FUN

ယောင်းတို့မသိသေးတဲ့ ဂျီချမ်းဝတ် (Ji Chan Wook) အကြောင်း တစ်စေ့တစောင်း

ငှယ်.. ကလေးလေး ကျနေတာပဲ..<3 

ဂျီချန်ဝတ် ဆိုတာကို   ၉ တန်းတုန်းက MWD မှာလာတဲ့ “Bachelor’s Vegetable Store” ဆိုတဲ့ ဇာတ်လမ်းတွဲကနေ အိမွန်စသိတယ်ပေါ့နော်။  ဒီကားတိုင်ခင် ရှေ့မှာ “Smile Again” ဆိုတဲ့ ဇာတ်လမ်းတွဲ နဲ့ သူက  KBS Drama Award ရခဲ့ပါတယ်တဲ့။ အဲဒီကနေ တဖြည်းဖြည်း အောင်မြင်လာလိုက်တာ ခုနောက်ပိုင်း Empress Ki ၊ Healer ၊ K2 ၊ Suspicious Partner တို့ထိပဲ ဆိုပါတော့။

လီကွမ်ဆူလည်း ပါတယ် ဒီကားထဲမှာ

ဂျီချန်းဝတ်ကို ၁၉၈၇ ဇူလိုင်လ ၅ ရက်နေ့မှာ မွေးဖွာပြီး ဂျုန်းဂီပြည်နယ်သားလေး ဖြစ်ကာ လက်ရှိအချိန်မှာ အသက် ၃၁ နှစ်ရှိပါပြီ။ မူလတန်းမှာ အဖေ ဆုံးပါးခဲ့တဲ့အတွက် အမေကပဲ သူ့ကို ရှာဖွေ ကျွေးမွေးစောင့်ရှောက်ခဲ့တာပါတဲ့။ အထက်တန်း ကျောင်းတက်နေတုန်းက သူ့ရည်မှန်းချက်က အင်ဂျင်နီယာဖြစ်ချင်ခဲ့ပေမဲ့ ကျောင်းပြီးတော့ မင်းသားပဲ လုပ်တော့မယ်ဆိုပြီး စိတ်ကူးပြောင်းခဲ့ပါတယ်။ ငယ်ငယ်လေးတည်းက အမေ့စကားဆိုရင် တစ်ခါမှ မလွန်ဆန်ခဲ့တဲ့ သားလိမ္မာလေးက မင်းသားဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကိုတော့ အမေနဲ့ အတိုက်အခံ လုပ်ပြီး လျှောက်လှမ်းခဲ့ရတာပါတဲ့။

မေမေနဲ့လည်လည်ထွက်တုန်းက

လက်ရှိအချိန်မှာ single ဖြစ်နေတဲ့ မင်းသားရဲ့ အဆက်ဟောင်းတွေကတော့ ဟာဂျီဝန်တို့ ပါ့ခ်မင်ယောင်းတို့လို နာမည်ကြီး မင်းသမီးတွေပါ။ ဖေ့စ်ဘွတ်နဲ့ တွစ်တာကို အမြဲသုံးတဲ့အတွက် ဖန်တွေနဲ့လည်း အဆက်အသွယ်မပြတ်ခဲ့သူပေါ့။  ၂၀၁၇ သြဂုတ်လမှာတည်းက စစ်မှုစထမ်းနေတာမို့ ဖန်တွေနဲ့ အဆက်အသွယ် ပြတ်နေတာတောင် သူ့ပရိသတ်တွေက အမြဲတမ်း မမေ့ဘဲ ဆုတောင်းပေးနေတာပါတဲ့။ Wookie’s Real Fan တွေပေါ့။

ဒါတွေကတော့ ယောင်းတို့လည်း သိပြီးသားနေမှာပါနော်… ယောင်းတို့ မသိလောက်သေးတဲ့ အချက်တွေကရော ဘာတွေ ရှိလောက်သေးလဲဆိုတော့…

သရဲနဲ့ အမြင့်ကြောက်တယ်

အမြင့်ကြောက်တာကတော့ လူတစ်ကိုယ် phobia တစ်မျိုးဆိုတော့ မအံ့သြမိပေမဲ့ သရဲကြောက်တတ်တယ်ဆိုတော့ ထင်တောင် မထင်ထားဘူးရယ်။ ဇာတ်လမ်းထဲမှာသာ မာမာထန်ထန် ရဲရဲရင့်ရင့် သရုပ်ဆောင်နေရပေမဲ့ တကယ်တမ်းမှာ အမြင့်နဲ့ သရဲကြောက်တယ်ဆိုတာကို အင်တာဗျူးတစ်ခုမှာ wookie တစ်ယောက် ဝန်ခံခဲ့ပါတယ်တဲ့။

စိတ်ကူးထဲက ကောင်မလေး

ဒီလောက်ချောပြီး ဘေးနားမှာ နာမည်ကြီးတွေ ဝိုင်းဝိုင်းလည်နေတဲ့ မင်းသားရဲ့ စိတ်ကူးထဲက ကောင်မလေးက ဘယ်သူလို့ထင်လဲ ယောင်းရေ။ ဆောင်းဟေဂိုပါတဲ့။ သူ့စိတ်ကူးထဲကနဲ့ တစ်ထပ်တည်းကျတဲ့ မိန်းကလေးပါလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပေမဲ့ ဆောင်ဂျွန်ကီက လက်ဦးသွားတော့ ကျန်ရစ်ဖြစ်ပြီပေါ့ 😀

Related Article >>> မိန်းကလေး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ Noah Centineo အကြောင်း တစ်စေ့တစောင်း

ရှက်တတ်တယ်

တစ်ဦးတည်းသော သားဖြစ်တဲ့ wookie က အိမ်မှာပဲ ငြိမ်ကုပ်နေတတ်ပြီး ရှက်တတ်သူပါ။ ကလေးဘဝတည်းကက သီးသန့်နေတတ်ပြီး “My two perfect sons”  ထဲမှာသူ့ရဲ့ ဇာတ်ရုပ်က အပြင်နဲ့ တခြားစီပါတဲ့။ အနုပညာအလုပ် စလုပ်တုန်းကဆိုရင် စိတ်လှုပ်ရှားပြီး ကင်မရာရှေ့ရောက်ရင် ခြေမကိုင်မိ လက်မကိုင်မိနဲ့ ရှက်တတ်ပါတယ်တဲ့။ အခုတော့ ဖန်သားပြင်ထဲကနေ ပရိသတ်တွေကို ကြွေလောက်တဲ့ထိ အနေအထားစတိုင်အလန်းတွေနဲ့ ဂိုက်ပေးကြမ်းတဲ့ မင်းသား ဖြစ်နေပြီလေ..

အမေကို အရမ်းချစ်တယ်

ယောက်ျားလေးအချို့က  “mama’s boy” လို့ အခေါ်ခံရတာ မကြိုက်ကြပေမဲ့ ဂျီချန်ဝတ်ကတော့ အမြဲတမ်း “မေ့မေ့သားလေး” ပါတဲ့။ ငယ်ငယ်လေးတည်းက အဖေဆုံးပါးသွားတဲ့ wookie အတွက် အမေကသာ သူ့ဘဝရဲ့ အရာရာပါ။

အစားအသောက်ကို ခုံမင်ပါတယ်။

အစားအသောက်ဆိုရင် လာထား …ဆွဲမယ်ဆိုတဲ့ မင်းသားဖြစ်ပြီး အထူးသဖြင့် တရုတ်အစားအစာတွေဆို အရူးအမူးပါတဲ့။ သိုးသားကင် ၊ ဘဲကင် ဟော့ပေါ့တို့ဆို ကြိုက်ပါသတဲ့။ ဒါပေမဲ့ သူ့အကြိုက်ဆုံးကတော့ အမေချက်တဲ့ လက်ရာပါတဲ့။

ရုပ်ရှင်ကြိုက်တယ်။

ရုပ်ရှင်ကြည့်ရတာကြိုက်ပြီး သည်းထိတ်ရင်ဖိုဇာတ်ကားတွေက သူ့အကြိုက်ဆုံးပါတဲ့။ အကြိုက်ဆုံး နိုင်ငံခြားရုပ်ရှင်ကတော့ မင်းသား Brad Pitt ပါဝင်ထားတဲ့ “The curious case of Benjamin Button” ပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စစ်မှုထမ်းဆောင်နေရတဲ့ ဂျီချန်းဝတ်လေးကို မမြင်ရတာကြာပြီဆိုတော့ အလွမ်းပြေ သူ့အကြောင်းလေးတွေ ရေးပေးလိုက်တာပါ ယောင်းရေ။ ၂၀၁၉ မေလ ၁၃ ရက်နေ့ဆိုရင်တော့ စစ်မှုထမ်းကာလ ပြီးဆုံးလို့ ဇာတ်ကားကောင်းတွေနဲ့ တစ်ကြော့ပြန်လာဦးမယ့် wookie ကို မျှော်လင့်ရင်း…

With love

Ei Mon (For Her Myanmar)

References: Wikipedia, Khushbusingh

Ei Mon
Ei Mon
For Her Myanmar ရဲ့တက်သစ်စ ဆောင်းပါးရှင် အိမွန်ဖြစ်ပါတယ်။ စာရေးရတာ ဝါသနာ ပါပါတယ်။ ဆောင်းပါးတွေကတစ်ဆင့် စိတ်ကူးလေးတွေကို ယောင်းတို့ရဲ့ ရင်ထဲအရောက် ပို့ပေးချင်ပါတယ်။ အထူးအားသာတာကတော့ အနုပညာရှင်သတင်းတွေပဲ ဖြစ်ပါတယ်။ အိမွန်ရဲ့ လက်ရာဆောင်းပါးတွေကို အားပေးမယ်မှတ်လား…….

Leave a Reply

Your email address will not be published. Required fields are marked *