Celebrity News FUN
Kpop Idolတို့ရဲ့ ပွဲဦးမထွက်ခင်က ဓာတ်ပုံများ
ချစ်စရာလေးတွေ… <3 🤣
ဒီရုပ်နဲ့
ဒီရုပ် 😀
ခုလည်း လှလှလေး..<3
By
Mia (For Her Myanmar)
Unicode ဖြင့်လည်း ဖတ်ရှုနိုင်ပါသည်။
ချစ်စရာလေးတွေ… <3  🤣
ကလေးဘဝက ပုံလေးတွေကို ပြန်ပြန်ကြည့်ရတာ အရသာ တစ်ခုပါ။ ငယ်ဘဝမို့ လွမ်းစရာလည်း ကောင်းသလို ပေါက်ကရ ပို့စ်တွေပေးထားတဲ့ ကလေးကလားပုံတွေမို့ ရယ်စရာလည်းကောင်းတယ်ဟုတ်? ဒီနေရာမှာ K-pop idolတွေရဲ့ ပုံတွေလည်း အလားတူပါပဲ။ ဒါကြောင့် ခုတစ်ခေါက်မှာတော့ K-pop idolတွေ ပွဲဦးမထွက်ခင် ငယ်ဘဝက ပုံလေးတွေကို ဖော်ပြပေးမယ်နော်။
(၁) ဒါကတော့ B.I ဆိုတဲ့ နာမည်နဲ့ လူသိများတဲ့ iKon ရဲ့ ခေါင်းဆောင် Hanbin ပါ။ ယောင်းတို့ မထင်ထားဘူး မလား…. အိုပါးကို ဒီလိုပုံနဲ့ တွေ့လိုက်ရမယ်လို့ ဒါကြောင့် ပြောတာ ကိုယ့် အတန်းထဲက ကောင်လေးတွေကို ရုပ်ဆိုးတယ်ဆိုပြီး အထင်မသေးပါနဲ့ လို့။
(၂) ဟောဒီ အဆင်လေးကတော့ Got 7 ရဲ့ BAM BAMပါ။ ခန္ဓာကိုယ်ရဲ့ လှနေမှု၊ အသားအရေရဲ့ ကြည်လင်ဝင်းပမှုဆိုတာ ဟောဒီလို ကောက်ကြောင်း အပြည့်နဲ့ BAM BAM မှ အစစ်ပါနော် :3
ဒီရုပ်နဲ့
ဒီရုပ် 😀
Related Article >>> ဆယ်စုနှစ်တစ်ခုတိုင် ကောင်မလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားတဲ့ k-idol အဖွဲ့
(၃) ဒါကတော့ စတိတ်ပေါ်မှာ အမြဲရင့်ကျက်တည်ငြိမ်တဲ့ Shinee ရဲ့ ခေါင်းဆောင် Onew ငယ်စဉ်ကပေါ့။ ကိုယ်တော်ချောက ငယ်ငယ်တုန်းကတော့ အတော်မျက်နှာရူးပုံရတယ်။ ဆိုပေမက် ဘယ်လိုနေနေ ချစ်ဖို့ကောင်းပါတယ်နော် 😀
(၄) ဒါကတော့ Shinee ရဲ့ Key လို့ လူသိများတဲ့ Kim Ki Bum ပါ။ သခွားမွှေးထဲ နားကြပ်ထည့်ပြီး အိုပါးတစ်ယောက် ဘာတွေများ တီထွင်ဖန်တီးဖို့ ကြိုးစားနေခဲ့တာပါလိမ့်။ အက်ဒ်မင်တော့ အရမ်းစိတ်ဝင်စားသွားပါပြီ။ ဘာပဲဖြစ်ဖြစ် အိုပါးရဲ့ တီထွင်မှုတွေ အကောင်ထည်ပေါ်လာပါစေနော်
Related Article >>> ဇာတ်လမ်းတွဲ အသစ်နဲ့ ပရိသတ်ရှေ့မှောက် ပြန်လည် ရောက်ရှိလာတဲ့ ကင်ဟွန်ဂျွန်း
(၅) ဒါကတော့ N လို့ လူသိများတဲ့ VIXXအဖွဲ့ရဲ့ Cha Hak Yeon ပါ။ Nက ငယ်ငယ်တည်းက ပန်းပန်ပြီး နန်းဆန်နေခဲ့တာပါလား… ။ ဒီလို ဒီဇိုင်းကာလာ အနေအထားကြောင့် Jelly Fish entertainmentက မျက်စိကျခဲ့တာ နေမယ်နော် 😀
(၆) ဒါကတော့ ကော်ဖီကြော်ငြာနေတဲ့ ဂျီနဂါး အိုပါးပါ။ ဆံပင်နဲ့ နှာခေါင်းကြည့်ပြီး အက်ဒ်မင်တော့ အတော်လေး ကြွေနေရပါပြီ ။
(၇) ဒါလေးကတော့ အားလုံးရဲ့ အချစ်တော် Blackpink ရဲ့ Lisaလေးပါ။ ခလိန်းက ငယ်ငယ်ကတည်းက စတိုင်ကျကျ လန်းခဲ့တာနော်။ အထင်တော့ မသေးစေချင်။
(၈) ဒါလေးကတော့ အင်မတန်ချိုသာတဲ့ အသံနဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားတဲ့ Hyolyn (sistar)ပါ။ သူ့လို ဆံပင်မျိုး လိုချင်ပါတယ် သုညကိုး… ။ အထက်တန်းတည်းက ချစ်စရာလေးနော် ။
ငယ်လေးတည်းက ချစ်စရာလေ့
ခုလည်း လှလှလေး..<3
ယောင်းတို့ရဲ့ ငယ်ငယ်က ပုံလေးတွေလည်း ပြသွားကြပါဦး <3 <3
By
Mia (For Her Myanmar)
References : aminoapps.com soompi.com
Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး စာတွေ၊ ကျန်းမာရေးတွေ ရေးပေးမယ့်သူပါ။ foodieဖြစ်တာမို့ ဟင်းချက်နည်းတွေလည်း ရေးပေးမှာနော်။
Leave a Reply
Your email address will not be published. Required fields are marked *