Horror

ပါးစပ္ရာဇဝင္ထဲက ေခါင္းျပတ္သရဲမ ခရာဆူ

ေႏြညပူပူမွာ ေစာင္ေခါင္းၿမီးၿခဳံအိပ္ရမယ့္ ဘဝေလးကို ျမင္ေယာင္ေနပါၿပီေနာ္ 🤣

သရဲပံုျပင္ေတြ၊ ဓေလ့အလိုက္ယံုၾကည္ထားတဲ့ သရဲေတြဆိုတာ ႏိုင္ငံတိုင္းမွာ႐ွိပါတယ္။ ဒီတစ္ခါ အက္ဒ္မင္ေျပာျပေပးမွာက အိမ္နီးခ်င္း ထိုင္း၊ လာအို၊ ကေမာၻဒီးယား နဲ႔ မေလး႐ွား ႏိုင္ငံေတြရဲ႕ပါးစပ္ပံုျပင္ေတြထဲက သရဲမတစ္ေကာင္အေၾကာင္းျဖစ္ပါတယ္။

အဲ့ဒီ သရဲမအမည္က ခရာဆူ တဲ့။ သူရဲ႕ မ်က္ႏွာေလးက သာမာန္လူသားလိုပဲ ခ်စ္စဖြယ္ေလးပါ။ ဒါေပမဲ့ သူ႔မွာ ခႏၶာကိုယ္ လံုးဝမပါဝင္ဘဲ အူ၊ အသည္း ကလီစာေတြသာ တြဲေလာင္းက်ေနတဲ့ ပံုစံ႐ွိပါတယ္။ ညဘက္ေတြမွာ ခရာဆူ သရဲမ က အူ၊ အသည္းေတြ တန္းလန္း နဲ႔ လူမ်က္ႏွာ နဲ႔ ေလထဲမွာ လြင့္ေမ်ာကာ ေနတတ္တာကို ေၾကာက္မက္ဖြယ္ေတြ႔ရတယ္လို႔ ယံုၾကည္ၾကပါတယ္။

Related article>>>Horror ခ်စ္သူေတြ လက္မလႊတ္သင့္တဲ့ Gonjiam: Haunted Asylum

ခရာဆူ သရဲမကို ခမာမ်ိဳးႏြယ္ဝင္လူမ်ိဳးေတြက စတင္ယံုၾကည္ၾကတယ္လို႔လည္း ဆိုပါတယ္။ ယံုၾကည္မႈေတြအရ ခရာဆူဟာ က်ိန္စာသင့္ေနတာေၾကာင့္ အၿမဲလုိလို ဆာေလာင္ေနရပါတယ္။ ဒါေၾကာင့္ သူဟာ ညအခါမွာ အစာ႐ွာထြက္တာပါ။

ခရာဆူရဲ႕ အစာက ၾကက္ကေလး၊ ငွက္ကေလးေတြရဲ႕ ေသြးကို စုပ္ယူတတ္တယ္လုိ႔ဆုိပါတယ္။ ဒါ့အျပင္ ကိုယ္ဝန္သည္မိန္းမေတြကိုလည္း ဖမ္းစားတတ္တယ္လို႔ အယူ႐ွိၾကပါတယ္။ (ဖမ္းစားတယ္ဆိုတာ ပူးကပ္ၿပီး ကိုယ္ဝန္သည္ဆီက အေသြးအသားကို ျဖည္းျဖည္းခ်င္းစားတာမ်ိဳးပါ။ ဖမ္းဆီးစားေသာက္တာေတာ့မဟုတ္ပါဘူး)

ကိုယ္ဝန္ေဆာင္ေတြ႐ွိတဲ့ အိမ္ေတြမွာ ခရာဆူရဲ႕ ေခါင္းႀကီးလြင့္ေျမာေေနတာ၊ အသံစူးစူး နဲ႔ ေျခာက္လွန္႔တာတို႔ကို ႀကံဳရတတ္ပါတယ္။ ဒီလုိ ကို္ယ္ဝန္သည္ေတြကို ဖမ္းစားတာေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မက်န္းမမာျဖစ္ရင္ ခရာဆူေၾကာင့္ျဖစ္တယ္လို႔ ေက်းလက္ေဒသေတြမွာ ယံုၾကည္ၾကပါတယ္။

ခရာဆူသရဲမ ဘယ္လိုျဖစ္ေပၚလာတာလဲဆိုတာမွာေတာ့ ပါးစပ္ရာဇဝင္မ်ားစြာ႐ွိပါတယ္။ အဲ့ဒီထဲက ေၾကကြဲဖြယ္ရာ ပံုျပင္ေလးကေတာ့ ..

ခရာဆူ ဟာ တစ္ခ်ိန္က ဘုရင္မတစ္ပါးပါ။ တစ္ေန႔မွာေတာ့ သူ႔တိုင္းျပည္ကို ဘုရင္တစ္ပါးက သိမ္းပိုက္လုိက္သလုိ ခရာဆူဟာလည္း မိဘုရားအျဖစ္ အသိမ္းခံလုိက္ရပါတယ္။ တကယ္ေတာ့ ခရာဆူ႔မွာ ခ်စ္ဦးသူ စစ္သည္ေတာ္ေလး႐ွိပါတယ္။

Related article>>> ခရစ္ယာန္ေတြ ယံုၾကည္တဲ့ မိစာၦပူးကပ္ျခင္း ႏွင့္ အစြဲခၽြတ္ျခင္း

ခရာဆူဟာ မိဘုရားဘဝ နဲ႔ ခ်စ္ဦးသူကို ဇာတ္လမ္းဆက္မိတာကို တစ္ေန႔ေတာ့ ဘုရင္ႀကီးသိသြားပါတယ္။ ဒီေတာ့ ခရာဆူကို အ႐ွင္လတ္လတ္မီး႐ွိဳ႕သတ္ခဲ့ပါတယ္။ ဒီလုိနဲ႔  ခရာဆူ သရဲမ ျဖစ္ေပၚလာတာပါ။ တခ်ိဳ႕ကလည္း တစ္ပါးသူကို သတ္ျဖတ္ခဲ့ဖူးတဲ့မိန္းမ၊ ကိုယ္ဝန္ဖ်က္ခ်ဖူးတဲ့ မိန္းမေတြ ေသတဲ့အခါ ခရာဆူသရဲမ ျဖစ္သြားတယ္လို႔ ယံုၾကည္ၾကပါတယ္။

ခရာဆူဟာ ထိုင္း၊ မေလး၊ လာအို နဲ႕ ကေမာၻဒီးယားတုိ႔မွာ ဆယ္လီ သရဲမျဖစ္လို႔ သူ႔အေၾကာင္း႐ိုက္ကူးထားတဲ့ ႐ုပ္႐ွင္ေတြအမ်ားႀကီးပါ။ တစ္ခ်ိဳ႕ကလည္း မေလးရွားသရဲမ လို႔ သိၾကပါတယ္။

တကယ္လုိ႔မ်ား အဲ့ဒီႏုိင္ငံေတြကိုေရာက္လုိ႔ ေယာင္း အိပ္ယာနားကို ခရာဆူ ရဲ႕ အူတန္းလန္း ေခါင္းႀကီးလြင့္ေမ်ာလာခဲ့ရင္ ………..

Sugar Cane (For Her Myanmar)

References: horrorpedia, wikipedia

<<<Unicode>>>

နွေညပူပူမှာ စောင်ခေါင်းမြီးခြုံအိပ်ရမယ့် ဘဝလေးကို မြင်ယောင်နေပါပြီနော် 🤣🤣

သရဲပုံပြင်တွေ၊ ဓလေ့အလိုက်ယုံကြည်ထားတဲ့ သရဲတွေဆိုတာ နိုင်ငံတိုင်းမှာရှိပါတယ်။ ဒီတစ်ခါ အက်ဒ်မင်ပြောပြပေးမှာက အိမ်နီးချင်း ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နဲ့ မလေးရှား နိုင်ငံတွေရဲ့ပါးစပ်ပုံပြင်တွေထဲက သရဲမတစ်ကောင်အကြောင်းဖြစ်ပါတယ်။

အဲ့ဒီ သရဲမအမည်က ခရာဆူ တဲ့။ သူရဲ့ မျက်နှာလေးက သာမာန်လူသားလိုပဲ ချစ်စဖွယ်လေးပါ။ ဒါပေမဲ့ သူ့မှာ ခန္ဓာကိုယ် လုံးဝမပါဝင်ဘဲ အူ၊ အသည်း ကလီစာတွေသာ တွဲလောင်းကျနေတဲ့ ပုံစံရှိပါတယ်။ ညဘက်တွေမှာ ခရာဆူ သရဲမ က အူ၊ အသည်းတွေ တန်းလန်း နဲ့ လူမျက်နှာ နဲ့ လေထဲမှာ လွင့်မျောကာ နေတတ်တာကို ကြောက်မက်ဖွယ်တွေ့ရတယ်လို့ ယုံကြည်ကြပါတယ်။

Related article>>>Horror ချစ်သူတွေ လက်မလွှတ်သင့်တဲ့ Gonjiam: Haunted Asylum

ခရာဆူ သရဲမကို ခမာမျိုးနွယ်ဝင်လူမျိုးတွေက စတင်ယုံကြည်ကြတယ်လို့လည်း ဆိုပါတယ်။ ယုံကြည်မှုတွေအရ ခရာဆူဟာ ကျိန်စာသင့်နေတာကြောင့် အမြဲလိုလို ဆာလောင်နေရပါတယ်။ ဒါကြောင့် သူဟာ ညအခါမှာ အစာရှာထွက်တာပါ။

ခရာဆူရဲ့ အစာက ကြက်ကလေး၊ ငှက်ကလေးတွေရဲ့ သွေးကို စုပ်ယူတတ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကိုယ်ဝန်သည်မိန်းမတွေကိုလည်း ဖမ်းစားတတ်တယ်လို့ အယူရှိကြပါတယ်။ (ဖမ်းစားတယ်ဆိုတာ ပူးကပ်ပြီး ကိုယ်ဝန်သည်ဆီက အသွေးအသားကို ဖြည်းဖြည်းချင်းစားတာမျိုးပါ။ ဖမ်းဆီးစားသောက်တာတော့မဟုတ်ပါဘူး)

ကိုယ်ဝန်ဆောင်တွေရှိတဲ့ အိမ်တွေမှာ ခရာဆူရဲ့ ခေါင်းကြီးလွင့်မြောေနေတာ၊ အသံစူးစူး နဲ့ ခြောက်လှန့်တာတို့ကို ကြုံရတတ်ပါတယ်။ ဒီလို ကိုယ်ဝန်သည်တွေကို ဖမ်းစားတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မကျန်းမမာဖြစ်ရင် ခရာဆူကြောင့်ဖြစ်တယ်လို့ ကျေးလက်ဒေသတွေမှာ ယုံကြည်ကြပါတယ်။

ခရာဆူသရဲမ ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတာမှာတော့ ပါးစပ်ရာဇဝင်များစွာရှိပါတယ်။ အဲ့ဒီထဲက ကြေကွဲဖွယ်ရာ ပုံပြင်လေးကတော့ ..ခရာဆူ ဟာ တစ်ချိန်က ဘုရင်မတစ်ပါးပါ။ တစ်နေ့မှာတော့ သူ့တိုင်းပြည်ကို ဘုရင်တစ်ပါးက သိမ်းပိုက်လိုက်သလို ခရာဆူဟာလည်း မိဘုရားအဖြစ် အသိမ်းခံလိုက်ရပါတယ်။ တကယ်တော့ ခရာဆူ့မှာ ချစ်ဦးသူ စစ်သည်တော်လေးရှိပါတယ်။

Related article>>> ခရစ်ယာန်တွေ ယုံကြည်တဲ့ မိစ္ဆာပူးကပ်ခြင်း နှင့် အစွဲချွတ်ခြင်း

ခရာဆူဟာ မိဘုရားဘဝ နဲ့ ချစ်ဦးသူကို ဇာတ်လမ်းဆက်မိတာကို တစ်နေ့တော့ ဘုရင်ကြီးသိသွားပါတယ်။ ဒီတော့ ခရာဆူကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့ပါတယ်။ ဒီလိုနဲ့  ခရာဆူ သရဲမ ဖြစ်ပေါ်လာတာပါ။ တချို့ကလည်း တစ်ပါးသူကို သတ်ဖြတ်ခဲ့ဖူးတဲ့မိန်းမ၊ ကိုယ်ဝန်ဖျက်ချဖူးတဲ့ မိန်းမတွေ သေတဲ့အခါ ခရာဆူသရဲမ ဖြစ်သွားတယ်လို့ ယုံကြည်ကြပါတယ်။

ခရာဆူဟာ ထိုင်း၊ မလေး၊ လာအို နဲ့ ကမ္ဘောဒီးယားတို့မှာ ဆယ်လီ သရဲမဖြစ်လို့ သူ့အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်တွေအများကြီးပါ။ တစ်ချို့ကလည်း မလေးရှားသရဲမ လို့ သိကြပါတယ်။တကယ်လို့များ အဲ့ဒီနိုင်ငံတွေကိုရောက်လို့ ယောင်း အိပ်ယာနားကို ခရာဆူ ရဲ့ အူတန်းလန်း ခေါင်းကြီးလွင့်မျောလာခဲ့ရင် ………..

Sugar Cane (For Her Myanmar)

References: horrorpedia, wikipedia

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *