Horror

Spooner House ျပတို္က္က ရင္နာစရာ အျဖစ္နဲ႔ ဝိဉာဥ္ကေလးမေလး

မိခင္ရင္းရဲ႕ ရက္စက္မႈေၾကာင့္တဲ့လား… 

၂၀၀၅ခုႏွစ္တုန္းက အဂၤလန္ႏိုင္ငံ ပလိုင္းေမာက္ၿမိဳ႕မွာ မယံုႏုိင္စရာ အျဖစ္အပ်က္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။ Spooner Houseဆိုတဲ့ အိမ္ႀကီးကို ျပတုိက္တစ္ခုအျဖစ္ ေျပာင္းလဲဖြင့္လွစ္ဖို႔အတြက္ မန္ေနဂ်ာျဖစ္သူက အိမ္သန္႔ရွင္းေရးအတြက္ အလုပ္သမားေတြ ငွားရမ္းခဲ့ပါတယ္။

သန္႔ရွင္းေရးလုပ္ေပးရမယ့္ ရက္မွာ လုပ္သားေတြ အိမ္အျပင္က တံခါးေခါက္ေတာ့ တစ္ေယာက္မွ ထြက္မလာပါဘူး။ ေနာက္ဆံုးတစ္ေခါက္ ဆိုၿပီးလည္း ထပ္ေခါက္ေရာ ေရွးေခတ္ ဂါဝန္ျဖဴဝတ္စားထားတဲ့ ကေလးမေလးတစ္ေယာက္ တံခါးလာဖြင့္ပါတယ္။

Related Article >>> ဝိဉာဥ္တို႔ရဲ႕ ကလဲ့စားေလလား? အတိတ္က အရိပ္မည္းလား?

အလုပ္သမားေတြက မန္ေနဂ်ာရဲ႕သမီးေလးျဖစ္မယ္လို႔ ေကာက္ခ်က္ခ်မိတာေၾကာင့္ မန္ေနဂ်ာရွိမရွိေမးၿပီး အလုပ္ဝင္လုပ္ႏွင့္ၾကပါတယ္။ နာရီပိုင္းၾကာၿပီးတဲ့ေနာက္မွာ မန္ေနဂ်ာေရာက္လာၿပီး တံခါးဖြင့္ထားတာျမင္ေတာ့ အိမ္ထဲ အေျပးဝင္လာၾကည့္ၿပီး “မင္းတုိ႔ကို ငါ့အိမ္ထဲခုိးဝင္ဖုိ႔ ဘယ္သူက အခြင့္ေပးတာလဲ” လို႔ ေအာ္ေငါက္ေတာ့တာပဲ။

အလုပ္သမားေတြကလည္း အံ့ေတြၾသလို႔ေပါ့… အလုပ္သမားတစ္ေယာက္က “ဆရာ့သမီးေလးကပဲ တံခါးလာဖြင့္ေပးတာပါ” လို႔ျပန္ေျဖတဲ့အခါမွာ မန္ေနဂ်ာက “ဒီအိမ္မွာ ငါမေနမွန္း မင္းတုိ႔လည္းသိတာပဲ၊ ဘယ္ကငါ့သမီးကဖြင့္ေပးရမွာလဲ။ လူမေနတာ ကိုးႏွစ္ရွိၿပီကြ”လို႔ျပန္ေျဖခဲ့ပါတယ္။ အဲဒီစကားလည္း ၾကားေရာ.. အလုပ္သမားေတြ အကုန္ လုပ္လက္စ အလုပ္ေတြအကုန္ ရပ္ၿပီး လစ္ေျပးၾကေရာလို႔ ဆုိပါတယ္။

Related Article >>> မိုးသည္းည ရဲ႕ ကလဲ့စားဝိဉာဥ္

ဒီ Spooner House အိမ္ရဲ႕ ရာဇဝင္ေနာက္ခံကေတာ့…

၁၈၀၀ခုႏွစ္ေလာက္တုန္းက ဒီအိမ္မွာ မိသားစုတစ္စုေနခဲ့ပါတယ္။ အျဖဴေရာင္ဂါဝန္နဲ႔ ကေလးမေလးကလည္း ဒီအိမ္ကကေလးပဲေပါ့။ သူ႔အေဖက တံငါသည္ျဖစ္ၿပီး သမီးေလးကို အရမ္းခ်စ္ပါတယ္။ ဒါေပမဲ့ ကေလးရဲ႕မိခင္ျဖစ္သူကေတာ့ ရက္စက္ၾကမ္းၾကဳတ္သူပါ။ ေယာက္်ားငါးဖမ္းထြက္တဲ့အခ်ိန္ သူမရဲ႕ေဒါသေတြမွန္သမွ်ကို ကေလးအေပၚပံုခ်ၿပီး ရုိက္ႏွက္ႏွိပ္စက္တတ္ပါတယ္။

ကေလးျဖစ္သူကလည္း သူမအေဖငါးဖမ္းမသြားဘဲ သူမနဲ႔အတူ အၿမဲတမ္းရွိေနဖို႔ ဆုေတာင္းပါေတာ့တယ္။ ဒါေပမဲ့ တစ္ေန႔မွာေတာ့ ငါးဖမ္းထြက္တဲ့ အေဖျဖစ္သူက ျပန္မလာေတာ့ပါဘူး။ တစ္ရက္လည္းမဟုတ္၊ ႏွစ္ရက္လည္းမဟုတ္ ျပန္မလာတဲ့အခါ မိခင္ျဖစ္သူက အမ်က္ထြက္ျပီး “နင့္ေၾကာင့္ နင့္အေဖေသသြားတာ”လို႔ ရုိက္ႏွက္ ႏွိပ္စက္ျပန္ပါတယ္။ ေနာက္ေန႔မွာေတာ့ ကေလးေသေနတာေတြ႔ရၿပီး ပတ္ဝန္းက်င္က အေမျဖစ္သူသတ္တာလို႔ ဆိုၾကပါတယ္။

တကယ္လည္း အေမျဖစ္သူက သတ္ပစ္တာပါပဲ။ ဒါေပမဲ့ ဒီမိန္းမကေတာ့ “ကၽြန္မသမီးသြားတစ္ေခ်ာင္းက ပိုးစားေနတာၾကာေတာ့ အဆိပ္တက္၊ တစ္ကိုယ္လံုးျပန္႔ၿပီး ေသသြားတာပါ”လုိ႔ ေျပာင္ျငင္းခဲ့ပါတယ္။

ေနာက္တစ္ေန႔ကစၿပီး အိမ္ထဲမွာ ကေလးမရဲ႕ဝိဉာဉ္ဟာ အိမ္ထဲမွာ လွည့္လည္သြားလာေနပါေတာ့တယ္။ အိမ္နံရံမွာေတြလည္း အကူအညီေတာင္းခံတဲ့ စာသားေတြ ဘယ္ကမွန္းမသိ ေပၚေပၚလာတတ္တယ္လို႔ ဆိုပါတယ္။ တစ္ခါတေလ အဲဒီနားတစ္ဝိုက္မွာ ထြက္ကစားေနတဲ့ကေလးေတြကို “ငါလည္းပါခ်င္တယ္”ဆိုၿပီး လိုက္ေျခာက္တတ္ပါသတဲ့…

အခုဆိုရင္ Spooner Houseက ျပတုိက္တစ္ခုျဖစ္ၿပီး ျပတုိက္ထဲ သြားလည္ျဖစ္တဲ့အခါ “အက္ဘီေဂးလ္ေရ ငါနဲ႔လာေဆာ့ပါ”လို႔ေခၚၾကည့္ပါ။ အျဖဴေရာင္ဂါဝန္နဲ႔ အရုပ္တစ္ခုခ်ီထားတဲ့ကေလးက “လာေဆာ့ၾကမယ္”လို႔ျပန္ေျဖရင္ ဒါဟာ အေပၚက ဇာတ္လမ္းထဲက သနားစရာ မိခင္ရင္းသတ္တာ ခံခဲ့ရတဲ့ အက္ဘီေဂးလ္ေလးပါပဲ။

Christina (For Her Myanmar)

<<< Unicode >>>

မိခင်ရင်းရဲ့ ရက်စက်မှုကြောင့်တဲ့လား… 

၂၀၀၅ခုနှစ်တုန်းက အင်္ဂလန်နိုင်ငံ ပလိုင်းမောက်မြို့မှာ မယုံနိုင်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ Spooner Houseဆိုတဲ့ အိမ်ကြီးကို ပြတိုက်တစ်ခုအဖြစ် ပြောင်းလဲဖွင့်လှစ်ဖို့အတွက် မန်နေဂျာဖြစ်သူက အိမ်သန့်ရှင်းရေးအတွက် အလုပ်သမားတွေ ငှားရမ်းခဲ့ပါတယ်။

သန့်ရှင်းရေးလုပ်ပေးရမယ့် ရက်မှာ လုပ်သားတွေ အိမ်အပြင်က တံခါးခေါက်တော့ တစ်ယောက်မှ ထွက်မလာပါဘူး။ နောက်ဆုံးတစ်ခေါက် ဆိုပြီးလည်း ထပ်ခေါက်ရော ရှေးခေတ် ဂါဝန်ဖြူဝတ်စားထားတဲ့ ကလေးမလေးတစ်ယောက် တံခါးလာဖွင့်ပါတယ်။

Related Article >>> ဝိဉာဉ်တို့ရဲ့ ကလဲ့စားလေလား? အတိတ်က အရိပ်မည်းလား?

အလုပ်သမားတွေက မန်နေဂျာရဲ့သမီးလေးဖြစ်မယ်လို့ ကောက်ချက်ချမိတာကြောင့် မန်နေဂျာရှိမရှိမေးပြီး အလုပ်ဝင်လုပ်နှင့်ကြပါတယ်။ နာရီပိုင်းကြာပြီးတဲ့နောက်မှာ မန်နေဂျာရောက်လာပြီး တံခါးဖွင့်ထားတာမြင်တော့ အိမ်ထဲ အပြေးဝင်လာကြည့်ပြီး “မင်းတို့ကို ငါ့အိမ်ထဲခိုးဝင်ဖို့ ဘယ်သူက အခွင့်ပေးတာလဲ” လို့ အော်ငေါက်တော့တာပဲ။

အလုပ်သမားတွေကလည်း အံ့တွေသြလို့ပေါ့… အလုပ်သမားတစ်ယောက်က “ဆရာ့သမီးလေးကပဲ တံခါးလာဖွင့်ပေးတာပါ” လို့ပြန်ဖြေတဲ့အခါမှာ မန်နေဂျာက “ဒီအိမ်မှာ ငါမနေမှန်း မင်းတို့လည်းသိတာပဲ၊ ဘယ်ကငါ့သမီးကဖွင့်ပေးရမှာလဲ။ လူမနေတာ ကိုးနှစ်ရှိပြီကွ”လို့ပြန်ဖြေခဲ့ပါတယ်။ အဲဒီစကားလည်း ကြားရော.. အလုပ်သမားတွေ အကုန် လုပ်လက်စ အလုပ်တွေအကုန် ရပ်ပြီး လစ်ပြေးကြရောလို့ ဆိုပါတယ်။

Related Article >>> မိုးသည်းည ရဲ့ ကလဲ့စားဝိဉာဉ်

ဒီ Spooner House အိမ်ရဲ့ ရာဇဝင်နောက်ခံကတော့…

၁၈၀၀ခုနှစ်လောက်တုန်းက ဒီအိမ်မှာ မိသားစုတစ်စုနေခဲ့ပါတယ်။ အဖြူရောင်ဂါဝန်နဲ့ ကလေးမလေးကလည်း ဒီအိမ်ကကလေးပဲပေါ့။ သူ့အဖေက တံငါသည်ဖြစ်ပြီး သမီးလေးကို အရမ်းချစ်ပါတယ်။ ဒါပေမဲ့ ကလေးရဲ့မိခင်ဖြစ်သူကတော့ ရက်စက်ကြမ်းကြုတ်သူပါ။ ယောက်ျားငါးဖမ်းထွက်တဲ့အချိန် သူမရဲ့ဒေါသတွေမှန်သမျှကို ကလေးအပေါ်ပုံချပြီး ရိုက်နှက်နှိပ်စက်တတ်ပါတယ်။

ကလေးဖြစ်သူကလည်း သူမအဖေငါးဖမ်းမသွားဘဲ သူမနဲ့အတူ အမြဲတမ်းရှိနေဖို့ ဆုတောင်းပါတော့တယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ငါးဖမ်းထွက်တဲ့ အဖေဖြစ်သူက ပြန်မလာတော့ပါဘူး။ တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ် ပြန်မလာတဲ့အခါ မိခင်ဖြစ်သူက အမျက်ထွက်ပြီး “နင့်ကြောင့် နင့်အဖေသေသွားတာ”လို့ ရိုက်နှက် နှိပ်စက်ပြန်ပါတယ်။ နောက်နေ့မှာတော့ ကလေးသေနေတာတွေ့ရပြီး ပတ်ဝန်းကျင်က အမေဖြစ်သူသတ်တာလို့ ဆိုကြပါတယ်။

တကယ်လည်း အမေဖြစ်သူက သတ်ပစ်တာပါပဲ။ ဒါပေမဲ့ ဒီမိန်းမကတော့ “ကျွန်မသမီးသွားတစ်ချောင်းက ပိုးစားနေတာကြာတော့ အဆိပ်တက်၊ တစ်ကိုယ်လုံးပြန့်ပြီး သေသွားတာပါ”လို့ ပြောင်ငြင်းခဲ့ပါတယ်။

နောက်တစ်နေ့ကစပြီး အိမ်ထဲမှာ ကလေးမရဲ့ဝိဉာဉ်ဟာ အိမ်ထဲမှာ လှည့်လည်သွားလာနေပါတော့တယ်။ အိမ်နံရံမှာတွေလည်း အကူအညီတောင်းခံတဲ့ စာသားတွေ ဘယ်ကမှန်းမသိ ပေါ်ပေါ်လာတတ်တယ်လို့ ဆိုပါတယ်။ တစ်ခါတလေ အဲဒီနားတစ်ဝိုက်မှာ ထွက်ကစားနေတဲ့ကလေးတွေကို “ငါလည်းပါချင်တယ်”ဆိုပြီး လိုက်ခြောက်တတ်ပါသတဲ့…

အခုဆိုရင် Spooner Houseက ပြတိုက်တစ်ခုဖြစ်ပြီး ပြတိုက်ထဲ သွားလည်ဖြစ်တဲ့အခါ “အက်ဘီဂေးလ်ရေ ငါနဲ့လာဆော့ပါ”လို့ခေါ်ကြည့်ပါ။ အဖြူရောင်ဂါဝန်နဲ့ အရုပ်တစ်ခုချီထားတဲ့ကလေးက “လာဆော့ကြမယ်”လို့ပြန်ဖြေရင် ဒါဟာ အပေါ်က ဇာတ်လမ်းထဲက သနားစရာ မိခင်ရင်းသတ်တာ ခံခဲ့ရတဲ့ အက်ဘီဂေးလ်လေးပါပဲ။

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *