Horror Tradition

ဟောလိုးဝင်း ပွဲတော်အကြောင်း လူသိပ်မသိသေးတဲ့အချက်(၈)ချက်

ဟယ်…. ဒါတွေလည်း ခုမှ သိတယ်… @-@

ဟောလိုးဝင်းပွဲဆိုတာနဲ့ ကြောက်စရာဖရုံသီးတွေ၊ သကြားလုံးတွေ၊ ဝတ်စုံဆန်းဆန်းတွေကို မျက်မှန်းတန်းမိနေကြတယ်ဟုတ်။ အောက်တိုဘာ (၃၁) ရက်နေ့ဟာ ကွယ်လွန်သွားသူတွေရဲ့ဝိဉာဉ်တွေနိုးထလာတယ်လို့ အဆိုရှိတဲ့အတွက် သရဲများည (ဟောလိုးဝင်း)အဖြစ် အမေရိကန်နဲ့ကနေဒါနိုင်ငံမှာ အများဆုံးကျင်းပကြပါတယ်။ အခုဆို ဒီဘက်နိုင်ငံတွေမှာပါ ဟောလိုးဝင်းပွဲကို ပြုလုပ်လာတာတွေ့ရပါတယ်။ ဒီ့အပြင် ဟောလိုးဝင်းပွဲနဲ့ပတ်သက်ပြီး လူသိပ်မသိသေးတဲ့ စိတ်ဝင်စားစရာအချက်တွေရှိသေးတယ်နော်။ ဘာတွေလဲဆိုတော့..

၁။ အရင်တုန်းက ဟောလိုးဝင်းညမှာ အမှန်တကယ် ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေ တစ်အိမ်ဝင်တစ်အိမ်ထွက် ငွေအကြွေစေ့တွေ လိုက်လံတောင်းရမ်းတဲ့ အလေ့အထရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ငွေကြေးပြည့်စုံတဲ့ ကလေးတွေကပါ အပျော်သဘောနဲ့ ရောနှောတောင်းကြပါတယ်။ ၁၉၃၀နောက်ပိုင်းမှာ ကလေးတွေ ဒီတစ်အိမ်ဝင် တစ်အိမ်ထွက် တောင်းရမ်းတဲ့အလေ့အထပျောက်ကွယ်သွားပြီး အဆန်းတကြယ်ဝတ်စားဆင်ယင်မှုတွေဘက်ကို အာရုံပြောင်းလာကြပါတယ်။

၂။ ဟောလိုးဝင်းပွဲတော်ဟာ ကဲလ်ထ်(Celt)လူမျိုးတွေ လူသေများအတွက် ကျင်းပတဲ့ပွဲအဖြစ်ကနေ အစချီလာတာပါ။ ဆာဝင်း(Samhain)လို့ခေါ်တဲ့ ဒီပွဲမှာ သေလွန်သူတွေရဲ့ဝိဉာဉ်တွေ လူ့လောကနဲ့ဆက်သွယ်လာမယ်လို့ ကဲလ်ထ်လူမျိုးတွေအယူရှိကြပါတယ်။ ဒါကြောင့်ဝိဉာဉ်တွေကို နှစ်သိမ့်ဖို့  အိမ်တံခါးဝမှာ၊ လမ်းဘေးထောင့်တွေမှာ စားစရာလေးတွေထားကြပါတယ်။ နာက်ပိုင်းမှ ဒီပွဲကို အမေရိကန်က မွေးစားလိုက်တာပါ။

၃။ ဟိုးအရင်တုန်းကဆို ဂျာမနီနဲ့ ပြင်သစ်ဘက်မှာရှိတဲ့ လူမျိုးစုတွေက သေလွန်သွားတဲ့ ဝိဉာဉ်တွေနဲ့ ဆက်သွယ်နိုင်ဖို့ ဟောလိုးဝင်းညမှာ တိရစ္ဆာန်တွေရဲ့အရေပြား၊ ဦးခေါင်းခွံတွေကို ဆင်မြန်းပြီး ကျင်းပတဲ့ အလေ့အထရှိခဲ့ပါတယ်။

၎။ Jack O lantern လို့ခေါ်တဲ့ ဟောလိုးဝင်းမီးအိမ်က ကဲလ်ထ်ဒဏ္ဍာရီထဲက ဆင်းသက်လာတာပါ။ Jack လို့ခေါ်တဲ့ လူတစ်ယောက်က မကောင်းဆိုးဝါးတစ်ကောင်အပေါ် ကောက်ကျစ်လိုက်တာကြောင့် ကောင်းကင်ဘုံရော ငရဲထဲပါ ဝင်ခွင့်ပိတ်ပင်ခြင်း ခံခဲ့ရပါတယ်။ ဒါကြောင့် သူဟာ လူ့လောကမှာပဲ မီးအိမ်တစ်လုံးနဲ့ လျှောက်သွားနေပြီး လူတွေကို မျက်စိလည်လမ်းမှားဖြစ်အောင် လုပ်နေပါတယ်တဲ့။

Related Article >>> ဟောလိုဝင်းပွဲအတွက် ယူနီကွန်းမိတ်ကပ်လိမ်းနည်း

၅။ ရုပ်ရှင်တွေထဲမှာဆို ဟောလိုးဝင်းညမှာ လမင်းကြီး ထိန်ထိန်ကိုသာလို့။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ ဟောလိုဝင်းညနဲ့ လပြည့်ည တစ်ထပ်တည်းကျဖို့ ဆိုတာ ဖြစ်ခဲပါတယ်။၂၀၀၁ တုန်းက တစ်ခါ၊ သူ့အရှေ့မှာဆို ၁၉၅၅မှာ တစ်ခါပဲဖြစ်ဖူးပါသေးတယ်။ နောင်တိုက်ဆိုင်မယ့်အချိန်ကတော့ ၂၀၂၀မှပါ။

၆။ ဟောလိုးဝင်းပွဲဟာ အမေရိကန်မှာဆိုရင် ဒုတိယစီးပွားအဖြစ်ဆုံးပွဲ ဖြစ်ပါတယ်။  ချိုချဉ်၊ ချောကလက်၊ ဝတ်စုံ၊ အဆင်အပြင်အပါအဝင် ဟောလိုးဝင်းပွဲအတွက် နှစ်စဉ်နှစ်တိုင်း ခန့်မှန်းချေ ဒေါ်လာ ၆ဘီလီယံလောက် သုံးစွဲကြပါတယ်။

၇။ကြောင်နက်၊ ပင့်ကူနဲ့ လင်းနို့တွေဟာ ဟောလိုးဝင်းရဲ့သင်္ကေတလို့ ပြောလို့ရပါတယ်။ အလယ်ပိုင်းခေတ်တွေတုန်းက ဒီသုံးမျိုးဟာ စုန်းမတွေနဲ့ဆက်စပ်မှုရှိပြီး ကံဆိုးမှုတွေနဲ့ ဒွန်တွဲနေတယ်လို့ ပြောကြပါတယ်။

၈။ ဟောလိုးဝင်းပွဲမှာ ကြောင်နက်တွေ ပူဇော်ပသတယ်ဆိုတာမျိုး ရှိလားမရှိလား သေချာမသိကြပါဘူး။ ဒါပေမဲ့ တိရစ္ဆာန်ဂေဟာတွေက အောက်တိုဘာ နောက်ဆုံးပတ် ဝန်းကျင်မှာ ကြောင်နက်တွေကို မွေးစားဖို့မပေးကြပါဘူး။ မသမာသူတွေ၊ ကောက်ကျစ်သူတွေက ကြောင်နက်တွေကိုပူဇော်ပသပစ်မယ်ဆိုတဲ့ အယူအဆတွေရှိနေလို့ပါ။

ယောင်းတို့လည်း ဟောလိုးဝင်းပွဲနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတာလေးတွေ သိသွားကြမယ်လို့မျှော်လင့်ပါတယ်။ တခြားအယူအဆတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေ သိထားရင်လည်း ကွန့်မန့်မှာ မျှဝေပေးခဲ့ပါလို့။

Christina (For Her Myanmar)

References: Huffington Post , Business Insiders , Factinate

Christina Rosy
နာမည်ကတော့ ခရစ္စတီးနားပါ။ အလွတ်တမ်း လက်ထောက်အယ်ဒီတာပေမယ့်လည်း အသက်ကတော့ မနုမရင့် ၂၂ပေါ့။ For Her Myanmarမှာ မိတ်ကပ်ကလွဲပြီး စုံစီနဖာ အကြောင်းစုံရေးနေတဲ့ အစားတစ်လိုင်းအက်ဒမင်ပါ။ ဒီ့အပြင် အချစ်ဇာတ်လမ်းတိုတွေ၊ စိတ်ထဲ မကျေနပ်တဲ့အကြောင်းတွေလည်း ဆောင်းပါးအဖြစ်ထုတ်လုပ်တတ်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *