Horror Movie Reviews

တစ္ေယာက္တည္း မၾကည့္သင့္တဲ့ ေဘာလိဝုဒ္သရဲကား (၄)ကား

IMDB မွာလည္း Rating ေတြျမင့္တယ္ဆိုေတာ့ လူစုၿပီးၾကည့္ရမွာပဲ

အေနာက္တိုင္း သရဲကားေတြ၊ ကိုရီးယား ဂ်ပန္ သရဲကားေတြ ၾကည့္ရတာ ရိုးလာတဲ့ ေယာင္းတို႔ အတြက္ IMDB ျမင့္ ေဘာလိဝုဒ္သရဲကားေကာင္း တခ်ိဳ႕နဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဒီကားေတြက တစ္ေယာက္တည္း မၾကည့္သင့္တဲ့ ကားေတြလို႔လည္း နာမည္ႀကီးပါတယ္။

(1) Raat (1992)

1992 တုန္းက ထြက္ခဲ့တဲ့ ဒီဇာတ္ကားဟာ IMDB 7.2 အထိ ရထားတဲ့အထိ နာမည္ႀကီးပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Shaman မိသားစုဟာ ေတာမက် ၿမိဳ႕မက်ေနရာေလးကို ေျပာင္းေရႊ႕လာပါတယ္။ သူတို႔ရဲ႕ အိမ္အသစ္ကေတာ့ အဲ့ေဒသမွာ သရဲေျခာက္တယ္လို႔ နာမည္ႀကီးတဲ့အိမ္ျဖစ္ၿပီး Shaman မိသားစုကေတာ့ ဒါကို ေကာလဟာလလို႔ပဲ သတ္မွတ္ထားခဲ့ပါတယ္။

ဒါေပမဲ့ Shaman မိသားစုရဲ႕ တူေလးျဖစ္သူ Bunti တစ္ေယာက္ဟာ တေန႔မွာ ထူးဆန္းတဲ့ေၾကာင္တစ္ေကာင္ကို အိမ္ေခၚလာပါတယ္။ နတ္ဆိုးဆန္တဲ့ ေၾကာင္တစ္ေကာင္ အိမ္ေပၚကို ေရာက္လာရာကေန ထူးျခားတဲ့ကိစၥေတြဟာ တစ္ခုၿပီးတစ္ခု ဆက္တိုက္ျဖစ္လာပါေတာ့တယ္။ Shaman မိသားစုရဲ႕ သမီး၊ ဆယ္ေက်ာ္သက္အရြယ္ Mini ရဲ႕ အျပဳအမူေတြကလည္း မူမမွန္ေတာ့ဘဲ ေၾကာက္စရာေကာင္းလာပါေတာ့တယ္။

ၾကံဳေတြ႕ေနရတဲ့ သဘာဝလြန္ျဖစ္ရပ္ဆန္းေတြကို Shaman မိသားစု ေျဖရွင္းႏိုင္ပါ့မလား? ဒီျဖစ္ရပ္ဆန္းေတြရဲ႕ ေနာက္ကြယ္အေၾကာင္းတရားေတြက ဘာေတြလဲ?

ဒီရုပ္ရွင္ဟာ ၾကည့္ေနက် သရဲကားပံုစံေတြနဲ႔ ကြဲထြက္တာေၾကာင့္ classic cult အေနနဲ႔ ခုထိ သတ္မွတ္ခံထားရပါတယ္။

(2) Bhoot (2003)

IMDB 6.3 အထိ ရထားၿပီး ၂၀၀၃ခုႏွစ္က ထြက္ထားပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့ စီးပြားေရးလုပ္ငန္းရွင္ လင္မယားႏွစ္ေယာက္ျဖစ္တဲ့ ဗစ္ရွယ္နဲ႔ ဆြာတီဟာ တိုက္ခန္းတစ္ခုကို ငွားရမ္းဖို႔ ရွာေဖြေနၾကပါတယ္။ ကံေကာင္းခ်င္ေတာ့ အေတာ္ေလး အဆင့္ျမင့္ၿပီး ေဈးႀကီးမယ္ထင္ရတဲ့ အခန္းတစ္ခန္းကို ေဈးေပါေပါနဲ႔ ရသြားပါေရာ။ ကံဆိုးခ်င္ေတာ့ အဲ့တိုက္ခန္းမွာ မူလေနသူ မုဆိုးမဟာ သားအရင္းျဖစ္သူကိုသတ္ၿပီး သူကိုယ္တိုင္လည္း တိုက္ေပၚကေန ခုန္ခ်သတ္ေသသြားတဲ့ ရာဇဝင္ရွိပါသတဲ့။

ဗစ္ရွယ္ဟာ ဇနီးျဖစ္သူ ဆြာတီ ေၾကာက္မွာစိုးလို႔ ဒီကိစၥေတြကို ဖံုးကြယ္ထားခဲ့ပါတယ္။ ဒါေပမယ့္ သိပ္မၾကာခင္မွာပဲ ဆြာတီတစ္ေယာက္ ထူးဆန္းတာေတြ ျမင္ေတြ႕လာရတဲ့အခါ……သူမကိုယ္တိုင္လည္း ထူးထူးဆန္းဆန္း မူမမွန္တာေတြ လုပ္လာတဲ့အခါ… ဘာဆက္ျဖစ္မွာလဲ?

ဗစ္ရွယ္တစ္ေယာက္ ဇနီးျဖစ္သူ ဆြာတီကို အခ်ိန္မွီ ကယ္တင္ႏိုင္ပါ့မလား?

Raatကို ရိုက္ကူးတဲ့ နာမည္ႀကီး ဒါရိုက္တာ Ram Gopal Varmaရဲ႕ ဒုတိယလက္ရာမို႔ ေၾကာက္စရာမေကာင္းမွာကို ေတာ့ စိတ္မပူနဲ႔ေနာ္😜

Related Article >>> ေခ်ာက္ခ်ားစရာ အေကာင္းဆံုးလို႔ သတ္မွတ္ခံထားရတဲ့ ကိုရီးယားသရဲကား (၃)ကား

(3) Ek Thi Daayan(2013)

IMDB 5.7 အထိ ရထားၿပီး သရဲတေစၧ နဲ႔ ေမွာ္ပညာကို ေရာထားတဲ့ သဘာဝလြန္ဇာတ္လမ္းျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အိႏၵိယရဲ႕ ထိပ္တန္း မ်က္လွည့္ဆရာျဖစ္တဲ့ Bejoy Charan ဟာ ျပႆနာတခ်ိဳ႕ ရင္ဆိုင္ေနရပါတယ္။

အဲ့ဒါကေတာ့ hallucinations ျပႆနာျဖစ္တဲ့ သြားေလသူ ညီမေလးကို ခဏခဏျမင္ေနမိတာပါပဲ။ ေသသြားတဲ့ ညီမေလးဟာ Bejoy ရဲ႕ စိတ္ကို အၿမဲတေစ ေျခာက္လွန္႔ေနၿပီး တစ္ႀကိမ္ထက္ တစ္ႀကိမ္ ပိုပိုဆိုးလာပါတယ္။

ဒါေၾကာင့္ သူဟာ စိတ္ပညာရွင္တစ္ေယာက္ဆီသြားၿပီး အကူအညီေတာင္းဖို႔ ဆံုးျဖတ္လိုက္ပါတယ္။ Bejoy ညီမျဖစ္သူရဲ႕ ေသဆံုးမႈဟာ ေသြးရိုးသားရိုးမဟုတ္ဘဲ စုန္းမတစ္ေယာက္ ပါဝင္ပတ္သက္ေနတဲ့အခါ၊ စုန္းမဟာ တစ္ေန႔က်ရင္ Bejoy ဆီကိုလည္း လာခဲ့မယ္လို႔ ႀကိမ္းဝါးထားတဲ့အခါ….

Bejoy တစ္ေယာက္ သူတို႔ေမာင္ႏွမဘဝကို ဖ်က္ဆီးခဲ့တဲ့ စုန္းမလက္ထဲကေန လြတ္ေျမာက္ႏိုင္ပါ့မလား?

Related Article >>> မႈခင္းေတြကို အေျခခံထားတဲ့ ထိုင္းသရဲကား (၂)ကား

(4) Bees Saal Baad (1962)

1962 တုန္းက ထြက္တာမို႔ ဇာတ္လမ္းအိုႀကီး ဆိုၿပီး အထင္ေတာ့ ေသးလို႔မရဘူးေနာ္။ IMDB 7.1 အထိ ရထားၿပီး အေကာင္းဆံုး အိႏၵိယသရဲကားအျဖစ္ သတ္မွတ္ခံထားရပါတယ္။

ရြာတစ္ရြာမွာ ေျမရွင္တစ္ေယာက္ဟာ မိန္းမပ်ိဳေလးတစ္ေယာက္ကို မုဒိန္းက်င့္လိုက္တာမို႔ ေကာင္မေလးဟာ အရွက္ရၿပီး သူ႔ကိုယ္သူ သတ္ေသသြားပါတယ္။ ဒါေပမဲ့ ေကာင္မေလးဟာ မကၽြတ္မလြတ္ဘဲ လက္စားေခ်တဲ့အေနနဲ႔ သူ(မ)ကို မုဒိန္းက်င့္သူကို သတ္ပစ္ခဲ့ပါတယ္။ အလားတူ မုဒိန္းက်င့္သူရဲ႕ သားကိုလည္း သတ္ပစ္လိုက္ပါတယ္။

အဲ့လိုနဲ႔ ႏွစ္၂၀ၾကာၿပီးတဲ့အခါ ေျမရွင္ႀကီးရဲ႕ ေျမးKumar ဟာ ရြာကိုျပန္လာပါတယ္။ ရြာသားေတြကေတာ့ အမုန္းမီးေတြေလာင္ေနတဲ့ မိန္းမပ်ိဳ ဝိဉာဥ္ဟာ ခုထိရွိေနတုန္း ျဖစ္တာမို႔ ေျမးျဖစ္သူကိုလည္း သတ္ပစ္လိမ့္မယ္လို႔ သတိေပးၾကပါတယ္။

ဒါေတြကို မယံုၾကည္တဲ့ ေျမးျဖစ္သူကေတာ့ ရြာမွာ ဆက္လက္ေနထိုင္ပါတယ္။ ဒါေပမဲ့ တစ္ညမွာေတာ့ မိန္းမပ်ိဳတစ္ေယာက္ရဲ႕ သီခ်င္းညည္းသံကို ၾကားရၿပီး ဘယ္သူဆိုမွန္း မသိရပါဘူး။

တစ္ရက္မွာ Kumar ရဲ႕ ကုတ္အက်ႌကို တစ္စံုတစ္ေယာက္က ယူဝတ္သြားၿပီး သိပ္မၾကာခင္မွာပဲ အဲဒီလူဟာ အသတ္ခံလိုက္ရပါတယ္။ Kumar ရဲ႕ အဘိုးနဲ႔ အေဖ အသတ္ခံလိုက္ရတဲ့ ေနရာမွာပဲ အဲဒီလူဟာ ေသဆံုးေနခဲ့ပါတယ္။

ရြာသားေတြေျပာတဲ့ မိန္းမပ်ိဳ ဝိညာဥ္က ခုထိရွိေနတာလား? Kumarၾကားေနရတဲ့ သီခ်င္းသံက ဘယ္ကလာတာလဲ? ခုထိ မေက်ေအးႏိုင္ေသးတဲ့ ဝိဉာဥ္ လက္က လြတ္ေျမာက္ႏိုင္ပါ့မလား? အဘိုးနဲ႔ အေဖလိုပဲ အသတ္ခံရမွာလား? …စတာေတြကိုေတာ့ ကိုယ့္ဟာကိုယ္ ဆက္ၾကည့္ၾကပါေတာ့လို႔ 😛

ဒါေတြကေတာ့ အဂၤလိပ္သရဲကားေတြ၊ ကိုရီးယား ဂ်ပန္ ရုပ္ရွင္ေတြကို ရိုးအီလာတဲ့အခါ ေျပာင္းၾကည့္သင့္တဲ့ ေဘာလိဝုဒ္ သရဲကားေကာင္းေတြပါ ေယာင္းတို႔ေရ…

ေပ်ာ္ရႊင္ၾကပါေစကြယ္…

By

Mia (For Her Myanmar)

Reference links: scoopwhoop.com wikipedia.com m.imdb.com

<<< Unicode >>>

IMDB မှာလည်း Rating တွေမြင့်တယ်ဆိုတော့ လူစုပြီးကြည့်ရမှာပဲ

အနောက်တိုင်း သရဲကားတွေ၊ ကိုရီးယား ဂျပန် သရဲကားတွေ ကြည့်ရတာ ရိုးလာတဲ့ ယောင်းတို့ အတွက် IMDB မြင့် ဘောလိဝုဒ်သရဲကားကောင်း တချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားတွေက တစ်ယောက်တည်း မကြည့်သင့်တဲ့ ကားတွေလို့လည်း နာမည်ကြီးပါတယ်။

(1) Raat (1992)

1992 တုန်းက ထွက်ခဲ့တဲ့ ဒီဇာတ်ကားဟာ IMDB 7.2 အထိ ရထားတဲ့အထိ နာမည်ကြီးပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Shaman မိသားစုဟာ တောမကျ မြို့မကျနေရာလေးကို ပြောင်းရွှေ့လာပါတယ်။ သူတို့ရဲ့ အိမ်အသစ်ကတော့ အဲ့ဒေသမှာ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့အိမ်ဖြစ်ပြီး Shaman မိသားစုကတော့ ဒါကို ကောလဟာလလို့ပဲ သတ်မှတ်ထားခဲ့ပါတယ်။

ဒါပေမဲ့ Shaman မိသားစုရဲ့ တူလေးဖြစ်သူ Bunti တစ်ယောက်ဟာ တနေ့မှာ ထူးဆန်းတဲ့ကြောင်တစ်ကောင်ကို အိမ်ခေါ်လာပါတယ်။ နတ်ဆိုးဆန်တဲ့ ကြောင်တစ်ကောင် အိမ်ပေါ်ကို ရောက်လာရာကနေ ထူးခြားတဲ့ကိစ္စတွေဟာ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လာပါတော့တယ်။ Shaman မိသားစုရဲ့ သမီး၊ ဆယ်ကျော်သက်အရွယ် Mini ရဲ့ အပြုအမူတွေကလည်း မူမမှန်တော့ဘဲ ကြောက်စရာကောင်းလာပါတော့တယ်။

ကြုံတွေ့နေရတဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို Shaman မိသားစု ဖြေရှင်းနိုင်ပါ့မလား? ဒီဖြစ်ရပ်ဆန်းတွေရဲ့ နောက်ကွယ်အကြောင်းတရားတွေက ဘာတွေလဲ?

ဒီရုပ်ရှင်ဟာ ကြည့်နေကျ သရဲကားပုံစံတွေနဲ့ ကွဲထွက်တာကြောင့် classic cult အနေနဲ့ ခုထိ သတ်မှတ်ခံထားရပါတယ်။

(2) Bhoot (2003)

IMDB 6.3 အထိ ရထားပြီး ၂၀၀၃ခုနှစ်က ထွက်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ စီးပွားရေးလုပ်ငန်းရှင် လင်မယားနှစ်ယောက်ဖြစ်တဲ့ ဗစ်ရှယ်နဲ့ ဆွာတီဟာ တိုက်ခန်းတစ်ခုကို ငှားရမ်းဖို့ ရှာဖွေနေကြပါတယ်။ ကံကောင်းချင်တော့ အတော်လေး အဆင့်မြင့်ပြီး ဈေးကြီးမယ်ထင်ရတဲ့ အခန်းတစ်ခန်းကို ဈေးပေါပေါနဲ့ ရသွားပါရော။ ကံဆိုးချင်တော့ အဲ့တိုက်ခန်းမှာ မူလနေသူ မုဆိုးမဟာ သားအရင်းဖြစ်သူကိုသတ်ပြီး သူကိုယ်တိုင်လည်း တိုက်ပေါ်ကနေ ခုန်ချသတ်သေသွားတဲ့ ရာဇဝင်ရှိပါသတဲ့။

ဗစ်ရှယ်ဟာ ဇနီးဖြစ်သူ ဆွာတီ ကြောက်မှာစိုးလို့ ဒီကိစ္စတွေကို ဖုံးကွယ်ထားခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဆွာတီတစ်ယောက် ထူးဆန်းတာတွေ မြင်တွေ့လာရတဲ့အခါ……သူမကိုယ်တိုင်လည်း ထူးထူးဆန်းဆန်း မူမမှန်တာတွေ လုပ်လာတဲ့အခါ… ဘာဆက်ဖြစ်မှာလဲ?

ဗစ်ရှယ်တစ်ယောက် ဇနီးဖြစ်သူ ဆွာတီကို အချိန်မှီ ကယ်တင်နိုင်ပါ့မလား?

Raatကို ရိုက်ကူးတဲ့ နာမည်ကြီး ဒါရိုက်တာ Ram Gopal Varmaရဲ့ ဒုတိယလက်ရာမို့ ကြောက်စရာမကောင်းမှာကို တော့ စိတ်မပူနဲ့နော်

Related Article >>> ချောက်ချားစရာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကိုရီးယားသရဲကား (၃)ကား

(3) Ek Thi Daayan(2013)

IMDB 5.7 အထိ ရထားပြီး သရဲတစ္ဆေ နဲ့ မှော်ပညာကို ရောထားတဲ့ သဘာဝလွန်ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိန္ဒိယရဲ့ ထိပ်တန်း မျက်လှည့်ဆရာဖြစ်တဲ့ Bejoy Charan ဟာ ပြဿနာတချို့ ရင်ဆိုင်နေရပါတယ်။

အဲ့ဒါကတော့ hallucinations ပြဿနာဖြစ်တဲ့ သွားလေသူ ညီမလေးကို ခဏခဏမြင်နေမိတာပါပဲ။ သေသွားတဲ့ ညီမလေးဟာ Bejoy ရဲ့ စိတ်ကို အမြဲတစေ ခြောက်လှန့်နေပြီး တစ်ကြိမ်ထက် တစ်ကြိမ် ပိုပိုဆိုးလာပါတယ်။

ဒါကြောင့် သူဟာ စိတ်ပညာရှင်တစ်ယောက်ဆီသွားပြီး အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Bejoy ညီမဖြစ်သူရဲ့ သေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်ဘဲ စုန်းမတစ်ယောက် ပါဝင်ပတ်သက်နေတဲ့အခါ၊ စုန်းမဟာ တနေ့ကျရင် Bejoyဆီကိုလည်း လာခဲ့မယ်လို့ ကြိမ်းဝါးထားတဲ့အခါ….

Bejoy တစ်ယောက် သူတို့မောင်နှမဘဝကို ဖျက်ဆီးခဲ့တဲ့ စုန်းမလက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလား?

Related Article >>> မှုခင်းတွေကို အခြေခံထားတဲ့ ထိုင်းသရဲကား (၂)ကား

(4) Bees Saal Baad (1962)

1962 တုန်းက ထွက်တာမို့ ဇာတ်လမ်းအိုကြီး ဆိုပြီး အထင်တော့ သေးလို့မရဘူးနော်။ IMDB 7.1 အထိ ရထားပြီး အကောင်းဆုံး အိန္ဒိယသရဲကားအဖြစ် သတ်မှတ်ခံထားရပါတယ်။

ရွာတစ်ရွာမှာ မြေရှင်တစ်ယောက်ဟာ မိန်းမပျိုလေးတစ်ယောက်ကို မုဒိန်းကျင့်လိုက်တာမို့ ကောင်မလေးဟာ အရှက်ရပြီး သူ့ကိုယ်သူ သတ်သေသွားပါတယ်။ ဒါပေမဲ့ ကောင်မလေးဟာ မကျွတ်မလွတ်ဘဲ လက်စားချေတဲ့အနေနဲ့ သူ(မ)ကို မုဒိန်းကျင့်သူကို သတ်ပစ်ခဲ့ပါတယ်။ အလားတူ မုဒိန်းကျင့်သူရဲ့ သားကိုလည်း သတ်ပစ်လိုက်ပါတယ်။

အဲ့လိုနဲ့ နှစ်၂၀ကြာပြီးတဲ့အခါ မြေရှင်ကြီးရဲ့ မြေးKumar ဟာ ရွာကိုပြန်လာပါတယ်။ ရွာသားတွေကတော့ အမုန်းမီးတွေလောင်နေတဲ့ မိန်းမပျို ဝိဉာဉ်ဟာ ခုထိရှိနေတုန်း ဖြစ်တာမို့ မြေးဖြစ်သူကိုလည်း သတ်ပစ်လိမ့်မယ်လို့ သတိပေးကြပါတယ်။

ဒါတွေကို မယုံကြည်တဲ့ မြေးဖြစ်သူကတော့ ရွာမှာ ဆက်လက်နေထိုင်ပါတယ်။ ဒါပေမဲ့ တစ်ညမှာတော့ မိန်းမပျိုတစ်ယောက်ရဲ့ သီချင်းညည်းသံကို ကြားရပြီး ဘယ်သူဆိုမှန်း မသိရပါဘူး။

တစ်ရက်မှာ Kumar ရဲ့ ကုတ်အင်္ကျီကို တစ်စုံတစ်ယောက်က ယူဝတ်သွားပြီး သိပ်မကြာခင်မှာပဲ အဲဒီလူဟာ အသတ်ခံလိုက်ရပါတယ်။ Kumar ရဲ့ အဘိုးနဲ့ အဖေ အသတ်ခံလိုက်ရတဲ့ နေရာမှာပဲ အဲဒီလူဟာ သေဆုံးနေခဲ့ပါတယ်။

ရွာသားတွေပြောတဲ့ မိန်းမပျို ဝိညာဉ်က ခုထိရှိနေတာလား? Kumarကြားနေရတဲ့ သီချင်းသံက ဘယ်ကလာတာလဲ? ခုထိ မကျေအေးနိုင်သေးတဲ့ ဝိဉာဉ် လက်က လွတ်မြောက်နိုင်ပါ့မလား? အဘိုးနဲ့ အဖေလိုပဲ အသတ်ခံရမှာလား? …စတာတွေကိုတော့ ကိုယ့်ဟာကိုယ် ဆက်ကြည့်ကြပါတော့လို့ 😛

ဒါတွေကတော့ အင်္ဂလိပ်သရဲကားတွေ၊ ကိုရီးယား ဂျပန် ရုပ်ရှင်တွေကို ရိုးအီလာတဲ့အခါ ပြောင်းကြည့်သင့်တဲ့ ဘောလိဝုဒ် သရဲကားကောင်းတွေပါ ယောင်းတို့ရေ…

ပျော်ရွှင်ကြပါစေကွယ်…

By

Mia (For Her Myanmar)

Reference links: scoopwhoop.com wikipedia.com m.imdb.com

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *