FUN Love

အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း -၇)

ဟန္နီ႔အတြက္ေၾကာင့္ ဂရုစိုက္ေနတာ ကိုက ဟန္နီ႔ကို တန္ဖိုးထားတယ္ဆိုတာ ဟန္နီ႔အျပင္ တျခားသူေတြကိုပါ သိေစခ်င္တာ

ျပႆနာျဖစ္ၿပီးေနာက္ပိုင္း ဧကႏွင့္ ဟန္နီ၏ ဆက္ဆံေရးသည္ အရင္တုန္းကလိုပဲ ျပန္ၿပီး အဆင္ေျပေျပရွိခဲ့သည္။ ဧကကလည္း ဟန္နီ႔ကို ဂရုတစိုက္ရွိၿပီး ဟန္နီကလည္း ဧက မႀကိဳက္သည့္ကိစၥမ်ားကို အတတ္ႏိုင္ဆံုး ေရွာင္ရွားခဲ့သည္။ ယမံုကေတာ့ ဟန္နီ႔ကို တားမရသည့္အဆံုး အနီးကပ္ ေစာင့္ၾကည့္၍သာ ေနေတာ့သည္။ ထိုကဲ့သို႔ သာမန္ပံုစံအတိုင္း ျဖတ္သန္းေနရင္း တစ္ေန႔တြင္  ဟန္နီ႔ရႈတင္ရွိသည့္ေနရာသို႔ ဧက ကေရာက္လာခဲ့ၿပီး ရႈတင္ break သည့္အခ်ိန္ထိ စိတ္ရွည္စြာ ထိုင္ေစာင့္ေနခဲ့သည္။

“ကို ရုတ္တရက္ၾကီး ဘယ္လိုေရာက္လာတာလဲ”

“ကို ဟန္နီ႔ကိုေျပာစရာရွိလို႔”

“ဖုန္းဆက္လိုက္လို႔ရရဲ့သားနဲ႔”

“အေရးႀကီးလို႔ပါ…”

“ေျပာေလ ဘာကိစၥလဲ”

“လာမယ့္ စေနေန႔က ကို႔ ေမြးေန႔… အဲ့ဒီေန႔က်ရင္ ကို သြားေနက် မိဘမဲ့ေဂဟာကိုသြားၿပီး ေမြးေန႔အလွဴလုပ္မယ္.. အရင္ႏွစ္ေတြကေတာ့ တစ္ေယာက္တည္းသြားေနက်ပဲ.. အခုေတာ့ ဟန္နီနဲ႔သြားခ်င္တယ္ အဲ့ဒီေန႔ကို schedule ေလးရွင္းေပး ထားဖို႔””

“အင္း အဲဒီေန႔က… ခဏေလးေနာ္”

ဟန္နီကထိုင္ေနရာမွ ယမံုအနားကိုသြားၿပီး စေနေန႔ schedule ကိုေမးၾကည့္လိုက္သည္။

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း -၅)

“စေနေန႔က campaign တစ္ခုအတြက္ သြားေပးစရာရွိတယ္ ဒါပဲေလ ဘာလို႔လဲ”

“အဲဒါကို cancel လုပ္ေပးလို႔ရမလား ယမံု… အဲဒီေန႔က ကို႔ ေမြးေန႔ေလ သူနဲ႔သြားစရာေလးရွိလို႔”

ယမံုက ဧက ကိုလွမ္းၾကည့္၍ မ်က္ေစာင္းထိုးလိုက္ၿပီး..

“ဟန္နီ နင္သူ႔အတြက္ အလုပ္ကို ထိခိုက္ခံေတာ့မလို႔လား…. campaign က တစ္ေန႔လံုးမဟုတ္ဘူးေလ.. မနက္ပိုင္းေလးပဲကို ၿပီးေတာ့မွ သြားလို႔မရဘူးလား”

“အဲဒါဆို ေနာက္က်သြားမွာစိုးလို႔ပါ။ သူ႔ေမြးေန႔ဆိုေတာ့ သူစိတ္ခ်မ္းသာေအာင္ လုပ္ေပးမလိုေလ.. ေနာ္.. ယမံု ေနာ္… ”

“ေမြးေန႔မဟုတ္လည္း ေန႔တိုင္း စိတ္ခ်မ္းသာေအာင္ လုပ္ေပးေနရတာပဲ မဟုတ္ဘူးလား? နင္သူမႀကိဳက္တဲ့ကိစၥေတြ သတိထားၿပီး ေရွာင္ေနတာ ေယာက္်ားေလး အႏုပညာရွင္ေတြကို အရင္ကထက္ေဝးေဝး ေနေနတာ ငါမသိဘူးမ်ား မွတ္ေနလား… နင့္အလုပ္ကိုေတာ့ အထိခိုက္မခံေစခ်င္ဘူး။ campaign ၿပီးမွသြားမယ္လို႔ နင္သြားညွိလိုက္ပါ။ နင္ရေအာင္ မေျပာရင္ငါလိုက္ေျပာမွာေနာ္ အဲ့ဒီက်ရင္ ျပႆနာ အႀကီးႀကီးတက္လိမ့္မယ္”

“ေအးပါ ေအးပါဟာ… ငါပဲသြားေျပာလိုက္ပါ့မယ္ နင္ဒီမွာပဲေနပါ”

ဟန္နီက ဧက အနားကို ျပန္သြားၿပီး…

“ကို အဲ့ဒီေန႔က်ရင္ မနက္ပိုင္း campaign တစ္ခုသြားေပးဖို႔ရွိတယ္ အဲဒီကေနအျပန္ ကို နဲ႔အတူတူ ေမြးေန႔အလွဴ သြားလုပ္မယ္ေလ”

“ဒါဆိုရင္ အျပန္ေနာက္က်လိမ့္မယ္ေနာ္ ဟန္နီ”

“ဒီတစ္နည္းပဲရွိတယ္ ကိုရဲ့… မနက္ပိုင္း အစီအစဥ္က ဖ်က္လို႔မရဘူး”

“အင္း ေကာင္းပါၿပီ။ ကိုက ကိစၥမရွိဘူး ဟန္နီက မိန္းကေလးဆိုေတာ့ အျပန္ေနာက္က်မွာစိုးလို႔ေျပာတာ ကဲ ဒါဆို အဲ့ဒီေန႔အတြက္ ေသခ်ာၿပီေနာ္”

“အင္း ေသခ်ာတယ္”

“ဟုတ္ၿပီေလ ကို ျပန္ေတာ့မယ္ ညက်မွဖုန္းဆက္မယ္”

ဧက က ဟန္နီ႔ကိုႏႈတ္ဆက္ၿပီး ျပန္သြားေတာ့ ဟန္နီက ေလပူတစ္ခ်က္မႈတ္ထုတ္ကာ “အဆင္ေျပသြားတာ ေတာ္ပါေသးရဲ့” ဟု ေတြးလိုက္မိသည္။

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း -၆)

စေနေန႔မနက္ပိုင္း ဟန္နီ႔အလုပ္ကိစၥၿပီးမွ ဧက က သူ႔ကားႏွင့္လာႀကိဳၿပီး ရန္ကုန္အထြက္နားမွာရွိတဲ့ မိဘမဲ့ေဂဟာသို႔ ေမာင္းလာခဲ့သည္။

“ပင္ပန္းေနလား ဟန္နီ”

“မပင္ပန္းပါဘူး ကို… မနက္ေစာေစာကတည္းက အခ်ိန္မေပးႏိုင္လို႔ ေဆာရီးေနာ္”

“ရပါတယ္ဟန္နီ… အဲ့ဒီ ေဂဟာက ကိုသြားေနက်ေလ… ၁၈ ႏွစ္ျပည့္ကတည္းက စသြားခဲ့တာဆိုေတာ့ အခုဆို ၈ ႏွစ္ ရွိၿပီေပါ့… အဲ့ဒီေဂဟာက သာမန္မိဘမဲ့ေဂဟာမဟုတ္ဘူး ဟန္နီ… ေမြးရာပါ AIDS ေရာဂါရွိတဲ့ ကေလးေတြကို ေစာင့္ေရွာက္ ေပးေနတာ မိဘေတြရဲ့ဆိုးေမြေတြကို ခံေနရတဲ့ကေလးေတြေပါ့ အဲ့ဒါေၾကာင့္လည္း ကို အဲ့ဒီေဂဟာကိုပဲ အၿမဲသြားျဖစ္ခဲ့တာ””

“ကိုကအဲ့ဒီေနရာကိုဘယ္လိုသိတာလဲ”

“အစတုန္းက မိဘမဲ့ေဂဟာကို လွဴခ်င္လို႔ လိပ္စာေတြလိုက္စံုစမ္းရင္းသိတာ.. တျခားမိဘမဲ့ကေလးေတြထက္သူတို႔က ပိုၿပီးခြဲျခားဆက္ဆံခံရတယ္ ပိုၿပီး လ်စ္လ်ဴရႈခံရတယ္ ဘယ္သူမဆို ဂရုစိုက္ခံခ်င္ၾကတာပဲမလား… အဲဒါေၾကာင့္ ကိုက သူတို႔ကို တျခားသူေတြထက္ပိုၿပီး ဂရုစိုက္ေပးခ်င္တာ… လတိုင္းလည္း အလွဴေငြပို႔ေပးတယ္ ေမြးေန႔က်မွပဲသြားျဖစ္တာ… ကေလးေတြကို အစားအေသာက္ေကၽြးတာ ေရခ်ိဳးေပးတာေတြလည္း လုပ္ေပးလို႔ရတယ္ ဟန္နီစိတ္သန္႔ရင္ေပါ့”

“လုပ္ေပးႏိုင္ပါတယ္ကိုရဲ့”

ဧက က ကားေမာင္းေနရင္း ဟန္နီ႔ကို ေက်းဇူးတင္သည့္မ်က္လံုးမ်ားျဖင့္ၾကည့္ကာ လက္တစ္ဖက္ကို ဆြဲယူဆုပ္ကိုင္ ထားလိုက္သည္။

မိဘမဲ့ေဂဟာ၏ ဝင္းအက်ယ္ႀကီးထဲတြင္ တည္ရွိၿပီး ေမြးစမွ ၃ ႏွစ္အထိကသီးသန္႔ထားၿပီး ၃ ႏွစ္အထက္ကေလးမ်ားကို ေယာက္်ားေလး မိန္းကေလး သီးသန္႔တစ္ေဆာင္စီခြဲထားသည္။ ေဂဟာ ဝင္ေပါက္ဝတြင္ “ယေန႔အလွဴရွင္ ကိုဧကသု” ဟုေရးထားေသာ သင္ပုန္းကို ျမင္ရသည္။ ဟန္နီတို႔ ေရာက္သြားသည့္ အခ်ိန္သည္ ေန႔လယ္စာစား ခ်ိန္ၿပီးသြားၿပီျဖစ္ၿပီး ကေလးမ်ားကို ေရခ်ိဳးေပးကာ ေန႔ခင္းသိပ္ေပးရမည့္ အခ်ိန္ျဖစ္သည္။ အတန္းႀကီး ကေလးမ်ားကေတာ့ ခဏနားၿပီး စာၾကည့္ရသည့္အခ်ိန္ ျဖစ္သည္။

Related Article >>> အခ်စ္၏ အေမွာင္ဘက္ျခမ္း (အပိုင္း -၄)

ေရခ်ိဳးေပးသည့္အခ်ိန္တြင္ ဧက က ေယာက္်ားေလးမ်ားကို ကူခ်ိဳးေပးၿပီး ဟန္နီက မိန္းကေလးမ်ားကို ကူခ်ိဳးေပးသည္။ ေရခ်ိဳးၿပီးသည့္ေနာက္ သနပ္ခါးလိမ္း၊ အဝတ္အစားလဲေပးၿပီး ကေလးသိပ္သည့္ အခါတြင္လည္း တတ္ႏိုင္သေလာက္ ကူညီေပးခဲ့သည္။ ကေလးမ်ားကို ထိန္းေက်ာင္းရင္း ေပ်ာ္ရႊင္ေနေသာ ဧက ၏ပံုစံသည္ တစ္ခ်ိန္က ဟန္နီ႔ ကိုၾကမ္းတမ္းစြာျပဳမူခဲ့ဖူးသည္ကိုပင္ ေမ့သြားေလာက္ေအာင္ ႏူးညံ့သိမ့္ေမြ႔လြန္းေနသည္။ ထိုပံုစံေလးေၾကာင့္ပင္ ဟန္နီက စိတ္နာစရာကိစၥကို မရွိခဲ့သလိုပင္ သေဘာထားကာ ဧက အေပၚ ပို၍ သံေယာဇဥ္တြယ္မိေလသည္။

အဆာေျပမုန္႔ေကၽြးသည့္အခ်ိန္နွင့္ ညစာစားခ်ိန္ကိုပါ ကူညီေပးၿပီးမွျပန္လာေသာေၾကာင့္ ျပန္လာသည့္အခ်ိန္တြင္  ေမွာင္ေနၿပီျဖစ္သည္။ ဧကက ကားကို သာမန္ထက္အရွိန္ပိုျမွင့္ၿပီး ေမာင္းေနေသာေၾကာင့္ ဟန္နီက…

“ကို အရမ္းျမန္ျမန္ႀကီး မေမာင္းနဲ႔ေလ”

“ဘာမွမျဖစ္ပါဘူး ဟန္နီရဲ့ ကိုဂရုစိုက္ေမာင္းေနပါတယ္”

“ဘာေတြမ်ား ေလာစရာရွိလို႔လဲကိုရယ္”

“ဟန္နီ႔ကို ျမန္ျမန္ျပန္ပို႔ေပးရမယ္ေလ…အိမ္ျပန္ေနာက္က်ရင္ သူမ်ားေတြ အထင္လြဲစရာျဖစ္မယ္မလား… ကိုတို႔ရိုးရိုး သားသားသြားတဲ့ခရီးကို အဲ့ဒီလို လူေတြထင္ေၾကးနဲ႔ ညစ္ေထးေအာင္လုပ္တာမ်ိဳး မျဖစ္ေစခ်င္ဘူး… ၿပီးေတာ့ ကိုနဲ႔စိတ္မခ်တဲ့ ယမံုကလည္းေမွ်ာ္ေနမယ္မလား… အဲ့ဒါေၾကာင့္ျမန္ျမန္ေမာင္းေနတာ”

“ဟန္နီကေတာ့ အဲ့ဒါေတြ သိပ္ဂရုမစိုက္ပါဘူး ကိုရယ္”

“ကိုလည္း ကို႔အတြက္ဆိုရင္ ဂရုမစိုက္ပါဘူး… ဟန္နီ႔အတြက္ေၾကာင့္ ဂရုစိုက္ေနတာ ကိုက ဟန္နီ႔ကို တန္ဖိုးထားတယ္ဆိုတာ ဟန္နီ႔အျပင္ တျခားသူေတြကိုပါ သိေစခ်င္တာ”

ဧကရဲ့ စကားေတြကိုၾကားေတာ့ ဟန္နီ႔မွာ ဝမ္းသာၾကည္ႏူးလြန္းလို႔ မ်က္ရည္ပင္ ဝဲမိသည္။ မိန္းကေလးတစ္ေယာက္အတြက္ ခ်စ္သူကတန္ဖိုးထားတာ ခံရတာေလာက္ ဝမ္းသာစရာကိစၥမရွိေတာ့။ ဧကမွာ ဒီလိုစိတ္ထားေကာင္းေလးေတြရွိေနသည့္အေၾကာင္း ယမံုကိုေျပာျပရဦးမည္ဟု ယမံု႔စိတ္ထဲ ေတးထားလိုက္ေတာ့သည္။ မေမွ်ာ္လင့္ထားသည္မ်ားကို မ်က္လွည့္ျပသလို ဖန္တီးျပတတ္ေသာ ကံၾကမၼာကိုေတာ့ ဟန္နီ သတိမျပဳမိေခ်…

=================================

ညိမ္း (UCSY)

<<< Unicode >>>

ဟန်နီ့အတွက်ကြောင့် ဂရုစိုက်နေတာ ကိုက ဟန်နီ့ကို တန်ဖိုးထားတယ်ဆိုတာ ဟန်နီ့အပြင် တခြားသူတွေကိုပါ သိစေချင်တာ

ပြဿနာဖြစ်ပြီးနောက်ပိုင်း ဧကနှင့် ဟန်နီ၏ ဆက်ဆံရေးသည် အရင်တုန်းကလိုပဲ ပြန်ပြီး အဆင်ပြေပြေရှိခဲ့သည်။ ဧကကလည်း ဟန်နီ့ကို ဂရုတစိုက်ရှိပြီး ဟန်နီကလည်း ဧက မကြိုက်သည့်ကိစ္စများကို အတတ်နိုင်ဆုံး ရှောင်ရှားခဲ့သည်။ ယမုံကတော့ ဟန်နီ့ကို တားမရသည့်အဆုံး အနီးကပ် စောင့်ကြည့်၍သာ နေတော့သည်။ ထိုကဲ့သို့ သာမန်ပုံစံအတိုင်း ဖြတ်သန်းနေရင်း တစ်နေ့တွင်  ဟန်နီ့ရှုတင်ရှိသည့်နေရာသို့ ဧက ကရောက်လာခဲ့ပြီး ရှုတင် break သည့်အချိန်ထိ စိတ်ရှည်စွာ ထိုင်စောင့်နေခဲ့သည်။

“ကို ရုတ်တရက်ကြီး ဘယ်လိုရောက်လာတာလဲ”

“ကို ဟန်နီ့ကိုပြောစရာရှိလို့”

“ဖုန်းဆက်လိုက်လို့ရရဲ့သားနဲ့”

“အရေးကြီးလို့ပါ…”

“ပြောလေ ဘာကိစ္စလဲ”

“လာမယ့် စနေနေ့က ကို့ မွေးနေ့… အဲ့ဒီနေ့ကျရင် ကို သွားနေကျ မိဘမဲ့ဂေဟာကိုသွားပြီး မွေးနေ့အလှူလုပ်မယ်.. အရင်နှစ်တွေကတော့ တစ်ယောက်တည်းသွားနေကျပဲ.. အခုတော့ ဟန်နီနဲ့သွားချင်တယ် အဲ့ဒီနေ့ကို schedule လေးရှင်းပေး ထားဖို့””

“အင်း အဲဒီနေ့က… ခဏလေးနော်”

ဟန်နီကထိုင်နေရာမှ ယမုံအနားကိုသွားပြီး စနေနေ့ schedule ကိုမေးကြည့်လိုက်သည်။

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း -၅)

“စနေနေ့က campaign တစ်ခုအတွက် သွားပေးစရာရှိတယ် ဒါပဲလေ ဘာလို့လဲ”

“အဲဒါကို cancel လုပ်ပေးလို့ရမလား ယမုံ… အဲဒီနေ့က ကို့ မွေးနေ့လေ သူနဲ့သွားစရာလေးရှိလို့”

ယမုံက ဧက ကိုလှမ်းကြည့်၍ မျက်စောင်းထိုးလိုက်ပြီး..

“ဟန်နီ နင်သူ့အတွက် အလုပ်ကို ထိခိုက်ခံတော့မလို့လား…. campaign က တစ်နေ့လုံးမဟုတ်ဘူးလေ.. မနက်ပိုင်းလေးပဲကို ပြီးတော့မှ သွားလို့မရဘူးလား”

“အဲဒါဆို နောက်ကျသွားမှာစိုးလို့ပါ။ သူ့မွေးနေ့ဆိုတော့ သူစိတ်ချမ်းသာအောင် လုပ်ပေးမလိုလေ.. နော်.. ယမုံ နော်… ”

“မွေးနေ့မဟုတ်လည်း နေ့တိုင်း စိတ်ချမ်းသာအောင် လုပ်ပေးနေရတာပဲ မဟုတ်ဘူးလား? နင်သူမကြိုက်တဲ့ကိစ္စတွေ သတိထားပြီး ရှောင်နေတာ ယောက်ျားလေး အနုပညာရှင်တွေကို အရင်ကထက်ဝေးဝေး နေနေတာ ငါမသိဘူးများ မှတ်နေလား… နင့်အလုပ်ကိုတော့ အထိခိုက်မခံစေချင်ဘူး။ campaign ပြီးမှသွားမယ်လို့ နင်သွားညှိလိုက်ပါ။ နင်ရအောင် မပြောရင်ငါလိုက်ပြောမှာနော် အဲ့ဒီကျရင် ပြဿနာ အကြီးကြီးတက်လိမ့်မယ်”

“အေးပါ အေးပါဟာ… ငါပဲသွားပြောလိုက်ပါ့မယ် နင်ဒီမှာပဲနေပါ”

ဟန်နီက ဧက အနားကို ပြန်သွားပြီး…

“ကို အဲ့ဒီနေ့ကျရင် မနက်ပိုင်း campaign တစ်ခုသွားပေးဖို့ရှိတယ် အဲဒီကနေအပြန် ကို နဲ့အတူတူ မွေးနေ့အလှူ သွားလုပ်မယ်လေ”

“ဒါဆိုရင် အပြန်နောက်ကျလိမ့်မယ်နော် ဟန်နီ”

“ဒီတစ်နည်းပဲရှိတယ် ကိုရဲ့… မနက်ပိုင်း အစီအစဉ်က ဖျက်လို့မရဘူး”

“အင်း ကောင်းပါပြီ။ ကိုက ကိစ္စမရှိဘူး ဟန်နီက မိန်းကလေးဆိုတော့ အပြန်နောက်ကျမှာစိုးလို့ပြောတာ ကဲ ဒါဆို အဲ့ဒီနေ့အတွက် သေချာပြီနော်”

“အင်း သေချာတယ်”

“ဟုတ်ပြီလေ ကို ပြန်တော့မယ် ညကျမှဖုန်းဆက်မယ်”

ဧက က ဟန်နီ့ကိုနှုတ်ဆက်ပြီး ပြန်သွားတော့ ဟန်နီက လေပူတစ်ချက်မှုတ်ထုတ်ကာ “အဆင်ပြေသွားတာ တော်ပါသေးရဲ့” ဟု တွေးလိုက်မိသည်။

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း -၆)

စနေနေ့မနက်ပိုင်း ဟန်နီ့အလုပ်ကိစ္စပြီးမှ ဧက က သူ့ကားနှင့်လာကြိုပြီး ရန်ကုန်အထွက်နားမှာရှိတဲ့ မိဘမဲ့ဂေဟာသို့ မောင်းလာခဲ့သည်။

“ပင်ပန်းနေလား ဟန်နီ”

“မပင်ပန်းပါဘူး ကို… မနက်စောစောကတည်းက အချိန်မပေးနိုင်လို့ ဆောရီးနော်”

“ရပါတယ်ဟန်နီ… အဲ့ဒီ ဂေဟာက ကိုသွားနေကျလေ… ၁၈ နှစ်ပြည့်ကတည်းက စသွားခဲ့တာဆိုတော့ အခုဆို ၈ နှစ် ရှိပြီပေါ့… အဲ့ဒီဂေဟာက သာမန်မိဘမဲ့ဂေဟာမဟုတ်ဘူး ဟန်နီ… မွေးရာပါ AIDS ရောဂါရှိတဲ့ ကလေးတွေကို စောင့်ရှောက် ပေးနေတာ မိဘတွေရဲ့ဆိုးမွေတွေကို ခံနေရတဲ့ကလေးတွေပေါ့ အဲ့ဒါကြောင့်လည်း ကို အဲ့ဒီဂေဟာကိုပဲ အမြဲသွားဖြစ်ခဲ့တာ””

“ကိုကအဲ့ဒီနေရာကိုဘယ်လိုသိတာလဲ”

“အစတုန်းက မိဘမဲ့ဂေဟာကို လှူချင်လို့ လိပ်စာတွေလိုက်စုံစမ်းရင်းသိတာ.. တခြားမိဘမဲ့ကလေးတွေထက်သူတို့က ပိုပြီးခွဲခြားဆက်ဆံခံရတယ် ပိုပြီး လျစ်လျူရှုခံရတယ် ဘယ်သူမဆို ဂရုစိုက်ခံချင်ကြတာပဲမလား… အဲဒါကြောင့် ကိုက သူတို့ကို တခြားသူတွေထက်ပိုပြီး ဂရုစိုက်ပေးချင်တာ… လတိုင်းလည်း အလှူငွေပို့ပေးတယ် မွေးနေ့ကျမှပဲသွားဖြစ်တာ… ကလေးတွေကို အစားအသောက်ကျွေးတာ ရေချိုးပေးတာတွေလည်း လုပ်ပေးလို့ရတယ် ဟန်နီစိတ်သန့်ရင်ပေါ့”

“လုပ်ပေးနိုင်ပါတယ်ကိုရဲ့”

ဧက က ကားမောင်းနေရင်း ဟန်နီ့ကို ကျေးဇူးတင်သည့်မျက်လုံးများဖြင့်ကြည့်ကာ လက်တစ်ဖက်ကို ဆွဲယူဆုပ်ကိုင် ထားလိုက်သည်။

မိဘမဲ့ဂေဟာ၏ ဝင်းအကျယ်ကြီးထဲတွင် တည်ရှိပြီး မွေးစမှ ၃ နှစ်အထိကသီးသန့်ထားပြီး ၃ နှစ်အထက်ကလေးများကို ယောက်ျားလေး မိန်းကလေး သီးသန့်တစ်ဆောင်စီခွဲထားသည်။ ဂေဟာ ဝင်ပေါက်ဝတွင် “ယနေ့အလှူရှင် ကိုဧကသု” ဟုရေးထားသော သင်ပုန်းကို မြင်ရသည်။ ဟန်နီတို့ ရောက်သွားသည့် အချိန်သည် နေ့လယ်စာစား ချိန်ပြီးသွားပြီဖြစ်ပြီး ကလေးများကို ရေချိုးပေးကာ နေ့ခင်းသိပ်ပေးရမည့် အချိန်ဖြစ်သည်။ အတန်းကြီး ကလေးများကတော့ ခဏနားပြီး စာကြည့်ရသည့်အချိန် ဖြစ်သည်။

Related Article >>> အချစ်၏ အမှောင်ဘက်ခြမ်း (အပိုင်း -၄)

ရေချိုးပေးသည့်အချိန်တွင် ဧက က ယောက်ျားလေးများကို ကူချိုးပေးပြီး ဟန်နီက မိန်းကလေးများကို ကူချိုးပေးသည်။ ရေချိုးပြီးသည့်နောက် သနပ်ခါးလိမ်း၊ အဝတ်အစားလဲပေးပြီး ကလေးသိပ်သည့် အခါတွင်လည်း တတ်နိုင်သလောက် ကူညီပေးခဲ့သည်။ ကလေးများကို ထိန်းကျောင်းရင်း ပျော်ရွှင်နေသော ဧက ၏ပုံစံသည် တစ်ချိန်က ဟန်နီ့ ကိုကြမ်းတမ်းစွာပြုမူခဲ့ဖူးသည်ကိုပင် မေ့သွားလောက်အောင် နူးညံ့သိမ့်မွေ့လွန်းနေသည်။ ထိုပုံစံလေးကြောင့်ပင် ဟန်နီက စိတ်နာစရာကိစ္စကို မရှိခဲ့သလိုပင် သဘောထားကာ ဧက အပေါ် ပို၍ သံယောဇဉ်တွယ်မိလေသည်။

အဆာပြေမုန့်ကျွေးသည့်အချိန်နှင့် ညစာစားချိန်ကိုပါ ကူညီပေးပြီးမှပြန်လာသောကြောင့် ပြန်လာသည့်အချိန်တွင်  မှောင်နေပြီဖြစ်သည်။ ဧကက ကားကို သာမန်ထက်အရှိန်ပိုမြှင့်ပြီး မောင်းနေသောကြောင့် ဟန်နီက…

“ကို အရမ်းမြန်မြန်ကြီး မမောင်းနဲ့လေ”

“ဘာမှမဖြစ်ပါဘူး ဟန်နီရဲ့ ကိုဂရုစိုက်မောင်းနေပါတယ်”

“ဘာတွေများ လောစရာရှိလို့လဲကိုရယ်”

“ဟန်နီ့ကို မြန်မြန်ပြန်ပို့ပေးရမယ်လေ…အိမ်ပြန်နောက်ကျရင် သူများတွေ အထင်လွဲစရာဖြစ်မယ်မလား… ကိုတို့ရိုးရိုး သားသားသွားတဲ့ခရီးကို အဲ့ဒီလို လူတွေထင်ကြေးနဲ့ ညစ်ထေးအောင်လုပ်တာမျိုး မဖြစ်စေချင်ဘူး… ပြီးတော့ ကိုနဲ့စိတ်မချတဲ့ ယမုံကလည်းမျှော်နေမယ်မလား… အဲ့ဒါကြောင့်မြန်မြန်မောင်းနေတာ”

“ဟန်နီကတော့ အဲ့ဒါတွေ သိပ်ဂရုမစိုက်ပါဘူး ကိုရယ်”

“ကိုလည်း ကို့အတွက်ဆိုရင် ဂရုမစိုက်ပါဘူး… ဟန်နီ့အတွက်ကြောင့် ဂရုစိုက်နေတာ ကိုက ဟန်နီ့ကို တန်ဖိုးထားတယ်ဆိုတာ ဟန်နီ့အပြင် တခြားသူတွေကိုပါ သိစေချင်တာ”

ဧကရဲ့ စကားတွေကိုကြားတော့ ဟန်နီ့မှာ ဝမ်းသာကြည်နူးလွန်းလို့ မျက်ရည်ပင် ဝဲမိသည်။ မိန်းကလေးတစ်ယောက်အတွက် ချစ်သူကတန်ဖိုးထားတာ ခံရတာလောက် ဝမ်းသာစရာကိစ္စမရှိတော့။ ဧကမှာ ဒီလိုစိတ်ထားကောင်းလေးတွေရှိနေသည့်အကြောင်း ယမုံကိုပြောပြရဦးမည်ဟု ယမုံ့စိတ်ထဲ တေးထားလိုက်တော့သည်။ မမျှော်လင့်ထားသည်များကို မျက်လှည့်ပြသလို ဖန်တီးပြတတ်သော ကံကြမ္မာကိုတော့ ဟန်နီ သတိမပြုမိချေ…

=================================

ညိမ်း (UCSY)

Leave a Reply

Your email address will not be published. Required fields are marked *