Book Reviews FUN

ကလိမထိုးခဲ့သော ဟာသအချစ်ဝတ္ထုလေး (၂)အုပ်

စာအုပ်အကြီးတွေချည်းပဲဆို ပျင်းနေပါစိုးလို့ ပေါ့ပေါ့ပါးပါးလေးတွေ ပြောင်းဖတ်ရအောင် ယောင်းတို့ရေ…. 

တစ်ခါတလေ ခံစားချက်တွေ သစ်လွင်လာဖို့အတွက် ပေါ့ပေါ့ပါးပါး ဟာသဝတ္ထုလေးတွေက လိုကို လိုအပ်ပါတယ်။ ဒါပေမဲ့ ဟာသဝတ္ထုတွေရေးတယ်ဆိုရာမှာလည်း ဟာသတွေက ပေါမသွားဖို့ လိုသေးတယ် မဟုတ်လား.. အဲဒီတော့ ပေါမသွားတဲ့ ဟာသဆန်ဆန် အချစ်ဝတ္ထုလေးတွေကို ယောင်းတို့ကို ပြောပြပေးမယ်ဆို ဘယ်လိုသဘောရလဲ? ပိတ်ရက်ရှည်တွေလည်း လာတော့မယ်ဆိုတော့ ယောင်းတို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ အချစ်ဝတ္ထုလေးတွေကို နှင်းကပြောပြပေးမယ်လေ။ (၂) အုပ်လုံးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရတဲ့ အချစ်ဝတ္ထုလေးတွေပါ ။ ကဲ ဘာစာအုပ်တွေလဲဆိုတာ ဆက်ကြည့်ရအောင်နော်။ 

(၁) တစ်ကိုယ်တော်ရေးတဲ့ကကြီးခခွေး (တာရာမင်းဝေ)

တစ်ကိုယ်တော်ရေးတဲ့ ကကြီးခခွေး

စာရေးသူရဲ့ အမှာစာမှာကတည်းကိုက ဒီဝတ္ထုသည် ကြီးကျယ်ထည်ဝါသော ဝထ္တုမဟုတ်ပါ။ ဘဝအမောပြေပျောက်စေရန် ရည်ရွယ်ရေးသားကျီစယ်သော ဝတ္ထုသာဖြစ်ပါတယ်လို့ ရေးထားပါတယ်။ တကယ်လည်း ဘဝအမောတွေပြေပျောက်သွားအောင် အကွေ့အဝိုက် တစ်ချို့နဲ့ အချစ်ဇာတ်လမ်းလေးကို တွေ့မြင်ရမှာပါ။ စည်သူဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ အင်မတန်ကို စကားပြောညက်ပြီး သူတစ်ပါးကို စလိုက်,နောက်လိုက်ရမှ စားဝင်အိပ်ပျော်တဲ့ ရွှတ်နောက်နောက်ကောင်လေးပေါ့။ ဇာတ်လိုက်မင်းသမီးဖြစ်တဲ့ ရွှေဝါကလည်း အိမ်ကအမေပေးစားတဲ့ ‘ပန်တျာရဲဝင်း’ ကိုမယူချင်လို့ ယတြာချေဖို့ ဗေဒင်သွားမေးရင်း မမျှော်လင့်တဲ့ အခြေအနေတစ်ခုကို ကြုံလိုက်ရတဲ့အခါ…. သူတို့နှစ်ယောက်ကို ကံကြမ္မာက ဘယ်လိုဆုံတွေ့ခွင့်ပေးမှာလဲ? စာအုပ်လေးထဲဆက်ဖတ်ကြည့်နော်။ 😛

Related Article >>> အတိတ်ကိုအလည်လိုက်ပို့မယ့်စာအုပ်လေးတွေ

(၂) နှလုံးသားထဲကြွက်ဝင်နေသည် (နီကိုရဲ)

နှလုံးသားထဲ ကြွက်ဝင်နေသည်။

 ကြွက်တစ်ကောင်သည် လူတစ်ယောက်ဘဝတွင် ဘာမှအရေးမကြီးသောသတ္တဝါ ဖြစ်သည်။ (စာအုပ်မှကောက်နုတ်ချက်)။ သို့သော် အဲ့လိုအရေးမပါတဲ့ သတ္တဝါတစ်ကောင်က လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ဘယ်လိုပြောင်းဆန်အောင်လုပ်သွားခဲ့လဲဆိုတာကို ဒီဝတ္ထုထဲမှာ ဖတ်ရမှာပါ။ ဇာတ်ကောင်ကံသာရဲ့ နှလုံးသားထဲကို ယွန်းဆိုတဲ့ကောင်မလေးက ဝင်ရောက်လာခဲ့ချိန် ကြွက်တစ်ကောင်ပါ အတူပါလာခဲ့တယ်။ အဲ့ဒီကြွက်ကြောင့် ကံသာ ထမင်းလည်းငတ်၊ ယောက္ခမနဲ့လည်း ကတောက်ကဆတွေဖြစ်၊ ဆံပင်ကိုလည်း ကြွက်ကိုက်ရာတွေဖြစ်သွားလောက်တဲ့အထိ ကံသာ့အပေါ်ဘယ်လိုတွေ ဒုက္ခပေါင်းစုံပေးလိုက်ကြလဲ နောက်ဆုံးမှာတော့ ဒီကြွက်တစ်ကောင်နဲ့ မောင်ကံသာတစ်ယောက် ဘယ်လိုစခန်းသွားကြမလဲဆိုတာ … စာအုပ်ထဲဆက်ဖတ်ကြနော် 😛

ဆရာ နီကိုရဲနဲ့ ဆရာ တာရာမင်းဝေတို့ရဲ့ စာအုပ်တွေက အချစ်ဝတ္ထုဆိုပေမဲ့ ဇာတ်လမ်းတွေက ခပ်သွက်သွက်နဲ့ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တွေပါ။ ပျော်အောင်ဖတ်တဲ့စာတွေပေမဲ့ အပျင်းပြေ အပျော်ဖတ်အဆင့်မဟုတ်တာလည်း ဒီစာအုပ်တွေပါပဲ။ (အက်မင့်အသည်းစွဲတွေ) ယောင်းတို့လည်း ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေရှိရင် ဝေမျှပေးခဲ့ပါဦးလို့။ သင်္ကြန်ပိတ်ရက်ရှည်မှာ အက်မင်လည်း အိမ်တွင်းအောင်းပြီး စာဖတ်ရဦးမယ်လေ နော်…  😀

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *