FUN

အခ်စ္၏ အေမွာင္ဘက္ျခမ္း (ဇာတ္သိမ္းပိုင္း)

ကိုယ့္အနားမွာ ဟန္နီရွိေနရင္ ေက်နပ္ပါၿပီ။ ဘာစကားမွမေျပာလည္းရတယ္။ အရင္လို ၾကင္ၾကင္နာနာနဲ႔ ဂရုတစိုက္မရွိရင္လည္းရတယ္။ ကိုယ့္အနားကေတာ့ ထြက္မသြားပါနဲ႔… 

ဧက အခုရက္ပိုင္း အစားအေသာက္မမွန္ အအိပ္မမွန္ျဖစ္ေနသည္။ ဟန္နီ႔ကို လံုးဝဆက္သြယ္၍ မရသည့္အျပင္ ဟန္နီ႔အိမ္ကို လိုက္သြားေတာ့လည္း ေသာ့ခတ္ထားတာခ်ည္းၾကံဳေနရသည္မွာ ၃ ရက္ရွိၿပီ။ အိမ္ေျပာင္းသြားတာလား ခရီးသြားၾကတာလား မေသခ်ာ။ ဟန္နီ႔ကိုေတြ႔ခ်င္စိတ္ေတြမ်ားေနေသာေၾကာင့္ တစ္ခါတစ္ခါ ဟန္နီ႔ကို ျမင္ေနရသလိုေတာင္ ျဖစ္ေနသည္။ စိတ္နဲ႔လူနဲ႔ မကပ္ေသာေၾကာင့္ အလုပ္လုပ္ရသည္မွာလည္း အဆင္မေျပမႈတို႔မ်ားသည့္အျပင္ လုပ္ခ်င္စိတ္မရွိေသာေၾကာင့္ “အႏုပညာအလုပ္မ်ားကို ကိုယ္ေရးကိုယ္တာကိစၥေၾကာင့္ ခဏနားသည္”ဟု မီဒီယာမွတစ္ဆင့္ ေၾကညာထားသည္။

ခဏေလးအိပ္လိုက္တာႏွင့္ အေဖနဲ႔အေမရန္ျဖစ္တဲ့ညကို အိပ္မက္မက္သည္။ တံတားရွည္ၾကီးေပၚက ဟန္နီ ထားသြားသည့္ အိပ္မက္မက္သည္။ တျဖည္းျဖည္းႏွင့္ အိပ္ရမွာေၾကာက္လာသည္။ မအိပ္ဘဲ ေန႔စဥ္ရက္ဆက္ ဟန္နီ႔ဓာတ္ပံုမ်ားကို ၾကည့္သည္။ ပို႔ထားေသာ message မ်ားကိုဖတ္သည္။ ဟန္နီ႔ကို သူလံုးဝ မစြန္႔လႊတ္ႏုိင္။ ဟိုလူ႔လက္ထဲလည္း အပါမခံႏိုင္။ ဟန္နီ႔ကို သူ ရေအာင္ယူရေပမည္။

==========================

ဟန္နီ ကေလာကို အလုပ္ကိစၥႏွင့္သြားေတာ့ မာမီပါ လိုက္လာသည္။ အလုပ္ၿပီးေတာ့ မာမီရယ္ ယမံုရယ္ ဟန္နီရယ္ ေတာင္ႀကီး အင္းေလးဘက္ပါ အလည္သြားရင္း ခရီးက ႏွစ္ပတ္ေလာက္ၾကာသြားသည္။ ႏွစ္ပတ္လံုး ဖုန္းကိုပိတ္ထားၿပီး  မည္သူႏွင့္မွ အဆက္အသြယ္မလုပ္ခဲ့ေသာေၾကာင့္ ဟန္နီ႔စိတ္က ေတာ္ေတာ္အနည္ထိုင္ေနခဲ့ၿပီျဖစ္သည္။ ဧက အႏုပညာအလုပ္မ်ား နားလိုက္သည့္သတင္းကိုေတာ့ ယမံုေျပာျပ၍ သိလိုက္ရသည္။

ရန္ကုန္ျပန္ေရာက္သည့္အခ်ိန္တြင္ ဟန္နီက အလုပ္ကို ပုံမွန္ဆက္လုပ္ေနၿပီး ဧက၏ ဖုန္းနံပါတ္္ကုိ blacklist ထည့္ထားလုိက္သည္။ ယမံုကလည္း ဟန္နီ႔အနားမွာအၿမဲမျပတ္ အေဖာ္လုပ္ေပးေနခဲ့သည္။ အခ်ိန္သည္ အေကာင္းဆံုးေသာ သမားေတာ္ပင္ မဟုတ္ပါလား…

ဒီတစ္ေခါက္ ဟန္နီသြားရမည့္ ပါတီပြဲသည္ ဧကႏွင့္ ပထမဆံုးဆံုခဲ့သည့္ ဟိုတယ္တြြင္ က်င္းပမည္ျဖစ္သည္။ ထံုးစံအတိုင္း ညဘက္လုပ္ေသာေၾကာင့္ ယမံုက ဟန္နီႏွင့္အတူ ပါတီပြဲထဲအထိ လိုက္ဝင္ခဲ့သည္။ ျပာလဲ့လဲ့ အရည္ၾကည္ေလးမ်ား ထည့္ထားေသာ ခြက္ကေလးမ်ားကို ျမင္ေတာ့ ဧကကို သတိရမိေသးသည္။ ဟန္နီက ပါတီပြဲေတြကို သိပ္မႀကိဳက္တာေၾကာင့္ ေစာေစာ ျပန္ေလ့ရွိသည့္အတိုင္း သူမ်ားေတြမျပန္ခင္ ယမံုနဲ႔ ဟန္နီ ကားပါကင္သို႔ ဆင္းလာခဲ့သည္။

ကားပါကင္ကိုေရာက္သည့္အခါ ဟန္နီက ေရွ႕မွသြားၿပီး ယမုံက ဟန္နီ႔ေနာက္ကေနလိုက္လာသည္။ ဟန္နီကားနားကို ေရာက္ေတာ့ ယမုံ႔ကို ကားေသာ့ဖြင့္ဖို႔ေျပာရန္ လွည့္လိုက္စဥ္ ဒုတ္ခနဲ အသံႏွင့္အတူ ေခါင္းတစ္ခုလံုးပူထူသြားၿပီးေနာက္ ေလာကႀကီးႏွင့္ အဆက္အသြယ္ျပတ္သြားေတာ့သည္။

===========================

ဝင္ေလထြက္ေလကို ႐ွဴရႈိက္လိုက္တိုင္း လာဗင္ဒါရနံ႔တို႔ သင္းပ်ံ႕ေနသည္။ ေစ့ပိတ္ေနေသာမ်က္လံုးမ်ားကိုႀကိဳးစား အားယူ၍ ဖြင့္ရန္ ခက္ခဲလွသည္။ မ်က္လံုးထဲတြင္သာမက ဦးေႏွာက္ထဲတြင္ပါ ေနာက္က်ိထံုေဝနသည္။ တစ္ခါ….ႏွစ္ခါ…. ႀကိဳးစားအားယူဖြင့္ၾကည့္လိုက္သည္။ ပိတ္ထားစဥ္က ေမွာင္မိုက္ေနေသာအျမင္အာရံုမ်ားသည္ ဖြင့္လိုက္ေသာအခါတြင္လည္း ထူး၍ လင္းမလာခဲ့ပါ။ တင္းက်ပ္စြာ စီးေႏွာင္ခံထားရေသာ လက္ေကာက္ဝတ္ႏွစ္ဖက္ကလည္း စပ္ဖ်ဥ္းဖ်ဥ္း။

ကၽြီခနဲ တံခါးဖြင့္သံႏွင့္အတူ အလင္းေရာင္တန္းေလးတစ္ခု အခန္းထဲ ဝင္လာသည္။ ေခါင္းကို မာေက်ာေသာအရာတစ္ခုႏွင့္ ရိုက္ခ်ခံလိုက္ရၿပီး တစ္ဖန္ျပန္လည္ ေမ့ေျမာမသြားမီ ေနာက္ဆံုးျမင္လုိက္ရသည္က တစ္စံုတစ္ေယာက္၏ ေက်နပ္စြာ ၿပံဳးေနေသာ ႏႈတ္ခမ္းတစ္စံုပင္။

ဧက ပံုလ်က္သားလဲေနေသာ ဟန္နီ႕အနားတြင္ ထိုင္ခ်လိုက္သည္။ အခုခ်ိန္မွာ ဧကသည္ တစ္ေလာကလံုးကိုပိုင္ဆိုင္ ထားရသလိုပင္ ေက်နပ္ေနသည္။ ဟန္နီ သူ႔ေဘးတြင္ရွိေနလွ်င္ အရာအားလံုးျပည့္စံုသည္။ အရင္လို ဟန္နီႏွင့္ စကားေတြ အမ်ားၾကီးေျပာခ်င္သည္။ သို႔ေသာ္ ဟန္နီသတိရလာသည့္အခါ သူ႔ကိုစိတ္ဆိုးမွာ မုန္းသြားမွာ ရင့္သီးေသာ စကားမ်ားေျပာမွာကို ေၾကာက္ေနမိသည္။

“ဟန္နီ ဟန္နီ ဒီအတိုင္းေလး ေမ့ေနတာပဲ ေကာင္းပါတယ္ကြာ… ကိုယ့္အနားမွာ ဟန္နီရွိေနရင္ ေက်နပ္ပါၿပီ။ ဘာစကားမွမေျပာလည္းရတယ္။ အရင္လို ၾကင္ၾကင္နာနာနဲ႔ ဂရုတစိုက္မရွိရင္လည္းရတယ္။ ကိုယ့္အနားကေတာ့ ထြက္မသြားပါနဲ႔”

ဧက စကားေတြ တတြတ္တြတ္ေျပာရင္း ဟန္နီ႔ကိုယ္လံုးေလးကို ေပြ႔ဖက္ထားလိုက္သည္။ ဟန္နီ မင္းရွိရင္ ကို႔ဘဝက ျပည့္စံုၿပီ။

==================================

ယမံု မ်က္လံုးမ်ားကိုျဖည္းျဖည္းခ်င္းဖြင့္ၾကည့္လိုက္ေတာ့ ျဖဴလြလြ မ်က္ႏွာၾကက္ကိုျမင္ရသည္။ မီးေတြလည္း   ေဖြးေနေအာင္ ဖြင့္ထားသည္။

“ယမံု သတိရလာၿပီ”

အသံၾကားတာႏွင့္ ဟန္နီ႔မာမီမွန္း ယမံုသိလုိက္သည္။ အဲဒီေနာက္ ေဒါက္တာဇြဲသစ္အသံၾကားလိုက္ရသည္။

“မယမံု သတိရၿပီလား ဘယ္လိုေနေသးလဲ ေနလို႔ေကာင္းရဲ့လား မသက္သာတာမ်ားရွိရင္ ေျပာေနာ္”

“ယမံု ဘယ္ေရာက္ေနတာလဲ ေဒါက္တာ”

“ကၽြန္ေတာ္တို႔ေဆးရံုကိုပါ… မယမံုကို (…) ဟိုတယ္ရဲ့ ကားပါကင္မွာ လဲက်ေနတာေတြ႔လို႔ ေဆးရံုပို႔ေပးခဲ့ၾကတာ”

ယမံု ညကအျဖစ္အပ်က္ကို ျပန္သတိရသြားသည္။ ဘယ္သူမွန္းမသိ ေနာက္ကေန ရိုက္ခ်လိုက္ျခင္းျဖစ္သည္ေလ…

“ဒါနဲ႔ ဟန္နီ ဟန္နီေရာ…’’

“မေမကိုလည္း လူေပ်ာက္တိုင္ထားၿပီးပါၿပီ ကားပါကင္ရဲ့ CCTV ကို စစ္လိုက္ေတာ့ မယမံုကိုေရာ၊ မေမကိုပါ ရိုက္လိုက္တာ  ဧကသုျဖစ္ေနတယ္… ၿပီးေတာ့ မေမကို ကားေပၚတင္ေခၚသြားတယ္”

“အခု ဘယ္ႏွစ္နာရီလဲ”

“ည ၁၁ နာရီခြဲပါ”

“ဟန္နီ႔ကို တစ္ခုခု လုပ္လိုက္ရင္ ဒုကၡပါပဲ။ လူေပ်ာက္က ဘယ္တုန္းက တိုင္တာလဲဟင္”

“လြန္ခဲ့တဲ့ ၁ နာရီေလာက္ကပါ… မယမံုတို႔ ကားပါကင္ကို ေရာက္တာ ၁၀ နာရီေက်ာ္ေလာက္ေလ ပါတီက ျပန္တဲ့သူေတြ မေမကိုေတြ႔တာက ၁၀ နာရီခြဲေလာက္မွ ေတြ႕တာ… မယမံုကို ရိုက္တာသိပ္မျပင္းလို႔ ေတာ္ေသးတာေပါ့”

“ဟန္နီ ဘာမွမျဖစ္ပါေစနဲ႔”

ယမံု စိတ္ပူသလို မာမီေရာ ဇြဲသစ္ပါစိတ္ပူေနသည္။ သက္ဆိုင္ရာကို ေသခ်ာအေၾကာင္းၾကားထားေသာ္လည္း အခ်ိန္မီ မကယ္ႏိုင္လိုက္မွာကို စိတ္ပူေနရသည္။ ဘုရား တရား မ လို႔ ဟန္နီ ေဘးမသီရန္မခဘဲ ျပန္ေရာက္လာပါေစ။

=============================

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း -၁၀)

ဧကေနေသာ ကြန္ဒို၏ ေအာက္တြင္ တာဝန္ရွိသူမ်ားေရာက္ေနၿပီး ကြန္ဒိုက လံုျခံဳေရးမွဴးထံမွ ဧက၏ အခန္းေသာ့ကို ေတာင္းယူလုိက္ၾကသည္။ ဧက အခန္းရွိေသာ ၁၀ ထပ္ကို တက္လာခဲ့ၿပီး အခန္းေရွ႕က လူေခၚဘဲလ္ကို ႏွိပ္လိုက္သည္။ အခ်ိန္အေတာ္ၾကာသည္အထိ ဘာတုံ႔ျပန္မႈမွ မရွိေသာေၾကာင့္ အခန္းတံခါးကို ဖြင့္လိုက္သည္။ အခန္းထဲတြင္ လာဗင္ဒါရနံ႔မ်ား ထံုသင္းေမႊးပ်ံ႕ေနသည္။ ဧည့္ခန္းထဲတြင္ မီးေခ်ာင္းထြန္းမထားဘဲ နံရံကပ္ မီးေလးမ်ားသာ ထြန္းထားေသာေၾကာင့္ မႈန္ျပျပအလင္းေရာင္သာ ျမင္ရသည္။ နံရံက မီးခလုတ္ကို စမ္းၿပီးဖြင့္လိုက္မွ တစ္ခန္းလံုးကို သဲသဲ ကြဲကြဲျမင္ရသည္။ မွန္ခ်ပ္ႀကီးမ်ားဘက္သို႔ လွည့္ကာခ်ထားေသာ ထိုင္ခံု ၂လံုးႏွင့္ ေကာ္ဖီအိုးတင္ထားေသာ စားပြဲျမင့္ေလးတစ္လံုးဆီသို႔ ရဲတစ္ဦးက သြားၾကည့္သည္။

“ေကာ္ဖီေတြက ပူေနတုန္းပဲ ေဖ်ာ္ထားတာ သိပ္ၾကာေသးပံုမရဘူး”

“ရွိသမွ်အခန္းေတြအကုန္ ႏွံ႕စပ္ေအာင္ ရွာၾက”

ရဲအုပ္ေက်ာ္စိုး အမိန္႔ေပးလိုက္ေတာ့ အားလံုးက ဧကသုရဲ့ အခန္းကို ရွာၾကသည္။ အိပ္ခန္း၊ အဝတ္လဲခန္းႏွင့္ မီးဖိုခန္းဘက္တြင္ ထူးျခားေသာ အရိပ္အေယာင္ ဘာမွမေတြ႔ရ။

“ဆရာ ဒီဘက္မွာထူးျခားတယ္”

အားလံုးက အသံလာရာ စာၾကည့္ခန္းဘက္ကို သြားၾကည့္ၾကသည္။ ၿပိဳလဲေနေသာထိုင္ခံု၊ ႀကိဳးေခြတစ္ခုႏွင့္ ေသြးစြန္းေနေသာ တုတ္တစ္ေခ်ာင္းကို ေတြ႔လိုက္ရသည္။

“ဟန္နီေမကို ဒီအခန္းထဲမွာ ခ်ဳပ္ထားခဲ့တာျဖစ္ရမယ္… ဒီပံုစံအတိုင္းဆို ဟန္နီေမကို ဒီကေနေခၚထုတ္သြားတာ သိပ္မၾကာေလာက္ေသးဘူး.. အခုခ်က္ခ်င္းလိုက္ရင္ မီႏိုင္ေသးတယ္… ဧကသုရဲ့ ကားနံပါတ္နဲ႔ ေျခရာခံမယ္… တစ္ဖြဲ႔က ကြန္ဒိုေအာက္က CCTV ခန္းကို သြားၿပီး ကားပါကင္ရဲ့ CCTV ကိုၾကည့္ပါ”

“ဟုတ္ကဲ့ပါ”

ကြန္ဒို CCTV မွ ဧကရဲ့ ကားထြက္သြားတာကို ျမင္လိုက္ရၿပီးေနာက္ ကားနံပါတ္ကို အျခားနယ္ေျမမွ ရဲဌာနမ်ားဆီ သတင္းပို႔ထားလိုက္သည္။ မၾကာမတင္မွာပင္ ဧကရဲ့ကားကို ေျခရာခံမိၿပီး နီးစပ္ရာနယ္ေျမရဲစခန္းက ေနာက္က လိုက္ေတာ့သည္။

ဧက ကားေမာင္းရင္း ေနာက္က ရဲကားသံမ်ားေၾကာင့္ တစ္ခ်က္လွည့္ၾကည့္ကာ ျပံဳးလိုက္သည္။ ဟန္နီႏွင့္ ေနထြက္ခ်ိန္ၾကည့္ရင္း ေကာ္ဖီအတူေသာက္ရန္ ျပင္ဆင္ေနစဥ္ မွန္ခ်ပ္မ်ားမွ တစ္ဆင့္ ရဲကားမ်ားကို ျမင္လိုက္ေသာေၾကာင့္ အခ်ိန္မီ ေရွာင္ရွားခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ ရဲမ်ားက ေစာစီးစြာ သူ႔ကို ေျခရာခံမိၿပီးသား ျဖစ္ေနသည္။ ည ၁၂ နာရီထိုးေနၿပီ ျဖစ္ေသာေၾကာင့္ လမ္းေပၚတြင္ ကားမ်ားရွင္းေနသည္။ ဧက ကားကို အရွိန္အျမင့္ဆံုး တင္လိုက္သည္။ ရဲကားမ်ားလည္း ထက္ၾကပ္မကြာ လိုက္လာသည္။ ဧက ကားကိုျမန္ျမန္ေမာင္းၿပီး ရဲမ်ားကို မ်က္ေျချဖတ္ပစ္ရန္ၾကိဳးစားသည္။ လမ္းေလးခြဆံုသည့္ေနရာတြင္ ညာဘက္အရွိန္ျပင္းျပင္းျဖတ္အေကြ႔ ယာဥ္လမ္းေၾကာေခ်ာ္သြားၿပီး ေဘးဖက္မွ ပလက္ေဖာင္းကို အရွိန္ႏွင့္ ဝင္တုိက္မိေတာ့သည္။

============================

ဧက ကားေနာက္မွ ပါလာေသာ ရဲကားမ်ားက ဧကရဲ့ကားကို ဝိုင္းၿပီး ရပ္လိုက္ၾကသည္။ ဧကရဲ့ကားေရွ႕ပိုင္းတစ္ခုလံုး မြမြေၾကေနၿပီျဖစ္သည္။ ေရွ႕ခန္းတံခါးကို ဆြဲဖြင့္လိုက္ၿပီး ေသြးအလိမ္းလိမ္းျဖစ္ေနေသာ ဧကကို ဆြဲထုတ္လိုက္ၿပီး ကားေနာက္ခန္းကို ၾကည့္လိုက္ေတာ့ ဘယ္သူမွမရွိဘဲရွင္းလင္းေနသည္။ ကားေနာက္ဖံုးကို ဖြင့္ၾကည့္ေတာ့လည္း ဘာမွမရွိ။

“သူ ဒီကိုမလာခင္ ဟန္နီေမကို တစ္ေနရာရာမွာ ဝွက္ထားခဲ့တာျဖစ္ႏိုင္တယ္။ ဧကသု ရဲ့ကြန္ဒိုအနီးတစ္ဝိုက္ကို ေသခ်ာျပန္စစ္ေဆးဖို႔ ရဲအုပ္ေက်ာ္စိုးကို သတင္းပို႔ပါ ဧကသုကို လူနာတင္ကားအျမန္ဆံုးေခၚၿပီးေဆး႐ံုပို႔ပါ”

“ဟုတ္ကဲ့ဆရာ”

============================

ဧကသုကား accident ျဖစ္ေၾကာင္းႏွင့္ ကားေပၚတြင္ ဟန္နီေမပါမလာေၾကာင္းသတင္းရေတာ့ ရဲအုပ္ေက်ာ္စိုးတို႔အဖြဲ႔အလုပ္ရႈပ္သြားျပန္သည္။ ဧကသုေနာက္ကိုလိုက္ေနရင္းမွကားျပန္လွည့္ကာ ကြန္ဒိုကိုျပန္သြားရသည္။ ကြန္ဒိုလံုျခံဳေရးခန္းက CCTV မွတစ္ဆင့္ ဧကသုေနေသာအထပ္က CCTV ကိုျပန္စစ္ၾကည့္လိုက္ေတာ့ ဟန္နီေမကိုေပြ႔ခ်ီၿပီးထြက္လာကာ ဓာတ္ေလွကားႏွင့္အေပၚသို႔တက္သြားပံု အေပၚကေန ဟန္နီေမမပါဘဲ တစ္ေယာက္တည္း ကားပါကင္အထိ ဆင္းလာပံုတို႔ကို ေတြ႕လိုက္ရသည္။

“ဒါဆို ဟန္နီေမက ဒီကြန္ဒိုရဲ့ အေပၚဆံုးထပ္မွာ ရွိေလာက္တယ္ သြားစို႔”

ရဲအုပ္ေက်ာ္စိုးႏွင့္အဖြဲ႕က ကြန္ဒိုရဲ့ အေပၚဆံုးကို ဓာတ္ေလွကားႏွင့္ အျမန္ဆံုးတက္ခဲ့သည္။ ကြန္ဒိုအေပၚဆံုးက တံခါးကို တြန္းဖြင့္ဝင္လိုက္ေတာ့ ျမက္ခင္းစိမ္းေလးမ်ား ပန္းပင္ေလးမ်ားျဖင့္ ေခါင္မိုးထပ္ဥယ်ာဥ္ေလးကို ေတြ႔ရသည္။ ေခါင္မိုးထပ္တြင္လူျဖန္႔ၿပီးရွာလိုက္ရာ ပန္းရံုေနာက္ဘက္တြင္ သတိလစ္ေမ့ေျမာေနေသာ ဟန္နီေမကို ေတြ႔ရၿပီး ေဆးရံုသို႔ပို႔ေပးလိုက္ၾကသည္။

============================

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း -၁၀)

ဟန္နီ သတိျပန္ရလာေတာ့ အခန္းထဲတြင္ မာမီ ယမံုႏွင့္ ေဒါက္တာဇြဲသစ္တို႔အျပင္ ရဲမ်ားပါ ရွိေနသည္။

“မေမ သက္သာရဲ့လားဟင္”

ဟန္နီ ေခါင္းကို အသာညိတ္ျပလိုက္သည္။

“ကၽြန္ေတာ္ ရဲအုပ္ေက်ာ္စိုးပါ။ မဟန္နီေမကို ေမးခြန္းေလး နည္းနည္းေလာက္ ေမးခြင့္ျပဳပါ”

“ဟုတ္ကဲ့…’’

ရဲအရာရွိက ဟန္နီႏွင့္ ဧက တို႔ရဲ့ ပတ္သက္မႈကို ေသခ်ာစစ္ေမးၿပီးေနာက္…

“ကိုဧကသုက ကား accident ျဖစ္ၿပီး ကၽြန္ေတာ္တို႔ ေဆးရံုပို႔ေပးထားတယ္ မဟန္နီေမ သတိမရခင္ နာရီပိုင္းေလာက္က သူသတိရလာလို႔ ကၽြန္ေတာ္တို႔ သူ႔ကို စစ္ေဆးစရာရွိသမွ် စစ္ေဆးထားပါတယ္။ အေသးစိတ္ကို ဒီက ေဒါက္တာက ေျပာျပပါလိမ့္မယ္”

ေဒါက္တာက….

“ဆရာတို႔ရဲ့ စစ္ေဆးခ်က္အရေတာ့ ေမာင္ဧကသုမွာ စိတ္ေရာဂါရွိေၾကာင္း ေပၚလြင္တယ္… ငယ္စဥ္ကတည္းက ျဖစ္ခဲ့တဲ့ ဒဏ္ရာအေသးအမႊားေလးေတြက စုျပံဳၿပီး ေပါက္ကြဲသြားတဲ့ သေဘာေပါ့ သူ႔မိဘေတြက တစ္ခ်ိန္လံုး ရန္ျဖစ္တယ္။ အဲဒါေတြကို ျမင္ရတဲ့ ကေလးတစ္ေယာက္အေနနဲ႔ ဒီစိတ္က ဝင္ေနတယ္…အဲ့ဒီမွာ သူကိုယ္တိုင္ ရည္းစားထားတဲ့အခ်ိန္က်ေတာ့ အဲဒီမသိစိတ္မွာ လႊမ္းမိုးေနတဲ့ ပံုရိပ္ေတြက  သူကိုယ္တိုင္ေတာင္ မသိလိုက္ဘဲ သူ႔ကိုစိုးမိုးေနတာ… တကယ္ေတာ့ သူက သမီးကို သိပ္ခ်စ္လို႔ မွားသြားတာပါ သူ႔အခ်စ္ကို နည္းလမ္းမွန္မွန္နဲ႔ ေမျပႏုိင္ခဲ့လို႔ေပ့ါ… ဒီကိစၥကို လက္ေရာက္မႈအေနနဲ႔ အမႈဖြင့္ထားတယ္.. ဒါေပမဲ့လည္း သူဟာ စိတ္ေဝဒနာရွင္တစ္ေယာက္ျဖစ္ေနတဲ့အတြက္ စိတ္က်န္းမာေရးေဆးရံုကို အခုပို႔ထားပါတယ္”

ေဒါက္တာက ရွည္လ်ားစြာ ရွင္းျပသြားသည္။ ဟန္နီ႔စိတ္တြင္ေတာ့ ၾကားတစ္ခ်က္ မၾကားတစ္ခ်က္ ျဖစ္ေနခဲ့သည္။ စိတ္ေရာ၊ လူေရာ ပင္ပန္းရသမွ် ဒီမွ်နဲ႔တင္ ၿပီးပါေစေတာ့လုိ႔သာ ဆုေတာင္းေနမိေတာ့သည္။

=============================

ဧက၏ စိတ္အေျခအေန အဆိုးရြားဆံုး ျဖစ္လာေသာေၾကာင့္ စိတ္က်န္းမာေရးေဆးရံုတြင္အၿပီးထားလိုက္သည္။ ဟန္နီ ေဆးရံုကဆင္းလာၿပီးေနာက္ ေဒါက္တာဇြဲသစ္က ဟန္နီ႔ဆီ မၾကာခဏလာလည္သည္။ ဟန္နီလည္း က်န္းမာေရးေၾကာင့္ အႏုပညာအလုပ္မ်ားကို အခ်ိန္အကန္႔အသတ္မရွိ ရပ္ဆိုင္းထားလိုက္သည္။

“မေမ ေနေကာင္းရဲ့လား”

“ေကာင္းပါတယ္ ေဒါက္တာ.. ေန႔တိုင္း ဟန္နီ႕ကို လာၾကည့္ရတာ အလုပ္ရႈပ္ေနၿပီ”

“မရႈပ္ပါဘူး မေမ… ကၽြန္ေတာ္က ဒီလိုအခြင့္အေရးရတာကိုပဲ ေက်နပ္ေနတဲ့သူပါ”

“…….”

“မေမ… အခြင့္အေရးယူတယ္လို႔ မထင္ေစခ်င္ဘူး။ ဖ်ာခင္းတယ္လို႔လည္းမထင္ေစခ်င္ပါဘူး… မေမရဲ့ႏွလံုးသားက တစ္စံုတစ္ေယာက္ကိုခ်စ္ဖို႔မ်ား အဆင္သင့္ျဖစ္လာၿပီဆိုရင္ ကၽြန္ေတာ့္ကိုစဥ္းစားေပးေစခ်င္ပါတယ္ မေမရင္ထဲမွာ နာက်င္ခဲ့ရသမွ်ကို ကၽြန္ေတာ္ ကုစားေပးပါရေစ”

“ေက်းဇူးတင္ပါတယ္ ေဒါက္တာ… ဟန္နီ႔ကို အစစအရာရာ ဂရုစိုက္ေပးတဲ့အတြက္ပါ… ဒါေပမဲ့ ေဒါက္တာရယ္ စိတ္တူ ကိုယ္တူ ဝါသနာတူ ခ်စ္ခဲ့ၾကတဲ့လူခ်င္းေတာင္မွ ေနာက္ဆံုးမွာ ဟန္နီ႔စိတ္ေရာ ကိုယ္ေရာကို ဒဏ္ရာေတြ ေပးခဲ့တယ္ ဟန္နီ႔ႏွလံုးသားက အမွတ္ႀကီးတယ္ ေဒါက္တာ….. ေနာက္ထပ္ ထပ္မခ်စ္ရဲေတာ့ဘူး ခ်စ္လည္း မခ်စ္ခ်င္ေတာ့ပါဘူး ဟန္နီ အားနာပါတယ္”

ေက်ာခိုင္းၿပီး အိမ္ထဲဝင္သြားေသာ ဟန္နီ႔ေက်ာျပင္ကို ဇြဲသစ္ေငးၾကည့္ေနမိသည္။ မေမ အခ်စ္က အစြမ္းကုန္ ပြင့္ဖူူးၿပီးမွ ႏြမ္းေႂကသြားတာပါ။ ကၽြန္ေတာ့္ရဲ့ အခ်စ္ကေတာ့ ပြင့္ဖူးခြင့္ေလးေတာင္မရလိုက္ဘဲ ေႁခြခ်ခံလိုက္ရတာ။ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္ကေတာ့ မေမကို အၿမဲေစာင့္ေနပါ့မယ္။ မေမ ဘဝမွာ ဒဏ္ရာအနာတရေတြကို ေမ့ေလာက္ၿပီး အခ်စ္သစ္ေတြ ျပန္လည္ေမြးဖြားလာႏိုင္မယ့္ေန႔ကို ေစာင့္ေနပါ့မယ္ မေမ။

========================

အခ်စ္တြင္ အလင္းႏွင့္အေမွာင္ဟူ၍ ႏွစ္ျခမ္းရွိသည္။ သန္႔စင္ေႏြးေထြးေသာ ခ်စ္ျခင္းေမတၱာရိပ္ေအာက္တြင္ ခိုလႈံခြင့္ရသူမ်ားသည္ အခ်စ္၏ လင္းလက္ေသာဘက္ျခမ္းတြင္ ေနထိုင္ခြင့္ရသူမ်ားျဖစ္သည္။ နာက်င္စက္ဆုပ္စရာမ်ား ျပည့္ႏွက္ေနေသာ အခ်စ္ကြန္ရက္တြင္ တြယ္ၿငိမိသူမ်ားသည္ အခ်စ္၏ အေမွာင္ဘက္ျခမ္းတြင္ ပိတ္ေလွာင္ခံထားရသူမ်ားသာျဖစ္သည္။

အခ်စ္၏ ႏူးညံ့ေႏြးေထြးမႈမ်ားျဖင့္ အစြမ္းကုန္ပြင့္လန္းရန္ အားယူထားေသာ ဟန္နီေမ၏ အခ်စ္ပန္းေလးသည္ ဧကသု၏ ေမတၱာအဆိပ္သင့္မႈေအာက္တြင္ ရစရာမရွိေအာင္ ေၾကကြဲပ်က္သုဥ္းခဲ့ရၿပီျဖစ္သည္။ ဇြဲသစ္၏ ေအးခ်မ္းေသာ ေမတၱာဓာတ္ႏွင့္ အခ်စ္၏ လင္းလက္ေတာက္ပေသာအျခမ္းတြင္ ဟန္နီ၏အခ်စ္ပန္းေလး ေနာက္တစ္ၾကိမ္ဖူးပြင့္ခြင့္ရရန္ အခ်ိန္ယူရေပဦးမည္။

ညိမ္း (UCSY)

<<< Unicode >>>

ကိုယ့်အနားမှာ ဟန်နီရှိနေရင် ကျေနပ်ပါပြီ။ ဘာစကားမှမပြောလည်းရတယ်။ အရင်လို ကြင်ကြင်နာနာနဲ့ ဂရုတစိုက်မရှိရင်လည်းရတယ်။ ကိုယ့်အနားကတော့ ထွက်မသွားပါနဲ့… 

ဧက အခုရက်ပိုင်း အစားအသောက်မမှန် အအိပ်မမှန်ဖြစ်နေသည်။ ဟန်နီ့ကို လုံးဝဆက်သွယ်၍ မရသည့်အပြင် ဟန်နီ့အိမ်ကို လိုက်သွားတော့လည်း သော့ခတ်ထားတာချည်းကြုံနေရသည်မှာ ၃ ရက်ရှိပြီ။ အိမ်ပြောင်းသွားတာလား ခရီးသွားကြတာလား မသေချာ။ ဟန်နီ့ကိုတွေ့ချင်စိတ်တွေများနေသောကြောင့် တစ်ခါတစ်ခါ ဟန်နီ့ကို မြင်နေရသလိုတောင် ဖြစ်နေသည်။ စိတ်နဲ့လူနဲ့ မကပ်သောကြောင့် အလုပ်လုပ်ရသည်မှာလည်း အဆင်မပြေမှုတို့များသည့်အပြင် လုပ်ချင်စိတ်မရှိသောကြောင့် “အနုပညာအလုပ်များကို ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ခဏနားသည်”ဟု မီဒီယာမှတစ်ဆင့် ကြေညာထားသည်။

ခဏလေးအိပ်လိုက်တာနှင့် အဖေနဲ့အမေရန်ဖြစ်တဲ့ညကို အိပ်မက်မက်သည်။ တံတားရှည်ကြီးပေါ်က ဟန်နီ ထားသွားသည့် အိပ်မက်မက်သည်။ တဖြည်းဖြည်းနှင့် အိပ်ရမှာကြောက်လာသည်။ မအိပ်ဘဲ နေ့စဉ်ရက်ဆက် ဟန်နီ့ဓာတ်ပုံများကို ကြည့်သည်။ ပို့ထားသော message များကိုဖတ်သည်။ ဟန်နီ့ကို သူလုံးဝ မစွန့်လွှတ်နိုင်။ ဟိုလူ့လက်ထဲလည်း အပါမခံနိုင်။ ဟန်နီ့ကို သူ ရအောင်ယူရပေမည်။

==========================

ဟန်နီ ကလောကို အလုပ်ကိစ္စနှင့်သွားတော့ မာမီပါ လိုက်လာသည်။ အလုပ်ပြီးတော့ မာမီရယ် ယမုံရယ် ဟန်နီရယ် တောင်ကြီး အင်းလေးဘက်ပါ အလည်သွားရင်း ခရီးက နှစ်ပတ်လောက်ကြာသွားသည်။ နှစ်ပတ်လုံး ဖုန်းကိုပိတ်ထားပြီး  မည်သူနှင့်မှ အဆက်အသွယ်မလုပ်ခဲ့သောကြောင့် ဟန်နီ့စိတ်က တော်တော်အနည်ထိုင်နေခဲ့ပြီဖြစ်သည်။ ဧက အနုပညာအလုပ်များ နားလိုက်သည့်သတင်းကိုတော့ ယမုံပြောပြ၍ သိလိုက်ရသည်။

ရန်ကုန်ပြန်ရောက်သည့်အချိန်တွင် ဟန်နီက အလုပ်ကို ပုံမှန်ဆက်လုပ်နေပြီး ဧက၏ ဖုန်းနံပါတ်ကို blacklist ထည့်ထားလိုက်သည်။ ယမုံကလည်း ဟန်နီ့အနားမှာအမြဲမပြတ် အဖော်လုပ်ပေးနေခဲ့သည်။ အချိန်သည် အကောင်းဆုံးသော သမားတော်ပင် မဟုတ်ပါလား…

ဒီတစ်ခေါက် ဟန်နီသွားရမည့် ပါတီပွဲသည် ဧကနှင့် ပထမဆုံးဆုံခဲ့သည့် ဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။ ထုံးစံအတိုင်း ညဘက်လုပ်သောကြောင့် ယမုံက ဟန်နီနှင့်အတူ ပါတီပွဲထဲအထိ လိုက်ဝင်ခဲ့သည်။ ပြာလဲ့လဲ့ အရည်ကြည်လေးများ ထည့်ထားသော ခွက်ကလေးများကို မြင်တော့ ဧကကို သတိရမိသေးသည်။ ဟန်နီက ပါတီပွဲတွေကို သိပ်မကြိုက်တာကြောင့် စောစော ပြန်လေ့ရှိသည့်အတိုင်း သူများတွေမပြန်ခင် ယမုံနဲ့ ဟန်နီ ကားပါကင်သို့ ဆင်းလာခဲ့သည်။

ကားပါကင်ကိုရောက်သည့်အခါ ဟန်နီက ရှေ့မှသွားပြီး ယမုံက ဟန်နီ့နောက်ကနေလိုက်လာသည်။ ဟန်နီကားနားကို ရောက်တော့ ယမုံ့ကို ကားသော့ဖွင့်ဖို့ပြောရန် လှည့်လိုက်စဉ် ဒုတ်ခနဲ အသံနှင့်အတူ ခေါင်းတစ်ခုလုံးပူထူသွားပြီးနောက် လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့သည်။

===========================

ဝင်လေထွက်လေကို ရှူရှိုက်လိုက်တိုင်း လာဗင်ဒါရနံ့တို့ သင်းပျံ့နေသည်။ စေ့ပိတ်နေသောမျက်လုံးများကိုကြိုးစား အားယူ၍ ဖွင့်ရန် ခက်ခဲလှသည်။ မျက်လုံးထဲတွင်သာမက ဦးနှောက်ထဲတွင်ပါ နောက်ကျိထုံဝေနသည်။ တစ်ခါ….နှစ်ခါ…. ကြိုးစားအားယူဖွင့်ကြည့်လိုက်သည်။ ပိတ်ထားစဉ်က မှောင်မိုက်နေသောအမြင်အာရုံများသည် ဖွင့်လိုက်သောအခါတွင်လည်း ထူး၍ လင်းမလာခဲ့ပါ။ တင်းကျပ်စွာ စီးနှောင်ခံထားရသော လက်ကောက်ဝတ်နှစ်ဖက်ကလည်း စပ်ဖျဉ်းဖျဉ်း။

ကျွီခနဲ တံခါးဖွင့်သံနှင့်အတူ အလင်းရောင်တန်းလေးတစ်ခု အခန်းထဲ ဝင်လာသည်။ ခေါင်းကို မာကျောသောအရာတစ်ခုနှင့် ရိုက်ချခံလိုက်ရပြီး တစ်ဖန်ပြန်လည် မေ့မြောမသွားမီ နောက်ဆုံးမြင်လိုက်ရသည်က တစ်စုံတစ်ယောက်၏ ကျေနပ်စွာ ပြုံးနေသော နှုတ်ခမ်းတစ်စုံပင်။

ဧက ပုံလျက်သားလဲနေသော ဟန်နီ့အနားတွင် ထိုင်ချလိုက်သည်။ အခုချိန်မှာ ဧကသည် တစ်လောကလုံးကိုပိုင်ဆိုင် ထားရသလိုပင် ကျေနပ်နေသည်။ ဟန်နီ သူ့ဘေးတွင်ရှိနေလျှင် အရာအားလုံးပြည့်စုံသည်။ အရင်လို ဟန်နီနှင့် စကားတွေ အများကြီးပြောချင်သည်။ သို့သော် ဟန်နီသတိရလာသည့်အခါ သူ့ကိုစိတ်ဆိုးမှာ မုန်းသွားမှာ ရင့်သီးသော စကားများပြောမှာကို ကြောက်နေမိသည်။

“ဟန်နီ ဟန်နီ ဒီအတိုင်းလေး မေ့နေတာပဲ ကောင်းပါတယ်ကွာ… ကိုယ့်အနားမှာ ဟန်နီရှိနေရင် ကျေနပ်ပါပြီ။ ဘာစကားမှမပြောလည်းရတယ်။ အရင်လို ကြင်ကြင်နာနာနဲ့ ဂရုတစိုက်မရှိရင်လည်းရတယ်။ ကိုယ့်အနားကတော့ ထွက်မသွားပါနဲ့”

ဧက စကားတွေ တတွတ်တွတ်ပြောရင်း ဟန်နီ့ကိုယ်လုံးလေးကို ပွေ့ဖက်ထားလိုက်သည်။ ဟန်နီ မင်းရှိရင် ကို့ဘဝက ပြည့်စုံပြီ။

==================================

ယမုံ မျက်လုံးများကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ ဖြူလွလွ မျက်နှာကြက်ကိုမြင်ရသည်။ မီးတွေလည်း   ဖွေးနေအောင် ဖွင့်ထားသည်။

“ယမုံ သတိရလာပြီ”

အသံကြားတာနှင့် ဟန်နီ့မာမီမှန်း ယမုံသိလိုက်သည်။ အဲဒီနောက် ဒေါက်တာဇွဲသစ်အသံကြားလိုက်ရသည်။

“မယမုံ သတိရပြီလား ဘယ်လိုနေသေးလဲ နေလို့ကောင်းရဲ့လား မသက်သာတာများရှိရင် ပြောနော်”

“ယမုံ ဘယ်ရောက်နေတာလဲ ဒေါက်တာ”

“ကျွန်တော်တို့ဆေးရုံကိုပါ… မယမုံကို (…) ဟိုတယ်ရဲ့ ကားပါကင်မှာ လဲကျနေတာတွေ့လို့ ဆေးရုံပို့ပေးခဲ့ကြတာ”

ယမုံ ညကအဖြစ်အပျက်ကို ပြန်သတိရသွားသည်။ ဘယ်သူမှန်းမသိ နောက်ကနေ ရိုက်ချလိုက်ခြင်းဖြစ်သည်လေ…

“ဒါနဲ့ ဟန်နီ ဟန်နီရော…’’

“မမေကိုလည်း လူပျောက်တိုင်ထားပြီးပါပြီ ကားပါကင်ရဲ့ CCTV ကို စစ်လိုက်တော့ မယမုံကိုရော၊ မမေကိုပါ ရိုက်လိုက်တာ  ဧကသုဖြစ်နေတယ်… ပြီးတော့ မမေကို ကားပေါ်တင်ခေါ်သွားတယ်”

“အခု ဘယ်နှစ်နာရီလဲ”

“ည ၁၁ နာရီခွဲပါ”

“ဟန်နီ့ကို တစ်ခုခု လုပ်လိုက်ရင် ဒုက္ခပါပဲ။ လူပျောက်က ဘယ်တုန်းက တိုင်တာလဲဟင်”

“လွန်ခဲ့တဲ့ ၁ နာရီလောက်ကပါ… မယမုံတို့ ကားပါကင်ကို ရောက်တာ ၁၀ နာရီကျော်လောက်လေ ပါတီက ပြန်တဲ့သူတွေ မမေကိုတွေ့တာက ၁၀ နာရီခွဲလောက်မှ တွေ့တာ… မယမုံကို ရိုက်တာသိပ်မပြင်းလို့ တော်သေးတာပေါ့”

“ဟန်နီ ဘာမှမဖြစ်ပါစေနဲ့”

ယမုံ စိတ်ပူသလို မာမီရော ဇွဲသစ်ပါစိတ်ပူနေသည်။ သက်ဆိုင်ရာကို သေချာအကြောင်းကြားထားသော်လည်း အချိန်မီ မကယ်နိုင်လိုက်မှာကို စိတ်ပူနေရသည်။ ဘုရား တရား မ လို့ ဟန်နီ ဘေးမသီရန်မခဘဲ ပြန်ရောက်လာပါစေ။

=============================

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း -၁၀)

ဧကနေသော ကွန်ဒို၏ အောက်တွင် တာဝန်ရှိသူများရောက်နေပြီး ကွန်ဒိုက လုံခြုံရေးမှူးထံမှ ဧက၏ အခန်းသော့ကို တောင်းယူလိုက်ကြသည်။ ဧက အခန်းရှိသော ၁၀ ထပ်ကို တက်လာခဲ့ပြီး အခန်းရှေ့က လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။ အချိန်အတော်ကြာသည်အထိ ဘာတုံ့ပြန်မှုမှ မရှိသောကြောင့် အခန်းတံခါးကို ဖွင့်လိုက်သည်။ အခန်းထဲတွင် လာဗင်ဒါရနံ့များ ထုံသင်းမွှေးပျံ့နေသည်။ ဧည့်ခန်းထဲတွင် မီးချောင်းထွန်းမထားဘဲ နံရံကပ် မီးလေးများသာ ထွန်းထားသောကြောင့် မှုန်ပြပြအလင်းရောင်သာ မြင်ရသည်။ နံရံက မီးခလုတ်ကို စမ်းပြီးဖွင့်လိုက်မှ တစ်ခန်းလုံးကို သဲသဲ ကွဲကွဲမြင်ရသည်။ မှန်ချပ်ကြီးများဘက်သို့ လှည့်ကာချထားသော ထိုင်ခုံ ၂လုံးနှင့် ကော်ဖီအိုးတင်ထားသော စားပွဲမြင့်လေးတစ်လုံးဆီသို့ ရဲတစ်ဦးက သွားကြည့်သည်။

“ကော်ဖီတွေက ပူနေတုန်းပဲ ဖျော်ထားတာ သိပ်ကြာသေးပုံမရဘူး”

“ရှိသမျှအခန်းတွေအကုန် နှံ့စပ်အောင် ရှာကြ”

ရဲအုပ်ကျော်စိုး အမိန့်ပေးလိုက်တော့ အားလုံးက ဧကသုရဲ့ အခန်းကို ရှာကြသည်။ အိပ်ခန်း၊ အဝတ်လဲခန်းနှင့် မီးဖိုခန်းဘက်တွင် ထူးခြားသော အရိပ်အယောင် ဘာမှမတွေ့ရ။

“ဆရာ ဒီဘက်မှာထူးခြားတယ်”

အားလုံးက အသံလာရာ စာကြည့်ခန်းဘက်ကို သွားကြည့်ကြသည်။ ပြိုလဲနေသောထိုင်ခုံ၊ ကြိုးခွေတစ်ခုနှင့် သွေးစွန်းနေသော တုတ်တစ်ချောင်းကို တွေ့လိုက်ရသည်။

“ဟန်နီမေကို ဒီအခန်းထဲမှာ ချုပ်ထားခဲ့တာဖြစ်ရမယ်… ဒီပုံစံအတိုင်းဆို ဟန်နီမေကို ဒီကနေခေါ်ထုတ်သွားတာ သိပ်မကြာလောက်သေးဘူး.. အခုချက်ချင်းလိုက်ရင် မီနိုင်သေးတယ်… ဧကသုရဲ့ ကားနံပါတ်နဲ့ ခြေရာခံမယ်… တစ်ဖွဲ့က ကွန်ဒိုအောက်က CCTV ခန်းကို သွားပြီး ကားပါကင်ရဲ့ CCTV ကိုကြည့်ပါ”

“ဟုတ်ကဲ့ပါ”

ကွန်ဒို CCTV မှ ဧကရဲ့ ကားထွက်သွားတာကို မြင်လိုက်ရပြီးနောက် ကားနံပါတ်ကို အခြားနယ်မြေမှ ရဲဌာနများဆီ သတင်းပို့ထားလိုက်သည်။ မကြာမတင်မှာပင် ဧကရဲ့ကားကို ခြေရာခံမိပြီး နီးစပ်ရာနယ်မြေရဲစခန်းက နောက်က လိုက်တော့သည်။

ဧက ကားမောင်းရင်း နောက်က ရဲကားသံများကြောင့် တစ်ချက်လှည့်ကြည့်ကာ ပြုံးလိုက်သည်။ ဟန်နီနှင့် နေထွက်ချိန်ကြည့်ရင်း ကော်ဖီအတူသောက်ရန် ပြင်ဆင်နေစဉ် မှန်ချပ်များမှ တစ်ဆင့် ရဲကားများကို မြင်လိုက်သောကြောင့် အချိန်မီ ရှောင်ရှားခဲ့ခြင်းဖြစ်သည်။ သို့သော် ရဲများက စောစီးစွာ သူ့ကို ခြေရာခံမိပြီးသား ဖြစ်နေသည်။ ည ၁၂ နာရီထိုးနေပြီ ဖြစ်သောကြောင့် လမ်းပေါ်တွင် ကားများရှင်းနေသည်။ ဧက ကားကို အရှိန်အမြင့်ဆုံး တင်လိုက်သည်။ ရဲကားများလည်း ထက်ကြပ်မကွာ လိုက်လာသည်။ ဧက ကားကိုမြန်မြန်မောင်းပြီး ရဲများကို မျက်ခြေဖြတ်ပစ်ရန်ကြိုးစားသည်။ လမ်းလေးခွဆုံသည့်နေရာတွင် ညာဘက်အရှိန်ပြင်းပြင်းဖြတ်အကွေ့ ယာဉ်လမ်းကြောချော်သွားပြီး ဘေးဖက်မှ ပလက်ဖောင်းကို အရှိန်နှင့် ဝင်တိုက်မိတော့သည်။

============================

ဧက ကားနောက်မှ ပါလာသော ရဲကားများက ဧကရဲ့ကားကို ဝိုင်းပြီး ရပ်လိုက်ကြသည်။ ဧကရဲ့ကားရှေ့ပိုင်းတစ်ခုလုံး မွမွကြေနေပြီဖြစ်သည်။ ရှေ့ခန်းတံခါးကို ဆွဲဖွင့်လိုက်ပြီး သွေးအလိမ်းလိမ်းဖြစ်နေသော ဧကကို ဆွဲထုတ်လိုက်ပြီး ကားနောက်ခန်းကို ကြည့်လိုက်တော့ ဘယ်သူမှမရှိဘဲရှင်းလင်းနေသည်။ ကားနောက်ဖုံးကို ဖွင့်ကြည့်တော့လည်း ဘာမှမရှိ။

“သူ ဒီကိုမလာခင် ဟန်နီမေကို တစ်နေရာရာမှာ ဝှက်ထားခဲ့တာဖြစ်နိုင်တယ်။ ဧကသု ရဲ့ကွန်ဒိုအနီးတစ်ဝိုက်ကို သေချာပြန်စစ်ဆေးဖို့ ရဲအုပ်ကျော်စိုးကို သတင်းပို့ပါ ဧကသုကို လူနာတင်ကားအမြန်ဆုံးခေါ်ပြီးဆေးရုံပို့ပါ”

“ဟုတ်ကဲ့ဆရာ”

============================

ဧကသုကား accident ဖြစ်ကြောင်းနှင့် ကားပေါ်တွင် ဟန်နီမေပါမလာကြောင်းသတင်းရတော့ ရဲအုပ်ကျော်စိုးတို့အဖွဲ့အလုပ်ရှုပ်သွားပြန်သည်။ ဧကသုနောက်ကိုလိုက်နေရင်းမှကားပြန်လှည့်ကာ ကွန်ဒိုကိုပြန်သွားရသည်။ ကွန်ဒိုလုံခြုံရေးခန်းက CCTV မှတစ်ဆင့် ဧကသုနေသောအထပ်က CCTV ကိုပြန်စစ်ကြည့်လိုက်တော့ ဟန်နီမေကိုပွေ့ချီပြီးထွက်လာကာ ဓာတ်လှေကားနှင့်အပေါ်သို့တက်သွားပုံ အပေါ်ကနေ ဟန်နီမေမပါဘဲ တစ်ယောက်တည်း ကားပါကင်အထိ ဆင်းလာပုံတို့ကို တွေ့လိုက်ရသည်။

“ဒါဆို ဟန်နီမေက ဒီကွန်ဒိုရဲ့ အပေါ်ဆုံးထပ်မှာ ရှိလောက်တယ် သွားစို့”

ရဲအုပ်ကျော်စိုးနှင့်အဖွဲ့က ကွန်ဒိုရဲ့ အပေါ်ဆုံးကို ဓာတ်လှေကားနှင့် အမြန်ဆုံးတက်ခဲ့သည်။ ကွန်ဒိုအပေါ်ဆုံးက တံခါးကို တွန်းဖွင့်ဝင်လိုက်တော့ မြက်ခင်းစိမ်းလေးများ ပန်းပင်လေးများဖြင့် ခေါင်မိုးထပ်ဥယျာဉ်လေးကို တွေ့ရသည်။ ခေါင်မိုးထပ်တွင်လူဖြန့်ပြီးရှာလိုက်ရာ ပန်းရုံနောက်ဘက်တွင် သတိလစ်မေ့မြောနေသော ဟန်နီမေကို တွေ့ရပြီး ဆေးရုံသို့ပို့ပေးလိုက်ကြသည်။

============================

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း -၁၀)

ဟန်နီ သတိပြန်ရလာတော့ အခန်းထဲတွင် မာမီ ယမုံနှင့် ဒေါက်တာဇွဲသစ်တို့အပြင် ရဲများပါ ရှိနေသည်။

“မမေ သက်သာရဲ့လားဟင်”

ဟန်နီ ခေါင်းကို အသာညိတ်ပြလိုက်သည်။

“ကျွန်တော် ရဲအုပ်ကျော်စိုးပါ။ မဟန်နီမေကို မေးခွန်းလေး နည်းနည်းလောက် မေးခွင့်ပြုပါ”

“ဟုတ်ကဲ့…’’

ရဲအရာရှိက ဟန်နီနှင့် ဧက တို့ရဲ့ ပတ်သက်မှုကို သေချာစစ်မေးပြီးနောက်…

“ကိုဧကသုက ကား accident ဖြစ်ပြီး ကျွန်တော်တို့ ဆေးရုံပို့ပေးထားတယ် မဟန်နီမေ သတိမရခင် နာရီပိုင်းလောက်က သူသတိရလာလို့ ကျွန်တော်တို့ သူ့ကို စစ်ဆေးစရာရှိသမျှ စစ်ဆေးထားပါတယ်။ အသေးစိတ်ကို ဒီက ဒေါက်တာက ပြောပြပါလိမ့်မယ်”

ဒေါက်တာက….

“ဆရာတို့ရဲ့ စစ်ဆေးချက်အရတော့ မောင်ဧကသုမှာ စိတ်ရောဂါရှိကြောင်း ပေါ်လွင်တယ်… ငယ်စဉ်ကတည်းက ဖြစ်ခဲ့တဲ့ ဒဏ်ရာအသေးအမွှားလေးတွေက စုပြုံပြီး ပေါက်ကွဲသွားတဲ့ သဘောပေါ့ သူ့မိဘတွေက တစ်ချိန်လုံး ရန်ဖြစ်တယ်။ အဲဒါတွေကို မြင်ရတဲ့ ကလေးတစ်ယောက်အနေနဲ့ ဒီစိတ်က ဝင်နေတယ်…အဲ့ဒီမှာ သူကိုယ်တိုင် ရည်းစားထားတဲ့အချိန်ကျတော့ အဲဒီမသိစိတ်မှာ လွှမ်းမိုးနေတဲ့ ပုံရိပ်တွေက  သူကိုယ်တိုင်တောင် မသိလိုက်ဘဲ သူ့ကိုစိုးမိုးနေတာ… တကယ်တော့ သူက သမီးကို သိပ်ချစ်လို့ မှားသွားတာပါ သူ့အချစ်ကို နည်းလမ်းမှန်မှန်နဲ့ မေပြနိုင်ခဲ့လို့ပေ့ါ… ဒီကိစ္စကို လက်ရောက်မှုအနေနဲ့ အမှုဖွင့်ထားတယ်.. ဒါပေမဲ့လည်း သူဟာ စိတ်ဝေဒနာရှင်တစ်ယောက်ဖြစ်နေတဲ့အတွက် စိတ်ကျန်းမာရေးဆေးရုံကို အခုပို့ထားပါတယ်”

ဒေါက်တာက ရှည်လျားစွာ ရှင်းပြသွားသည်။ ဟန်နီ့စိတ်တွင်တော့ ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေခဲ့သည်။ စိတ်ရော၊ လူရော ပင်ပန်းရသမျှ ဒီမျှနဲ့တင် ပြီးပါစေတော့လို့သာ ဆုတောင်းနေမိတော့သည်။

=============================

ဧက၏ စိတ်အခြေအနေ အဆိုးရွားဆုံး ဖြစ်လာသောကြောင့် စိတ်ကျန်းမာရေးဆေးရုံတွင်အပြီးထားလိုက်သည်။ ဟန်နီ ဆေးရုံကဆင်းလာပြီးနောက် ဒေါက်တာဇွဲသစ်က ဟန်နီ့ဆီ မကြာခဏလာလည်သည်။ ဟန်နီလည်း ကျန်းမာရေးကြောင့် အနုပညာအလုပ်များကို အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်သည်။

“မမေ နေကောင်းရဲ့လား”

“ကောင်းပါတယ် ဒေါက်တာ.. နေ့တိုင်း ဟန်နီ့ကို လာကြည့်ရတာ အလုပ်ရှုပ်နေပြီ”

“မရှုပ်ပါဘူး မမေ… ကျွန်တော်က ဒီလိုအခွင့်အရေးရတာကိုပဲ ကျေနပ်နေတဲ့သူပါ”

“…….”

“မမေ… အခွင့်အရေးယူတယ်လို့ မထင်စေချင်ဘူး။ ဖျာခင်းတယ်လို့လည်းမထင်စေချင်ပါဘူး… မမေရဲ့နှလုံးသားက တစ်စုံတစ်ယောက်ကိုချစ်ဖို့များ အဆင်သင့်ဖြစ်လာပြီဆိုရင် ကျွန်တော့်ကိုစဉ်းစားပေးစေချင်ပါတယ် မမေရင်ထဲမှာ နာကျင်ခဲ့ရသမျှကို ကျွန်တော် ကုစားပေးပါရစေ”

“ကျေးဇူးတင်ပါတယ် ဒေါက်တာ… ဟန်နီ့ကို အစစအရာရာ ဂရုစိုက်ပေးတဲ့အတွက်ပါ… ဒါပေမဲ့ ဒေါက်တာရယ် စိတ်တူ ကိုယ်တူ ဝါသနာတူ ချစ်ခဲ့ကြတဲ့လူချင်းတောင်မှ နောက်ဆုံးမှာ ဟန်နီ့စိတ်ရော ကိုယ်ရောကို ဒဏ်ရာတွေ ပေးခဲ့တယ် ဟန်နီ့နှလုံးသားက အမှတ်ကြီးတယ် ဒေါက်တာ….. နောက်ထပ် ထပ်မချစ်ရဲတော့ဘူး ချစ်လည်း မချစ်ချင်တော့ပါဘူး ဟန်နီ အားနာပါတယ်”

ကျောခိုင်းပြီး အိမ်ထဲဝင်သွားသော ဟန်နီ့ကျောပြင်ကို ဇွဲသစ်ငေးကြည့်နေမိသည်။ မမေ အချစ်က အစွမ်းကုန် ပွင့်ဖူူးပြီးမှ နွမ်းကြေသွားတာပါ။ ကျွန်တော့်ရဲ့ အချစ်ကတော့ ပွင့်ဖူးခွင့်လေးတောင်မရလိုက်ဘဲ ခြွေချခံလိုက်ရတာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မမေကို အမြဲစောင့်နေပါ့မယ်။ မမေ ဘဝမှာ ဒဏ်ရာအနာတရတွေကို မေ့လောက်ပြီး အချစ်သစ်တွေ ပြန်လည်မွေးဖွားလာနိုင်မယ့်နေ့ကို စောင့်နေပါ့မယ် မမေ။

========================

အချစ်တွင် အလင်းနှင့်အမှောင်ဟူ၍ နှစ်ခြမ်းရှိသည်။ သန့်စင်နွေးထွေးသော ချစ်ခြင်းမေတ္တာရိပ်အောက်တွင် ခိုလှုံခွင့်ရသူများသည် အချစ်၏ လင်းလက်သောဘက်ခြမ်းတွင် နေထိုင်ခွင့်ရသူများဖြစ်သည်။ နာကျင်စက်ဆုပ်စရာများ ပြည့်နှက်နေသော အချစ်ကွန်ရက်တွင် တွယ်ငြိမိသူများသည် အချစ်၏ အမှောင်ဘက်ခြမ်းတွင် ပိတ်လှောင်ခံထားရသူများသာဖြစ်သည်။

အချစ်၏ နူးညံ့နွေးထွေးမှုများဖြင့် အစွမ်းကုန်ပွင့်လန်းရန် အားယူထားသော ဟန်နီမေ၏ အချစ်ပန်းလေးသည် ဧကသု၏ မေတ္တာအဆိပ်သင့်မှုအောက်တွင် ရစရာမရှိအောင် ကြေကွဲပျက်သုဉ်းခဲ့ရပြီဖြစ်သည်။ ဇွဲသစ်၏ အေးချမ်းသော မေတ္တာဓာတ်နှင့် အချစ်၏ လင်းလက်တောက်ပသောအခြမ်းတွင် ဟန်နီ၏အချစ်ပန်းလေး နောက်တစ်ကြိမ်ဖူးပွင့်ခွင့်ရရန် အချိန်ယူရပေဦးမည်။

ညိမ်း (UCSY)

Leave a Reply

Your email address will not be published. Required fields are marked *