FUN

အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း -၉)

“ကဲ ေျပာပါဦး ဟန္နီေမ မင္းဘယ္လိုမိန္းမလဲ”

ဧက အိပ္မက္မက္ေနသည္။ အိပ္မက္ထဲတြင္ ဟန္နီႏွင့္သူ အလြန္ရွည္ လ်ားေသာ တံတားႀကီးတစ္ခု ေပၚတြင္ေရာက္ေနသည္။ တံတားလမ္းအဆံုးသည္ ျမဴမ်ားဖံုးေနေသာေၾကာင့္မျမင္ရ။ ဧက ကတံတားအဆံုးကိုသြားဖို႔သာ စိတ္အားသန္ေနသည္။ ထိုတံတားအဆံုးတြင္ သူတို႔ႏွစ္ေယာက္အတြက္ ဆြတ္ပ်ံၾကည္ႏူးဖြယ္ရာ တစ္ခုခုရွိလိမ့္မည္ဟု အလုိလို ခံစားသိေနသည္။ ဧက က ဟန္နီ႔လက္ကို တင္းတင္းဆြဲကာ ခပ္ျမန္ျမန္ေျပးေနသည္။ သို႔ေသာ္ ဟန္နီ႔လက္က တျဖည္းျဖည္း ေလ်ာ့လာၿပီး လက္တြဲခ်င္းျပဳတ္သြားသည္။

ဧက စိုးရိမ္တႀကီး လွည့္ၾကည့္လိုက္ေတာ့ ဟန္နီက ဧကကို သူစိမ္းဆန္ေသာ မ်က္လံုးမ်ားျဖင့္ၾကည့္ၿပီး ေက်ာခိုင္းထြက္ခြာသြားသည္။ ဟန္နီ သြားေနသည့္ လမ္းေၾကာင္းဦးတည္ရာတြင္ လူတစ္ေယာက္ရွိေနသည္။ ဒီလူ… ဒီလူက ဟန္နီျပေနက်ေဆးခန္းက ဆရာဝန္။ ဟန္နီက ထိုလူဆီတည့္တည့္ေလွ်ာက္သြား ၿပီး ထိုလူႏွင့္လက္ခ်င္းတြဲကာ ထြက္သြားသည္။ ဧက ေျပးလိုက္သည္။ ဒါေပမဲ့ မမီေတာ့။ ဟန္နီက သူ႔ျမင္ကြင္းမွ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားကာ တံတားႀကီးေပၚတြင္ သူတစ္ေယာက္တည္းသာ က်န္ခဲ့ေတာ့သည္။

“ဟန္နီ…”

အသံနက္ႀကီးႏွင့္ ေအာ္လိုက္ၿပီး ဧက အိပ္မက္မွ လန္႔ႏိုးလာသည္။ တစ္ကိုယ္လံုးေခွၽြးေစးမ်ားထြက္ေနေသာ္လည္း လက္ဖ်ားမ်ားကေအးစက္ေနသည္။ ကိုယ္ေပၚမွ ေစာင္ကို ဖယ္ပစ္လိုက္ၿပီး ခုတင္ေပၚမွဆင္းလိုက္သည္။ အခန္းထဲတြင္ ေခါက္တံု႔ေခါက္ျပန္ေလွ်ာက္ရင္း ဧက စိတ္တို႔ ကေယာက္ကယက္ ျဖစ္ေနသည္။ အိပ္မက္ကဘာလဲ။ ဘာအဓိပၸာယ္လဲ။ ဟန္နီက တကယ္ပဲ အဲ့ဒီလူနဲ႔…။

“ဟာ… ေတာက္”

ဧက စိတ္မထိန္းႏိုင္ဘဲ ကုတင္ေခါင္းရင္းမွ ဖန္နာရီေလးကို ပစ္ခြဲလိုက္မိသည္။ ခြမ္းကနဲ ကြဲသံၾကားမွ ေဒါသထြက္စရာ  ေတြေလ်ာ့ပါးသြားသလိုခံစားရသည္။ နာရီကိုၾကည့္လိုက္ေတာ့ မနက္ ၅ နာရီရွိၿပီျဖစ္သည္။ ဧည့္ခန္းကိုထြက္ၿပီး မွန္ခ်ပ္မ်ား နားက ဆိုဖာမွာထိုင္လိုက္ရင္း ရန္ကုန္ၿမိဳ႕ရဲ့ မနက္ခင္းကိုၾကည့္ေနလိုက္သည္။ အရင္လို စိတ္ၾကည္ၾကည္လင္လင္ႏွင့္ေတာ့ မဟုတ္ေခ်… ေနာက္က်ိေနေသာ စိတ္တို႔ႏွင့္ အေတြးေပါင္းမ်ားစြာက ဖမ္းဆုပ္မရ… ေသခ်ာသည္ကမူ ထိုဆရာဝန္ႏွင့္ဟန္နီ၏ ပတ္သက္မႈကို ေသခ်ာသိေအာင္ စံုစမ္းရမည္။

အေမႊးရည္ျဖန္းစက္မွ လာဗင္ဒါရန႔ံေလးထြက္လာေတာ့ ဟန္နီ႕ကိုပထမဆံုးေတြ႔ခဲ့တဲ့အခ်ိန္၊ ရိုက္ကြင္းမွာဆံုၾကတဲ့ အခ်ိန္၊ ဟန္နီ႔ကိုေတာင္းပန္ရင္း လက္ေဆာင္ေပးခဲ့တဲ့အခ်ိန္၊ ဟန္နီနဲ႔ခ်စ္သူေတြျဖစ္သြားတဲ့အခ်ိန္မ်ားကို ျပန္ေတြးၾကည့္ရင္း စိတ္ထဲမွာ ၾကည္ႏူးလာမိသလို ဟန္နီ႔ကိုလည္း သတိရလာသည္။ ခ်က္ခ်င္းေျပးေတြ႔ခ်င္စိတ္ေပါက္လာေသာေၾကာင့္ ကိုယ္လက္သန္႔စင္ၿပီး ဟန္နီ႔ဆီသြားမည္။ ဟန္နီမႏိုးေသးလည္း ကားေပၚကေနထိုင္ေစာင့္ေနမည္ဟုဆံုးျဖတ္လုိက္သည္။

================================

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း – ၈)

ဟန္နီသည္ ဒီေန႔မနက္ ေစာေစာစီးစီး အိပ္မက္လွလွေလးမက္ၿပီး ႏိုးထလာသည္။ ညမအိပ္ခင္ ဧက အေၾကာင္းေလးမ်ား ေတြးၿပီးမွအိပ္လွ်င္ ေနာက္ေန႔မနက္တြင္ မဂၤလာရွိစြာ ႏိုးလာတတ္သည္။ မနက္ ၆ နာရီ အခ်ိန္ျဖစ္ေသာေၾကာင့္ ထြက္ကာစ ေနေရာင္ေအာက္တြင္ ျခံထဲမွပန္းကေလးမ်ားကိုၾကည့္ရတာ ၾကည္ႏူးစရာ ေကာင္းသည္။ မာမီစိုက္ထားေသာ သစ္ခြပန္းအိုးမ်ားကိုအပင္အားေဆးျဖန္းေပးေနစဥ္ ျခံဝမွ ေခၚသံၾကားလိုက္သည္။

“မေမ အေစာႀကီး ႏိုးေနတာလား”

“ဟယ္ ေဒါက္တာပါလား ေစာေစာစီးစီး ဘာကိစၥလဲ”

ဇြဲသစ္က စီးလာေသာ စက္ဘီးကို ေဒါက္ေထာက္ထားလိုက္ၿပီး ဟန္နီတို႔ ျခံစည္းရိုးနားကပ္လာလိုက္သည္။ ဟန္နီတို႔ျခံက အုတ္တစ္ဝက္ သံဆူးႀကိဳးတစ္ဝက္နဲ႔ ကာထားေသာေၾကာင့္ ဟန္နီ႔ မ်က္ႏွာကို ေသခ်ာျမင္ရၿပီး စကားလွမ္းေျပာဖို႔ အဆင္ေျပသည္။

“ကၽြန္ေတာ္က မနက္တိုင္း စက္ဘီးစီးေနက် မေမရဲ့.. က်န္းမာေရးေပါ့”

“ေဒါက္တာက ေဆးရံုမွာ night duty ေတြ ဘာေတြမက်ဘူးလား””

““က်တာေပါ့ မေမရဲ့… night duty မက်တဲ့ရက္ေတြစီးတာ””

“ ေၾသာ္ ေကာင္းလိုက္တာ”

“မေမလည္း က်န္းမာေရးကိုလိုက္စားတဲ့အေနနဲ႔ ေလ့က်င့္ခန္းတစ္ခုခုလုပ္သင့္တယ္လို႔ ကၽြန္ေတာ္ထင္တယ္ လုပ္ပါလို႔လည္း အၾကံေပးပါရေစ”

“ဟန္နီလည္း လုပ္ခ်င္ပါတယ္.. မလုပ္ျဖစ္ေသးတာ အိမ္မွာေတာ့ ပံုမွန္ေလ့က်င့္ခန္းလုပ္ျဖစ္တယ္ body beauty အတြက္ေပါ့… တကယ္ေတာ့ ဟန္နီက အဲ့ဒီလိုမဟုတ္ဘဲ ေဒါက္တာ့လို စက္ဘီးစီးတာ လမ္းေလွ်ာက္တာ ေတာင္္တက္တာ အဲ့ဒီလိုမ်ိဳးလုပ္ခ်င္တာ”

“အင္း စိတ္ကူးေကာင္းသားပဲ လုပ္ႏိုင္ေအာင္ ႀကိဳးစားဖို႔ပဲလုိတာပါ.. မေမအတြက္ အတူတူလုပ္ေပးမယ့္သူရွိေနတာပဲ”

ဟန္နီက ျပံဳးလိုက္ရင္း “အင္း ေနာက္ေတာ့လုပ္ျဖစ္မွာပါ” လို႔ ျပန္ေျဖသည္။

ဇြဲသစ္က ဟန္နီႏွင့္ေတာ္ေတာ္ၾကာၾကာ ျခံစည္းရိုးျခား၍ စကားေျပာၿပီးေနာက္ စက္ဘီးစီးကာ ျပန္ထြက္သြားသည္။

ထိုျမင္ကြင္းကို ၾကည့္ကာ တစ္ေယာက္တည္း ေဒါသေတြထြက္ေနရသူက ဧက ျဖစ္သည္။ ေစာေစာစီးစီး ခ်စ္သူမ်က္ႏွာကို  ေတြ႔ခ်င္လြန္းလို႔ လာခဲ့ကာမွ မျမင္ခ်င္ဆံုးျမင္ကြင္းကို ျမင္လိုက္ရသည္။ ဟိုလူကထြက္သြားတာေတာင္ ဟန္နီက အိမ္ထဲမဝင္ဘဲ လွမ္းၾကည့္ေနေသးသည္။ ဧက ကားေပၚကဆင္းလုိက္ၿပီး ဟန္နီတို႔ျခံေရွ႕ကိုသြားကာ ျခံတံခါးကို တဂ်ိမ္းဂ်ိမ္းျမည္ေအာင္ ေဆာင့္တြန္းလိုက္သည္။

တံခါးသံေၾကာင့္ ဟန္နီ ရုတ္တရက္လန္႔သြားကာ လွည့္ၾကည့္လိုက္ေတာ့ ဧက ျဖစ္ေနသည္။ ဧက အေၾကာင္းေတြး ေနမိတုန္း ဧက ကိုေတြ႔လိုက္ရေတာ့ ဟန္နီေပ်ာ္သြားသည္။ ျခံတံခါးနားအေျပးသြားကာ တံခါးကိုဖြင့္လိုက္ရင္း…

“ကို ဘယ္လိုေရာက္လာတာလဲ ရုတ္တရက္ႀကီး”

“ဘာလဲ ငါလာတာ မင္းကမႀကိဳက္လို႔လား”

“ကို စကားကို ဘယ္လိုႀကီး ေျပာလိုက္တာလဲ”

ဧကရဲ့ ေအးစက္စက္စကားသံေၾကာင့္ ဟန္နီၾကက္သိီးေမႊးညွင္းမ်ားပင္ ထခ်င္သြားသည္။ ဟိုတစ္ခါလို အသံုးအႏႈန္း၊ ဟိုတစ္ခါလိုအၾကည့္… ကို ဘာျဖစ္လာျပန္ၿပီလဲမသိ။

“ငါမင္းနဲ႔ စာရင္းရွင္းစရာရွိတယ္… မင္းအိမ္ထဲဝင္ေျပာရမွာလား ငါ့ကားေပၚလိုက္ခဲ့မွာလား”

“ကို ဟန္နီက အိမ္ေနရင္းအဝတ္အစား…”

“ဘာမွမျဖစ္ဘူး ဒီနားမွာပဲကားရပ္ထားၿပီးေျပာမွာ ဘယ္မွမသြားဘူး”

ဟန္နီလည္း ျခံတံခါးကို မာမီမၾကားေအာင္ဖြင့္လိုက္ၿပီး ဧကရဲ့ကားေပၚလိုက္သြားလိုက္သည္။

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း -၇)

“ကဲ ေျပာပါဦး ဟန္နီေမ မင္းဘယ္လိုမိန္းမလဲ”

“ကို ဘာေတြေျပာေနတာလဲ? ဟန္နီနားမလည္ဘူူး”

“မင္းခုနကဘယ္သူနဲ႔စကားေျပာေနတာလဲ”

“ေဒါက္တာဇြဲသစ္ေလ… အဲ့ဒါဘာျဖစ္လို႔လဲ”

ဧက က နီရဲေနေသာမ်က္လံုးမ်ားႏွင့္ ဟန္နီ႔ကို စူးစိုက္ၾကည့္လိုက္ၿပီး…

“ဘာျဖစ္ရမွာလဲ… ငါမဟုတ္တဲ့တျခားေယာက္်ားတစ္ေယာက္နဲ႔ ငါ့ကြယ္ရာမွာ စကားေျပာေနတာ မင္းေဖာက္ျပန္ခ်င္ေနတာ မဟုတ္လား”

“ကို စကားကိုဆင္ျခင္ေျပာပါ။ ေဒါက္တာဇြဲသစ္က ဟန္နီေနမေကာင္းရင္ ကုေပးေနက်ဆရာဝန္ပါ.. ၿပီးေတာ့သူက ကိုမသိတဲ့လူလည္း မဟုတ္ဘူး”

“မသိဘူး ငါသူ႔ကိုျမင္ပဲျမင္ဖူးတာ။ သူနဲ႔ငါမသိဘူး။ သိစရာလည္းမလိုဘူး… ဟန္နီေမ… မင္းမွတ္ထားပါ မင္းဘဝမွာ ေယာက္်ားဆိုလို႔ ငါတစ္ေယာက္တည္းနဲ႔ပဲ ပတ္သက္ရမယ္”

ဟန္နီ သက္ျပင္းခ်လိုက္ကာ…

“ကိုရယ္ ဟန္နီလုပ္ေနတဲ့အလုပ္က ဘယ္ေယာက္်ားနဲ႔မွ မပတ္သက္ဘဲေနလို႔ရတဲ့ အလုပ္မွ မဟုတ္တာ။ ဒါေပမဲ့ ကိုမႀကိဳက္မွန္းသိလို႔ ဟန္နီအမ်ားႀကီး ေရွာင္ခဲ့တယ္ေလ… ေဒါက္တာက ဟန္နီ႔ကို ေဆးကုေပးတဲ့သူေလ… မနက္ ေဝလီေဝလင္းမွာေတာင္ ေဆးထကုေပးထားတာ ဟန္နီက မေခၚမေျပာလို႔ေကာင္းပါ့မလား”

“သူ႔ကိုအမႊမ္းတင္ျပေနတာလား”

ဧက ကိုၾကည့္ရင္း ဟန္နီစိတ္ပ်က္သြားသည္။ မေန႔ကေလးတင္ျမင္ဖူးခဲ့ေသာ ေႏြးေထြးေသာလူတစ္ေယာက္မဟုတ္ေတာ့။ ၾကင္နာတတ္ေသာ ေယာက္်ားတစ္ေယာက္ မဟုတ္ေတာ့။ သံသယေတြႏွင့္ ေဒါသေတြျပည့္ႏွက္ေနေသာ မေကာင္းဆိုးဝါး တစ္ေကာင္ႏွင့္ တူေနသည္။ ဘာလို႔ခ်က္ခ်င္းႀကီး ေျပာင္းလဲသြားတာလဲ စဥ္းစားလုိ႔ကိုမရ။

“ကို… ဟန္နီတို႔ စကားဆက္ေျပာေနရင္ အဆင္ေျပမွာမဟုတ္ဘူး… ဒီေတာ့ ကို စိတ္ကိုတည္ၿငိမ္ေအာင္ အရင္ႀကိဳးစားၾကည့္… ၿပီးေတာ့မွ ဟန္နီတို႔စကားဆက္ေျပာတာေပါ့”

ဟန္နီက ကားတံခါးကို ဖြင့္ၿပီးထြက္မလို႔ျပင္လိုက္သည္။ ဧက က ဟန္နီ႔လက္ကိုလွမ္းဆြဲလိုက္ၿပီး…

“ဒါက ဘယ္လဲ? ငါစကားေျပာလို႔မၿပီးေသးဘူး’’

“ေနာက္မွေျပာမယ္ကို.. ဟန္နီ ဘာမွထပ္မေျပာခ်င္ေတာ့ဘူး”

“ဘာလဲ ထပ္ေျပာရင္ မင္းနဲ႔ အဲ့ဒီေကာင္အေၾကာင္းေတြေပၚကုန္မွာစိုးလို႔လား”

“ဘာ…”

ဧကရဲ႕စကားေၾကာင့္ ဟန္နီ႔ရင္ထဲမွာ ဆတ္ဆတ္ခါေအာင္နာသြားသည္။ ဟန္နီကေတာ့ ဧကကို ခ်စ္လိုက္ရတာ ခြင့္လႊတ္ေပးလိုက္ရတာ သူ႔ဘက္ကေန ကာကြယ္ေပးလိုက္ရတာ။ သူမို႔လို႔ ဟန္နီ႔ကို ဒီလိုစြပ္စြဲရက္တယ္။ ဟန္နီကိုယ္တိုင္ သတိမထားမိလုိက္ဘဲ ဟန္နီ႔လက္တစ္ဖက္က သူ႔ပါးကို လႊဲရိုက္ၿပီးသားျဖစ္သြားသည္။ ဧက မ်က္လံုးမ်ားက ခ်က္ခ်င္း ပို၍ခက္ထန္သြားသည္ကို ျမင္ေတာ့မွ ဟန္နီမွားသြားမွန္း သိလိုက္သည္။ ပြင့္ေနၿပီးသား ကားတံခါးကေန ထြက္ေျပးဖို႔ၾကိဳးစားလိုက္စဥ္မွာပဲ ဧကရဲ့ လက္ႏွစ္ဖက္က ဟန္နီ႔ရဲ့ လည္ပင္းကို ေရာက္လာသည္။

ဟန္္နီ ဧကရဲ့လက္မ်ားကို ျဖဳတ္ခ်ရန္ အမ်ိဳးမ်ိဳးႀကိဳးစားသည္။ ကုတ္ဖဲ့ရိုက္္ႏွက္ေနေသာ္လည္း ဧက က ဘာမွျဖစ္ပံုမေပၚ။ ဟန္နီ႔လည္ပင္းကို ပုိ၍တင္းၾကပ္ေအာင္ ညွစ္လိုက္သည့္ အခ်ိန္တြင္ နာက်င္မႈ၊ အသက္ရွဴမဝမႈ၊ ေၾကာက္ရြ႔ံမႈမ်ားျဖင့္ ဟန္နီ မ်က္ရည္မ်ားပင္က်လာသည္။

“ကိုဧကသု ရွင္ ဘာလုပ္ေနတာလဲ… အဲ့ဒီလက္ေတြကို ခ်က္ခ်င္းလႊတ္လိုက္ပါ”

ဘယ္ကေရာက္လာမွန္းမသိေသာ ယမံုက ဟန္နီ႔ေဘးနားကေန ေအာ္ၿပီး အတင္းဖယ္လိုက္ေတာ့မွ ဧက က ဟန္နီ႔လည္ပင္းကို လႊတ္လိုက္သည္။ ယမံုက ဟန္နီ႔ကို လက္ေမာင္းကေနတြဲကာ ကားအျပင္ကိုဆြဲထုတ္လိုက္ၿပီး အိမ္ထဲကိုတြဲေခၚသြားသည္။

ဟန္နီထြက္သြားၿပီးမွ ဧက ပံုမွန္အသိျပန္ဝင္လာသည္။ ဘာလို႔ ဟန္နီ႔ကို ဒီေလာက္ထိၾကမ္းၾကမ္းတမ္းတမ္း လုပ္လိုက္မိသည္ဆိုသည္ကို သူ စဥ္းစားမရေတာ့။ ခ်စ္လြန္းလို႔ စိတ္ပူလြန္းလို႔ပါ ဟန္နီရယ္…။ ကို႔ကို ဒီတစ္ခါလည္းခြင့္လႊတ္ေပးပါဦးေနာ္…

ညိမ္း (UCSY)

<<< Unicode >>>

“ကဲ ပြောပါဦး ဟန်နီမေ မင်းဘယ်လိုမိန်းမလဲ”

ဧက အိပ်မက်မက်နေသည်။ အိပ်မက်ထဲတွင် ဟန်နီနှင့်သူ အလွန်ရှည် လျားသော တံတားကြီးတစ်ခု ပေါ်တွင်ရောက်နေသည်။ တံတားလမ်းအဆုံးသည် မြူများဖုံးနေသောကြောင့်မမြင်ရ။ ဧက ကတံတားအဆုံးကိုသွားဖို့သာ စိတ်အားသန်နေသည်။ ထိုတံတားအဆုံးတွင် သူတို့နှစ်ယောက်အတွက် ဆွတ်ပျံကြည်နူးဖွယ်ရာ တစ်ခုခုရှိလိမ့်မည်ဟု အလိုလို ခံစားသိနေသည်။ ဧက က ဟန်နီ့လက်ကို တင်းတင်းဆွဲကာ ခပ်မြန်မြန်ပြေးနေသည်။ သို့သော် ဟန်နီ့လက်က တဖြည်းဖြည်း လျော့လာပြီး လက်တွဲချင်းပြုတ်သွားသည်။

ဧက စိုးရိမ်တကြီး လှည့်ကြည့်လိုက်တော့ ဟန်နီက ဧကကို သူစိမ်းဆန်သော မျက်လုံးများဖြင့်ကြည့်ပြီး ကျောခိုင်းထွက်ခွာသွားသည်။ ဟန်နီ သွားနေသည့် လမ်းကြောင်းဦးတည်ရာတွင် လူတစ်ယောက်ရှိနေသည်။ ဒီလူ… ဒီလူက ဟန်နီပြနေကျဆေးခန်းက ဆရာဝန်။ ဟန်နီက ထိုလူဆီတည့်တည့်လျှောက်သွား ပြီး ထိုလူနှင့်လက်ချင်းတွဲကာ ထွက်သွားသည်။ ဧက ပြေးလိုက်သည်။ ဒါပေမဲ့ မမီတော့။ ဟန်နီက သူ့မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ တံတားကြီးပေါ်တွင် သူတစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။

“ဟန်နီ…”

အသံနက်ကြီးနှင့် အော်လိုက်ပြီး ဧက အိပ်မက်မှ လန့်နိုးလာသည်။ တစ်ကိုယ်လုံးချှေွးစေးများထွက်နေသော်လည်း လက်ဖျားများကအေးစက်နေသည်။ ကိုယ်ပေါ်မှ စောင်ကို ဖယ်ပစ်လိုက်ပြီး ခုတင်ပေါ်မှဆင်းလိုက်သည်။ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဧက စိတ်တို့ ကယောက်ကယက် ဖြစ်နေသည်။ အိပ်မက်ကဘာလဲ။ ဘာအဓိပ္ပာယ်လဲ။ ဟန်နီက တကယ်ပဲ အဲ့ဒီလူနဲ့…။

“ဟာ… တောက်”

ဧက စိတ်မထိန်းနိုင်ဘဲ ကုတင်ခေါင်းရင်းမှ ဖန်နာရီလေးကို ပစ်ခွဲလိုက်မိသည်။ ခွမ်းကနဲ ကွဲသံကြားမှ ဒေါသထွက်စရာ  တွေလျော့ပါးသွားသလိုခံစားရသည်။ နာရီကိုကြည့်လိုက်တော့ မနက် ၅ နာရီရှိပြီဖြစ်သည်။ ဧည့်ခန်းကိုထွက်ပြီး မှန်ချပ်များ နားက ဆိုဖာမှာထိုင်လိုက်ရင်း ရန်ကုန်မြို့ရဲ့ မနက်ခင်းကိုကြည့်နေလိုက်သည်။ အရင်လို စိတ်ကြည်ကြည်လင်လင်နှင့်တော့ မဟုတ်ချေ… နောက်ကျိနေသော စိတ်တို့နှင့် အတွေးပေါင်းများစွာက ဖမ်းဆုပ်မရ… သေချာသည်ကမူ ထိုဆရာဝန်နှင့်ဟန်နီ၏ ပတ်သက်မှုကို သေချာသိအောင် စုံစမ်းရမည်။

အမွှေးရည်ဖြန်းစက်မှ လာဗင်ဒါရနံ့လေးထွက်လာတော့ ဟန်နီ့ကိုပထမဆုံးတွေ့ခဲ့တဲ့အချိန်၊ ရိုက်ကွင်းမှာဆုံကြတဲ့ အချိန်၊ ဟန်နီ့ကိုတောင်းပန်ရင်း လက်ဆောင်ပေးခဲ့တဲ့အချိန်၊ ဟန်နီနဲ့ချစ်သူတွေဖြစ်သွားတဲ့အချိန်များကို ပြန်တွေးကြည့်ရင်း စိတ်ထဲမှာ ကြည်နူးလာမိသလို ဟန်နီ့ကိုလည်း သတိရလာသည်။ ချက်ချင်းပြေးတွေ့ချင်စိတ်ပေါက်လာသောကြောင့် ကိုယ်လက်သန့်စင်ပြီး ဟန်နီ့ဆီသွားမည်။ ဟန်နီမနိုးသေးလည်း ကားပေါ်ကနေထိုင်စောင့်နေမည်ဟုဆုံးဖြတ်လိုက်သည်။

================================

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း – ၈)

ဟန်နီသည် ဒီနေ့မနက် စောစောစီးစီး အိပ်မက်လှလှလေးမက်ပြီး နိုးထလာသည်။ ညမအိပ်ခင် ဧက အကြောင်းလေးများ တွေးပြီးမှအိပ်လျှင် နောက်နေ့မနက်တွင် မင်္ဂလာရှိစွာ နိုးလာတတ်သည်။ မနက် ၆ နာရီ အချိန်ဖြစ်သောကြောင့် ထွက်ကာစ နေရောင်အောက်တွင် ခြံထဲမှပန်းကလေးများကိုကြည့်ရတာ ကြည်နူးစရာ ကောင်းသည်။ မာမီစိုက်ထားသော သစ်ခွပန်းအိုးများကိုအပင်အားဆေးဖြန်းပေးနေစဉ် ခြံဝမှ ခေါ်သံကြားလိုက်သည်။

“မမေ အစောကြီး နိုးနေတာလား”

“ဟယ် ဒေါက်တာပါလား စောစောစီးစီး ဘာကိစ္စလဲ”

ဇွဲသစ်က စီးလာသော စက်ဘီးကို ဒေါက်ထောက်ထားလိုက်ပြီး ဟန်နီတို့ ခြံစည်းရိုးနားကပ်လာလိုက်သည်။ ဟန်နီတို့ခြံက အုတ်တစ်ဝက် သံဆူးကြိုးတစ်ဝက်နဲ့ ကာထားသောကြောင့် ဟန်နီ့ မျက်နှာကို သေချာမြင်ရပြီး စကားလှမ်းပြောဖို့ အဆင်ပြေသည်။

“ကျွန်တော်က မနက်တိုင်း စက်ဘီးစီးနေကျ မမေရဲ့.. ကျန်းမာရေးပေါ့”

“ဒေါက်တာက ဆေးရုံမှာ night duty တွေ ဘာတွေမကျဘူးလား””

““ကျတာပေါ့ မမေရဲ့… night duty မကျတဲ့ရက်တွေစီးတာ””

“ သြော် ကောင်းလိုက်တာ”

“မမေလည်း ကျန်းမာရေးကိုလိုက်စားတဲ့အနေနဲ့ လေ့ကျင့်ခန်းတစ်ခုခုလုပ်သင့်တယ်လို့ ကျွန်တော်ထင်တယ် လုပ်ပါလို့လည်း အကြံပေးပါရစေ”

“ဟန်နီလည်း လုပ်ချင်ပါတယ်.. မလုပ်ဖြစ်သေးတာ အိမ်မှာတော့ ပုံမှန်လေ့ကျင့်ခန်းလုပ်ဖြစ်တယ် body beauty အတွက်ပေါ့… တကယ်တော့ ဟန်နီက အဲ့ဒီလိုမဟုတ်ဘဲ ဒေါက်တာ့လို စက်ဘီးစီးတာ လမ်းလျှောက်တာ တောင်တက်တာ အဲ့ဒီလိုမျိုးလုပ်ချင်တာ”

“အင်း စိတ်ကူးကောင်းသားပဲ လုပ်နိုင်အောင် ကြိုးစားဖို့ပဲလိုတာပါ.. မမေအတွက် အတူတူလုပ်ပေးမယ့်သူရှိနေတာပဲ”

ဟန်နီက ပြုံးလိုက်ရင်း “အင်း နောက်တော့လုပ်ဖြစ်မှာပါ” လို့ ပြန်ဖြေသည်။

ဇွဲသစ်က ဟန်နီနှင့်တော်တော်ကြာကြာ ခြံစည်းရိုးခြား၍ စကားပြောပြီးနောက် စက်ဘီးစီးကာ ပြန်ထွက်သွားသည်။

ထိုမြင်ကွင်းကို ကြည့်ကာ တစ်ယောက်တည်း ဒေါသတွေထွက်နေရသူက ဧက ဖြစ်သည်။ စောစောစီးစီး ချစ်သူမျက်နှာကို  တွေ့ချင်လွန်းလို့ လာခဲ့ကာမှ မမြင်ချင်ဆုံးမြင်ကွင်းကို မြင်လိုက်ရသည်။ ဟိုလူကထွက်သွားတာတောင် ဟန်နီက အိမ်ထဲမဝင်ဘဲ လှမ်းကြည့်နေသေးသည်။ ဧက ကားပေါ်ကဆင်းလိုက်ပြီး ဟန်နီတို့ခြံရှေ့ကိုသွားကာ ခြံတံခါးကို တဂျိမ်းဂျိမ်းမြည်အောင် ဆောင့်တွန်းလိုက်သည်။

တံခါးသံကြောင့် ဟန်နီ ရုတ်တရက်လန့်သွားကာ လှည့်ကြည့်လိုက်တော့ ဧက ဖြစ်နေသည်။ ဧက အကြောင်းတွေး နေမိတုန်း ဧက ကိုတွေ့လိုက်ရတော့ ဟန်နီပျော်သွားသည်။ ခြံတံခါးနားအပြေးသွားကာ တံခါးကိုဖွင့်လိုက်ရင်း…

“ကို ဘယ်လိုရောက်လာတာလဲ ရုတ်တရက်ကြီး”

“ဘာလဲ ငါလာတာ မင်းကမကြိုက်လို့လား”

“ကို စကားကို ဘယ်လိုကြီး ပြောလိုက်တာလဲ”

ဧကရဲ့ အေးစက်စက်စကားသံကြောင့် ဟန်နီကြက်သီးမွှေးညှင်းများပင် ထချင်သွားသည်။ ဟိုတစ်ခါလို အသုံးအနှုန်း၊ ဟိုတစ်ခါလိုအကြည့်… ကို ဘာဖြစ်လာပြန်ပြီလဲမသိ။

“ငါမင်းနဲ့ စာရင်းရှင်းစရာရှိတယ်… မင်းအိမ်ထဲဝင်ပြောရမှာလား ငါ့ကားပေါ်လိုက်ခဲ့မှာလား”

“ကို ဟန်နီက အိမ်နေရင်းအဝတ်အစား…”

“ဘာမှမဖြစ်ဘူး ဒီနားမှာပဲကားရပ်ထားပြီးပြောမှာ ဘယ်မှမသွားဘူး”

ဟန်နီလည်း ခြံတံခါးကို မာမီမကြားအောင်ဖွင့်လိုက်ပြီး ဧကရဲ့ကားပေါ်လိုက်သွားလိုက်သည်။

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း -၇)

“ကဲ ပြောပါဦး ဟန်နီမေ မင်းဘယ်လိုမိန်းမလဲ”

“ကို ဘာတွေပြောနေတာလဲ? ဟန်နီနားမလည်ဘူူး”

“မင်းခုနကဘယ်သူနဲ့စကားပြောနေတာလဲ”

“ဒေါက်တာဇွဲသစ်လေ… အဲ့ဒါဘာဖြစ်လို့လဲ”

ဧက က နီရဲနေသောမျက်လုံးများနှင့် ဟန်နီ့ကို စူးစိုက်ကြည့်လိုက်ပြီး…

“ဘာဖြစ်ရမှာလဲ… ငါမဟုတ်တဲ့တခြားယောက်ျားတစ်ယောက်နဲ့ ငါ့ကွယ်ရာမှာ စကားပြောနေတာ မင်းဖောက်ပြန်ချင်နေတာ မဟုတ်လား”

“ကို စကားကိုဆင်ခြင်ပြောပါ။ ဒေါက်တာဇွဲသစ်က ဟန်နီနေမကောင်းရင် ကုပေးနေကျဆရာဝန်ပါ.. ပြီးတော့သူက ကိုမသိတဲ့လူလည်း မဟုတ်ဘူး”

“မသိဘူး ငါသူ့ကိုမြင်ပဲမြင်ဖူးတာ။ သူနဲ့ငါမသိဘူး။ သိစရာလည်းမလိုဘူး… ဟန်နီမေ… မင်းမှတ်ထားပါ မင်းဘဝမှာ ယောက်ျားဆိုလို့ ငါတစ်ယောက်တည်းနဲ့ပဲ ပတ်သက်ရမယ်”

ဟန်နီ သက်ပြင်းချလိုက်ကာ…

“ကိုရယ် ဟန်နီလုပ်နေတဲ့အလုပ်က ဘယ်ယောက်ျားနဲ့မှ မပတ်သက်ဘဲနေလို့ရတဲ့ အလုပ်မှ မဟုတ်တာ။ ဒါပေမဲ့ ကိုမကြိုက်မှန်းသိလို့ ဟန်နီအများကြီး ရှောင်ခဲ့တယ်လေ… ဒေါက်တာက ဟန်နီ့ကို ဆေးကုပေးတဲ့သူလေ… မနက် ဝေလီဝေလင်းမှာတောင် ဆေးထကုပေးထားတာ ဟန်နီက မခေါ်မပြောလို့ကောင်းပါ့မလား”

“သူ့ကိုအမွှမ်းတင်ပြနေတာလား”

ဧက ကိုကြည့်ရင်း ဟန်နီစိတ်ပျက်သွားသည်။ မနေ့ကလေးတင်မြင်ဖူးခဲ့သော နွေးထွေးသောလူတစ်ယောက်မဟုတ်တော့။ ကြင်နာတတ်သော ယောက်ျားတစ်ယောက် မဟုတ်တော့။ သံသယတွေနှင့် ဒေါသတွေပြည့်နှက်နေသော မကောင်းဆိုးဝါး တစ်ကောင်နှင့် တူနေသည်။ ဘာလို့ချက်ချင်းကြီး ပြောင်းလဲသွားတာလဲ စဉ်းစားလို့ကိုမရ။

“ကို… ဟန်နီတို့ စကားဆက်ပြောနေရင် အဆင်ပြေမှာမဟုတ်ဘူး… ဒီတော့ ကို စိတ်ကိုတည်ငြိမ်အောင် အရင်ကြိုးစားကြည့်… ပြီးတော့မှ ဟန်နီတို့စကားဆက်ပြောတာပေါ့”

ဟန်နီက ကားတံခါးကို ဖွင့်ပြီးထွက်မလို့ပြင်လိုက်သည်။ ဧက က ဟန်နီ့လက်ကိုလှမ်းဆွဲလိုက်ပြီး…

“ဒါက ဘယ်လဲ? ငါစကားပြောလို့မပြီးသေးဘူး’’

“နောက်မှပြောမယ်ကို.. ဟန်နီ ဘာမှထပ်မပြောချင်တော့ဘူး”

“ဘာလဲ ထပ်ပြောရင် မင်းနဲ့ အဲ့ဒီကောင်အကြောင်းတွေပေါ်ကုန်မှာစိုးလို့လား”

“ဘာ…”

ဧကရဲ့စကားကြောင့် ဟန်နီ့ရင်ထဲမှာ ဆတ်ဆတ်ခါအောင်နာသွားသည်။ ဟန်နီကတော့ ဧကကို ချစ်လိုက်ရတာ ခွင့်လွှတ်ပေးလိုက်ရတာ သူ့ဘက်ကနေ ကာကွယ်ပေးလိုက်ရတာ။ သူမို့လို့ ဟန်နီ့ကို ဒီလိုစွပ်စွဲရက်တယ်။ ဟန်နီကိုယ်တိုင် သတိမထားမိလိုက်ဘဲ ဟန်နီ့လက်တစ်ဖက်က သူ့ပါးကို လွှဲရိုက်ပြီးသားဖြစ်သွားသည်။ ဧက မျက်လုံးများက ချက်ချင်း ပို၍ခက်ထန်သွားသည်ကို မြင်တော့မှ ဟန်နီမှားသွားမှန်း သိလိုက်သည်။ ပွင့်နေပြီးသား ကားတံခါးကနေ ထွက်ပြေးဖို့ကြိုးစားလိုက်စဉ်မှာပဲ ဧကရဲ့ လက်နှစ်ဖက်က ဟန်နီ့ရဲ့ လည်ပင်းကို ရောက်လာသည်။

ဟန်နီ ဧကရဲ့လက်များကို ဖြုတ်ချရန် အမျိုးမျိုးကြိုးစားသည်။ ကုတ်ဖဲ့ရိုက်နှက်နေသော်လည်း ဧက က ဘာမှဖြစ်ပုံမပေါ်။ ဟန်နီ့လည်ပင်းကို ပို၍တင်းကြပ်အောင် ညှစ်လိုက်သည့် အချိန်တွင် နာကျင်မှု၊ အသက်ရှူမဝမှု၊ ကြောက်ရွံ့မှုများဖြင့် ဟန်နီ မျက်ရည်များပင်ကျလာသည်။

“ကိုဧကသု ရှင် ဘာလုပ်နေတာလဲ… အဲ့ဒီလက်တွေကို ချက်ချင်းလွှတ်လိုက်ပါ”

ဘယ်ကရောက်လာမှန်းမသိသော ယမုံက ဟန်နီ့ဘေးနားကနေ အော်ပြီး အတင်းဖယ်လိုက်တော့မှ ဧက က ဟန်နီ့လည်ပင်းကို လွှတ်လိုက်သည်။ ယမုံက ဟန်နီ့ကို လက်မောင်းကနေတွဲကာ ကားအပြင်ကိုဆွဲထုတ်လိုက်ပြီး အိမ်ထဲကိုတွဲခေါ်သွားသည်။

ဟန်နီထွက်သွားပြီးမှ ဧက ပုံမှန်အသိပြန်ဝင်လာသည်။ ဘာလို့ ဟန်နီ့ကို ဒီလောက်ထိကြမ်းကြမ်းတမ်းတမ်း လုပ်လိုက်မိသည်ဆိုသည်ကို သူ စဉ်းစားမရတော့။ ချစ်လွန်းလို့ စိတ်ပူလွန်းလို့ပါ ဟန်နီရယ်…။ ကို့ကို ဒီတစ်ခါလည်းခွင့်လွှတ်ပေးပါဦးနော်…

ညိမ်း (UCSY)

Leave a Reply

Your email address will not be published. Required fields are marked *