾကာဆို ႏွစ္ေပါင္းတစ္ရာ့ငါးဆယ္နီးပါးေပါ့။ ဒီအိမ္ႀကီးသက္တမ္းနဲ႔ အတူတူပါပဲ။ ဒီအိမ္ႀကီးေပၚမွာပဲ က်ဳပ္ကိုေမြးတယ္။ ဒီအိမ္ႀကီးေပၚမွာပဲ က်ဳပ္ေသသြားတယ္။ ေသတာကလည္း အိမ္ႀကီးကိုလာခိုးတဲ့ သူခိုးေတြ သတ္လို႔ေသခဲ့ရတာ။

ဘာပဲဆိုဆုိ ဒီအိမ္ႀကီးကို က်ဳပ္ခ်စ္တယ္။ က်ဳပ္ကလြဲရင္ တျခားဘယ္သူမွ လာေနတာမ်ိဳးကို မႀကိဳက္ဘူး။ ဒါေၾကာင့္ပဲ ဒီအိမ္ႀကီးေပၚေရာက္လာသမွ်လူအားလံုးကို ေျခာက္လွန္႔လႊတ္လိုက္တာေလ။ သူတို႔လည္း ၾကာၾကာမေနႏိုင္ဘူး။ ေျပးတာပဲ။

က်ဳပ္တစ္ေယာက္တည္း ဒီအိမ္ႀကီးေပၚ မင္းမူလာတာၾကာခဲ့ၿပီေလ။ က်ဳပ္ရဲ႕ သားစဥ္ေျမးဆက္ေတြကေတာ့ ဒီအိမ္ႀကီးကို ထိန္းသိမ္းထားပါတယ္။ သူတုိ႔ကေတာ့ မေနဘူးေလ။ သူတို႔သာ ေနမယ္ဆုိ က်ဳပ္က ၾကည္ျဖဴပါတယ္။

ဒါေပမဲ့ သူတို႔က ၿမိဳ႕ႀကီးျပႀကီးနဲ႔ ႏိုင္ငံျခားမွာပဲေနၿပီး ဒီအိမ္ႀကီးကို လူငွားေတြ ထားတာေလ။ ဒါကိုပဲ က်ဳပ္မွာ မေက်နပ္လို႔ သူတို႔မေနႏိုင္ေအာင္ ေျခာက္လႊတ္ေနတာေပါ့။

Related Article >>> အထာက်က် သရဲေျခာက္ၾကမယ္

ဒါေပမဲ့ဗ်ာ က်ဳပ္ အေစာ္ကားခံေနရတယ္။ ဒီကိစၥျဖစ္ၿပီးကတည္းက ရပ္ကြက္ထဲက သရဲေတြက က်ဳပ္ကို ေလွာင္ေျပာင္တာ ခံေနရတယ္။

ႏွစ္တစ္ရာ သက္တမ္းၾကာတဲ့ သရဲႀကီးျဖစ္ၿပီး ေကာင္မေလးတစ္ေယာက္ကို ေၾကာက္ေအာင္မေျခာက္ႏုိင္လို႔တဲ့။ ေျပာရဦးမယ္ အဲ့ဒီေကာင္မေလးအေၾကာင္း .. သူဒီအိမ္ေပၚေရာက္လာတာကေတာ့ ငါးလေလာက္ပဲ႐ွိပါေသးတယ္။ တျခားသူေတြက ဒီအိမ္ႀကီးမွာ သရဲေျခာက္တယ္ဆုိေတာ့ သူက မခိုးမခန္႔နဲ႔ သရဲဆိုတာ တကယ္မ႐ွိပါဘူး လို႔ ေျပာေသးတာ။

အဲဒီတုန္းကေတာ့ က်ဳပ္က “နင္ေတာ့ ေနႏွင့္ဦး ေသးျဖန္းျဖန္းက်ေအာင္ေျခာက္လႊတ္မယ္”လုိ႔ ေတးထားတာပဲ။ ဒါေပမဲ့ က်ဳပ္ တက္တက္စင္ေအာင္ လြဲတာပဲဗ်ိဳ႕။

ေကာင္မေလးေျပာတာေတာ့ အဟုတ္ပဲ သူ႔အတြက္ သရဲဆိုတာ တကယ္မ႐ွိဘူး ဆုိတာေလ။ ဘယ္႐ွိမလဲ သူက ျမင္မွ မျမင္ရတာ။ ဒင္း မ်က္ႏွာေပၚက ပုလင္းဖင္ေလာက္႐ွိတဲ့ မ်က္မွန္ႀကီးျမင္ကတည္းက က်ဳပ္သိသင့္ပါတယ္ေလ။

သူ႔ မ်က္မွန္မပါရင္ သူက ဘာမွမျမင္ရဘူးဗ်။ ညည ဆို သူက မ်က္မွန္ခၽြတ္ထားတာ။ ဒီေတာ့ က်ဳပ္ဘယ္ေလာက္ေျခာက္ေျခာက္ သူမျမင္ရဘူးေလ။

သူက သူ႔ဟာသူ အမွတ္အသားလုပ္ထားေတာ့ ည ဆို မ်က္မွန္မတပ္ထားလည္း အဆင္ေျပေနတာ။ ညဘက္ အိမ္သာသြားလည္း စမ္းစမ္း စမ္းစမ္း နဲ႔ သြားေနတာ အဟုတ္။ က်ဳပ္က သူ႔ေရွ႕ ျပဴးျပ ၿပဲျပ အစြယ္ႀကီးေတြထုတ္ျပ လွ်ာႀကီး အလ်ားလုိက္ထုတ္ျပ အလကားပဲ။

မျမင္ရလုိ႔ အသံနဲ႔ ေျခာက္ၾကည့္ပါေသးတယ္။ လက္ေအးႀကီးနဲ႔ ထိတာ၊ ေစာင္ေတြ ဆြဲခ်တာ ဘာညာလည္း လုပ္ၾကည့္ေသးတယ္။ ဒင္းက ကာလနဂါးေလာက္ နီးနီး အအိပ္ႀကီး ျပန္ေတာ့ ဘာသံၾကားၾကား၊ ဘာလုပ္လုပ္ မႏိုးဘူးေလ။

အံ့ပါ့ဗ်ာ.. ဒါေလာက္ အအိပ္ႀကီးတာ မႀကံဳဖူးေပါင္… ဒင္းေတာ့ လက္ဖ်ားခါတယ္။ အခုဆို သူ အိမ္မွာေရာက္ေနတာ ငါးလ ေလာက္႐ွိသြားၿပီ။ က်ဳပ္ ဘာမွ မလုပ္ႏိုင္ေသးဘူး။ အဲ့ဒါေၾကာင့္ ေစာ္ကားေနသလုိ ခံစားရတာေပါ့ဗ်ာ။

မျဖစ္ဘူး ဒင္းကို တစ္နည္းနည္းနဲ႔ ရေအာင္ေျခာက္ရမယ္။ သရဲ သိကၡာအက်မခံႏိုင္ဘူး။ က်ဳပ္ ႏွစ္တစ္ရာသရဲေလ ဂုဏ္ပုဒ္က မနည္းဘူးဗ်…

Related Article >>> သရဲေၾကာက္တဲ့သူငယ္ခ်င္းကို သရဲကားၾကည့္ဖုိ႔ ဘယ္လို ဆြဲေဆာင္မလဲ?

တစ္ရက္ေတာ့ အၾကံဉာဏ္တစ္ခုရသြားတယ္။ အဲ့ဒီအတုိင္း အေကာင္အထည္ေဖာ္ရမယ္။

…….

ညဆယ့္ႏွစ္နာရီေလာက္ ႐ွဴးေပါက္ခ်င္လာတာနဲ႔ ထသြားလုိက္တယ္။ ကိစၥၿပီးေတာ့ ေစာင္ျခံဳထဲ ျပန္ေကြးမလုိ႔ပါပဲ။ ဒါေပမဲ့ မေကြးႏိုင္ခင္ ဖုန္းျမည္လာတာနဲ႔ပဲ ေကာက္ကိုင္လုိက္တယ္။ ဘယ္သူေခၚလဲေတာ့မသိ မ်က္မွန္တပ္မထားေတာ့ မျမင္ရဘူးေလ။

“ဟဲလို”

“မ ေနျခည္လားဟင္ ကၽြန္ေတာ္ မင္းသူ ပါ”

ဟယ္ တို႔ Crush ေနတဲ့ လမ္းထဲက ေကာင္ေလးပါလား။

“အစ္မကို ကၽြန္ေတာ္ လာေတြ႕ခ်င္လုိ႔ရမလားဟင္။ ေျပာစရာေလး႐ွိလုိ႔ပါ။”

“ဟယ္ ဒီအခ်ိန္ႀကီး ?”

“ဟုတ္ ေနာက္က်ေနမွန္းသိပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ့ရင္ထဲက ခံစားခ်က္ေတြကို ဆက္ၿပီးမၿမိဳသိပ္ႏိုင္ေတာ့လုိ႔ပါ။ မေနျခည္ကို ကၽြန္ေတာ္ လက္ဖ်ားနဲ႔ေတာင္ မထိပါဘူး စိတ္ခ်ပါ။ ကၽြန္ေတာ္ မိေကာင္းဖခင္ သားသမီးပါ။”

“ဟုတ္ ဟုတ္.. ဒါဆိုလည္း ေတြ႕တာေပါ့..”

“ဟုတ္ကဲ့”

ဝမ္းသာအားရနဲ႔ ကၽြန္မဖုန္းခ်လုိက္တယ္။ သူလာမယ္ဆုိေတာ့ နည္းနည္းပါးပါးလွေအာင္ျပင္ရမွာေပါ့ေလ။ စိတ္ကူးနဲ႔ ျမဴးၿပီး ကၽြန္မ မ်က္မွန္တပ္လုိက္တယ္။ အဲဒီအခ်ိန္မွာပဲ ….

ေအးစက္ေနတဲ့ လက္ႀကီးတစ္ဖက္က ကၽြန္မပုခံုးကို လာထိပါေရာလား…

ကၽြန္မလန္႔ၿပီး လွည့္ၾကည့္လိုက္ေတာ့ …

မ်က္လံုးေတြ တြဲေလာင္းက် လွ်ာႀကီးက အ႐ွည္ႀကီး နဲ႔ အေမြးစုတ္ဖြား သရဲႀကီးတစ္ေကာင္….

အမေလး အခုမွပဲ က်ဳပ္သိကၡာျပန္ဆယ္လုိက္ႏိုင္တယ္။ ငတိမေတာ့ လန္႔ဖ်ားဖ်ားလုိ႔ ေဆး႐ံုတင္လိုက္ရေသးတယ္။ အခုေတာ့ သူ႔ပစၥည္းေတြယူၿပီး ေျပာင္းေျပးပါၿပီ။ အဟဲ က်ဳပ္ကို ဒီလုိ လာစမ္းလုိ႔ ဘယ္ရမလဲ က်ဳပ္က ႏွစ္တစ္ရာ သရဲႀကီးေလဗ်ာ …..

Sugar Cane (For Her Myanmar)

<<< Unicode >>>

သရဲကြီး ဘာကြောင့် ဒုက္ခရောက်နေပါလိမ့်

ကျုပ်ဘဝမှာ ဘယ်တုန်းကမှ ဒီလောက် မခံစားခဲ့ရဖူးဘူး။

ကျုပ်ကို စော်ကားနေသလို ခံစားရတယ်ဗျာ။

ကျုပ် ဒီအိမ်မှာ နေလာတာ ကြာလှပါပြီ။

ကြာဆို နှစ်ပေါင်းတစ်ရာ့ငါးဆယ်နီးပါးပေါ့။ ဒီအိမ်ကြီးသက်တမ်းနဲ့ အတူတူပါပဲ။ ဒီအိမ်ကြီးပေါ်မှာပဲ ကျုပ်ကိုမွေးတယ်။ ဒီအိမ်ကြီးပေါ်မှာပဲ ကျုပ်သေသွားတယ်။ သေတာကလည်း အိမ်ကြီးကိုလာခိုးတဲ့ သူခိုးတွေ သတ်လို့သေခဲ့ရတာ။

ဘာပဲဆိုဆို ဒီအိမ်ကြီးကို ကျုပ်ချစ်တယ်။ ကျုပ်ကလွဲရင် တခြားဘယ်သူမှ လာနေတာမျိုးကို မကြိုက်ဘူး။ ဒါကြောင့်ပဲ ဒီအိမ်ကြီးပေါ်ရောက်လာသမျှလူအားလုံးကို ခြောက်လှန့်လွှတ်လိုက်တာလေ။ သူတို့လည်း ကြာကြာမနေနိုင်ဘူး။ ပြေးတာပဲ။

ကျုပ်တစ်ယောက်တည်း ဒီအိမ်ကြီးပေါ် မင်းမူလာတာကြာခဲ့ပြီလေ။ ကျုပ်ရဲ့ သားစဉ်မြေးဆက်တွေကတော့ ဒီအိမ်ကြီးကို ထိန်းသိမ်းထားပါတယ်။ သူတို့ကတော့ မနေဘူးလေ။ သူတို့သာ နေမယ်ဆို ကျုပ်က ကြည်ဖြူပါတယ်။

ဒါပေမဲ့ သူတို့က မြို့ကြီးပြကြီးနဲ့ နိုင်ငံခြားမှာပဲနေပြီး ဒီအိမ်ကြီးကို လူငှားတွေ ထားတာလေ။ ဒါကိုပဲ ကျုပ်မှာ မကျေနပ်လို့ သူတို့မနေနိုင်အောင် ခြောက်လွှတ်နေတာပေါ့။

Related Article >>> အထာကျကျ သရဲခြောက်ကြမယ်

ဒါပေမဲ့ဗျာ ကျုပ် အစော်ကားခံနေရတယ်။ ဒီကိစ္စဖြစ်ပြီးကတည်းက ရပ်ကွက်ထဲက သရဲတွေက ကျုပ်ကို လှောင်ပြောင်တာ ခံနေရတယ်။

နှစ်တစ်ရာ သက်တမ်းကြာတဲ့ သရဲကြီးဖြစ်ပြီး ကောင်မလေးတစ်ယောက်ကို ကြောက်အောင်မခြောက်နိုင်လို့တဲ့။ ပြောရဦးမယ် အဲ့ဒီကောင်မလေးအကြောင်း .. သူဒီအိမ်ပေါ်ရောက်လာတာကတော့ ငါးလလောက်ပဲရှိပါသေးတယ်။ တခြားသူတွေက ဒီအိမ်ကြီးမှာ သရဲခြောက်တယ်ဆိုတော့ သူက မခိုးမခန့်နဲ့ သရဲဆိုတာ တကယ်မရှိပါဘူး လို့ ပြောသေးတာ။

အဲဒီတုန်းကတော့ ကျုပ်က “နင်တော့ နေနှင့်ဦး သေးဖြန်းဖြန်းကျအောင်ခြောက်လွှတ်မယ်”လို့ တေးထားတာပဲ။ ဒါပေမဲ့ ကျုပ် တက်တက်စင်အောင် လွဲတာပဲဗျို့။

ကောင်မလေးပြောတာတော့ အဟုတ်ပဲ သူ့အတွက် သရဲဆိုတာ တကယ်မရှိဘူး ဆိုတာလေ။ ဘယ်ရှိမလဲ သူက မြင်မှ မမြင်ရတာ။ ဒင်း မျက်နှာပေါ်က ပုလင်းဖင်လောက်ရှိတဲ့ မျက်မှန်ကြီးမြင်ကတည်းက ကျုပ်သိသင့်ပါတယ်လေ။

သူ့ မျက်မှန်မပါရင် သူက ဘာမှမမြင်ရဘူးဗျ။ ညည ဆို သူက မျက်မှန်ချွတ်ထားတာ။ ဒီတော့ ကျုပ်ဘယ်လောက်ခြောက်ခြောက် သူမမြင်ရဘူးလေ။

သူက သူ့ဟာသူ အမှတ်အသားလုပ်ထားတော့ ည ဆို မျက်မှန်မတပ်ထားလည်း အဆင်ပြေနေတာ။ ညဘက် အိမ်သာသွားလည်း စမ်းစမ်း စမ်းစမ်း နဲ့ သွားနေတာ အဟုတ်။ ကျုပ်က သူ့ရှေ့ ပြူးပြ ပြဲပြ အစွယ်ကြီးတွေထုတ်ပြ လျှာကြီး အလျားလိုက်ထုတ်ပြ အလားကားပဲ။

မမြင်ရလို့ အသံနဲ့ ခြောက်ကြည့်ပါသေးတယ်။ လက်အေးကြီးနဲ့ ထိတာ၊ စောင်တွေ ဆွဲချတာ ဘာညာလည်း လုပ်ကြည့်သေးတယ်။ ဒင်းက ကာလနဂါးလောက် နီးနီး အအိပ်ကြီး ပြန်တော့ ဘာသံကြားကြား၊ ဘာလုပ်လုပ် မနိုးဘူးလေ။

အံ့ပါ့ဗျာ ဒါလောက် အအိပ်ကြီးတာ မကြုံဖူးပေါင်… ဒင်းတော့ လက်ဖျားခါတယ်။ အခုဆို သူ အိမ်မှာရောက်နေတာ ငါးလ လောက်ရှိသွားပြီ။ ကျုပ် ဘာမှ မလုပ်နိုင်သေးဘူး။ အဲ့ဒါကြောင့် စော်ကားနေသလို ခံစားရတာပေါ့ဗျာ။

မဖြစ်ဘူး ဒင်းကို တနည်းနည်းနဲ့ ရအောင်ခြောက်ရမယ်။ သရဲ သိက္ခာအကျမခံနိုင်ဘူး။ ကျူပ် နှစ်တစ်ရာသရဲလေ ဂုဏ်ပုဒ်က မနည်းဘူးဗျ။

Related Article >>> သရဲကြောက်တဲ့သူငယ်ချင်းကို သရဲကားကြည့်ဖို့ ဘယ်လို ဆွဲဆောင်မလဲ?

တစ်ရက်တော့ အကြံဉာဏ်တစ်ခုရသွားတယ်။ အဲ့ဒီအတိုင်း အကောင်အထည်ဖော်ရမယ်။

…….

ညဆယ့်နှစ်နာရီလောက် ရှူးပေါက်ချင်လာတာနဲ့ ထသွားလိုက်တယ်။ ကိစ္စပြီးတော့ စောင်ခြုံထဲ ပြန်ကွေးမလို့ပါပဲ။ ဒါပေမဲ့ မကွေးနိုင်ခင် ဖုန်းမြည်လာတာနဲ့ပဲ ကောက်ကိုင်လိုက်တယ်။ ဘယ်သူခေါ်လဲတော့မသိ မျက်မှန်တပ်မထားတော့ မမြင်ရဘူးလေ။

“ဟဲလို”

“မ နေခြည်လားဟင် ကျွန်တော် မင်းသူ ပါ”

ဟယ် တို့ Crush နေတဲ့ လမ်းထဲက ကောင်လေးပါလား။

“အစ်မကို ကျွန်တော် လာတွေ့ချင်လို့ရမလားဟင်။ ပြောစရာလေးရှိလို့ပါ။”

“ဟယ် ဒီအချိန်ကြီး ?”

“ဟုတ် နောက်ကျနေမှန်းသိပါတယ်။ ဒါပေမဲ့ ကျွန်တော့ရင်ထဲက ခံစားချက်တွေကို ဆက်ပြီးမမြိုသိပ်နိုင်တော့လို့ပါ။ မနေခြည်ကို ကျွန်တော် လက်ဖျားနဲ့တောင် မထိပါဘူး စိတ်ချပါ။ ကျွန်တော် မိကောင်းဖခင် သားသမီးပါ။”

“ဟုတ် ဟုတ်.. ဒါဆိုလည်း တွေ့တာပေါ့..”

“ဟုတ်ကဲ့”

ဝမ်းသာအားရနဲ့ ကျွန်မဖုန်းချလိုက်တယ်။ သူလာမယ်ဆိုတော့ နည်းနည်းပါးပါးလှအောင်ပြင်ရမှာပေါ့လေ။ စိတ်ကူးနဲ့ မြူးပြီး ကျွန်မ မျက်မှန်တပ်လိုက်တယ်။ အဲဒီအချိန်မှာပဲ ….

အေးစက်နေတဲ့ လက်ကြီးတစ်ဖက်က ကျွန်မပုခုံးကို လာထိပါရောလား…

ကျွန်မလန့်ပြီး လှည့်ကြည့်လိုက်တော့ …

မျက်လုံးတွေ တွဲလောင်းကျ လျှာကြီးက အရှည်ကြီး နဲ့ အမွေးစုတ်ဖွား သရဲကြီးတစ်ကောင်….

အမလေး အခုမှပဲ ကျုပ်သိက္ခာပြန်ဆယ်လိုက်နိုင်တယ်။ ငတိမတော့ လန့်ဖျားဖျားလို့ ဆေးရုံတင်လိုက်ရသေးတယ်။ အခုတော့ သူ့ပစ္စည်းတွေယူပြီး ပြောင်းပြေးပါပြီ။ အဟဲ ကျုပ်ကို ဒီလို လာစမ်းလို့ ဘယ်ရမလဲ ကျုပ်က နှစ်တစ်ရာ သရဲကြီးလေဗျာ …..

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *