Horror

အဂၤလန္ႏုိင္ငံရဲ႕ သရဲအေျခာက္ဆံုး စံအိမ္ႀကီး Borley Rectory

ေခတ္အဆက္ဆက္က သရဲေပါင္းမ်ားစြာ ႐ွိေနတဲ့အိမ္ႀကီးဆိုပါလား

၁၉၂၉ ခုႏွစ္မွာ အဂၤလန္ႏုိင္ငံ အေ႐ွ႕ဘက္ ဘိုေလ (Borley) ေက်း႐ြာကို သိကၡာေတာ္ရ ဆရာ (ခရစ္ယာန္ ဘုန္းႀကီး) အျဖစ္တာဝန္ထမ္းေဆာင္မယ့္ Lionel Foyster နဲ႔ ဇနီးျဖစ္သူ Marianne တို႔ ေရာက္ရွိလာပါတယ္။

အဲဒီေက်း႐ြာမွာ သူုတို႔လင္မယားေနထုိင္ရမွာက Borley Rectory လို႔ ေခၚတဲ့ အိမ္ႀကီးျဖစ္ပါတယ္။ Lionel တို႔ လင္မယားဟာ ဒီအိမ္ႀကီးမွာ ေနထိုင္ရင္း ေခ်ာက္ခ်ားဖြယ္ရာအျဖစ္ေတြမ်ားစြာ ႀကံဳရပါေတာ့တယ္။ ပထမကေတာ့ ထူးဆန္းတဲ့ ေျခသံေတြ၊ ထူးဆန္းတဲ့ မီးေရာင္ေတြနဲ႔ ဘာမွန္းမသိတဲ့ စကားတီးတိုးသံေတြကို သူတို႔ၾကားၾကရတာပါ။

တစ္စ တစ္စ ပိုဆိုးလာေတာ့ ေခါင္းေလာင္းေတြ ႐ုတ္တရက္ထျမည္တာ၊ ျပတင္းေပါက္ေတြ ပိတ္လုိက္ဖြင့္လိုက္ျဖစ္တာ၊ အိမ္ထဲကို ခဲေတြ၊ ပုလင္းေတြနဲ႔ အပစ္ခံရတာအထိျဖစ္လာပါတယ္။ ေနာက္ဆံုးအဆင့္အေနနဲ႔ သူတို႔ရဲ႕ ေမြးစားသမီးေလးကို အခန္းထဲမွာ ထူးဆန္းစြာပိတ္ေလွာင္ခံရတာ၊ ဇနီးျဖစ္သူ Marianne တစ္ေယာက္ မျမင္ရတဲ့လက္ေတြနဲ႔ ႐ိုက္ႏွက္ခံရတာ၊ ေလးလံတဲ့ ပစၥည္းေတြနဲ႔ အေပါက္ခံရတာ၊ ကုတင္ေပၚက ဆြဲခ်ခံရတာေတြျဖစ္လာပါတယ္။ ညဘက္မွာလည္း ေခါင္းျပတ္ရထားေမာင္းသမားေမာင္းလာတဲ့ ျမင္းရထား၊ လမ္းေလွ်ာက္ေနတဲ့ သီလ႐ွင္ စတဲ့ တေစၦေတြကို ေတြ႕ရတာမုိ႔ ဒီအိမ္ႀကီးမွာ တေစၦတစ္ေကာင္မက ႐ွိေနပံုပါပဲ။ဒီအိမ္က သရဲေတြအားလံုးက ဆိုးဝါးတာေတာ့ မဟုတ္ဘဲ ဂ႐ုဏာသက္ဖုိ႔ ေကာင္းတဲ့ တေစၦလည္း ႐ွိပါတယ္။ ဝိဉာဥ္တစ္ေကာင္ ဟာ နံရံေပၚမွာ Marianne ငါ့ကို ကယ္ပါ လုိ႔ သနားစဖြယ္ေရးသားထားပါတယ္။

Related Article >>> ဂ်ပန္ျပည္က ေၾကာက္စရာအေကာင္းဆံုးေနရာ(၃)ခု

Borley Rectory အိမ္ႀကီး

ဒီလုိေတြႀကံဳရတာေၾကာင့္ Lionel ဟာ သူကိုယ္တိုင္ သရဲႏွင္ဖုိ႔ ႀကိဳးစားေပမဲ့ မေအာင္ျမင္ဘဲ သူ႔ကို ေက်ာက္တံုးနဲ႔ အေပါက္ခံလုိက္ရပါတယ္။ အဲဒီေနာက္ Lionel တို႔ လင္မယားဟာ ဒီအိမ္ႀကီးမွာ ဆက္လက္မေနရဲေတာ့ဘဲ စြန္႔ခြာသြားပါေတာ့တယ္။

တကယ္ေတာ့ ဒီအိမ္ႀကီးမွာ ေနထိုင္လာသူအဆက္ဆက္ဟာ သရဲေျခာက္ခံရျခင္း၊ ပုဏၰကတုိက္ခံရျခင္းေတြကို ရာစုႏွစ္နဲ႔ခ်ီၿပီး ခံစားခဲ့ရပါတယ္။ Lionel တုိ႔ ရဲ႕ အရင္ သင္းအုပ္ဆရာလင္မယားဟာလည္း ပုဏၰကတုိက္ျခင္းဒဏ္ကို မခံႏုိင္လုိ႔ထြက္ေျပးသြားတဲ့ေနာက္ ဒီ႐ြာရဲ႕ သိကၡာေတာ္ရ ဆရာ ေနရာကို ဆက္ခံမဲ့သူမ႐ွိဘဲ လစ္လပ္ေနခဲ့ပါတယ္။ ေနာက္ပိုင္းမွ ဒီအိမ္ႀကီးကို မူလေဆာက္လုပ္သူနဲ႔ ေဆြမ်ိဳးရင္းခ်ာေတာ္စပ္သူ Lionel တုိ႔ ဟာ အေၾကာင္းမသိဘဲ ေျပာင္းေ႐ႊ႕လာတာျဖစ္ပါတယ္။

Borley Rectory အိမ္ႀကီးကို မူလေဆာက္လုပ္သူ သိကၡာေတာ္ရဆရာ Henry Bull က ၁၈၆၂ ခုႏွစ္မွာ ေဆာက္လုပ္ခဲ့တာပါ။ ဒီလုိ မေဆာက္ခင္ ယခင္အေဆာက္အဦးေဟာင္းတည္႐ွိစဥ္ကတည္းက အဲဒီဝန္းက်င္မွာ တေစၦသရဲေတြစတင္ေျခာက္လွန္႔ေနခဲ့တာျဖစ္ပါတယ္။ အဲဒီမွာ နာမည္အႀကီးဆံုးက သီလ႐ွင္တေစၦျဖစ္ပါတယ္။  ေဒသခံေတြရဲ႕ယံုၾကည္မႈအရ ယခင္ အေဆာက္အဦးမွာ သီလ႐ွင္တစ္ဦး အ႐ွင္လတ္လတ္ တိုက္ပိတ္သတ္ခံခဲ့ရတယ္လုိ႔ ဆုိပါတယ္။ ေျမၾကမ္းတာေၾကာင့္ Borley Rectory အိမ္ႀကီးကို မေဆာက္လုပ္ဖုိ႔ ေဒသခံေတြက တားျမစ္ေပမဲ့ အေၾကာက္အလန္႔မ႐ွိသူ Henry Bull ကေတာ့ အိမ္ႀကီးကို ေဆာက္လုပ္ခဲ့ပါတယ္။ အဲဒီအိမ္ႀကီးၿပီးလို႔ စတင္ေနထိုင္ခ်ိန္က စၿပီး Borley Rectory အိမ္ႀကီးမွာ လူေတြဟာပံုစံမ်ိဳးစံုနဲ႔ ေျခာက္လွန္႔ခံရပါေတာ့တယ္။

Lionel Foysterတုိ႔ မိသားစု ထြက္သြားတဲ့ေနာက္ ဒီ႐ြာကို သိကၡာေတာ္ရဆရာေတြ အသစ္မေရာက္ေသးခင္ ၁၉၃၇ မွာ ဒီအိမ္ႀကီးကို ငွားရမ္းလိုက္သူက သဘာဝလြန္ ျဖစ္ရပ္ေတြကို ေလ့လာသူ Harry Price က ျဖစ္ပါတယ္။ သူဟာ သူနဲ႔အတူ ဒီအိမ္အေၾကာင္းကို ေလ့လာဖုိ႔စိတ္ဝင္စားသူေတြကို ဖိတ္ေခၚကာ အတူတကြ ေလ့လာစံုစမ္းၾကပါတယ္။

ဝိဉာဥ္ေတြကို ဆင့္ေခၚတဲ့နည္းနဲ႔ စံုစမ္းၾကည့္တဲ့အခါ သူတို႔ဟာ ဝိဉာဥ္ႏွစ္ခုနဲ႔ ဆက္သြယ္မိပါေတာ့တယ္။ တစ္ခုကေတာ့ Marie Lairre ဆုိတဲ့ ဝိဉာဥ္ပါ။ သူဟာ ျပင္သစ္လူမ်ိဳးျဖစ္ခဲ့ၿပီး သီလ႐ွင္ေလာင္းျဖစ္ခဲ့ပါတယ္။ ေနာက္မွာေတာ့ ၁၇ ရာစုက ဒီအိမ္ႀကီးပိုင္႐ွင္ရဲ႕သား ကို လက္ထပ္ဖို႔ သီလ႐ွင္ဘဝကို စြန္႔လႊတ္ကာ အဂၤလန္ႏိုင္ငံကို လုိက္လာခဲ့တာပါ။

အဂၤလန္မွာ လက္ထပ္ၿပီး ေနထိုင္ရင္း သူ႔ေယာက်္ားျဖစ္သူက သူ႔ကို သတ္ကာ ဒီအိမ္ႀကီးရဲ႕ နံရံေတြၾကား ျမွဳပ္ႏွံခံရပါတယ္။ သူဟာ မကၽြတ္လြတ္ႏုိင္ေသးတာေၾကာင့္ အခုလုိေျခာက္လွန္႔ေနရတာျဖစ္တယ္လုိ႔ ဆိုပါတယ္။ ေနာက္ထပ္ဝိဉာဥ္ကေတာ့ Sunex Amures ဆိုတဲ့ ဝိဉာဥ္ပါ။ အဲဒီဝိဉာဥ္ကေတာ့ အသတ္ခံရသူရဲ႕ အ႐ိုးစုေတြေပၚေပါက္လာဖို႔ တစ္ေန႔က်ရင္ ဒီအိမ္ႀကီးကို မီး႐ိႈ႔ပစ္မယ္လို႔ ဆုိခဲ့ပါသတဲ့။

ေနာက္ ႏွစ္အနည္းငယ္အၾကာ ၁၉၃၉ ခုႏွစ္မွာေတာ့ Borley Rectory အိမ္ႀကီးဟာ တကယ္ပဲ မီးေလာင္သြားခဲ့ပါတယ္။ စံုစမ္းစစ္ေဆးမႈေတြအရ မေတာ္တဆေလာင္တဲ့မီးျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့ပါတယ္။ မီးေလာင္အိမ္ႀကီးရဲ႕ တစ္ေနရာမွာ အမ်ိဳးသမီးငယ္တစ္ဦးရဲ႕ အ႐ိုးေတြကို ေတြ႕ခဲ့ရတာေၾကာင့္ ေကာင္းမြန္စြာ သၿဂႋဳလ္ခဲ့ပါတယ္။

Related Article >>> ေခတ္အဆက္ဆက္ သရဲရုပ္ရွင္ေတြ ရိုက္ကူးခံရတဲ့ အိမ္ႀကီးတစ္လံုးအေၾကာင္း

မီးေလာင္ၿပီးေနာက္ ေတြ႕ရတဲ့ Borley Rectory အိမ္ႀကီး

အဲဒီကတည္းက အဂၤလန္ႏုိင္ငံမွာ သရဲအေျခာက္ဆံုးလုိ႔ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့တဲ့့ Borley Rectory စံအိမ္ႀကီးဟာ အဆံုးသတ္ခဲ့တာပါပဲ။ ေယာင္းတုိ႔ အဂၤလန္ႏုိ္င္ငံကို ေရာက္ရင္ အဲဒီအိမ္ႀကီးေနရာကို သြားၾကည့္မလားဟင္ ….

Sugar Cane (For Her Myanmar)

References – prairieghosts , wikipedia

ခေတ်အဆက်ဆက်က သရဲပေါင်းများစွာ ရှိနေတဲ့အိမ်ကြီးဆိုပါလား

>>> Unicode >>>

၁၉၂၉ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ အရှေ့ဘက် ဘိုလေ (Borley) ကျေးရွာကို သိက္ခာတော်ရ ဆရာ (ခရစ်ယာန် ဘုန်းကြီး) အဖြစ်တာဝန်ထမ်းဆောင်မယ့် Lionel Foyster နဲ့ ဇနီးဖြစ်သူ Marianne တို့ ရောက်ရှိလာပါတယ်။

အဲဒီကျေးရွာမှာ သူုတို့လင်မယားနေထိုင်ရမှာက Borley Rectory လို့ ခေါ်တဲ့ အိမ်ကြီးဖြစ်ပါတယ်။ Lionel တို့ လင်မယားဟာ ဒီအိမ်ကြီးမှာ နေထိုင်ရင်း ချောက်ချားဖွယ်ရာအဖြစ်တွေများစွာ ကြုံရပါတော့တယ်။ ပထမကတော့ ထူးဆန်းတဲ့ ခြေသံတွေ၊ ထူးဆန်းတဲ့ မီးရောင်တွေနဲ့ ဘာမှန်းမသိတဲ့ စကားတီးတိုးသံတွေကို သူတို့ကြားကြရတာပါ။

တစ်စ တစ်စ ပိုဆိုးလာတော့ ခေါင်းလောင်းတွေ ရုတ်တရက်ထမြည်တာ၊ ပြတင်းပေါက်တွေ ပိတ်လိုက်ဖွင့်လိုက်ဖြစ်တာ၊ အိမ်ထဲကို ခဲတွေ၊ ပုလင်းတွေနဲ့ အပစ်ခံရတာအထိဖြစ်လာပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ သူတို့ရဲ့ မွေးစားသမီးလေးကို အခန်းထဲမှာ ထူးဆန်းစွာပိတ်လှောင်ခံရတာ၊ ဇနီးဖြစ်သူ Marianne တစ်ယောက် မမြင်ရတဲ့လက်တွေနဲ့ ရိုက်နှက်ခံရတာ၊ လေးလံတဲ့ ပစ္စည်းတွေနဲ့ အပေါက်ခံရတာ၊ ကုတင်ပေါ်က ဆွဲချခံရတာတွေဖြစ်လာပါတယ်။ ညဘက်မှာလည်း ခေါင်းပြတ်ရထားမောင်းသမားမောင်းလာတဲ့ မြင်းရထား၊ လမ်းလျှောက်နေတဲ့ သီလရှင် စတဲ့ တစ္ဆေတွေကို တွေ့ရတာမို့ ဒီအိမ်ကြီးမှာ တစ္ဆေတစ်ကောင်မက ရှိနေပုံပါပဲ။ဒီအိမ်က သရဲတွေအားလုံးက ဆိုးဝါးတာတော့ မဟုတ်ဘဲ ဂရုဏာသက်ဖို့ ကောင်းတဲ့ တစ္ဆေလည်း ရှိပါတယ်။ ဝိဉာဉ်တစ်ကောင် ဟာ နံရံပေါ်မှာ Marianne ငါ့ကို ကယ်ပါ လို့ သနားစဖွယ်ရေးသားထားပါတယ်။

Related Article >>> ဂျပန်ပြည်က ကြောက်စရာအကောင်းဆုံးနေရာ(၃)ခု

Borley Rectory အိမ်ကြီး

ဒီလိုတွေကြုံရတာကြောင့် Lionel ဟာ သူကိုယ်တိုင် သရဲနှင်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ဘဲ သူ့ကို ကျောက်တုံးနဲ့ အပေါက်ခံလိုက်ရပါတယ်။ အဲဒီနောက် Lionel တို့ လင်မယားဟာ ဒီအိမ်ကြီးမှာ ဆက်လက်မနေရဲတော့ဘဲ စွန့်ခွာသွားပါတော့တယ်။

တကယ်တော့ ဒီအိမ်ကြီးမှာ နေထိုင်လာသူအဆက်ဆက်ဟာ သရဲခြောက်ခံရခြင်း၊ ပုဏ္ဏကတိုက်ခံရခြင်းတွေကို ရာစုနှစ်နဲ့ချီပြီး ခံစားခဲ့ရပါတယ်။ Lionel တို့ ရဲ့ အရင် သင်းအုပ်ဆရာလင်မယားဟာလည်း ပုဏ္ဏကတိုက်ခြင်းဒဏ်ကို မခံနိုင်လို့ထွက်ပြေးသွားတဲ့နောက် ဒီရွာရဲ့ သိက္ခာတော်ရ ဆရာ နေရာကို ဆက်ခံမဲ့သူမရှိဘဲ လစ်လပ်နေခဲ့ပါတယ်။ နောက်ပိုင်းမှ ဒီအိမ်ကြီးကို မူလဆောက်လုပ်သူနဲ့ ဆွေမျိုးရင်းချာ တော်စပ်သူ Lionel တို့ ဟာ အကြောင်းမသိဘဲ ပြောင်းရွှေ့လာတာဖြစ်ပါတယ်။

Borley Rectory အိမ်ကြီးကို မူလဆောက်လုပ်သူ သိက္ခာတော်ရဆရာ Henry Bull က ၁၈၆၂ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာပါ။ ဒီလို မဆောက်ခင် ယခင်အဆောက်အဦးဟောင်းတည်ရှိစဉ်ကတည်းက အဲဒီဝန်းကျင်မှာ တစ္ဆေသရဲတွေစတင်ခြောက်လှန့်နေခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ နာမည်အကြီးဆုံးက သီလရှင်တစ္ဆေဖြစ်ပါတယ်။  ဒေသခံတွေရဲ့ယုံကြည်မှုအရ ယခင် အဆောက်အဦးမှာ သီလရှင်တစ်ဦး အရှင်လတ်လတ် တိုက်ပိတ်သတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ မြေကြမ်းတာကြောင့် Borley Rectory အိမ်ကြီးကို မဆောက်လုပ်ဖို့ ဒေသခံတွေက တားမြစ်ပေမဲ့ အကြောက်အလန့်မရှိသူ Henry Bull ကတော့ အိမ်ကြီးကို ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီအိမ်ကြီးပြီးလို့ စတင်နေထိုင်ချိန်က စပြီး Borley Rectory အိမ်ကြီးမှာ လူတွေဟာပုံစံမျိုးစုံနဲ့ ခြောက်လှန့်ခံရပါတော့တယ်။

Lionel Foysterတို့ မိသားစု ထွက်သွားတဲ့နောက် ဒီရွာကို သိက္ခာတော်ရဆရာတွေ အသစ်မရောက်သေးခင် ၁၉၃၇ မှာ ဒီအိမ်ကြီးကို ငှားရမ်းလိုက်သူက သဘာဝလွန် ဖြစ်ရပ်တွေကို လေ့လာသူ Harry Price က ဖြစ်ပါတယ်။ သူဟာ သူနဲ့အတူ ဒီအိမ်အကြောင်းကို လေ့လာဖို့စိတ်ဝင်စားသူတွေကို ဖိတ်ခေါ်ကာ အတူတကွ လေ့လာစုံစမ်းကြပါတယ်။

ဝိဉာဉ်တွေကို ဆင့်ခေါ်တဲ့နည်းနဲ့ စုံစမ်းကြည့်တဲ့အခါ သူတို့ဟာ ဝိဉာဉ်နှစ်ခုနဲ့ ဆက်သွယ်မိပါတော့တယ်။ တစ်ခုကတော့ Marie Lairre ဆိုတဲ့ ဝိဉာဉ်ပါ။ သူဟာ ပြင်သစ်လူမျိုးဖြစ်ခဲ့ပြီး သီလရှင်လောင်းဖြစ်ခဲ့ပါတယ်။ နောက်မှာတော့ ၁၇ ရာစုက ဒီအိမ်ကြီးပိုင်ရှင်ရဲ့သား ကို လက်ထပ်ဖို့ သီလရှင်ဘဝကို စွန့်လွှတ်ကာ အင်္ဂလန်နိုင်ငံကို လိုက်လာခဲ့တာပါ။

အင်္ဂလန်မှာ လက်ထပ်ပြီး နေထိုင်ရင်း သူ့ယောကျ်ားဖြစ်သူက သူ့ကို သတ်ကာ ဒီအိမ်ကြီးရဲ့ နံရံတွေကြား မြှုပ်နှံခံရပါတယ်။ သူဟာ မကျွတ်လွတ်နိုင်သေးတာကြောင့် အခုလိုခြောက်လှန့်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထပ်ဝိဉာဉ်ကတော့ Sunex Amures ဆိုတဲ့ ဝိဉာဉ်ပါ။ အဲဒီဝိဉာဉ်ကတော့ အသတ်ခံရသူရဲ့ အရိုးစုတွေပေါ်ပေါက်လာဖို့ တစ်နေ့ကျရင် ဒီအိမ်ကြီးကို မီးရှို့ပစ်မယ်လို့ ဆိုခဲ့ပါသတဲ့။

နောက် နှစ်အနည်းငယ်အကြာ ၁၉၃၉ ခုနှစ်မှာတော့ Borley Rectory အိမ်ကြီးဟာ တကယ်ပဲ မီးလောင်သွားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ မတော်တဆလောင်တဲ့မီးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ မီးလောင်အိမ်ကြီးရဲ့ တစ်နေရာမှာ အမျိုးသမီးငယ်တစ်ဦးရဲ့ အရိုးတွေကို တွေ့ခဲ့ရတာကြောင့် ကောင်းမွန်စွာ သြင်္ဂိုလ်ခဲ့ပါတယ်။

Related Article >>> ခေတ်အဆက်ဆက် သရဲရုပ်ရှင်တွေ ရိုက်ကူးခံရတဲ့ အိမ်ကြီးတစ်လုံးအကြောင်း

မီးလောင်ပြီးနောက် တွေ့ရတဲ့ Borley Rectory အိမ်ကြီး

အဲဒီကတည်းက အင်္ဂလန်နိုင်ငံမှာ သရဲအခြောက်ဆုံးလို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ Borley Rectory စံအိမ်ကြီးဟာ အဆုံးသတ်ခဲ့တာပါပဲ။ ယောင်းတို့ အင်္ဂလန်နိုင်ငံကို ရောက်ရင် အဲဒီအိမ်ကြီးနေရာကို သွားကြည့်မလားဟင် ….

Sugar Cane (For Her Myanmar)

References – prairieghosts , wikipedia

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *