FUN Knowledge

အိပ်မက်ကမ္ဘာမှာ အဖြေရှာခြင်း

အိပ်မက်ကမ္ဘာထဲမှာ သူ့ရဲ့ ကိုယ်ပိုင် စာပေ၊ ဘာသာစကားနဲ့၊ အိပ်မက်နယ်မြေတွေ ရှိသတဲ့…

အိပ်မက်ကတော့ လူတိုင်းမက်ဖူးကြတာပါပဲ..အချို့သောသူတွေကတော့ အိပ်မက်ကို နိုးလာတဲ့အခါ မမှတ်မိတတ်ကြပေမယ့် အချို့တွေကတော့ တော်တော်ကြာကြာ စွဲမြဲနေအောင် မှတ်မိတတ်ကြပါတယ်။ လူချင်းလည်း ကွာသလို အိပ်မက်ချင်းလည်း ကွာကြမယ်ထင်ပါရဲ့..လူတစ်ယောက်တည်းမှာတောင်မှ မေ့ချင်ပါတယ်ဆိုတဲ့ တချို့သော အိပ်မက်ဆိုးတွေကိုတော့ မှတ်မိနေတတ်ပြီး ကြည်နူးစရာ အိပ်မက်လေးတွေကိုတော့ နိုးလာတာနဲ့ မမှတ်မိတော့တာမျိုး နှမြောတသဖြစ်ရတာမျိုးတွေ ရှိမယ်ထင်ပါရဲ့နော်.. အိပ်မက်နဲ့ ပတ်သက်လို့ အဓိပ္ပာယ်ဖွင့်ဆိုတာတွေလည်း အများကြီးရှိကြပါတယ်။ ဒီထဲက ယောင်းတို့သိချင်ကြမယ်ထင်တဲ့ အချက်လေးတွေကို ကောက်နှုတ်တင်ပြလိုက်ပါတယ်နော်…

အိပ်မက်နဲ့ ပတ်သက်လို့ ဒီလိုသိပ္ပံနည်းကျ အချက်တွေ ရှိတယ်တဲ့ ယောင်းရေ..

-ရေတစ်​ခွက်​ ​သောက်​ပြီးမှ အိပ်​ရင်​ အိပ်​မက်​​တွေကို ပိုပြီး မှတ်​မိနိုင်ပါတယ်။

-၁၇ ရာခိုင်​နှုန်း​သော လူတချို့က အိပ်​မက်​ကို အဖြူအမည်းမက်​ကြပါတယ်။

-ကိုယ့်ရဲ့ မသိစိတ်​ထဲမှာဖြစ်​ဖြစ်​ အသိစိတ်​ထဲမှာဖြစ်​ဖြစ်​ စွဲလမ်း​နေတဲ့အရာကို အိပ်​မက်​မြင်​မက်​တတ်​တယ်​တဲ့။

-တစ်​ခါတ​လေကျ​ရင်​ အိပ်​မက်​က အနာဂတ်​ကို ​ဟောသတဲ့ 😱

-လူတချို့ဟာ ကိုယ်​မက်​ချင်​တဲ့အိပ်​မက်​ကို ကိုယ်​တိုင်​မက်​ယူကြပါသတဲ့ (အက်ဒ်မင်​အပါအဝင်​​ပေါ့ 😝) ကိုယ်​မက်​ချင်​တဲ့ အိပ်​မက်​ကို ဇာတ်​လမ်း​လေးလို​တွေး..စိတ်​ကူးထဲ ပုံ​ဖော်​ထားရင်​ တစ်​ပတ်​အတွင်း မက်​တတ်​ပါတယ်​ 😁 (အက်ဒ်မင့် လျှို့ဝှက်​ချက်​တစ်​ခု မျှ​ဝေလိုက်​ပြီ​နော်​ 😁 )

Related Article >>> ယောင်းတို့ရဲ့အဆန်းတကြယ် အိပ်မက်များ

ကဲ.. ဒါတွေကတော့ အခြေခံ အချက်တွေပေါ့နော်.. နောက်ထပ် အိပ်မက်ကမ္ဘာထဲ အက်ဒ်မင်တို့ ထပ်ပြီးနယ်ချဲ့ကြည့်မယ်ဆိုရင်တော့ ဒါလေးတွေကို တွေ့ရပါလိမ့်မယ်တဲ့…

၁။ အိပ်​မက်​နယ်​​မြေ

ယောင်းအိပ်​မက်​ထဲမှာ ​သွားလာ​နေတဲ့ နယ်​​မြေဟာ ​ယောင်းမြင်​ဖူးသမျှ ​ယောင်း​တွေး​ခေါ်နိုင်​သမျှ ​ယောင်းရဲ့စိတ်​ကူးအာရုံက ပုံ​ဖော်​ဖန်​တီးထားတဲ့ အပြင်​​လောကနဲ့ တူ​နေတဲ့ နယ်​​မြေတစ်​ခုပါ။ အဲ့ဒီနယ်​​မြေဟာ အပြင်​​လောကနဲ့ အနည်းငယ်​ လွဲနေတတ်​ပါ​သေးတယ်​။ ဥပမာ_ အ​ရှေ့၊အ​နောက်​ ​ပြောင်းပြန်​ဖြစ်​တာ.. ဘယ်​၊ညာ ​ပြောင်းပြန်​ဖြစ်​​နေတာ မျိုး​ပေါ့။ ယောင်းရဲ့အိပ်​မက်​ထဲက နယ်​​မြေ​တွေ၊ အ​ဆောက်​အအုံ​တွေကို ​ယောင်းကိုယ်​တိုင်​ အံ့အားသင့်​​လောက်​​အောင်​ ​တွေ့ရရင်​​တော့ ​ယောင်းဟာ ဖန်​တီးနိုင်​စွမ်း မြင့်မားလို့ပါတဲ့​ 😍 ။

၂။ အိပ်​မက်​ဘာသာစကား

အိပ်​မက်​ထဲမှာ ကိုယ်​အရမ်းလွမ်းဆွတ်​​နေသူရဲ့ အသံကိုသာ ကြားနိုင်​ပါတယ်​တဲ့။ များ​သောအားဖြင့်တော့ အိပ်​မက်​ထဲက စကား​တွေကို အိပ်​မက်​ထဲမှာပဲ မှတ်​မိနိုင်​ပြီး နိုးလာရင်​ စကားလုံး​တွေမသိနိုင်​​တော့ပါဘူး။ အိပ်​မက်​ထဲက စကားရဲ့ သ​ဘောတရားကို​တော့ မှတ်​မိ​လေ့ရှိပါတယ်​။ အိပ်​မက်​ထဲက dialogue ​တွေ ​ရေလည်​လန်းလို့ ​သေ​သေချာချာ ကျက်​တာ​တောင်​ နိုးလာ​တော့ မမှတ်​မိ​တော့ဘူးကွယ်​။ (တစ်ချိန်​ချိန်​ ပြန်​သတိရလာမယ်​လို့​တော့ ​မျှော်​လင့်ရတာပဲ..အ​ကြောင်းတိုက်​ဆိုင်​ရင်​​တော့ မှတ်​မိ​ကောင်းပါရဲ့)။ အက်ဒ်မင်​ထင်​တာက​တော့ အိပ်​မက်​ထဲက ဘာသာစကားကို အိပ်​မက်​ထဲမှာပဲ နားလည်​တာထင်​ပါတယ်​။ နိုးလာ​တော့ အိပ်​မက်​ကမ္ဘာနဲ့ အပြင်​​လောကဟာ ဘာမှမဆိုင်​​အောင်​ ခြားနားသွားတာကိုး။ 😖

Related Article >>> သရဲအကြောင်း အိပ်မက်မက်ခြင်းက ဘာကိုဆိုလိုတာလဲ

၃။ အိပ်​မက်​စာ​ပေ

တစ်​ခါတ​စ်​လေ အိပ်​မက်​ထဲမှာ တစ်​ကမ္ဘာလုံးက စာ​တွေ​ပေ​တွေ ဖတ်​တတ်​​နေ​ရော ​ယောင်း​ရေ။ အိပ်​မက်​ထဲက စာ​တွေကို စာလုံးပုံစံ​တွေ အဓိပ္ပာယ်​​တွေ ဘယ်​လိုပဲ ကျက်​ကျက်​ မှတ်​မှတ်​ နိုးလာရင်​​တော့ ​မေ့ကုန်​တာပါပဲ။ (အပြင်​လောက​နဲ့ တူမလားလို့ တမင်​ကျက်​တာ။ အိပ်​မက်​ထဲက​နေ ဘာသာစကားတစ်​ခုခု တတ်​လည်း နည်းလား​နော့် 😛) ။ အိပ်​မက်​စာ​ပေကို အပြင်​မှာပြုစု အရင်​တတ်​​အောင်​လုပ်​ထားရင်​​တော့ အိပ်​မက်​ထဲက စာ​ပေ​တွေ အပြင်​ထိ ယူလာနိုင်​မလားပဲ​နော်​.. အက်ဒ်မင်​ ဉာဏ်​များကြည့်​တာပါ 😝 ။

၎။ အိပ်​မက်​ထဲကလူ​တွေ

လူအများစုက အိပ်​မက်​ထဲမှာ ကိုယ်​သိတဲ့လူ​တွေကို မက်​ကြပါတယ်​။ အဲ့လိုပဲ… မမြင်​ဖူးတဲ့သူ​တွေကိုလည်း မက်​တတ်​ကြတာပဲ။ မမြင်​ဖူးတဲ့သူ​တွေကို အမှတ်​တမဲ့မက်​တတ်​သလို မှတ်​မှတ်​ရရလည်း မက်​တတ်​ပါတယ်​။ တကယ်​က​တော့ သွားရင်းလာရင်း အမှတ်​တမဲ့ မြင်​ဖူးလိုက်​တဲ့ သူ​တွေကို မက်​တာပါ။ ဦး​နှောက်​က မှတ်​ဉာဏ်​​တွေ ပြန်​​ဖော်​​ပေးတဲ့အခါ ​တွေ့ဖူးမြင်​ဖူးတဲ့သူ​တွေကို မက်​သွားတာပါ။ အပြင်​မှာ မြင်​ဖူးတဲ့​ယောက်ျားကြီးတစ်​​ယောက်​​ယောက်​ကို အိပ်​မက်​ထဲမှာ အ​ဒေါ်ကြီးလို့လဲ မက်​ရင်​မက်​မှာ​ပေါ့​လေ။ ယောင်းတို့​ရော.. မမြင်​ဖူးတဲ့လူ​တွေကို အိပ်​မက်​မက်​ဖူးလား?

၅။ အိပ်​မက်​တို့ အဓိပ္ပာယ်

ယောင်းတို့​ရေ… လူ​တော်​​တော်​များများက အိပ်​မက်​​တွေကို အဓိပ္ပာယ်​ဖွင့်ချင်​ကြတယ်​။ တချို့ကျ​တော့လည်း အိပ်​မက်​ကို အထအန​ကောက်​တယ်​။ တချို့က​တော့ အိပ်​မက်​က လက်​​တွေ့ရဲ့ ​ပြောင်းပြန်​ကိုမက်​တာဆိုပဲ။ တချို့က​တော့ အိပ်​မက်​မက်​ပြီး နိုးလာရင်​ အိပ်​မက်​ထဲကအတိုင်း ကြုံရ​ရော။ သိပ္ပံနည်းကျဖွင့်ဆိုချက်​က​တော့ စိတ်​စွဲလမ်းမှု​တွေ မှတ်​ဉာဏ်​​တွေ ဆင်​ခြင်​ဉာဏ်​​တွေက​နေ ချိတ်​ဆက်​ပြီး အိပ်​မက်​ဖြစ်​လာတာ​ပေါ့​လေ။ အိပ်​မက်​က ကိုယ့်စိတ်​ရဲ့ လိုအပ်​ချက်​​တွေကို အ​ထောက်​ပံ့ဖြစ်​​စေပါတယ်​။ ကိုယ့်ပြဿနာ​တွေကို ​ဖြေရှင်းဖို့ အကြံဉာဏ်​​တွေ ​ဖော်​ထုတ်​​ပေးသတဲ့။ အိပ်​မက်​မက်​ပြီးရင်​ အိပ်​မက်​ကို မှတ်​မိသူ​တွေဟာ မှတ်​ဉာဏ်​စွမ်းရည်​ မြင့်မားသူ​တွေပါတဲ့။

ကဲ.. အိပ်မက်ထဲက အိပ်မက်အကြောင်းတွေ ပြောပြီးတဲ့အခါ ဘဝအိပ်​မက်​လေးတွေအကြောင်း ဆက်ကြရအောင်.. 

အိပ်စက်​​တဲ့အခါ အိပ်​မက်​မက်​သလို ဘဝမှာလဲ ကိုယ်​ပိုင်​စိတ်​ကူးအိပ်​မက်​​လေး​တွေ ရှိကြမှာ​ပေါ့။ အိပ်​ရာက နိုးလာရင်​ အိပ်​မက်​​လေး​တွေ ​ပျောက်​ကွယ်​သွားတတ်​​ပေမယ့် ဘဝရဲ့အိပ်​မက်​​လေး​တွေက​တော့ ကိုယ်​တိုင်​ စွန့်​လွှတ်​မှ ​ပျောက်​ကွယ်​သွားမယ့်​အရာ​တွေပါ။ အချိန်​ခဏ​လေးအတွင်းမှာ အခမ်းနားဆုံးအိပ်​မက်​​တွေ မက်​တတ်​တဲ့ ​ယောင်းဟာ.. ဘဝတစ်​ခုလုံးမှာ ကိုယ့်​အိပ်​မက်​​လေးတစ်​ခုကို အ​ကောင်​ထည်​မ​ဖော်​နိုင်​စရာ မရှိပါဘူး။ အိပ်​မက်​​တွေ ဖန်းတီးပိုင်​ဆိုင်​နိုင်​ဖို့ သတ္တိရှိလိုက်​ရ​အောင်​​နော်​..​ယောင်းတို့ 😍😘…။

Yin Myanmar ( For Her Myanmar )

Leave a Reply

Your email address will not be published. Required fields are marked *