FUN

အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း – ၈)

ကားေပၚက ဆင္းလာေသာခပ္ေျဖာင့္ေျဖာင့္လူက ဇြဲသစ္ကို မ်က္ေမွာင္ၾကဳတ္ကာ တစ္ခ်က္ၾကည့္လိုက္သည္။

ယမံုသည္ ည ၉ နာရီထိုးခါနီးအထိျပန္မေရာက္ႏိုင္ေသာ ဟန္နီ႔ကိုေမွ်ာ္ရင္း လည္ပင္းပင္ ရွည္လာေတာ့မည္ ထင္ရသည္။ အိမ္တြင္းမွ ေမွ်ာ္ေနရင္း ေနမထိ ထိုင္မသာ ျဖစ္လာေသာေၾကာင့္ လမ္းမဘက္ ထြက္ရင္း ဧက ကားဝင္လာမည့္ဘက္သို႔ လည္ဆန္႔ရင္း ေမွ်ာ္ေနမိသည္။ ဟန္နီက မာမီကို night scene ရွိသည္ဟု ဆိုၿပီး သြားျခင္းျဖစ္သည္မို႔ ဟန္နီသာျပန္ေရာက္မလာလွ်င္ ယမံုပါ ဒုကၡေရာက္ႏိုင္သည္။ ဖုန္းဆက္ၾကည့္ဖို႔လည္း အားနာေနေသာေၾကာင့္ ဖုန္းကို ဖြင့္ၾကည့္လိုက္ ျပန္ပိတ္လိုက္ လမ္းထိပ္ဘက္ကိုေမွ်ာ္လိုက္ႏွင့္ပဲ ယမံုတစ္ေယာက္ အလုပ္မ်ားရေတာ့သည္ေလ..

“မယမံု ဘာလုပ္ေနတာလဲ”

အနားမွာကပ္ၿပီး ထြက္လာေသာအသံေၾကာင့္ ယမံုကဆတ္ကနဲတုန္သြားၿပီး လွည့္ၾကည့္လိုက္ေတာ့ ဇြဲသစ္ျဖစ္ေနသည္။

“ေၾသာ္ ေဒါက္တာ လန္႔လိုက္တာ”

“ဒီအခ်ိန္ႀကီး လမ္းမွာ ဘာထြက္လုပ္ေနတာလဲ”

“ဟိုေလ ဟန္နီျပန္မလာေသးလို႔”

“ဟန္နီနဲ႔ ယမံုက အတူတူေနတာလား ေဆးခန္းက မွတ္တမ္းမွာက်ေတာ့..”

“မဟုတ္ပါဘူး ဒီေန႔ဟန္နီက ကိစၥေလးတစ္ခုရွိလို႔ အျပင္သြားတာ အျပန္ဝင္လာမွာမို႔လို႔”

“ေၾသာ္…”

“ဒါနဲ႔ ေဒါက္တာကေရာ ဘယ္ကျပန္လာတာလဲ”

“ရုတ္တရက္ဗိုက္ဆာလာတာနဲ႔ လမ္းထိပ္မွာ စားစရာထြက္ဝယ္တာပါ.. ဒါျဖင့္ သြားမယ္ေနာ္ မယမံု အိမ္ထဲကဝင္ေစာင့္ပါလား အျပင္မွာက်ေတာ့ ေမွာင္ေနၿပီေလ မသင့္ေတာ္ဘူး”

“ဟုတ္ကဲ့ ေဒါက္တာ”

“သြားၿပီေနာ္”

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း -၇)

ဇြဲသစ္က ယမံုကိုႏႈတ္ဆက္ၿပီး ထြက္သြားၿပီးေတာ့မွ ျပန္လွည့္လာၿပီး…

“ဟိုေလ.. စပ္စုတယ္လို႔လည္းမထင္ေစခ်င္ဘူး ဆရာလုပ္တယ္လို႔လည္း မထင္ေစခ်င္ပါဘူး သိခ်င္တာေလး တစ္ခုေတာ့ရွိတယ္”

“ဘာမ်ားလဲ ေဒါက္တာ”

“မေမ အဆင္ေျပရဲ့လားလို႔.. ၿပီးေတာ့ မေမကို ဂရုစိုက္ေပးေစခ်င္တယ္ မယမံု”

ေဒါက္တာဇြဲသစ္ရဲ့စကားကိုၾကားေတာ့ ယမံုက တစ္ခ်က္ျပံဳးလုိက္ရင္း…

“ဟန္နီ႔ကို ကၽြန္မဂရုစိုက္လာတာၾကာပါၿပီရွင္ တကူးတကႀကီး မွာစရာမလိုပါဘူး ၿပီးေတာ့ ဟန္နီလည္း အဆင္ေျပပါတယ္”

ယမံုျပန္ေျပာေတာ့ ဇြဲသစ္က ရွက္သြားသလိုမ်ိဳး ဆံပင္မ်ားကိုလက္ႏွင့္ ဖြကုတ္လိုက္ရင္း…

“ကၽြန္ေတာ္က မိတ္ေဆြတစ္ေယာက္လို ကၽြန္ေတာ့္ patient တစ္ေယာက္လို စိတ္ပူသလိုမ်ိဳး ေျပာတာပါ”

“စိတ္ပူမေနပါနဲ႔ ေဒါက္တာ့ patient ဟိုမွာျပန္လာၿပီ”

ဇြဲသစ္ႏွင့္ယမံု ရပ္ေနသည့္နားသို႔ ကားတစ္စီးလာရပ္ၿပီး ကားေပၚမွ ဟန္နီဆင္းလာသည္။ ဂါ၀န္ စကပ္ ေဘာင္းဘီ စသည့္ေခတ္ဆန္သည့္ အဝတ္မ်ားႏွင့္သာ ေတြ႔ရေလ့ရွိေသာ ဟန္နီ႔ကို ျမန္မာဝတ္စံုေလးႏွင့္ ေတြ႔လိုက္ရေတာ့ ဇြဲသစ္ သတိလက္လြတ္ေငးၾကည့္ေနမိသည္။ ကားတံခါးပိတ္သံၾကားၿပီး လူတစ္ေယာက္ထပ္ဆင္းလာတာကိုသတိထားမိမွ ဇြဲသစ္ စိတ္ႏွင့္ကုိယ္ျပန္ကပ္ေတာ့သည္။ ကားေပၚက ဆင္းလာေသာခပ္ေျဖာင့္ေျဖာင့္လူက ဇြဲသစ္ကို မ်က္ေမွာင္ၾကဳတ္ကာ တစ္ခ်က္ၾကည့္လိုက္သည္။ ၿပီးေတာ့မွ…

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း -၆)

“ယမံု.. ကၽြန္ေတာ္ ယမံု႔သူငယ္ခ်င္းကို အခ်ိန္မီျပန္ပို႔ေပးတယ္ေနာ္”

“အမေလး ေက်းဇူးတင္လိုက္တာရွင္ ဒီမွာေမွ်ာ္ရတာ သစ္ကုလားအုတ္ျဖစ္ေတာ့မယ္”

“ေဆာရီးပါ အသြားေနာက္က်ေတာ့ အျပန္ပါေနာက္က်သြားတာ ဒါေတာင္ ကၽြန္ေတာ္အျမန္ေမာင္းလာခဲ့တာ ဟန္နီ႔ကိုသာေမးၾကည့္ပါ ဘာပဲျဖစ္ျဖစ္ ယမံု႔ကိုေက်းဇူးတင္ပါတယ္”

“ဟုတ္တယ္ ယမံုရဲ့ ကိုက နင္ေမွ်ာ္ေနမွာစိုးလို႔ကားကို အျမန္ေမာင္းလာတာ… ငါ့သူငယ္ခ်င္းေလး ေမွ်ာ္ရတာ ေမာသြားၿပီလား ေနာက္ေန႔မုန္႔ဝယ္ေကၽြးရမယ္”

“မုန္႔၀ယ္ေကၽြးမယ္ဆို ငါတစ္ေယာက္တည္းနဲ႔မရဘူး။ နင္ ေဒါက္တာ့ကိုပါေကၽြးရမွာ… ေဒါက္တာက နင္ ေနေကာင္းလား စိတ္ပူေနတာ”

ယမံုေျပာေတာ့မွ ဟန္နီက ဇြဲသစ္ကို သတိထားမိဟန္ျဖင့္ၾကည့္လိုက္ၿပီး…

“ဟန္နီေနေကာင္းပါတယ္ေဒါက္တာ… ဟန္နီ႔ကို စိတ္ပူေပးတာ ေက်းဇူးတင္ပါတယ္”

“ရပါတယ္ မေမ… ဒါဆိုကၽြန္ေတာ္သြားဦးမယ္”

“ဟုတ္ကဲ့ ေဒါက္တာ”

ဇြဲသစ္ျပန္သြားေတာ့ ဧက က..

“အဲ့ဒါဆရာဝန္လား”

“ဟုတ္တယ္ ကို ဟန္နီျပေနက်ဆရာ၀န္ပါ”

“ေၾသာ္… အင္းပါ ကဲ ဟန္နီ ကိုယ္ျပန္ေတာ့မယ္.. ဟန္နီလည္း ျပန္နားလိုက္ေတာ့… ယမံု ကၽြန္ေတာ္ထပ္ၿပီးေတာ့ ေက်းဇူးတင္ပါတယ္ေနာ္”

ဧက ကဟန္နီတို႔ကိုႏႈတ္ဆက္ၿပီး ျပန္သြားသည္။ ဟန္နီ႕ကိုေတာ့ ယမံုကိုယ္တိုင္ ကားျဖင့္ျပန္လိုက္ပို႔ေပးသည္။ ယမံု လိုက္ပို႔ေပးေသာေၾကာင့္ မာမီကလည္း ဟန္နီအိမ္ျပန္ေနာက္က်မႈကို သံသယမဝင္ေတာ့။ ဟန္နီေျခလက္ေဆး အိပ္ယာဝင္ရန္ ျပင္လိုက္ၿပီး အိပ္ယာေပၚလွဲခ်လိုက္စဥ္ ဧကဆီမွ “I love you more than yesterday” ဆိုေသာ message ေလးဝင္လာသည္။ ဟန္နီကလည္း me too လို႔ reply ျပန္လိုက္ၿပီး အိပ္စက္ရန္ မ်က္လံုးမ်ားမွိတ္လိုက္စဥ္ ဧက၏ ကေလးမ်ားႏွင့္ေပ်ာ္ပါးေနပံုမ်ား ေႏြးေထြးၾကင္နာတတ္ေသာအျပဳအမူမ်ားကို ျပန္ျမင္ေယာင္မိကာ တစ္ေယာက္တည္း ၾကည္ႏူးစြာ ျပံဳးလိုက္မိသည္။

သုိ႔ေသာ္.. တစ္ဖက္မွ ဧက၏ အေျခအေနကိုသာ ဟန္နီသိခဲ့လွ်င္ ထိုသို႔ ျပံဳးႏုိင္ပါဦးမည္လား?

=============================

ညိမ္း (UCSY)

<<< Unicode >>>

ကားပေါ်က ဆင်းလာသောခပ်ဖြောင့်ဖြောင့်လူက ဇွဲသစ်ကို မျက်မှောင်ကြုတ်ကာ တစ်ချက်ကြည့်လိုက်သည်။

ယမုံသည် ည ၉ နာရီထိုးခါနီးအထိပြန်မရောက်နိုင်သော ဟန်နီ့ကိုမျှော်ရင်း လည်ပင်းပင် ရှည်လာတော့မည် ထင်ရသည်။ အိမ်တွင်းမှ မျှော်နေရင်း နေမထိ ထိုင်မသာ ဖြစ်လာသောကြောင့် လမ်းမဘက် ထွက်ရင်း ဧက ကားဝင်လာမည့်ဘက်သို့ လည်ဆန့်ရင်း မျှော်နေမိသည်။ ဟန်နီက မာမီကို night scene ရှိသည်ဟု ဆိုပြီး သွားခြင်းဖြစ်သည်မို့ ဟန်နီသာပြန်ရောက်မလာလျှင် ယမုံပါ ဒုက္ခရောက်နိုင်သည်။ ဖုန်းဆက်ကြည့်ဖို့လည်း အားနာနေသောကြောင့် ဖုန်းကို ဖွင့်ကြည့်လိုက် ပြန်ပိတ်လိုက် လမ်းထိပ်ဘက်ကိုမျှော်လိုက်နှင့်ပဲ ယမုံတစ်ယောက် အလုပ်များရတော့သည်လေ..

“မယမုံ ဘာလုပ်နေတာလဲ”

အနားမှာကပ်ပြီး ထွက်လာသောအသံကြောင့် ယမုံကဆတ်ကနဲတုန်သွားပြီး လှည့်ကြည့်လိုက်တော့ ဇွဲသစ်ဖြစ်နေသည်။

“သြော် ဒေါက်တာ လန့်လိုက်တာ”

“ဒီအချိန်ကြီး လမ်းမှာ ဘာထွက်လုပ်နေတာလဲ”

“ဟိုလေ ဟန်နီပြန်မလာသေးလို့”

“ဟန်နီနဲ့ ယမုံက အတူတူနေတာလား ဆေးခန်းက မှတ်တမ်းမှာကျတော့..”

“မဟုတ်ပါဘူး ဒီနေ့ဟန်နီက ကိစ္စလေးတစ်ခုရှိလို့ အပြင်သွားတာ အပြန်ဝင်လာမှာမို့လို့”

“သြော်…”

“ဒါနဲ့ ဒေါက်တာကရော ဘယ်ကပြန်လာတာလဲ”

“ရုတ်တရက်ဗိုက်ဆာလာတာနဲ့ လမ်းထိပ်မှာ စားစရာထွက်ဝယ်တာပါ.. ဒါဖြင့် သွားမယ်နော် မယမုံ အိမ်ထဲကဝင်စောင့်ပါလား အပြင်မှာကျတော့ မှောင်နေပြီလေ မသင့်တော်ဘူး”

“ဟုတ်ကဲ့ ဒေါက်တာ”

“သွားပြီနော်”

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း -၇)

ဇွဲသစ်က ယမုံကိုနှုတ်ဆက်ပြီး ထွက်သွားပြီးတော့မှ ပြန်လှည့်လာပြီး…

“ဟိုလေ.. စပ်စုတယ်လို့လည်းမထင်စေချင်ဘူး ဆရာလုပ်တယ်လို့လည်း မထင်စေချင်ပါဘူး သိချင်တာလေး တစ်ခုတော့ရှိတယ်”

“ဘာများလဲ ဒေါက်တာ”

“မမေ အဆင်ပြေရဲ့လားလို့.. ပြီးတော့ မမေကို ဂရုစိုက်ပေးစေချင်တယ် မယမုံ”

ဒေါက်တာဇွဲသစ်ရဲ့စကားကိုကြားတော့ ယမုံက တစ်ချက်ပြုံးလိုက်ရင်း…

“ဟန်နီ့ကို ကျွန်မဂရုစိုက်လာတာကြာပါပြီရှင် တကူးတကကြီး မှာစရာမလိုပါဘူး ပြီးတော့ ဟန်နီလည်း အဆင်ပြေပါတယ်”

ယမုံပြန်ပြောတော့ ဇွဲသစ်က ရှက်သွားသလိုမျိုး ဆံပင်များကိုလက်နှင့် ဖွကုတ်လိုက်ရင်း…

“ကျွန်တော်က မိတ်ဆွေတစ်ယောက်လို ကျွန်တော့် patient တစ်ယောက်လို စိတ်ပူသလိုမျိုး ပြောတာပါ”

“စိတ်ပူမနေပါနဲ့ ဒေါက်တာ့ patient ဟိုမှာပြန်လာပြီ”

ဇွဲသစ်နှင့်ယမုံ ရပ်နေသည့်နားသို့ ကားတစ်စီးလာရပ်ပြီး ကားပေါ်မှ ဟန်နီဆင်းလာသည်။ ဂါဝန် စကပ် ဘောင်းဘီ စသည့်ခေတ်ဆန်သည့် အဝတ်များနှင့်သာ တွေ့ရလေ့ရှိသော ဟန်နီ့ကို မြန်မာဝတ်စုံလေးနှင့် တွေ့လိုက်ရတော့ ဇွဲသစ် သတိလက်လွတ်ငေးကြည့်နေမိသည်။ ကားတံခါးပိတ်သံကြားပြီး လူတစ်ယောက်ထပ်ဆင်းလာတာကိုသတိထားမိမှ ဇွဲသစ် စိတ်နှင့်ကိုယ်ပြန်ကပ်တော့သည်။ ကားပေါ်က ဆင်းလာသောခပ်ဖြောင့်ဖြောင့်လူက ဇွဲသစ်ကို မျက်မှောင်ကြုတ်ကာ တစ်ချက်ကြည့်လိုက်သည်။ ပြီးတော့မှ…

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း -၆)

“ယမုံ.. ကျွန်တော် ယမုံ့သူငယ်ချင်းကို အချိန်မီပြန်ပို့ပေးတယ်နော်”

“အမလေး ကျေးဇူးတင်လိုက်တာရှင် ဒီမှာမျှော်ရတာ သစ်ကုလားအုတ်ဖြစ်တော့မယ်”

“ဆောရီးပါ အသွားနောက်ကျတော့ အပြန်ပါနောက်ကျသွားတာ ဒါတောင် ကျွန်တော်အမြန်မောင်းလာခဲ့တာ ဟန်နီ့ကိုသာမေးကြည့်ပါ ဘာပဲဖြစ်ဖြစ် ယမုံ့ကိုကျေးဇူးတင်ပါတယ်”

“ဟုတ်တယ် ယမုံရဲ့ ကိုက နင်မျှော်နေမှာစိုးလို့ကားကို အမြန်မောင်းလာတာ… ငါ့သူငယ်ချင်းလေး မျှော်ရတာ မောသွားပြီလား နောက်နေ့မုန့်ဝယ်ကျွေးရမယ်”

“မုန့်ဝယ်ကျွေးမယ်ဆို ငါတစ်ယောက်တည်းနဲ့မရဘူး။ နင် ဒေါက်တာ့ကိုပါကျွေးရမှာ… ဒေါက်တာက နင် နေကောင်းလား စိတ်ပူနေတာ”

ယမုံပြောတော့မှ ဟန်နီက ဇွဲသစ်ကို သတိထားမိဟန်ဖြင့်ကြည့်လိုက်ပြီး…

“ဟန်နီနေကောင်းပါတယ်ဒေါက်တာ… ဟန်နီ့ကို စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်”

“ရပါတယ် မမေ… ဒါဆိုကျွန်တော်သွားဦးမယ်”

“ဟုတ်ကဲ့ ဒေါက်တာ”

ဇွဲသစ်ပြန်သွားတော့ ဧက က..

“အဲ့ဒါဆရာဝန်လား”

“ဟုတ်တယ် ကို ဟန်နီပြနေကျဆရာဝန်ပါ”

“သြော်… အင်းပါ ကဲ ဟန်နီ ကိုယ်ပြန်တော့မယ်.. ဟန်နီလည်း ပြန်နားလိုက်တော့… ယမုံ ကျွန်တော်ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ်နော်”

ဧက ကဟန်နီတို့ကိုနှုတ်ဆက်ပြီး ပြန်သွားသည်။ ဟန်နီ့ကိုတော့ ယမုံကိုယ်တိုင် ကားဖြင့်ပြန်လိုက်ပို့ပေးသည်။ ယမုံ လိုက်ပို့ပေးသောကြောင့် မာမီကလည်း ဟန်နီအိမ်ပြန်နောက်ကျမှုကို သံသယမဝင်တော့။ ဟန်နီခြေလက်ဆေး အိပ်ယာဝင်ရန် ပြင်လိုက်ပြီး အိပ်ယာပေါ်လှဲချလိုက်စဉ် ဧကဆီမှ “I love you more than yesterday” ဆိုသော message လေးဝင်လာသည်။ ဟန်နီကလည်း me too လို့ reply ပြန်လိုက်ပြီး အိပ်စက်ရန် မျက်လုံးများမှိတ်လိုက်စဉ် ဧက၏ ကလေးများနှင့်ပျော်ပါးနေပုံများ နွေးထွေးကြင်နာတတ်သောအပြုအမူများကို ပြန်မြင်ယောင်မိကာ တစ်ယောက်တည်း ကြည်နူးစွာ ပြုံးလိုက်မိသည်။

သို့သော်.. တစ်ဖက်မှ ဧက၏ အခြေအနေကိုသာ ဟန်နီသိခဲ့လျှင် ထိုသို့ ပြုံးနိုင်ပါဦးမည်လား?

=============================

ညိမ်း (UCSY)

Wathun
Wathun
နာမည္ရင္းေတြ ဘာေတြထက္ Potterhead တစ္ေယာက္ပါ။ အဲ့လို ေမွာ္ေလာကေတြ၊ အလွအပကလြဲၿပီး က်န္တဲ့အရာေတြ အားလံုးကို စိတ္ဝင္စားလို႔ ေဆာင္းပါးေတြထဲ ေမွာ္ေတြ၊ magical creatures ေတြပါလာရင္ေတာ့ တျခားသူမေတြးပါနဲ႔ ကၽြန္မပါပဲလို႔... :*

Leave a Reply

Your email address will not be published. Required fields are marked *