FUN

ယောင်းယောင်းတို့ပြောတဲ့ အကြိုက်ဆုံး ရုပ်ရှင်တွေ အကြောင်း

ကဲ.. ကဲ… ဒီရုပ်ရှင်လေးတွေကို ဒီယောင်းယောင်းတို့က သိပ်ကိုကြိုက်ပါတယ်တဲ့.. ကျန်တဲ့ ယောင်းယောင်းတို့ရော ? နောက်ထပ် မေးခွန်းလေးတွေလည်း လာဖြေပေးဖို့ မမေ့နဲ့ဦးနော်.. :*

ယောင်းယောင်းတို့ရေ.. အက်ဒ်မင်တို့ရဲ့ ယောင်းယောင်းတို့ပြောတဲ့ သရဲအကြောင်း စာမူလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်..  အက်ဒ်မင်တို့ အတွေးအမြင် အာဘော် ဘာမှမပါဝင်ဘဲ ယောင်းယောင်းတို့ရဲ့ မူရင်းအရေးအသားလေးအတိုင်း တင်ဆက်ပေးခဲ့တဲ့ စာမူလေးပေါ့။ ယောင်းလေးတို့ရဲ့ အတွေ့အကြုံတွေကို ရေးပေးခဲ့ကြတာလေး မမေ့လောက်သေးဘူးထင်ပါတယ်နော်.. ခုလည်း အက်ဒ်မင်တို့က ဒီလိုမျိုးစာမူလေး နောက်ထပ် တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါပြီနော်.. ဒီတစ်ခါကတော့ ယောင်းယောင်းတို့ပြောတဲ့ အကြိုက်ဆုံးရုပ်ရှင်တွေအကြောင်းပါတဲ့.. ကဲ.. ဘယ်သူတွေက ဘယ်လို ရုပ်ရှင်မျိုးလေးတွေ နှစ်သက်တာလဲဆိုတာ ကြည့်ကြရအောင်နော်…

၁။ ဒါကတော့ Yu Yu Mon ဆိုတဲ့ account ပိုင်ရှင် ယောင်းယောင်းရဲ့ အကြိုက်ဆုံး Movie လေးပေါ့ကွယ်.. The Fault in Our Stars တဲ့

အရမ်းအဓိပ္ပာယ်ရှိတဲ့ စာသားလေးတွေနဲ့ ဖွဲ့စည်းထားတယ်။
ကင်ဆာဖြစ်နေပြီးတစ်ချိန်ချိန်မှာ သေရမယ်ဆိုတာသိသိရဲ့ ရှင်သန်နေရတဲ့ မင်းသမီးနဲ့
ကင်ဆာဆဲလ်တွေထပ်မပွားတော့ဖူးထင်ထားပေမယ့် ရုတ်တရက်ဆိုသလို တကိုယ်လုံးပ္ပွားသွားတာသိလိုက်ရတဲ့ မင်းသားရယ် …
သေတော့မှာသိတဲ့မင်းသားက ဈာပနအခမ်းအနားမှာ သူချစ်သူမင်းသမီးကို သေဆုံးသူဖို့ပြောပေးတဲ့ စကားလေးတွေ ပြောခိုင်းတယ် …
ဈာပနအခမ်းအနားဆိုတာသေဆုံးသွားတဲ့သူတွေအတွက်ဆိုတာထက် ကျန်ရစ်သူမိသားစုအဖို့ ပိုသက်ရောက်တာလေးတွေ
အိုကွယ် အဲဒီကားက ကျမအကြိုက်ဆုံးပဲ
ခဏခဏကြည့်လည်း မျက်ရည်ကျရတယ် 🙂

(အက်ဒ်မင်လည်း ငိုခဲ့ရတယ် :'( )

၂။ ဒါကတော့ Thin Nu Aung ဆိုတဲ့ ယောင်းယောင်းရဲ့ အကြိုက်ဆုံး ရုပ်ရှင်ပါတဲ့.. ဘာရုပ်ရှင်လဲဆိုတော့ကာ…

အခုလတ်​တ​လော​တော့ ​ဒေးဗစ်​ဗက်​ခမ်း ရဲ့သားအကြီးဆုံးနဲ့ date ​နေတဲ့ မင်းသမီး​လေး Chloe Grace Mortez ရဲ့ If I stay ဆိုတဲ့ကား​လေးကြိုက်​မိ။..ဇာတ်​လမ်းက လူငယ်​ romance ကား​လေးပါပဲ
။ကောင်​မ​လေးက cello တီးတာအရမ်းဝါသနာပါတယ်​။တစ်​မိသားစုလုံး ကား​မှောက်​ပြီး အ​ဖေနဲ့အ​မေက ပွဲချင်းပြီး​သေသွားတယ်​။မောင်​​လေးကလည်း​ဆေးရုံ​ပေါ်​ရောက်​မှ ​သေသွားပြီး သူတ​ယောက်​ထဲ
သေ​ရေးရှင်​​ရေးဖြစ်​​နေချိန်​(သူ့ရဲ့ဝိညာဉ်​ကလည်း ​ဆေးရုံ​ပေါ်မှာ သူ့ခန္ဓာကိုယ်​ဆီ​ပြေးလိုက်​၊​​မောင်​​လေးဆီ​ပြေးလိုက်​)သူ့ကိုတကယ်​ချစ်​တဲ့ သူ့​ကောင်​​လေးက cello သံ​လေး​တွေကို​ဆေးရုံတခုလုံးက sound box ​တွေက​နေဖွင့်ပြလိုက်​မှ သူ့ဝိညာဉ်​က တကယ်​​နေရမယ့် လူ့​လောကဘက်​ကိုရှာ​တွေ့သွားပြီး သတိပြန်​ရလာတဲ့ကား​လေးပါ။ ​တွေးမိတာက FA ​တွေသာဆိုရင်​ ဝါသနာပါတဲ့အရာကိုသိပြီး ဝိဥာဉ်​ပြန်​​ခေါ်​ပေးမယ့်သူမရှိလို့ ​သေချာ​ပေါက်​ ​သေမှာလို့ 😀

(အက်ဒ်မင်ဆို ခေါ်မယ့်သူ ရှိမှာတောင် မဟုတ်ဘူး သေမှာ သေချာပေါက်ပဲ 🙁 😀 )

Related Article >>> ယောင်းယောင်းတို့ပြောတဲ့ သရဲအကြောင်း

၃။ Mya Pwint Khant ဆိုတဲ့ ယောင်းယောင်းလေးကတော့ ဂန္တဝင်ကားတွေကို သဘောကျပုံပါပဲ.. သူမရဲ့ အနှစ်သက်ဆုံး ရုပ်ရှင်ကတော့ တစ်ခေတ်မှာ တစ်ခါဆိုသလောက် ဖြစ်ခဲ့တဲ့ Gone with the wind ပါတဲ့ ယောင်းတို့ရေ…

Gone with the wind အဲကားထဲက စကားလက်ကို အရမ်းသဘောကျလို့ အရမ်းကြိုက်လို့ ဇာတ်လမ်းရှည်ပေမယ့် တစ်ထိုင်တည်း ကြည့်ဖြစ်တဲ့ကား ပြန်ကြည့်တာလည်း ၃ ၄ ခါရှိပေမယ့် မရိုးနိုင်ဘူး။

( ဇာတ်ကားရော ဝတ္ထုရော ကောင်းလွန်းပါဒေကွား ယောင်းက အကောင်းကြိုက်တတ်လွန်း 😛 )

၎။ ယောင်းယောင်းလေး Anna ကတော့ ဒီလိုပါတဲ့ကွယ်..

While you were sleeping
အဲ့ကားလေးကအရမ်းအနှစ်သာရရှိတယ်
Romaticလည်းဆန်တယ်
လူတွေရဲ့အသက်ကိုလိုက်ကယ်တဲ့ကားလေးပါ
မင်းသမီးကဖြစ်လာမဲ့အနာဂတ်ကိုအိမ်မက်ထဲမှာကြိုမြင်ရတယ်။

(ဒါတော့ k-drama စီးရီးစ်လေးပေါ့ကွယ်.. အက်ဒ်မင်လည်း ကြိုက်မှကြိုက် Suzi လေးကို ချစ်တာလို့ အက်ဒ်မင်က 😀 )

၅။ May Phyo Thu ဆိုတဲ့ ယောင်းယောင်းလေးကတော့…

Rab Ni Bana Di Jodi ဆိုတဲ့ Bollywood movieလေး
မင်းသားက Shah Rukh Khan …မင်းသမီးက PKထဲက မင်းသမီး …
အသက်ကြီးကြီး ယောကျာ်းကြီးက အသက်ငယ်ငယ်ကောင်မလေးနဲ့ယူပြီးကာမှ
ကောင်မလေးမပျော်နိုင်မှန်းသိလို့
လူငယ်လေးယောင်ဆောင်ပြီး ပျော်အောင်ထားပေးတာ …
ကိုယ့်ယောကျာ်းကိုယ်မမှတ်မိဘူးလား မေးစရာရှိပေမယ့် …
အဲ့ထဲက မင်းသားရဲ့ အချစ်က နူးညံ့သိမ်မွေ့လွန်းအားကြီးတယ်
အရိုကျိပဲ တလိုင်း xD

( ဝိုး အက်ဒ်မင်ကြည့်ရမှာ တစ်ကားတိုးသွားပြန်ပေါ့ ယောင်းယောင်းရေ.. ကျေးဇူး ကျေးဇူး :* )

၆။ ကဲ.. ဒီယောင်းယောင်းကတော့ FHM ရဲ့ အမာခံ ပရိသတ်လေးထင်ပါရဲ့ Van Van Malen တဲ့ နာမည်လေးက .. သူမကတော့ သူမ နှစ်သက်ရတဲ့ ဇာတ်ကားကို ဒီလိုဆိုလာပြန်ပါတယ်။

For Her Myanmar က မိတ်ဆက်ပေးတဲ့ Untrolled love အချစ်စစ်ဆိုရင် ဆူးခင်းထားတဲ့ လမ်းလည်း ရအောင်ဖြတ်နိုင်တယ် အာ့Message လေးကို သဘောကျလို့ ၁၀ခါရှိပြီ ပြန်ပြန်ကြည့်နေတာ

(အံမလေး အက်ဒ်မင်တို့ညွှန်းပေးထားတာလေးကို သဘောကျသွားတယ်ဆိုတော့ စိတ်ချမ်းသာဝါးဘီ မွ :* )

ကဲ… ဒါကတော့ ယောင်းယောင်းတို့ ပြောပြခဲ့တဲ့ ယောင်းယောင်းတို့ရဲ့ အနှစ်သက်ဆုံး ရုပ်ရှင်တွေပါတဲ့ကွယ်.. ကျန်တဲ့ ယောင်းယောင်းလေးတွေ မကြည့်ရသေးရင်လည်း မှတ်ထားပြီး ကြည့်ကြနော်.. အက်ဒ်မင်တို့ ယောင်းယောင်းလေးတွေက အကောင်းကြိုက်ကလေးတွေပဲမို့ ဒီဇာတ်ကားတွေလည်း ကောင်းဖို့ ၁၀၀%ပါပဲလို့.. တကယ်လို့များ ဒီကားတွေ အကုန်လုံးကြည့်ပြီးသား တခြားကားတွေမရှိတော့ဘူးလားဆိုခဲ့ရင် အက်ဒ်မင်တို့ ကြာသပတေးနေ့တိုင်းမှာ Movie Review လေးတွေ တင်ဆက်ပေးနေတာမို့ ကြည့်စရာ မရှိမှာ မပူပါနဲ့ ယောင်းတို့ရေ… အက်ဒ်မင်တို့ မေးတဲ့ မေးခွန်းလေးတွေမှာလည်း လာဖြေပေးဖို့ မမေ့နဲ့နော်..  😉

For Her Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *