၂၀၁၈ ဇူလိုင်လအတွက် ရာသီခွင်အလိုက်ယောင်းတို့ရဲ့ ကံကြမ္မာ

အချစ်ရေး၊ လုပ်ငန်းခွင်၊ ငွေရေးကြေးရေး၊ ကျန်းမာရေး ဘာများသိချင်ပါသလဲ တစ်ခါဟောငါးကျပ်နော် … 😛

ကဲ ကဲ ယောင်းတို့လာကြနော်။ အက်ဒ်မင်ဗေဒင်ဟောမယ် တစ်ယောက်ကို ငါးကျပ်ပါ။ ငိငိ နောက်တာပါ စတာပါ 😛 အလကားဟောပေးမှာပါ ဟဲဟဲ

ခုက ဇူလိုင်လအစဆိုတော့ ယောင်းတို့တွေရဲ့ ရာသီခွင်အလိုက် ဘယ်လိုဘယ်ပုံ ကံကြမ္မာရှိမယ်ဆိုတာ အက်ဒ်မင်က ဗေဒင်ဟောပေးမယ် အဲလေ ပြောပြပေးမယ်လို့… အက်ဒ်မင်က ဗေဒင်မဟောတတ်တော့ ဟောတတ်တဲ့သူတွေဟောထားတာကိုပြန်ပြောပြပေးတာပါ ခိခိ.. စိတ်ဝင်စားကြတယ်ဟုတ်? မှန်ရင် မုန့်ကျွေးနော်…

★ မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း

ဒီလမှာတော့ မိဿရာသီဖွားယောင်းတို့ အရမ်းစွံတဲ့ ကာလပါတဲ့ကွယ်၊ (မုန့်ဝယ်ကျွေးပါ 😛 ) ကိုယ်ဘာလုပ်ရင် လုပ်ပြန်ပြီ ဘာပြောရင်ပြောပြန်ပြီလို့လည်း လူတွေက စောင့်ကြည့်နေကြတဲ့ ကာလလည်း ဖြစ်ပြန်သတဲ့… ဆယ်လီပေါ့ကွယ် :p

ကျန်းမာရေးလေးအညံ့ရှိလို့နည်းနည်းဂရုစိုက်နော်။ ငွေရေးကြေးရေးမှာတော့ မိသားစုရဲ့အကူအညီရမယ့် ကာလဖြစ်ပြီး အလုပ်အကိုင်လည်းမဆိုးတဲ့ ကာလဖြစ်ပါတယ်တဲ့နော်…

★ ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း

ငွေရေးကြေးရေးအဆင်ပြေမယ့် လတစ်လဖြစ်ပြီး အချစ်ရေးမှာလည်း အဆင်ပြေတဲ့ကာလပါပဲ။ လုပ်ငန်းခွင်မှာတော့ အတိုက်အခိုက် အကျပ်အတည်းတွေကြုံရလို့ သတိထားသင့်ပါတယ်။ လကုန်ခါနီး အချိန်ရောက်ရင်တော့ ပေါင်းသင်းဆက်ဆံရေးမှာ အထင်အမြင်လွဲမှားတာတွေဖြစ်တတ်လို့ အားလုံးနဲ့ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံဖို့ လိုပါတယ်ေနာ်…

★ မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း

မေထုန်ရာသီဖွား ယောင်းတို့ကလည်း ဒီလမှာ ဆုံးဖြတ်ချက်တွေ ပြတ်သားရဲရင့်နေတတ်ကာ ကိုယ်ဖြစ်ချင်ရာကို ဖြစ်အောင် လုပ်ချင်၊ ကြိုးစားချင်နေမယ့် ကာလပါတဲ့။ အချစ်ရေး၊ ငွေရေးကြေးရေး အဆင်ပြေမယ့် ကာလဖြစ်ပြီး ကျန်းမာရေး အထူးကောင်းတဲ့ လတစ်လလည်းဖြစ်ပါတယ်။ လုပ်ငန်းခွင်ကတော့ ဒီလအတွင်း အခက်အခဲတွေရှိတတ်လို့ သတိထားတာက မလွန်ပါဘူးနော်….

★ ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း

ဒီကာလမှာ မွေးဖွားတဲ့ယောင်းတို့ကတော့ ဒီကာလအတွင်းမှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်မှာ တိုးတက်မှုရှိတဲ့ ကာလဖြစ်ပါတယ်။ ငွေရေးကြေးရေးလည်း အဆင်ပြေတဲ့ လတစ်လဖြစ်ပြီး မိသားစု ဆက်ဆံရေးကိုအလေးထားရမယ့်ကာလဖြစ်ပါတယ်။ ကျန်းမာရေးကတော့ အထူးကောင်းမွန်မှာပါကွယ်။

သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း

သိဟ်ရာသီဖွားယောင်းတို့အတွက်တော့ ဇူလိုင်လဟာ ကံကောင်းတဲ့ ငွေရွှင်တဲ့လဖြစ်သတဲ့လေ။ (မုန့်ကျွေးရမယ် :P) ဒါတင်မကသေးဘူး ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေတဲ့ ကာလလည်း ဖြစ်ပါသေးတယ်။ ဒီလအတွင်းမှာ လူစိတ်ဝင်စားမှု အခံရဆုံးလည်းဖြစ်နေမှာမို့ ခပ်တည်တည်နေကြပါ 😛 ။

အလုပ်ခွင်မှာလည်းအဆင်ပြေ၊ စိတ်ဆန္ဒတွေလည်းပြည့်ဝလို့ မိသားစုတွင်းလည်းပျော်ရွှင်ရမှာပါ။ ချစ်ချစ်ရှိတဲ့ယောင်းတို့လည်း အချစ်ရေးမှာအလွန်ကောင်းဆိုပဲ။

Related Article >>> ရာသီခွင်အလိုက် ၂၀၁၈ အတွက် ကံကောင်းစေမယ့် အရောင်များ★ ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း

ကန်ရာသီမှာ မွေးဖွားတဲ့ ယောင်းတို့အနေနဲ့ လုပ်ငန်းခွင်မှာ တိုးတက်မှုတွေကြုံရမယ့် ကာလဖြစ်ပါတယ်တဲ့။ ဒါတင်မကသေးဘဲ ငွေရေးကြေးရေး အဆင်ပြေမယ့်လလည်း ဖြစ်ပါတယ်။ အဲ… အချစ်ရေးမှာတော့ ဒီလအတွင်းစိတ်မကြည်စရာလေးတွေ၊ တင်းတင်းမာမာ ဖြစ်ရတာလေးတွေရှိတာမို့ သတိထားရမယ့် ကာလလည်း ဖြစ်ပါတယ်ကွယ်။

★ တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း

လုပ်ငန်းကိုင်ငန်းနဲ့ ပတ်သက်ပြီး မိဘ၊ မိသားစုရဲ့အကူအညီ အထောက်အပံ့တွေ ရကိန်းမြင်သတဲ့။ အချစ်ရေးမှာလည်း ချစ်သူနဲ့ အချစ်ပန်းတွေ အစွမ်းကုန်ပွင့်လန်းဝေဆာမယ့် ကာလပါတဲ့ကွယ်။ ငွေရေးကြေးရေး အခြေအနေလေးလည်း မဆိုးပါဘူး… တစ်ခုပဲ ကျန်းမာရေးလေးတော့ အညံ့ကိန်းမြင်လို့ ဂရုစိုက်စေချင်တယ်ကွယ်။

★ ဗြိစ္ဆာရာသီ (Scorpio): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း

ဒီရာသီဖွား ယောင်းတို့ အနေနဲ့ အလုပ်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ Training တွေယူရဖို့ရှိပြီး ဒီသင်တန်းတွေကြောင့်ပဲ လုပ်ငန်းခွင်မှာ တက်လမ်းမြင်နိုင်သတဲ့။ စင်ဂယ်လ်ယောင်းတို့အတွက် အချစ်ရေးကံကောင်းတဲ့လလည်းဖြစ်ကာ တွဲချိတ်နိုင်မယ့် ကံလေးရှိသတဲ့။ (အားကျမိ :P) ငွေရေးကြေးရေးအနေနဲ့တော့ သူများတွေပြတ်တုန်းလပ်တုန်း ၂၃မှာမှ ကိုယ်က ပြေလည်နေမှာဆိုပဲ…

★ ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း

ဒီကာလလေးကတော့ ဓနုရာသီဖွားယောင်းတွေအတွက် အသက်မွေးဝမ်းကျောင်းမှာ အံ့သြဖွယ်ကောင်းလောက်အောင် ကောင်းမွန်တဲ့လဖြစ်သတဲ့။ ငွေရေးကြေးရေး ကျပ်တည်းကိန်းရှိပေမဲ့ မပူပါနဲ့ ချစ်ချစ်ကကူညီပေးပါလိမ့်မယ်တဲ့ကွယ်။ အချစ်ရေးကတော့ ဇူလိုင်လ ဆယ့်တစ်ရက်နောက်ပိုင်း အလွန်ကောင်းဆိုပဲ။ ကျန်းမာရေးလည်းကောင်းတော့ အကုန်ကောင်းတဲ့လပဲ ဆိုကြပါစို့။

★ မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း

ဒီရာသီခွင်မှာ မွေးဖွားတဲ့ယောင်းတို့ ကံကြမ္မာကတော့ ဒီလအတွင်းမှာ နည်းနည်းအညံ့ရှိတယ်ကွယ်။ လုပ်ငန်းခွင်အတွင်းမှာလည်း အခြားသူရဲ့အောင်မြင်ရေးကိုပဲ ကူညီထောက်ပံ့ပေးနေရမှာဖြစ်လို့ ငွေရေးကြေးရေးလည်းကျပ်တည်းနိုင်သတဲ့။ အချစ်ရေးမှာတော့ ချစ်သူရှိသူတွေက ချစ်ချစ်နဲ့ အဆင်မပြေတဲ့လဖြစ်ပေမဲ့လို့ စင်ဂယ်ယောင်းတို့ကအတွက်တော့ စန်းပွင့်တဲ့ လဖြစ်ပါသတဲ့ရှင်။

★ ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း

ကုမ်ရာသီဖွား ယောင်းတို့ကတော့ ဇူလိုင်လအတွင်း လုပ်ငန်းခွင်မှာလည်း အောင်မြင်မှုတွေရမှာ ဖြစ်သလို အချစ်ရေးဆိုရင်လည်း အဆင်ပြေမှုတွေရမယ့် ကာလဖြစ်ပါတယ်။ စင်ဂယ်လ်ယောင်းတို့ဆိုရင်လည်း ကိုယ့်ခရပ်ရှပ်နဲ့ အဆင်ပြေမယ့်ကာလလည်းဖြစ်ပါသတဲ့ကွယ်။ ကျန်းမာရေးလည်းကောင်းတဲ့ကာလဖြစ်ပေမဲ့ ငွေရေးကြေးရေးကတော့ ကျပ်တည်းကိန်းရှိသတဲ့။

★ မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း

မိန်ရာသီဖွားယောင်းတို့အနေနဲ့ ဇူလိုင်လအတွင်းမှာ လုပ်ငန်းခွင်အတွင်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်ရမယ့် ကာလဖြစ်သတဲ့။ စင်ဂယ်လ်ယောင်းယောင်းတို့ကိုတော့ မိသားစုက လက်တွဲဖော်တွေ့နိုင်ဖို့ အကူအညီပေးကိန်းမြင်သတဲ့ (အပျိုကြီးဖြစ်မှာစိုးလို့ထင်ပါ့ :P) ကျန်းမာရေးကတော့ အညံ့လေး နည်းနည်းရှိပေမဲ့ စိတ်မပူပါနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိရင် အကောင်းဘက် ရောက်သွားမှာပါနော်။

ဒါတွေကတော့ ဇူလိုင်လအတွက် ယောင်းတို့ရဲ့ ကံကြမ္မာ အဆိုးအကောင်းလေးတွေပါနော်။ ကံကောင်းတာပဲဖြစ်ဖြစ်၊ ကံမကောင်းတာပဲဖြစ်ဖြစ် ပြောရမယ်ဆို ဒါတွေက တကယ်တမ်းတော့ လူအုပ်ထဲ ခဲနဲ့ပစ်လိုက်သလိုပေါ့ယောင်းတို့ရယ်.. ခဲမှန်တဲ့ သူများကျတော့ ဟာ.. မှန်လိုက်တာ သွေးတောင်ထွက်တယ် ဆိုတာမျိုးဖြစ်သွားပေမဲ့ ခဲနဲ့လွတ်တဲ့ သူများကျတော့ ဟာ အလွဲကြီးပါကွာ ဆိုပြီး ဖြစ်တတ်တာမျိုးမို့ အက်ဒ်မင်အကြံပေးလိုတာကတော့ ကိုယ့်ကို ကံကောင်းမယ်လို့ ဟောထားတာမျိုးဆို ယုံချင်ရင်ယုံလိုက်ပါ။ ကံမကောင်းတဲ့ဟာမျိုး ဟောလာတယ်ဆိုရင်တော့ ငါ့ကံ ဒီလောက်ကောင်းတာ ဘာမှ ဖြစ်နိုင်မှာ မဟုတ်ဘူးဆိုပြီးသာ ပလစ်လိုက်ပါလို့.. 😉

ယောင်းတို့ပျော်ရွှင်ပါစေ

Sugar Cane  (For Her Myanmar)

References – sunsigns, Find your fate

No Comments Yet

Comments are closed